Nov 2, 2018
သူတို့ဖျက်ကြလေပြီ
Unicode Version
မောင်လူအေးတို့ ဘီအိုအိပ်ချ် ရုံးတည်ရာ လှိုင် ၂ ရပ်ကွက်၊ ရတနာမွန် အိမ်ယာအတွင်းက လမ်းများမှာ ယခု ရက်သတ္တပတ်အတွင်း အဆောက်အဦး ဖျက်ပွဲကြီး ဝှဲချီးကျင်းပနေကြတယ်။ များမကြာမီ လအနည်းငယ်ကတည်းက စတင်ခဲ့သော ကျူးအသွယ်သွယ်၊ ဖျက်ကြမယ် အစီအစဉ်ထဲက တစ်ပိုင်းအနေနဲ့ အိုးအိမ်ပိုင် တိုက်တာအဆောက်အဦး ဘေးဘီဝဲယာအဖက်ဖက် တနိုင်တပိုင်ကျူးများကို စည်ပင်ရဲ့ အစီအစဉ်နဲ့ ယနေ့ သောကြာနေ့ အပြီးဖျက်ကြရမယ်လို့ ဆိုတယ်။ ဖျက်၍သာ ဖျက်ကြရတယ်။ မိမိ ပိုင်ဆိုင်မှု မရှိတဲ့ မြေဆိုပေမဲ့လို့ တိုးထား ချဲ့ထားသော အဆောက်အဦး၊ အမိုးအကာများမှာ တိုးထားသူများ ပိုင်ဆိုင်သော အရင်းအနှီးများဖြင့် တည်ဆောက်ထားတာ ဆိုတော့ ဖျက်ရတယ် ဆိုစေကာ ဖျက်သူကလည်း စိတ်မကောင်း၊ အဖျက်ခံရသူများလည်း ဘေးဘီဝဲယာမှာ ရပ်စောင့်ကြည့်လို့ မြင်ကွင်းက အတော်စိတ် မကောင်းစရာပင်။ သို့ပေသည့် စည်းကမ်းကလနားများနှင့် အညီနေနိုင်စေဖို့ မိမိပိုင်ဆိုင်သည့် နေရာကလွဲလို့ ကျန်တာ စည်ပင်ပိုင် လမ်းမြေ ကျူးကျော်ခြင်း မပြုရ ဆိုသည့် စည်းကမ်းအလျောက် ဖျက်ကြရတော့မည်။ ဖျက်နေကြပြီ။ ဖျက်ပြီးကြပေပြီ။ 
ဒီနေရာမှာ မေးစရာ ပေါ်လာပါတယ်။ ဤသို့ဤနှယ် ဖျက်လိုက်ရင် ပြီးသွားရောလား။ မောင်လူအေးတို့ထက် ဝါရင့် သဘာရင့် အတွေ့အကြုံရင့်သူများက မေးငေါ့ကာ ဆိုတယ်။ ဖျက်တော့လည်း ခဏပါကွာ။ ပြီးရင် များမကြာခင် ပြန်ရောက်လာကြမှာပါ။ ဆိုသူများ၏ စကားကို အဆိုးမြင်သူများ၊ မပြောင်းလဲချင်သူများလို့  အလွယ်တကူ လက်ညှိုးပြေးထိုးဖို့ရာ မအပ်ပါ။ သူတို့သည် ခေတ်အဆက်ဆက်၊ အုပ်ချုပ်သူ အသွယ်သွယ်ကြား ထူးမခြားနား စီမံခန့်ခွဲမှုတွေကြား အရိုးစွဲ မြင်တွေ့ ထိသိလာမှုကြောင့် အများညီ၍ ဤကိုကျွဲဖတ်သည့် အတွေ့အကြုံများလွန်းလာသည့် နောက်ဝယ် ဤကိုတွေ့လျက်နှင့်ပင် ဤလို့ မဖတ်ရဲ ကျွဲပဲ ဖြစ်ဦးမှာပါလို့ ဆိုနေဆဲပင်။
ဖျက်ကြသည့် အဆောက်အဦအများစုသည် အဆောက်အဦးဘေးကို ချဲ့ထားသော လက်ဖက်ရည်ဆိုင်၊ ကုန်စုံဆိုင်၊ အစောပိုင်းက ခုံလေးသုံးခုံလောက်နှင့် စခဲ့တဲ့ ခနော်နီခနော်နဲ့ ဆိုင်ငယ်လေးက လုပ်ငန်းလေး လည်လာလို့ သစ်ဝါးတွေနဲ့ အခိုင်အမာ လုပ်၊ အောက်မယ် သမံတလင်းလေး ခင်းနဲ့၊ အချို့တွေက လအနည်းငယ်က သံထည်တွေနဲ့ အခိုင်အမာ လုပ်ထားကြတဲ့ အဆောက်အဦးတွေ အချို့ပါတာ တွေ့ရပါတယ်။ အိုကေလေ။ ဖျက်ဆိုတော့လည်း ဖျက်ကြတာပေါ့။ နောက်တော့လည်း ကြည့်လုပ်တာပေါ့ ဆိုတာက အများစုရဲ့ စိတ်ထဲ လောလောဆယ် ဖြစ်နေကြတဲ့  စိတ်အစဉ်။ တစ်ခု ကျန်နေခဲ့တာက၊ ကျနော်တို့ မတွေးမိတာက ဒီဆိုင်တွေ ဘာလို့ ဒီနေရာကို ရောက်လာတာလဲ။ ဒါတွေကို အစဉ်သဖြင့် ပျောက်စေချင်ရင် ဘာလုပ်ကြမလဲ။ 
သေချာတာက ဈေးကွက်သဘောအရ ဝယ်သူရှိလို့ ရောင်းသူပေါ်လာတာ ဖြစ်ပြီးတော့ ဒီဆိုင်တွေ ဒီမှာ ရှိလာတယ်ဆိုတာ ဒီနေရာတဝိုက် နေထိုင်ကြသူများရဲ့ လိုအပ်ချက်ကို လိုက်လို့ ရောင်းဝယ်ကြရင်း ပေါ်ပေါက်လာတာ။ အကယ်၍ ဒီဆိုင်တွေ ဒီမှာ ရှိမနေစေချင်ဘူး ဆိုရင်ဖြင့် ဖျက်ပစ်လိုက် ဆိုရုံနဲ့ ပြီးသွားမယ် မထင်။ ဖျက်ပစ်လိုက်လည်း ခဏပဲ ပျက်ပြီး သူ့နည်း သူ့ဟန်နဲ့ အလျှိုအလျှို ပြန်ပေါ်လာကြဦးမှာပင်။ ကျနော်တို့ ရန်ကုန်ညဈေးတန်းကို နမူနာယူနိုင်တယ်။ နိုင်ငံတကာမှာလို ပါဆာမာလမ်း ခေါ်တဲ့ ဈေးတန်းကြီး ဖြစ်ရင် ကောင်းမှာပဲ။ အားလုံး တစုတစည်းတည်းနဲ့ သွားဝယ် စားသောက် နိုင်မှာပဲ။ တွေးတဲ့အတိုင်း လုပ်ချလိုက်တဲ့ နောက်မှာ မဟာဗန္ဓုလလမ်း တလျှောက်၊ အနော်ရထာလမ်း တလျှောက် ဈေးသည်တွေ ပျောက်သွားရောလား။ မပျောက်ပါဘူး။ Demand ကို နေရာ မရွှေ့ပေးနိုင်လို့ကတော့ Supply က အဲဒီနေရာကို ပြန်လိုက်လိုက် လာနေတာနဲ့  သံသရာလည်နေတာကြီးကို တွေ့တွေ့နေရဦးမှာပါ။ ဒီတော့ ဘာလုပ်မလည်း။ မေးစရာ ရှိလာတယ်။ အဲဒီဈေးဆိုင်တွေရဲ့ ဝယ်သူတွေက ဘာတွေ ဝယ်သလည်း။ ဖျက်လိုက်လို့ ဖြစ်ပေါ်လာမဲ့ Demand & Supply Gap ဒါတွေကို နေရာ အရင်ကြိုမချ စီစဉ် မထားဘဲနဲ့ကတော့  ဆောက်လိုက် ဖျက်လိုက်၊ ဖျက်လိုက် ဆောက်လိုက်နဲ့ ငယ်ငယ်က ကြောင်နဲ့ကြွက် ကာတွန်း ကြည့်ရသလို တလည်လည်နဲ့ ။ ပေါ်လစီမိတ်ကာတွေ အနေနဲ့လည်း ဒါတွေက မြို့ပြအင်္ဂါရပ်နဲ့ မညီဘူး။ အကုန်ဖျက် ဆိုတဲ့ စကားတစ်ခွန်း မပြောခင်မှာ ဒီ Scenario က ဘာကြောင့် ပေါ်လာလည်း၊ နောက်တစ်ခါ ဒါမျိုး Loop ပြန် မပတ်အောင် ဘယ်နေရာမှာ Loop ကို ဘယ်လို အစီအစဉ်မျိုးနဲ့ ဖြတ်မလည်း ဆိုတာလေး တွေးပြီး ပေါ်လစီချမယ် ဆိုရင်တော့ဖြင့် ထာဝစဉ်ညီ တည်တံ့တယ် ဆိုတဲ့ Sustainable Development ဆိုတာကို လက်ခံရရှိနိုင်ကြမယ် ဆိုတာလေး ဝင်လက်ဆော့လိုက်ပါတယ်ဗျာ။
Zawgyi Version
Dec 15, 2017
MGLUAYE vs BLOGGING
အယင်တုံးက မောင်လူအေး ဘလော့ရေးတယ်ဗျ။ သူများနိုင်ငံ နေစဉ်တုံးက အလုပ်က ပြန်လာရင် အိမ်မှာ ဘာမှ လုပ်စရာကလည်း မရှိပြန်၊ ကိုယ်တိုင် တည်ထောင်ထားတဲ့မိသားစုကလည်း မရှိသေး ဆိုတော့ ဘလော့ရေးဖို့ အချိန်ရတယ်။ ဘလော့ရေးတယ်ဆိုတာ ဖတ်တဲ့သူသာ ခဏပဲ ကြာတာ။ ရေးတဲ့ အကြောင်းအရာ ပြည့်စုံမှန်ကန်ဖို့ အကြောင်းအရာ စုစည်းရတာရယ်။ စာစီ ရေးသားရတာရယ်။ အတော် အချိန်စားတယ်။ ရေးကျင့်ရှိလာရင်တော့ ခေါင်းထဲ ပေါ်လာတဲ့ အကြောင်းအရာကို စာမစီခင်တည်းက ခေါင်းထဲမှာ တည်းဖြတ် ပြင်ဆင်ပြီးသား ဆိုတော့ ချရေးတာ အင်မတန်ချောတာ။ ဘလော့ပို့စ်ဆိုတာ ဟောတစ်ပုဒ် ဟောတစ်ပုဒ် ရေးထုတ်နိုင်တယ်။ မျှဝေရေးသားရတာဟာ တကယ်တော့ နှစ်ဖက် အကျိုးရှိတဲ့ အလုပ်ဗျ။ မျှဝေဖို့ ဆိုတာ ကိုယ်က အယင် အကြောင်းအရာ စုံလင်အောင် စုစည်းရတယ်။ ပြီးရင် ဖတ်ရှုတဲ့သူ စိတ်ဝင်စားအောင် တင်ပြပုံ သေသေသပ်သပ်နဲ့ ရေးသား တင်ဆက်တတ်ရတယ်။ တစ်ဖက်မှာ မျှဝေမယ်ဆိုတဲ့ စိတ်အခံလေး ရှိနေပြီ ဆိုတည်းက သူတပါးကို မျှဝေဖို့ အကြောင်းအရာ စုစည်းပြီ ဆိုတာနဲ့ ကိုယ်တိုင် အကျိုးအမြတ်ရပြီ။ စုစည်းမိတဲ့ဗဟုသုတနဲ့တင် ကိုယ်က ဗဟုသုတ တိုးတဲ့ အကျိုးအမြတ်ရပြီ။ နောက်တစ်ခုက ကိုယ်ဝေမျှလိုက်တဲ့ အကြောင်းအရာကို တပါးသူ အလွယ်တကူ ဖတ်ရှုနားလည် သွားပြီဆိုရင် ပိုတောင် ကုသိုလ်ရသေးတာဗျ။ ပျော်စရာလည်း အင်မတန် ကောင်းပါတယ်။
နောက်ပိုင်း ကိုယ့်ပြည် ပြန်လည်းရောက်ရော မရေးဖြစ်တော့တာ နှစ်နဲ့ကို ချီလာတယ်။ Register လုပ်ထားတဲ့Domain လေးသာ မဖျက်ချင်လို့နှစ်စဉ် Renew လုပ် လုပ် လာတာ အတော် ကြာလာတယ်။ ခုက စာလည်း မရေးဖြစ်၊ စာမရေးဖြစ်တော့ စာဖတ်စရာ မလိုသလိုဖြစ်၊ စာမဖတ်ဖြစ်တော့ စုစည်းမိတဲ့ဗဟုသုတက အယင်လို အသစ် အသစ် ဝင်တဲ့ ပမာဏ နည်းနည်းလာ၊ တကယ်တော့ တော်တော်လေး အပျက်ဖက်ကို ဦးတည်လာလိုက်တာ၊ ခုဆိုရင် စာတစ်ပုဒ်ကို ရေးမယ် လုပ်ပြီး ဆုံးခန်းတိုင်အောင် မရေးဖြစ်တာနဲ့ပဲ ဘလော့ကြီးလည်း ခြောက်ကပ်နေရောပဲ။
ဘလော့တင် ခြောက်ကပ်ရုံတင် မကတော့ဘဲ ထပ်ဖြစ်လာတာက ကိုယ်ရေးမဲ့ လက်ကို ကိုယ် မယုံတော့တာ။ မရေးရဲရေးရဲဖြစ်လာတယ်။ ငါရေးလို့ ဖြစ်ပါ့မလား။ ငါရေးတာ ဖတ်တဲ့သူအတွက် အယင်လို စိတ်ဝင်စားဖွယ် ဖြစ်ပါ့မလား။ တကယ်က ရေးနေကျရင် လက်သွက်နေတာ ဖြစ်သလို၊ ရေးနေ မကျတော့ရင် သူများ မပြောနဲ့ ကိုယ်ရေးတာကို ရေးနေရင်းနဲ့ ကိုယ်တိုင် ဖတ်တာကို ပျင်းစရာကြီး ဖြစ်ဖြစ်နေတော့ ဆက်မရေးဖြစ်တာတွေ များများလာတယ်။ ဒီတော့ မဖြစ်ချေဘူး။ ရေးမှ ဖြစ်မယ် ဆိုပြီး ပြန်ရေးဖြစ်အောင် ကြိုးစားဖို့ ဆုံးဖြတ်တဲ့ဖက်ကို ရောက်လာတယ် ပေါ့ဗျာ။
တကယ်က အထက်က ပြောသလို စာရေးတာဟာ စာဖတ်တာထက် ခက်ပါတယ်။ ဒါပေမဲ့ စာရေးနိုင်ဖို့စာမဖတ်ဘဲနဲ့ကတော့ မရေးနိုင်တာ အသေအချာပါပဲ။ စာဖတ်နိုင်ဖို့ဆိုတာ အချိန် စီမံခန့်ခွဲမှု မကောင်းဘဲနဲ့တော့ မဖြစ်ကို မဖြစ်နိုင်တာပါ။ အချိန်ကို စီမံနိုင်ဖို့ ဆိုတာ မိမိ ကိုယ်မိမိ ကိုယ်ပိုင် စည်းကမ်းမသတ်မှတ်နိုင်ဘဲနဲ့ မဖြစ်နိုင်တာ သေချာပါတယ်။ ဒီတော့ ခြေရာ ပြန်ကောက်မယ်ဆိုရင် စာမရေးဖြစ်တာက မဖတ်ဖြစ်လို့၊မဖတ်ဖြစ်တာက စည်းကမ်း မရှိလို့ ဆိုတဲ့ ပြစ်မှုက အတော်ကို ကြီးသွားပါတယ်။ နောက်တစ်ဆင့် ထပ်တွေးရင် မဖတ်ဖြစ်တာဟာ ဦးနှောက်မှာ အချိန်ပို မရှိလို့…. လို့ ဆိုပါမယ်။ အချိန်ပိုဆိုတာ ပြောရရင် ဘယ်သူမှ ၂၅ နာရီ ရှိမနေတာ ဖြစ်တဲ့အတွက် ၂၄ နာရီကိုပဲ ဘယ်လို စီမံလည်း ဆိုတာပေါ်မှာပဲ မူတည်ပါတယ်။ တစ်ဖက်မှာ ပြန်ထွက်လာတဲ့ အဖြေက ဦးနှောက်ဟာ လက်ငင်း ဖြေရှင်းရမဲ့ ကိစ္စတွေနဲ့ပဲ လုံးလည် ချာလည် လိုက်နေပြီး တွေးခေါ်ဖို့ အချိန် မရှိသလောက် ဖြစ်နေတယ် ဆိုတဲ့ အဖြေ ထွက်ပါတယ်။ ဒါဟာ တကယ်တော့ ရလဒ်ကောင်း မဟုတ်ပါဘူး။
ကြံဖန်ရှာကြံ အပြစ်တင်ကြကြေးဆိုရင် မြို့ပြမှာ လူလာဖြစ်ရတာ အင်မတန်ကို ရုံးကန်ရပြီး အချိန် ရှားပါးတဲ့ ပြဿနာ ကြုံရတာ တွေ့ရပါတယ်။ မောင်လူအေးတို့ ငယ်စဉ်က ပါပါ ဆိုတာ သူ့သက်မွေး ဝမ်းကျောင်းက စာမဖတ်လို့ကို မရတဲ့ ရှေ့နေဖြစ်တာကြောင့်လည်း တစ်ကြောင်း အချိန် တော်တော်များများ စာဖတ်နိုင်တာတွေ့ပါတယ်။ ဒါသည်ပင်လ ျှင်လည်း မောင်လူအေး ရခဲ့တဲ့ အဖိုး အတန်ဆုံး အမွေဖြစ်တဲ့ စာဖတ်ခြင်းကို နှစ်ခြိုက်ခြင်းဆိုတဲ့ အမွေရခဲ့တာပါ။ နေထိုင်တာက ကျေးလက် နယ်မြို့ဖြစ်တဲ့ခါ ကျတော့ ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးပါတယ်။ ဒါပေမဲ့ မနှေး ကွေးတာကတော့ မိမိကိုယ်ကို စီမံနိုင်ပြီး အချိန်ပို ရှိခြင်းပါပဲ။ မြို့ပြဖြစ်တည်မှုရဲ့ အနှုတ် လက္ခဏာလို့ပြောမယ်ဆိုရင် ကိုယ်ပိုင်ချိန် ရှားပါးလာတာပါပဲ။ အထူးသဖြင့် ကိုယ်ပိုင်လုပ်ငန်း လုပ်ခဲ့မယ် ဆိုရင်တော့ အတိုင်းထက် အလွန်ပေါ့။ ကိုယ့်အချိန်တွေ အားလုံးကို ကိုယ်ပိုင်တယ်လို့ ဆိုသလိုပဲ ကိုယ်ပိုင်တဲ့ လုပ်ငန်းကလည်း ကိုယ့်ကို အချိန်ပြည့်ပိုင်သွားတဲ့ခါ ပိုပြီး တိုင်ပတ်တယ်လို့ ဆိုနိုင်ပါတယ်။
တစ်ဖက်မှာ လူလတ်လို့ ဆိုရမဲ့ အသက်အရွယ်ကလည်း ဖြစ်ပြန်တော့ သားသမီးတွေက အရွယ် အင်မတန်ငယ်သေး၊ သူတို့ကို ပေးရမဲ့ အချိန်ဆိုတဲ့ အတိုင်းအတာနဲ့ ကိုယ်တိုင် စာဖတ်လေ့လာ သင်ယူရမဲ့ အချိန်နဲ့ လုပ်ငန်းက တောင်းဆိုတဲ့ အချိန် ဆိုတာတွေကို ချိန်ထိုး ချလိုက်တဲ့ခါ တကယ်ပြောရင် ၂၄ နာရီ ဆိုတာာ အိပ်ရမှာတောင် နှမြောရမဲ့ပုံစံ ဖြစ်လာပါတယ်။ တကယ်တော့ စိန်ခေါ်မှု ပိုမြင့်လာတာ ဆိုရင် ပိုမှန်ပါမယ်။ မိသားစု၊ အလုပ်၊ ကိုယ်ပိုင် အချိန် ရှိတာက စုစုပေါင်း ၂၄ နာရီ ကို ဘယ်လို စီမံခန့်ခွဲမလည်း ဆိုတဲ့ စိန်ခေါ်မှုပါ။ တစ်ဖက်မှာ စာမဖတ်လို့ မရေး၊ မရေးလို့ မဖတ်နဲ့သံသရာကတော့ လည်နေဆဲပါ။
ဆိုတော့ဟုတ်ပြီ။ ခုတော့မှ ဘာတွေ ရှည်ကြောပြီး ထရေးဖို့ စဉ်းစားသလဲ။ မေးစရာ ရှိပါတယ်။ ဟုတ်ပါတယ်။ ရေးဖို့ လိုနေပါပြီ။ မောင်လူအေး တက်ခဲ့တဲ့ ရန်ကုန်စီးပွားရေး တက္ကသိုလ်က ပေးတဲ့ MBA လက်မှတ်ကို ရဖို့စာတမ်းပြုစုဖို့ ကိစ္စ ရှိနေပါတယ်။ တကယ်တမ်း ပုံစံအားဖြင့် ပြောမယ်ဆိုရင် စာတမ်းပြုစုတဲ့ ပုံသဏ္ဍာန်ဟာ မောင်လူအေးတို့ အယင်က ရေးတဲ့ ဘလော့ပို့စ်နဲ့ အတော် တူပါတယ်။ စစချင်း ဘာကို လေ့လာမလဲ အယင်ရှာမယ်။ လေ့လာတင်ပြမဲ့ အကြောင်းအရာ ရလာတဲ့ခါ ဘယ် သီအိုရီနဲ့ ဘယ်လို ချိတ်ပြီး ဘယ်လို ပုံစံမျိုးနဲ့ အချက်အလက် စုဆောင်းမယ်ဆိုတာ စလုပ်မယ်။ အချက်အလက်က ယခင် လုပ်ထားပြီးသား အချက်အလက်တွေရှိတယ် (ဒါက Secondary Data လို့ ဆိုတယ်။) ကိုယ်တိုင် လေ့လာ ဆန်းစစ်မဲ့ အချက်အလက်တွေ ရှိတယ်။ (ဒါက Primary Data  လို့ ဆိုတယ်။ ) ဒီ အချက်အလက်တွေကို စုစည်းဖို့ မေးခွန်းလွှာတွေ ရေးရမယ်။ စစ်တမ်းတွေ ကောက်ရမယ်။ နောက်ဆုံး ရလာတဲ့ ဆက်စပ်ချက်တွေကို ကောက်ချက်ဆွဲ သုံးသပ်ချက် ထုတ်ပေးရမယ်။
စာတမ်းကို ကြီးကြပ်မဲ့ ဆရာမတွေက PhD ရထားပြီးသား ဆရာမတွေ ဆိုတော့ကာ Master Thesis ဆိုတာ ဘွဲ့ရ ကျောင်းသား တစ်ယောက်ကို ရှစ်တန်းစာ ဖြေခိုင်းသလိုပဲ။ ရှစ်တန်းကျောင်းသားကို ကြည့်ပြီး မင်းတို့ ဒါလေး ဒီလိုလေး တွက်တာ ဒီလိုလေး ရေးတာများ ဘာခက်လဲ။ ဘာမို့လဲ ဆိုတာမျိုးပေါ့။ တကယ်ရေးဖို့ ကြိုးစားတဲ့ခါကျတော့ စောစောက အလုပ်တစ်ဖက်၊ မိသားစုတစ်ဖက်နဲ့ စာတောင် မဖတ်ဖြစ်တဲ့နောက် စာတမ်းရေးဖို့ အတွက်က တကယ်ကို ချရေးဖို့ကို လက်က အတော်တွန့်နေတာ ပြဿနာ ကြီးကြီး ဖြစ်လာတယ်။ ကြားထဲ အမြစ်တော်တော် နက်နက် တွယ်နေတဲ့ ခုလုပ်မယ်၊ တော်ကြာလုပ်မယ်၊ လုပ်ချင်မှလည်း လုပ်မယ် ဆိုတဲ့မကောင်းတဲ့ အကျင့်ကြီးကလည်း အတော်ဆိုးဆိုးရွားရွား လှိုက်စားနေတဲ့ခါ ကျတော့ မဖြစ်ချေဘူး။ သူများတွေ ပြီးလို့မှ မပြီးရင် ဘွဲ့မရဘဲ တန်းလန်းဖြစ်နေမှ ဇော်ကန့်လန့် ဖြစ်ရချည့် ဆိုပြီး စာရေးတဲ့ အကျင့်လေးကို ပြန်နွှေးဖို့ ကြိုးစားရင်း နောက်ပိုင်းတော့ စာလည်းဖတ်၊ ဘလော့လည်း ရေးတဲ့ အချိန်လေး အရှိန်လေး ပြန်ရလာအောင် ကြိုးစားကြည့်ရဦးမှာပေါ့ဗျာ။ 
Apr 30, 2014
Singapore : Annual Gathering of Ex-GTI Students of PYAY
Though it was a bit late, I want to take this opportunity to be able to invite you to the Annual Gathering of Ex-GTI students from Pyay GTI in Singapore which will be held on 1st of May (May Day). It will be held at Labrador Park and there will be free shuttle bus at Labrador MRT Station between 10:30 am to 12:30 pm.
Don't miss the chance to be able to participate in the lucky draw game as well.
Apr 29, 2014
BOH : Vacancy For Sale Manager
Hi all, it has been quite sometime that no new post over Mgluaye's Pages. Mgluaye is busy with stuffs (pretend to be busy, I think) ha ha.
Well. We have spent our new year last few weeks and now we are at the very first month of Myanmar calendar year.
Our BOH has spent last year 2013 at Nay Pyi Taw. Of course, it is quite challenging to pass that hot summer in Nay Pyi Taw. However BOH successfully did it. Now MICC1 is successfully up and running.
Now we are seeking professional sale manager to be part of our team.  If you have such experience or if you know somebody who has experience, please feel free to contact us. We are reachable at +95-09420705674 and +95-0973146711. 
Feb 19, 2014
Yangon : Vacancy for skilled technician
BOH Company Limited which is working on project management sector, now it is expending its business to manufacturing business. For this expansion, we are hiring skilled and talented people to be part of our organization. Please refer to below document for details and share it to those people who fit with the requirements.
Jul 12, 2013
Nay Pyi Taw : Waso Robe Offering Ceremony by Arakanese
Waso robe offering ceremony by Arakanese Association (Nay Pyi Taw) will be held on 9 am, 14th July 2013 (Sunday) at Aye Mya Shwe Pyi Monastery. You all are cordially invited to participate and share good deeds with us while enjoying Arakanese foods at the event.
Mar 20, 2013
Myanmar : Super Cheap Calls Using Smart Apps
In these days, there are rumors saying that mobile SIM card will be released with 5000 kyats (USD 6.00/pc) on 1st of April. Last month, I bought two GSM SIM cards with Kyats 240,000 (USD 280++) and 290,000 (USD 341++) each. I knew that after sometime SIM card price will be dropping a lot. But I got no choice; I couldn’t wait because my project needed it. Now price is nearly dropping a lot. 
I knew there was whatapps and viber while I was in abroad, however at these days, people seldom use and the mobile plan rate also not much difference in abroad countries. When I get back to Myanmar also, I am using CDMA800 card and using ordinary phone, it was sometime I am out of touch with such application. 
Last month, I bought one smart phone and try with GSM internet which is half price of CDMA internet (2kyats per minute). It is not bad. Now I am installing viber, whatapps, tango and wechat also. While I started using those, some people said that registration is difficult for certain application. Viber also sometime, we are unable to receive activation sms, and the number received by voice call no longer valid for activation, because of certain reasons. 
But nowadays, connection is also not that bad. Now, I have viber, skype, whatapps, tango and wechat. Out of those, wechat is the one I cannot use right now. It says that it is not supported for Myanmar mobile number. However, my friend advice me to ask help from someone in abroad to receive activation sms, then we can use. 
In abroad, the data usage is unlimited with certain amount of charges, in Myanmar data usage is charging per minute instead of data usage. If you make ordinary call, it will charge you 50 kyats per minute. If you turn on 3G, then use either one of the above applications I had, it will charge you 2 kyats per minute, which is 1/25 of normal call. 
The only limitation is that both users have to use 3G enable phone and you have to make a miss call prior turning on 3G. Let say you are trying to call your friend, please let them know “don’t pick up my call at the first ring. And please turn on 3G after receiving missed call.” By then, both users turn it on already, you can use one application out of the above mentioned apps. It will save you 1/25 time of your call charges, meaning that you can talk up to 25 minutes to reach 50 kyats which is just one minute charges in ordinary call. It not only applies to local call, but applies to international calls as well. Some says that the reception is better for international calls as of the bandwidth is better on one side.
Dec 14, 2012
YANGON : PYAY GTI Paying Respect Ceremony
Here we go! This year, December is right here and we are going to celebrate our 12th Paying respect ceremony of Pyay GTI as usual. The organizers for the event are right now in Pyay and they will come down to Yangon by early in the morning of 15th December. All the teachers will be reaching Yangon by that day afternoon and will stay one day at Yuzana Hotel of West Shwe Gone Taing Road.
On the evening of 16th December, same location as last year, Eagle Garden restaurant will hold our event. You are warmly invited to participate in the event. 
The total contribution of ex-students from Singapore and abroad totaled up to SGD 9,000 this year. Don't worry for that if you haven't contact to none of our organizers. You can drop by to the event by yourself, and contribute at the event straight away.
Let's see our classmates and teachers at the event. See you guys.
Sep 29, 2012
A Visit to Sane Let Tin
It's somewhere in August, our family chose to have a city-day-out from usual crowded metro life style. It is good to run away from urban life. Since I came back from abroad, this is the first time I went out from the town together with my family. It was a rainy day when we planned that trip. After starting the trip, nearly half hour on the highway road, it started to rain.
Photobucket
After a short while, the Yangon-Mandalay highway was under water. 
Photobucket
After driving a short while on Yangon-Mandalay highway, we turned to New Express Way to Nay Pyi Taw and then drop off near to Pha Yar Gyi village. There was not rainy when we go across Phayar Gyi and after sometime, we were on the road to Maw La Myaing already.
Photobucket
It's about 10:00 am when we reached to Sane Let Tin.  Sane Let Tin is a privately owned resort that included mini zoo in it. It is situated in Bago Division, I think it is in Kyauk Tagar Township and which is on the way to Maw La Myaing.
Photobucket
It is a nice place for family to come and visit. As far as I understand, a lot of people drop by when they are on the way back from Kyaik Htee Yoe which is in the Kyaik Htoo township which is not far away from Sane Let Tin. 
Sane Let Tin has its own restaurant and it was famous for not using seasoning in their food products. 
Photobucket
Sane Let Tin was not only famous for its food but also for its own mini zoo. This is what we can see from the highway road.
Photobucket
If you go in from that entrance, guests of Sane Let Tin are allowed free of charge, but it may incur (I think 500 Kyats per person) entrance fee if you are not the guest who is staying in their resort.
Photobucket
 You can have natural fresh air and pleasant moment while you are walking by on the nicely arranged literate stones path.
Photobucket
Sane Let Tin had couple of elephants in their zoo.
Photobucket
Executive family house seen from the street.
Photobucket
The sitting area of executive family house.
Photobucket
Beside your house, BBQ place is attached.
Photobucket
The traditional cart for attraction.
Photobucket
If you are going with few people, you can take a room at terrace house as well.
Photobucket
The pond with fountain around zoo area.
Photobucket
Photobucket
Photobucket
Here are some of the trees in the Sane Let Tin Resort.
Photobucket
Photobucket
Photobucket
It's really relaxing and pleasant trip we had in Sane Let Tin. I would like to recommend to visit.
 Oops! I almost forget to tell you. Sane Let Tin provide free WIFI internet access. It's pretty good though a bit of difficulties I had because our house was at the further most in WIFI range. It's good if you are accessing internet while you are having meal at restaurant.
Sep 27, 2012
YANGON : SEMINAR ON Variation of Compressive Strength of Concrete for Concrete Material
For those who want to attend seminar on Enginering subject, here are one more invitation of the seminar that will be held by MES and Civil and Structural Engineering Technical Division. The location will be at MES and the date and time are as follow: 
Title : Variation of Compressive Strength of Concrete for Concrete Material
Date : 29th Sept 2012 (Saturday)
Time : 2:00 PM to 4:30 PM 
Please refer to the Ads on the left for details.
Sep 20, 2012
YANGON : SEMINAR ON PROJECT MANAGEMENT
Hi guys, if you are the one who is willing to attend seminars on engineering subjects, this will be the one for you. MES will hold a seminar on project management related on building construction. The speaker will be U Myint Oo B.E (Civil) who has over 15 years of working experiences on building construction works in Singapore. 
If you have a plan to attend, the seminar will be commencing from 9:00 am till 15:00 pm on 22nd Sept 2012, Saturday. Please refer to the attached invitation card for details. 
:)
Sep 18, 2012
SINGAPORE : MRAUK U SAYADAW RETRTREAT
Dear friends in Singapore, 
I would like to share those who wants to attend Religious retreat: this is retreat by Mrauk U Sayadaw. It is for 7 days duration, for details are as follow: 
----------------------------------------------------------------------------
Dear Devotees, The 7 days Meditation Retreat will be held at Changi Aloha Fairy Point Chalet 4 by Myauk Oo Sayadaw Ashin Wayaminda from 1 October 2012 to 7 October 2012. Due to limited accommodation, Full Time "Yogi" registration has been closed. However, you and your family are warmly invited to join as "Day Yogi" / Listening Sayadaw's Dhamma Talks. 
Time Table is enclosed for your information. 
WITH METTA SAYADAW U THUPIYA 
MAHAMUNI BUDDHIST SOCIETY 
Monks Residence Address: 
NO.8 Blair Road, (off Kampong Bahru Road) 
Near Outram Park MRT 
SINGAPORE 089908 
TEL: 6777 7018 / 9185 2924
Jul 5, 2012
Bmorn V16 : 7 Inches Android Tablet
After my Kindle 3 got the problems with its display, I had difficulties to read books on the go. I have no choice other than printing out ebooks that I wanted to read and bind it at my own DTP shop. At that point, I can say that I am lucky to own my own photocopy shop to be able to print out whatever books that I wanted. But it is not so good for the long run as of it is eating up photocopying service’s income.
In Yangon, I can buy iPad with round about 6 lakhs kyats. I felt that a bit, not worth to use iPad unless I have Wifi access for full time. I didn’t want to use that much amount of money to be able to have a sense of tablet PC world.
So, I checked whether is there any chance that I can use tablet pc with affordable price. I have found out people are using 7” tablets origin from China with very cheap price. I made some price checking through my friends and neighbors, they advise me that it will cost me about less than a lakh and I can get cheaper one if I am patient enough to go through shop after shop.
Actually I did checked the prices of the 7” tablet at Technoland by last week, round about eighty thousand kyats. Last weekend, I got a chance to visit IT valley of Rangoon, Seik Kann Thar Street of Kyauk Tada Township. I started my trip from Anaw Rahta side then browse one shop after another.
I got the 7” tablet named bmorn, model V16 with android OS 4.0.3. It comes with internal storage of 8GB capacity, 512 MB RAM and one front camera for video conferencing. As per its specification, it says that the device supports memory extension of up to 32GB micro SD. The price is only sixty five thousand kyats only. Its battery life is round about three hours only. In terms of capacitive touch screen, I will say it’s not that bad. In terms of resolution, screen resolution itself is good, but some application is not running in full resolution.
The refresh rate is a bit slow sometime, it may be because of the device is running on 512 MB RAM only. This is my very first time experiencing android OS in my life; I still need to do some self study about it.
In the meantime, bmorn tablet is helping me to be able to read ebooks on the go. I am not too sure how long its life span will be. From my perspective, it is worth if I can use for about one to two years.
Jul 4, 2012
Yangon: Jobs Vacancies
Dear all,
Royal Toe Hotel is recruiting for the following positions:
  1. General Manager 
  2. Receptionist 
For those who has relevant experience are encouraged to submit the application comes with cover letter, resume attached recent photograph to jobs[at]mgluaye.com. For details, you can reach us at 0951- 30880 and 09-73146711. 
Photobucket
Jun 8, 2012
Welcome Mgluaye Jr.
Hi all. Today I would like to share good news to you, all of my friend. I felt that some of my friends would feel disappointed that long time my blog was not updated. I am not the one who would try to blame the slow speed internet that makes difficult to access instead of lack of motivation to write blog post in the meantime. 
 From previous September, I was back to Yangon and started my own career of retail shop in suburb of Rangoon. It opens door for business in late November. After six months of retail business, it is running well and got extra time for me to go out. 
After Thingyan, I joined one of the well-known Social Enterprises in Myanmar, it’s Proximity Designs. I will write a post when I have leisure time about that. After three months of retails works started, our family got very good news. The very first member of my family gave us a notice that s/he will be here by around coming October. It makes all of us very happy. It encourages us to work harder and smarter to earn more. It gave us more clear and pleasant and happy future is approaching to us. 
This is in June; 7th of June 2012 if I say exactly, the ultrasound test pronounced that fresh, new comer for our family is baby boy. Of course, I am in the status that can be said that more than happy. I have a clear sense of family and future. I believed it will be somewhere in coming November, Jr. Mgluaye will be touching his feet to the Earth. Hello world! Let’s welcome him. :)
Dec 23, 2011
English - Myanmar Calendar 2012
As usual, gift from MGLUAYE's PAGES for the New Year is finally came up. Last year, English Myanmar Calendar 2011 was downloaded over 339 times the whole year that makes 270 times more than Calendar 2010 and 264 times more than Calendar 2009. This year, MGLUAYE went back to Burma and now residing back in Yangon, I have very limited spare time to prepare this calendar. But, I tried my best to be able to share calendar as usual. Here is 2012 English Myanmar Calendar for you to download. Wish you all Merry Christmas and Happy New Year 2012.
Same as previous years, for my friends who want to view month by month, just click on the below pictures for respective months. Those who want to keep whole year calendar as own copy, please click the lowermost single picture.
2012 January 2012 February 2012 March 2012 April
2012 May Photobucket Photobucket 2012 August
2012 September 2012 October 2012 November 2012 December
Click below picture to download Calendar for whole year.
Have Fun.
BAY OF HUNTERS