May 22, 2009

Portable Office 2003 Pro SP3 (USB edition)

အရေးပေါ် ခဏသုံးတဲ့ စက်ထဲမှာ Microsoft Office မရှိလို့ အခက်အခဲ ဖြစ်တာမျိုး ဖြစ်ဖူးကြမယ် ထင်တယ်။ နောက်တစ်ခါ တစုံတယောက်က ပေးလိုက်တဲ့ File က 2007 ဗားရှင်း (*.docx) ဖြစ်နေလို့ ဖွင့်မရတာမျိုး ဖြစ်နေတာမျိုး ဖြစ်ဖူးကြမယ် ထင်ပါတယ်။ လိုမျိုး… လိုမျိုးတွေကို… (ထက်ထက်မိုးဦး အသံနှင့် ဖတ်ပါ… :P) အစစ အဆင်ပြေစေဖို့ လက်ထဲ ကိုင်ဆောင် သွားနေကျ မှတ်ဥာဏ်ချောင်း ထဲ ထည့်ပြီး သယ်သွားလို့ ရတဲ့၊ Install လုပ်စရာ မလိုတဲ့ Microsoft Office SP3 Portable (USB Version) လေး ဖြစ်ပါတယ်။ File Size က စုစုပေါင်း Mega Byte 130 ကျော် လေးပဲ ရှိတဲ့ အတွက် သွားလေရာ အလွယ်တကူ ထည့်သွားလို့ ရတယ်လေ။

သွားလေရာ အလွယ်တကူ သယ်သွားလို့ ရပေမဲ့လို့ File Share ဖို့ File Hosting ထဲ တင်တဲ့ခါကျတော့ ဖွက်ကလိ ဒင်္ဂါး ပေးမထားတဲ့ Hosting ဆိုလေတော့ Mega Byte ၁၃၀ကျော်ကို တစ်ဖိုင်တည်း တင်လို့ မလွယ်တာ အခက်အခဲ ဖြစ်ပါတယ်။ အဲဒီတော့ အားလုံးလည်း Download လုပ်လို့ လွယ်စေမဲ့ Mega Byte 50 ဖိုင် 2 ဖိုင် နဲ့ 30 ကျော် တစ်ဖိုင် ခွဲပြီး တင်ပေးလိုက်ပါတယ်။

Software ကို Run နိုင်ဖို့ File 3 File လုံးကို Download ဆွဲ Zip ဖြေဖို့ လိုပါမယ် File 3 File ကို Download လုပ်၊ Folder လေးတစ်ခုထဲ ထည့်ပါ။ ပြီးရင် Zip File ကို ဖြေပါ။ ရလာတဲ့ Folder လေးကို သွားလေရာ… သူငယ်ချင်းရဲ့ မှတ်ဥာဏ်ချောင်းထဲ ထည့်သာ သယ်သွားပါတော့ဗျာ…

အောက်မှာတော့ ဗြိတိသျှလို ဖတ်ချင်တဲ့ သူငယ်ချင်းများ အတွက် ဗြိတိသျှလို ရေးထားတာလေး ထပ်တွဲ ပေးလိုက်ပါတယ်။

အဆင်ပြေ ချောမွေ့မှု ရှိမယ် မျှော်လင့်ပါကြောင်း…


Carry a microsoft office in your usb stick and run it on every pc. A Click and Run version of MS office 2003 containing the last main update package,SP3. Besides, File Format Converters were added too. With this extension, office 2003 gains the ability to open Office 2007 documents.

Portable office contains:
Word
Excel
PowerPoint
office Document Imaging
Picture Manager
Clip Organizer

Microsoft Office 2003 (Professional Edition) represents a major upgrade to previous versions of the world's most popular suite of software applications. Office 2003 includes new and familiar products, features, and functionality that can help organizations and their employees connect to coworkers, information, and business processes quickly and effectively.

Advances in intranet collaboration through integration with the collaboration and information-sharing portal, Microsoft Office SharePoint Portal Server 2003, enable employees to access and share information both internally and externally. Support for information rights management (IRM) and industry-standard Extensible Markup Language (XML) provide a platform on which to quickly build cost-effective solutions that can have an immediate impact in your business and productivity.

Download Part One
Download Part Two
Download Part Three

May 17, 2009

The Oxford Guide to English Grammar

The Oxford Guide to English Grammar is a systematic account of grammatical forms and the way they are used in modern standard English. It is designed for learners at intermediate and advanced levels and for teachers, and is equally suitable for quick reference to details or for the more leisured study of grammatical topics. The emphasis is on meaning in the choice of grammatical pattern, and on the use of patterns in texts and in conversations.

Download Here!

May 16, 2009

License Serial for AVG 8.5

AVG logoAVG 8.5 ရဲ့ ကိုးနှစ်တိတိ အခမဲ့ သုံးလို့ရမဲ့ Serial လေး ဝေမျှ ပါမယ်။ AVG 8.5 Free Version ကို ဒီနေရာမှာ Download လုပ်ပါ။ ပြီးရင် Install လုပ်ပါ။ License သက်တမ်းတစ်ခု ပေးပါလိမ့်မယ်။

Software ကို Run ပါ။ Main Windows ရဲ့ Help ထဲက Activate ကို သွားပါ။

License Serial ကို ရဖို့ ဒီနေရာမှာ Download လုပ်ပါ။ Download လုပ်ထားတဲ့ Text File မှာပါတဲ့ လိုင်စင် Serial ၃ ခုထဲက ကြိုက်နှစ်သက်ရာ တစ်ခုခုကို လိုင်စင် Serial နံပတ် ထည့်တဲ့ အကွက်လေးထဲ ထည့်ပေးပါ။ ပြီးရင် Activate ပေါ့ဗျာ။

Free Version ကနေပြီး လိုင်စင်သက်တမ်း ၉ နှစ်ကျော်(2018 February 26) အခမဲ့ သုံးလို့ရတဲ့ Licensed Version အဖြစ်ကို ပလုံတောင် မမြည်ဘဲ ရောက်ရှိ၊ ရရှိသွားမှာ ဖြစ်ပါကြောင်း။

ထပ်မံဖြည့်စွက်ချက်...
AVG Free Version နဲ့ Activate ကို ရှာမတွေ့ဘူးဆိုသူများအတွက် AVG Paid Version ထပ်တင်ပေးထားပါတယ်။ ဒီမှာ Download လုပ်ပါ။

Part 1 | Part 2 | Part 3 | Part 4

May 15, 2009

Gtalk နဲ့ Teleconferencing လုပ်ရအောင်...

အတော်များများ သိထားပြီးသား ဖြစ်နိုင်တဲ့ ကိစ္စလေး တစ်ခုပါ။ အွန်လိုင်းပေါ်ကနေ တစ်နေရာစီမှာ ရောက်နေကြတဲ့ သူငယ်ချင်း ၃ ယောက် အွန်လိုင်း အစည်းအဝေး (Teleconferencing) လုပ်လို့ ရနိုင်တဲ့ Trick လေးပါ။ Gtalkကို တပြိုင်နက်တည်း တစ်ခုထက် ပိုပြီး ဖွင့်သုံးလို့ ရအောင် လုပ်တဲ့နည်းကို သိခဲ့ကြတာ ကြာပြီ။ သို့ပေမဲ့ အဲဒီ ဖွင့်လို့ရအောင် လုပ်တဲ့နည်းက ကိုယ်က တစ်ခုထက် ပိုတဲ့ Account တွေနဲ့ လူအများနဲ့ တချိန်တည်း တပြိုင်တည်း Chatting ပြောလို့ရအောင် သုံးကြတာ များတယ်။ အဲဒီနည်းကိုပဲ သုံးပြီး Account တစ်ခုတည်းနဲ့ Gtalk တစ်ခုထက် ပိုဖွင့်ပြီး မိမိ အပါအ၀င် နှစ်ယောက်ထက် ပိုတဲ့ သူငယ်ချင်းတွေ အချင်းချင်း မျက်နှာချင်းဆိုင် ထိုင်ပြီး အစည်းအဝေး လုပ်ရသလို ပြောဆိုနိုင်အောင် အသုံးချတဲ့ နည်းလေးပါ။

ဒီလိုလုပ်နိုင်ဖို့ Gtalk Shortcut လေးကို Copy အယင်ပွားပါ။ ပထမတစ်ခုကို နဂိုအတိုင်း ထားပြီး နောက်ထပ် Copy ပွားထားတဲ့ Shortcut လေးကို Right Click ခေါက်၊ Properties ထဲကို သွားပါ။ အဲဒီမှာ ဒီလိုလေး တွေ့ပါမယ်။

Gtalk


အဲဒီထဲက Target ဆိုတဲ့ နေရာမှာ တွေ့ရတဲ့ လင့် "C:\Program Files\Google\Google Talk\googletalk.exe" ရဲ့ နောက်မှာ /nomutex လို့ တွဲပေးပေးပါ။ အသစ်ပြောင်းလိုက်တဲ့ လင့်လေးက "C:\Users\MGLUAYE\AppData\Roaming\Google\Google Talk\googletalk.exe" /nomutex ဒီလိုလေး ဖြစ်ပါတယ်။

Gtalk Modified


ပြီးရင် Apply ကို နှိပ်ပြီး ပိတ်လိုက်ပါ။


စစချင်း မိမိ Account နဲ့ပဲ Gtalk စ၀င်ပါ။ ၀င်ပြီးတဲ့နောက် Shortcut လေးကိုပဲ နောက်တစ်ကြိမ် Double Click ခေါက်ပါ။ Gtalk Window လေး နောက်တစ်ခု ထပ်ပွင့်ပါလိမ့်မယ်။ မိမိ Account နဲ့ပဲ နောက်တစ်ခေါက် ထပ်ဝင်ပါ။ နောက်ထပ် မိမိ အလိုရှိသလောက် Gtalk Window အသစ်တွေ ဖွင့်သွားလို့ ရပါသေးတယ်။ အဲဒီနောက် ပထမ Gtalk နဲ့ သူငယ်ချင်း တစ်ယောက်ကို ခေါ်၊ ဒုတိယတစ်ခုနဲ့ ဒုတိယ သူငယ်ချင်း တစ်ယောက်ကို ခေါ်။ အကယ်၍ သူငယ်ချင်း ၃ ယောက် အပြန်အလှန် စကားပြောမယ်ဆိုရင် သုံးယောက်လုံးဆီမှာ တစ်ယောက်ကို အနည်းဆုံး Gtalk Window ၂ ခုစီဖွင့်ပြီး အပြန်အလှန် ခေါ် ကြမယ်ဆိုရင် အပြင်မှာ လက်ဖက်ရည်ဆိုင်မှာ ထိုင်ပြီး စကားပြောသလိုပဲ Teleconferencing လုပ်နိုင်မှာ ဖြစ်ပါကြောင်း။


လူအရေအတွက် စိတ်ကြိုက် ပြောချင်သလောက် ပြောနိုင်ပြီး ဖွင့်ထားရမဲ့ Gtalk Windows အရေအတွက်က တပြိုင်တည်း ပြောချင်တဲ့ လူအရေအတွက် စုစုပေါင်းထက် တစ်ခု လျော့ဖွင့်ဖို့ လိုတယ်လို့ ဆိုပါတယ်။ ဥပမာ လူသုံးယောက် တပြိုင်တည်း ပြောဖို့ တစ်ဦးစီဆီမှာ Gtalk Windows ၂ ခုစီ ဖွင့်ထားဖို့ လိုတယ်လို့ ဆိုပါတယ်။


တပြိုင်တည်း ဆက်သွယ်ထားတဲ့ Gtalk Windows လေးတွေကို ဒီလို မြင်ရပါလိမ့်မယ်။

teleconferencing


ဒီနေရာက စာကို ဆီလျော်အောင် ပြန်ဆိုပါတယ်။

May 3, 2009

2009 April Currency Review

2009 ခုနှစ် ဧပြီလ အတွင်းမှာ စင်္ကာပူဒေါ်လာနဲ့ မြန်မာငွေ လဲလှယ်နှုံး တစ်လလုံး ပျမ်းမျှ 703.6667 ကျပ် ပေါက်ခဲ့ပြီး ဧပြီလ 30 ရက်နေ့မှာ အမြင့်ဆုံး 728 ကျပ် ထိ ပေါက်ခဲ့ပြီး၊ ဧပြီလ 1 ရက်နေ့မှာ အနိမ့်ဆုံး 683 ကျပ် ပေါက်ခဲ့ပါတယ်။

2009 ခုနှစ် ဧပြီလ အတွင်းမှာ အမေရိကန် ဒေါ်လာနဲ့ စင်္ကာပူဒေါ်လာ လဲလှယ်နှုံး တစ်လလုံး ပျမ်းမျှ 1.517579 ပေါက်ခဲ့ပြီး ဧပြီလ 1 ရက်နေ့မှာ အမြင့်ဆုံး 1.52215 ထိ ပေါက်ခဲ့ပြီး၊ ဧပြီလ 30 ရက်နေ့မှာ အနိမ့်ဆုံး 1.47754 ပေါက်ခဲ့ပါတယ်။

မြန်မာငွေနဲ့ စင်္ကာပူ ဒေါ်လာ လဲလှယ်နှုံးကို မောင်လူအေး Sidebar ထဲက အချက်အလက်တွေနဲ့ ပြုစုပြီး အမေရိကန် ဒေါ်လာနဲ့ စင်္ကာပူဒေါ်လာ လဲလှယ်နှုံးကိုတော့ http://www.exchange-rates.org ကနေ ရယူပါတယ်ဗျား။

SGD-MMK APR

SGD-USD APR

Related Post

May 1, 2009

Aerodynamics of Wind Turbines

မောင်လူအေးတို့ ဒဂုံတက္ကသိုလ်မှာ ကျောင်းတက်တော့ စာသင်ဆောင်က ၃၇၊ အဲဒီတုန်းက အခုလို ၃၈၊ ၃၉၊ ၄၀ အဆောင်တွေ မရှိသေးဘူး။ အဆောင် ၃၅ နဲ့ ၃၆ က အယင်ဖွင့်တယ်။ နောက်တော့ အဆောင် ၃၇ ဖွင့်တယ်။ မောင်လူအေးတို့ ကျောင်းစတက်တော့ မောင်လူအေးတို့ ဌာနက အဆောင် ၁၊ ၂၊ ၃၊ ၄ နောက်တော့ အဆောင် ၃၇ ဖွင့်တော့ ၃၇ကို ပြောင်းတက်ရတယ်။ အဲဒီမှာ ဆရာ ဦးရဲမြင့်၊ အဲဒီတုန်းက ဆရာ လက်ထောက် ပါမောက္ခပဲ ရှိသေးတယ်၊ မောင်လူအေးတို့ ကျောင်းပြီးခါနီးတော့ ဆရာ ဌာနမှုး ဖြစ်သွားတယ်။ ခုတော့ မတွေ့ဖြစ်တာ ကြာပါပြီ။ အဲဒီ အဆောင်က တတိယမြောက် ၄ ထပ်ဆောင် ဖြစ်တဲ့ အတွက် လေတိုက်နှုံး တော်တော်ပြင်းတယ်။

ဆရာဦးရဲမြင့်က အဆောင်ခေါင်မိုးထိပ်မှာ လေအားလျှပ်စစ် ထုတ်စက်လေး တပ်တယ်။ အစကတော့ သတိထားမိတယ် ဆိုရုံပဲ။ ဆရာ့ အခန်းကလည်း လေးထပ်ဆောင် အပေါ်ဆုံးထပ်မှာ၊ ဆရာကလည်း အချိန်အတော်များများ သူ့အခန်းမှာ မရှိတာနဲ့ စကားမပြောဖြစ်ဘူး။ နောက်တော့ ဆရာနဲ့ ကြုံလို့ သူနဲ့ စကားဆက်စပ်ပြီး သူ့အခန်းထဲက လေအားလျှပ်စစ် ထုတ်စက် လျှပ်စစ် စုဆောင်းတဲ့ စနစ်ကို ၀င်ကြည့်ဖြစ်တယ်။

မောင်လူအေးတို့ သူငယ်ချင်းတွေ ကလည်း အီလက်ထရွန်းနစ်ကို ဟိုကလိ၊ ဒီကလိ လုပ်လေ့လုပ်ထ ရှိလေတော့ သူငယ်ချင်း တစ်ယောက်က သူ့အိမ်မှာ ရှိတဲ့ မော်တာကို Winding ပြောင်းပတ်တယ်။ ပန်ကာဒလက်ကို Fabricate လုပ်ဖို့ မရှိတော့ သစ်စက်ကနေ ကျွန်းပြားတွေ သွားဝယ်တယ်။ ကျွန်းပြားကို ဒီဇိုင်း သေချာခုတ်။ သံပြားအ၀ိုင်းတစ်ခုလုပ် ဒလက် သုံးခုကို ဒီဂရီညှိပြီး တပ်တယ်။ အဲဒီနောက် စမ်းစရာ နေရာ မရှိတော့ ဆရာ့ကို အကူအညီ တောင်းတယ်။ ဆရာ ကျွန်တော်တို့လည်း ခေါင်မိုးပေါ် တက် တပ်ချင်ပါတယ်ပေါ့။ ဆရာကလည်း မင်းတို့ လုပ်ထားတာကို ယူခဲ့ ဆိုပြီး ပြောတယ်။

တစ်ရက် ကျောင်းကို ပြည်တွင်းဖြစ် လေအားလျှပ်စစ် ထုတ်စက်လေး သယ်လာခဲ့ကြတယ်။ ဆရာက ကြည့်ပြီး သဘောတွေ ကျလို့။ သူ့တပည့်တွေ လုပ်နိုင်တယ် ဆိုတဲ့ အကြောင်း အဲဒီ လေအားလျှပ်စစ် ထုတ်စက်ကို သယ်ခိုင်းပြီး မော်ကွန်းထိန်းဆီ ခေါ်သွား၊ ဒုပါချုပ်နဲ့ ပါချုပ်တို့ ရုံးခန်းတွေကို ခေါ်သွားပြ။

အဲဒီနောက် အဆောင်ခေါင်မိုးပေါ်တက်ဖို့ ဆရာ့ဆီက ခွင့်ပြုချက်နဲ့ သော့တောင်း။ အဆောင် အစွန်ဆုံးခန်းက ခေါင်မိုးပေါ်တက်တဲ့ လှေကားကနေ တက်။ Japan Made လေအားလျှပ်စစ် ထုတ်စက်လေးက အဆောင်ခေါင်မိုးရဲ့ တြိဂံ ပုံ အချွန်လေးရဲ့ ထိပ်မှာ ဆိုရင် မောင်လူအေးတို့ ပြည်တွင်းဖြစ် လေအားလျှပ်စစ် ထုတ်စက်လေးက တြိဂံ လက်ယာဘက် ထောင့်စွန်မှာ။ သံပိုက်လုံး အထိုင်နဲ့ Generator ကို သေချာထိုင်၊ ထောက်သုံးချောင်းထောက်ဖို့ ခြေထောက်ပုံ သစ်သားဖရိန်ကို ဆရာ့ဆီက ငှားပြီး ကပ်ကပ်သတ်သတ် သေသေချာချာ ချည်။ Generator ကို သေသေချာချာ ထိုင်ပြီးသကာလ လျှပ်စစ် ထွက်မထွက် တိုင်းဖို့ ၀ါယာကြိုးကို အောက်ထပ်ကို ရောက်အောင် ဆွဲကြရတယ်။ အခန်းနံပတ် ၃၈မှာ ထင်တယ်။ ကျွန်တော်တို့ Cable ဆုံးတယ်။ အဲဒီမှာ သူငယ်ချင်းရဲ့ မွေးနေ့ကဒ် ထဲကနေ ဖြုတ်ထားတဲ့ လျှပ်စစ်ပေးရင် Happy Birthday သီချင်းမြည်တဲ့ ဆားကစ်လေးကို တပ်တယ်။ အပေါ်မှာ Generator လည်တာနဲ့ အောက်က Happy Birthday ကဒ်လေးက အသံထွက်တယ်။ ပျော်လို့ ရွှင်လို့ ပေါ့ဗျာ။

လျှပ်စစ် ထွက်နှုန်းကို Multi Meter နဲ့ တိုင်း၊ Generatorက လက်ဖြစ်လုပ်ထားတာ ဖြစ်တဲ့ အတွက် ဘာ Current Limitor မှလည်း မပါ။ ဆိုတော့ ဆားကစ်လေး ကြွသွားမှာ စိုးတာနဲ့ ဘေးက 3 Volt LED လေး တစ်လုံး Series တွဲပေးထားရတယ်။

စင်္ကာပူက NTU တို့ NUS တို့ ခဏထား၊ သာမာန် Polytechnic လေးတွေမှာ ဆိုရင်တောင် ဒါက ကျောင်းက Support အပြည့်ပေးတဲ့ Project တစ်ခုပေါ့ဗျာ။ မောင်လူအေးတို့ကတော့ ကိုယ်တိုင်လုပ် Project ပေါ့။

အဲဒီ Generator လေး တပ်ထားခဲ့တာ မှတ်မှတ်ရရ သောကြာနေ့ဗျ။ နောက်နေ့က စနေ၊ တနင်္ဂနွေ။ ဘယ်လိုလုပ်မလဲ သူငယ်ချင်းတွေ တိုင်ပင်ကြတော့ တပ်ထားခဲ့မယ် လို့ သဘောရတယ်။ အဲဒါနဲ့ တပ်ထားခဲ့ပြီး နောက်နေ့ တနင်္လာနေ့ကျတော့ ပြန်သွားကြည့်တယ်။ Generator က ဒလက်ကို သစ်သားနဲ့ လုပ်ထားတာ ဖြစ်လေတော့၊ နောက်တစ်ချက် လေတိုက်နှုံး ပြင်းအားနဲ့ တိတိပပ တွက်ချက်ထားတာ မဟုတ်လေတော့ လေအားပြင်းတဲ့ အချိန်လည်း ကျရော ဒလက်က ညွတ်ပြီး အောက်က ထောက်ထားတဲ့ တိုင်နဲ့ ရိုက်ပါလိမ့်မယ်။ တနင်္လာနေ့ မနက်ကျတော့ ဒလက် ၃ ချောင်းထဲက တစ်ချောင်းထဲ ကျန်တော့တာ တွေ့ရတယ်။

အဲဒီ အချိန်တုန်းက လုပ်ချင်တာက အသည်းအသန်၊ စာအုပ်စာတမ်းက မစုံ၊ စာအုပ်စာတမ်း ရှာရတော့ ဆောက်စရာ ပစ္စည်း စုံစုံလင်လင် ရှာမရ။ အင်မတန် ကသီလင်တဖြစ်ပါတယ်။ ခုတော့ စာအုပ်စာတမ်း စုံလင်တော့ လုပ်စရာ အချိန် မရှိ ဖြစ်ပြန်တယ်။ ဆိုတော့ လောလောဆယ် လုပ်နိုင်တာ ကိုယ်တွေတုန်းက လုပ်ချင်ခဲ့သလို ၀ါသနာတူ သူငယ်ချင်းများ ရှိခဲ့ရင် သူတို့ လုပ်နိုင်အောင် နည်းပညာပိုင်းဆိုင်ရာ စာအုပ်စာတမ်းလေးတွေ ရှာဖွေ ဝေမျှ ပေးခြင်းပဲ တတ်နိုင်ပါတယ်။

ခုလည်း ဝေမျှချင်တဲ့ စာအုပ်လေးက Aerodynamics of Wind Turbines ဖြစ်ပါတယ်။ စိတ်ပါဝင်စားတဲ့ သူငယ်ချင်းများ အတွက် အသုံးတည့်မယ် မျှော်လင့်ပါကြောင်း။

Download Here!

သူတို့ဖျက်ကြလေပြီ

Unicode Version မောင်လူအေးတို့ ဘီအိုအိပ်ချ် ရုံးတည်ရာ လှိုင် ၂ ရပ်ကွက်၊ ရတနာမွန် အိမ်ယာအတွင်းက လမ်းများမှာ ယခု ရက်သတ္တပတ်အတွင်...