Download Here!
Mar 29, 2009
ရခိုင်ဘာသာစကား လမ်းညွှန်
Download Here!
Mar 28, 2009
2009 February Currency Review
2009 ခုနှစ် ဖေဖော်ဝါရီလ အတွင်းမှာ စင်္ကာပူဒေါ်လာနဲ့ မြန်မာငွေ လဲလှယ်နှုံး တစ်လလုံး ပျမ်းမျှ 678.0714 ကျပ် ပေါက်ခဲ့ပြီး ဖေဖော်ဝါရီလ 1 ရက်နေ့မှာ အမြင့်ဆုံး 723 ကျပ် ထိ ပေါက်ခဲ့ပြီး၊ ဖေဖော်ဝါရီလ 17 ရက်နေ့မှာ အနိမ့်ဆုံး 635 ကျပ် ပေါက်ခဲ့ပါတယ်။
2009 ခုနှစ် ဖေဖော်ဝါရီလ အတွင်းမှာ အမေရိကန် ဒေါ်လာနဲ့ စင်္ကာပူဒေါ်လာ လဲလှယ်နှုံး တစ်လလုံး ပျမ်းမျှ 1.517579 ပေါက်ခဲ့ပြီး ဖေဖော်ဝါရီလ 27 ရက်နေ့မှာ အမြင့်ဆုံး 1.5468 ထိ ပေါက်ခဲ့ပြီး၊ ဖေဖော်ဝါရီလ 9 ရက်နေ့မှာ အနိမ့်ဆုံး 1.49247 ပေါက်ခဲ့ပါတယ်။
မြန်မာငွေနဲ့ စင်္ကာပူ ဒေါ်လာ လဲလှယ်နှုံးကို မောင်လူအေး Sidebar ထဲက အချက်အလက်တွေနဲ့ ပြုစုပြီး အမေရိကန် ဒေါ်လာနဲ့ စင်္ကာပူဒေါ်လာ လဲလှယ်နှုံးကိုတော့ http://www.exchange-rates.org ကနေ ရယူပါတယ်ဗျား။
2009 January Currency Review
၂၀၀၉ ခု ဇန္န၀ါရီလအတွက် ငွေကြေးတန်ဖိုး သုံးသပ်ချက်လေးပါ။ ဇန္န၀ါရီ လကုန်မှာ ရန်ကုန် ကို ပြန်သွားဖြစ်တာရယ်၊ ပြန်ရောက်တော့လည်း တိုင်ပတ်နေတာရယ်နဲ့ ခုမှ လုပ်ဖြစ်ပါတယ်။ နောက်လတွေ အချိန်မီ တင်ပေးသွားနိုင်အောင် ကြိုးစားပါဦးမယ်။
:)
.............................................................................................................................................................
2009 ခုနှစ် ဇန္န၀ါရီလအတွင်းမှာ စင်္ကာပူဒေါ်လာနဲ့ မြန်မာငွေ လဲလှယ်နှုံး တစ်လလုံး ပျမ်းမျှ 729.58 ကျပ် ပေါက်ခဲ့ပြီး ဇန္န၀ါရီလ 1 ရက်မှာ အမြင့်ဆုံး 802 ကျပ် ထိ ပေါက်ခဲ့ပြီး၊ ဇန္န၀ါရီလ 22 ရက်နဲ့ 23 ရက်နေ့တွေမှာ အနိမ့်ဆုံး 715 ကျပ် ပေါက်ခဲ့ပါတယ်။
2009 ခုနှစ် ဇန္န၀ါရီလအတွင်းမှာ အမေရိကန် ဒေါ်လာနဲ့ စင်္ကာပူဒေါ်လာ လဲလှယ်နှုံး တစ်လလုံး ပျမ်းမျှ 1.4411 ပေါက်ခဲ့ပြီး ဇန္န၀ါရီလ 30 ရက်နေ့မှာ အမြင့်ဆုံး 1.51075 ထိ ပေါက်ခဲ့ပြီး၊ ဇန္န၀ါရီလ 1 ရက်၊ 2 ရက်၊ 4 ရက်နေ့တွေမှာ အနိမ့်ဆုံး 1.44315 ပေါက်ခဲ့ပါတယ်။
မြန်မာငွေနဲ့ စင်္ကာပူ ဒေါ်လာ လဲလှယ်နှုံးကို မောင်လူအေး Sidebar ထဲက အချက်အလက်တွေနဲ့ ပြုစုပြီး အမေရိကန် ဒေါ်လာနဲ့ စင်္ကာပူဒေါ်လာ လဲလှယ်နှုံးကိုတော့ http://www.exchange-rates.org ကနေ ရယူပါတယ်ဗျား။
:)
.............................................................................................................................................................
2009 ခုနှစ် ဇန္န၀ါရီလအတွင်းမှာ စင်္ကာပူဒေါ်လာနဲ့ မြန်မာငွေ လဲလှယ်နှုံး တစ်လလုံး ပျမ်းမျှ 729.58 ကျပ် ပေါက်ခဲ့ပြီး ဇန္န၀ါရီလ 1 ရက်မှာ အမြင့်ဆုံး 802 ကျပ် ထိ ပေါက်ခဲ့ပြီး၊ ဇန္န၀ါရီလ 22 ရက်နဲ့ 23 ရက်နေ့တွေမှာ အနိမ့်ဆုံး 715 ကျပ် ပေါက်ခဲ့ပါတယ်။
2009 ခုနှစ် ဇန္န၀ါရီလအတွင်းမှာ အမေရိကန် ဒေါ်လာနဲ့ စင်္ကာပူဒေါ်လာ လဲလှယ်နှုံး တစ်လလုံး ပျမ်းမျှ 1.4411 ပေါက်ခဲ့ပြီး ဇန္န၀ါရီလ 30 ရက်နေ့မှာ အမြင့်ဆုံး 1.51075 ထိ ပေါက်ခဲ့ပြီး၊ ဇန္န၀ါရီလ 1 ရက်၊ 2 ရက်၊ 4 ရက်နေ့တွေမှာ အနိမ့်ဆုံး 1.44315 ပေါက်ခဲ့ပါတယ်။
မြန်မာငွေနဲ့ စင်္ကာပူ ဒေါ်လာ လဲလှယ်နှုံးကို မောင်လူအေး Sidebar ထဲက အချက်အလက်တွေနဲ့ ပြုစုပြီး အမေရိကန် ဒေါ်လာနဲ့ စင်္ကာပူဒေါ်လာ လဲလှယ်နှုံးကိုတော့ http://www.exchange-rates.org ကနေ ရယူပါတယ်ဗျား။
Mar 26, 2009
တော်ဝင်သဇင် - ၀င်းကိုခိုင်
Track 1 - တော်ဝင်သဇင်
Track 2 - အဖြူရောင်ပန်းချေ
Track 3 - လတစ်စင်း၏ ရပ်တည်မှု
Track 4 - အခါးရည်
Track 5
Track 6 - လွမ်းရကိုယ့်အိမ်
Track 7 - ဧက္ကရာဇ်မြိုင်
Track 8 - ကျိန်စာ
Track 9 - အား
Track 10 - အားလုံးမှားလားမေ
Track 11 - စည်းသုံးတန်
Track 12 - စောပြည့်ညိုဆောင်သူ
Track 13
Track 14 - တော်ဝင်သဇင် (Bonus Track)
Track 5 နဲ့ Track 13 ကိုတော့ သီချင်းခေါင်းစဉ် ရှာမတွေ့တာနဲ့ အမည် တပ်မထားဖြစ်ပါ။ ခေါင်းစဉ် သိသူများ Comment ခဲ့ကြမယ် ဆိုရင် ကျေးဇူး ဥပကာရ များစွာ တင်ရှိမှာ ဖြစ်ပါကြောင်း။
:)
Credit : Arakan Music
Mar 25, 2009
လှိုင်းလုံးချေ
ရခိုင်သီချင်း အဟောင်းလေးတွေ စုစည်းထားတာပါ။ မောင်လူအေး စုစည်းတာ မဟုတ်ပါဘူး။ ဒီ စာမျက်နှာကနေ Download လုပ်ချထားတာပါ။ ရံဖန်ရံခါမှာ Download လုပ်ဖို့ အဆင်မပြေ ဖြစ်လေ့ ဖြစ်ထရှိလေတော့ Download လုပ်လိုသူများ အတွက်လည်း အဆင်ပြေအောင် ပြန်တင် ပေးလိုက်ခြင်းပါဗျာ။
မင်္ဂလာဆုတောင်း
ချစ်ပန်းလည်းခူး ဆူးလည်းစူး - သန်းမောင်
လှိုင်းလုံးချေ - မလတ်
အချစ်ပုစ္ဆာ - စောထွန်းအောင်
ပန်းသဇင်၏အယူခံ - သန်းမောင်၊ မလတ်
တဖက်သတ်အချစ်
ဝီးလို့ကျန်လိုက်မြို့စစ်တွေ - သန်းမောင်
နှုတ်ဆက်ခရေ ကံ့ကော်မြေ - ယုယုလှိုင်
ဇီသျှင်ခိုးကေ ၀တ်ပြုရေ
ချစ်ပန်းပွင့်ယောင် မပွင့်ယောင်
မြကျွန်းညို
ရိုးရာကမမ - သန်းမောင်
နွီအလွမ်း - ယုယုလှိုင်
ကုလချေတယောက်
အကြွင်းမဲ့ဘ၀ - သန်းမောင်
တနင်္ဂနွီရက်ချေ
မင်္ဂလာဆုတောင်း
ချစ်ပန်းလည်းခူး ဆူးလည်းစူး - သန်းမောင်
လှိုင်းလုံးချေ - မလတ်
အချစ်ပုစ္ဆာ - စောထွန်းအောင်
ပန်းသဇင်၏အယူခံ - သန်းမောင်၊ မလတ်
တဖက်သတ်အချစ်
ဝီးလို့ကျန်လိုက်မြို့စစ်တွေ - သန်းမောင်
နှုတ်ဆက်ခရေ ကံ့ကော်မြေ - ယုယုလှိုင်
ဇီသျှင်ခိုးကေ ၀တ်ပြုရေ
ချစ်ပန်းပွင့်ယောင် မပွင့်ယောင်
မြကျွန်းညို
ရိုးရာကမမ - သန်းမောင်
နွီအလွမ်း - ယုယုလှိုင်
ကုလချေတယောက်
အကြွင်းမဲ့ဘ၀ - သန်းမောင်
တနင်္ဂနွီရက်ချေ
Mar 21, 2009
Electrical Installation Work, 6th Edition
Publisher: Newnes; 6 edition | ISBN: 0750687339 | 2008 | PDF | 468 pages
* Fully up-to-date with the 17th Edition Wiring Regulations
* Tried and trusted content now with improved page design and in full colour
* Covers both Level 2 and 3 in one volume
This well-known textbook is written for all electrical trainees who want to understand not only how, but why electrical installations are designed, installed and tested in particular ways. Brian Scaddan’s approach encourages independent learning with end fo chapter self-assessment questions provided.
The material is arranged into logical topic sections rather than following a particular syllabus. This makes the book a handy reference even after the course. However, the book meets the requirements of both Level 2 and 3 of the City & Guilds 2330 Certificate and the Level 3 2356 NVQ and a mapping grid to the learning outcomes is included.
The new edition is fully in line with the 17th IEE Edition Wiring Regulations. In addition, the new full colur page design will help make learning easier for students of all abilities.
Download Here!
Audio Wiring Guide: How To Wire The Most Popular Audio And Video Connectors
Focal Press | 2008-09-15 | ISBN: 0240520068 | 336 pages | PDF | 15,7 MB
Whether youre a pro or an amateur, a musician or into multimedia, you cant afford to guess about audio wiring. The Audio Wiring Guide is a comprehensive, easy-to-use guide that explains exactly what you need to know. No matter the size of your wiring project or installation, this handy tool provides you with the essential information you need and the techniques to use it. Using The Audio Wiring Guide is like having an expert at your side. By following the clear, step-by-step directions, you can do professional-level work at a fraction of the cost.Every step is clearly explained and photo-illustrated. All the common audio connectors are covered as well as most special-use multimedia connectors. It is the perfect guide to keep by your side in the studio or on the road.
* Covers all the essential wiring techniques, from fixing a guitar plug to wiring an entire recording studio
* Includes essential information on how to organize and lay out your job sequence, how to choose and buy tools, plus tips to avoid common novice errors
* Reduces errors, do-overs, and hazards, saves time and money
Mar 20, 2009
Handbook of Electrical Installation Practice (4th Edition)
Chapters are devoted to topics such as wiring cables, mains and submains cables and distribution in buildings, as well as power supplies, transformers, switchgear, and electricity on construction sites. Standards and codes of practice, as well as safety, are also included.
Since the Third Edition was published, there have been many developments in technology and standards. The revolution in electronic microtechnology has made it possible to introduce more complex technologies in protective equipment and control systems, and these have been addressed in the new edition.
Developments in lighting design continue, and extra-low voltage luminaries for display and feature illumination are now dealt with, as is the important subject of security lighting.
All chapters have been amended to take account of revisions to British and other standards, following the trend to harmonised European and international standards, and they also take account of the latest edition of the Wiring Regulations.
This new edition will provide an invaluable reference for consulting engineers, electrical contractors and factory plant engineers.
Download Here!
Mar 18, 2009
မဟာဇေယျသိဒ္ဓိ - အဓိဌာန်ဆရာတော် ဘုရားကြီး
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အန်ကျိန်းတော်ကုန်း (အာကျိပ်တော်ကုန်း) မဟာဇေယျသိဒ္ဓိ - အဓိဌာန်ဆရာတော် ဘုရားကြီးရဲ့ အမေရိကား ခရီးစဉ်မှာ မတ်လ ၁၉ရက်နေ့၊ ကြာသပတေးနေ့မှာဖြင့် စင်္ကာပူနိုင်ငံ Clementi ရပ်မှာ ရှိတဲ့ ဆရာတော်ရဲ့ တကာရင်း ကိုမြတ်လင်းရဲ့ အိမ်မှာ တစ်ရက်တာ သီတင်းသုံးမှာ ဖြစ်တဲ့ အတွက် စင်္ကာပူနိုင်ငံမှာ ရောက်ရှိနေကြတဲ့ ဆရာတော်ကြီးရဲ့ တပည့်၊ တကာများ သွားရောက် ဖူးမြော် နိုင်ကြစေဖို့ နိဗ္ဗာန် အကျိုးဆော်လို့ နှိုးဆော် လိုက်ရပါတယ်ဗျာ။
ဆရာတော် တစ်ရက်တာ သီတင်းသုံးမဲ့ နေအိမ်လိပ်စာကတော့
Blk 328, #02-198, Clementi Ave 2 (ကောင်းစုံ မြန်မာ ကုန်စုံဆိုင် အပေါ်ထပ်)
ဖြစ်ပါတယ်။
ဆရာတော်ရဲ့ သာသနာတော် ထွန်းကား ပြန့်ပွားရေး ဆောင်ရွက်မှု တွေ အကြောင်း အပြည့်အစုံကိုတော့ ဒီလိပ်စာမှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်ဗျာ။
မဟာဇေယျသိဒ္ဓိ - အဓိဌာန်ဆရာတော် ဘုရားကြီး ထေရုပ္ပတ္တိ
ဆရာတော်သည် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ စွန်ရဲကျေးရွာ၌ ဖခမည်းတော် ဦးဝဲဒိုး၊ မယ်တော် ဒေါ်စံသာဦးတို့မှ ၁၃၀၉ ခု၊ ၀ါခေါင်လဆုတ် (၄) ရက်၊ တနင်္လာ (၄-၈-၄၇) နေ့တွင် ဖွားမြင် သန့်စင်တော် မူခဲ့ပါသည်။ ၁၃၂၀ ခု၊ သက်တော် (၁၀)နှစ်တွင် ရှင်သာမဏေအဖြစ် ခံယူ တော်မူခဲ့ပြီး ၁၃၂၈ ခု၊ သက်တော် (၂၀) ပြည့်တွင် ရဟန်းဘောင်သို့ ၀င်ရောက်ခဲ့ပါသည်။ ပရိယတ္တိ စာပေနှင့် ပတ်သက်၍ နိုင်ငံတော် အစိုးရ၏ ငယ် – လတ် – ကြီး၊ ဓမ္မစရိယတန်း အောင်မြင်တော် မူခဲ့ပါသည်။ စစ်တွေမြို့၊ မြို့မကျောင်းတိုက်နှင့် ရန်ကုန်မြို့၊ ဗဟန်း ဦးထောင်ဗိုလ် လမ်းရှိ ဓည၀တီ ပရိယတ္တိ စာသင်တိုက်တို့တွင် ပရိယတ္တိ စာပေများကို သင်ကြား ဆည်းပူးခဲ့ပါသည်။ စာချတန်း သုတ္တန်၊ ပိဋကတ်၊ ဒီဃနိကာယ်ကို နှုတ်တက် အာဂုံ ဆောင်တော်မူခဲ့ပါသည်။ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင် ( သာသနဓဇ သီရိပ၀ရ ဓမ္မစရိယ ) အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ခန္တီ၏ အန္တေ၀ါသိက တပည့်ရင်းတစ်ဦးဖြစ်ပါသည်။
ထို့နောက် စွန်ရဲကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျောင်းထိုင် ကျောင်းပိုင်အဖြစ် သီတင်းသုံး နေတော်မူလျက် တပည့် ရဟန်း ရှင်သာမဏေ၊ ကျား၊မ လူငယ် (၅၀၀)ခန့်တို့အား (၉)နှစ်တိုင်တိုင် ပရိယတ္တိ စာပေများကို ပို့ချ ပေးတော်မူခဲ့ပါသည်။ သံဃနာယက အဖွဲ့အစည်း အဆင့်ဆင့် တို့၏ သြ၀ါဒကို အမြဲတမ်း ခံယူတော်မူလျက် တောတောင် အသီးသီးတို့၌ မဟာဇေယျ သိဒ္ဓိ အဓိဌာန် ကျင့်စဉ်ခေါ် ဗုဒ္ဓနုဿတိဘာဝနာကို ၁၃၄၁ ခု၊ နှစ်ဆန်း (၁) ရက်နေ့မှစ၍ ရာသက်ပန် သက်သတ်လွတ် ဆွမ်းဘုန်းပေးလျက် စတင် ကြိုးစား အားထုတ်တော် မူလာခဲ့ရာ သက်တော် (၃၆) နှစ်၊ သိက္ခာတော် (၁၆) ၀ါတွင် အဓိဌာန် ဆရာတော် ဟူ၍ ထင်ပေါ် ကျော်ဇော လာခဲ့ပါသည်။ ဆရာတော်သည် မိမိဇာတိ ရပ်ရွာဖြစ်သော စွန်ရဲကျေးရွာ တစ်နေရာတည်းတွင် အားထုတ်နေတော်မူ ခဲ့ခြင်းဖြင့် အားရတင်းတိမ် ကျေနပ်မှုမရှိဘဲ မင်းပြား ကျိန်းတောင်၊ ဝေသာလီ၊ ဦးရာဇ်တော်၊ မြောက်ဦး၊ ကျောက်တော်၊ ပလက်ဝ၊ ဆံတော်ရှင်၊ ဥဿလင်း၊ ရသေ့တောင်၊ မောင်တော စသော နေရာ အသီးသီး တို့သို့ ကြွရောက်တော်မူပြီး မိမိ ကိုယ်တော်တိုင်လည်း အဓိဌာန်တော် တည်ဆောက်ခြင်း၊ တပည့် တကာ၊ တကာမတို့အား တရား ဓမ္မ ဟောပြောပြသခြင်း စသည့် သာသနာ့ကိစ္စရပ်များကို နေ့မအား ညမအား ကျင့်ကြံ ကြိုးစားအားထုတ် ဆောင်ရွက်တော်မူခဲ့ပါသည်။
ဆရာတော်သည် သက္ကဋ၊ ဗြဟ္မီ စသော ကျောက်စာမျိုးပေါင်း (၂၀) တို့ကို သိမြင် နားလည်သော ပုဂ္ဂိုလ် တစ်ပါးလည်း ဖြစ်ပါသည်။ မဟာဇေယျသိဒ္ဓိ အဓိဌာန်ကျင့်စဉ်၊ မုနိရာဇာဘုရားပူဇော်နည်း၊ လောကနာထ၊ ဒေ၀ယက္ခပူဇာ၊ ရေဆူဘုရားပူဇော်နည်း နှင့် (၂၈) ဆူ စက်ပရိတ်တော် စသော ဗုဒ္ဓစာပေများကို ဓမ္မဒါနအဖြစ် ရေးသား ပြုစုတော်မူခဲ့ပါသည်။ တောတောင် အသီးသီးတို့၌ တရား အားထုတ်တော်မူ၍ အဓိဌာန် အောင်ပွဲ ကျင်းပနေစဉ် ကာလအတွင်း ဗောဓိညောင်ရွက်များသည် အောင်ပွဲတိုင်း ကန်တော့ထိုးခြင်းကို ထူးဆန်း အံ့သြဖွယ်ရာ ပေါ်ပေါက် ခဲ့ဖူးပါသည်။ ယခုအခါ ဆရာတော်သည် သာသနာ့မြေအဖြစ် နိုင်ငံတော်အစိုးရမှ တရားဝင် သတ်မှတ် ခွင့်ပြုထားသော စစ်တွေမြို့၊ အံကျိန်းတော်ကုန်း ကန်တော်ငယ်အနီး ၅ ဧကခန့်ရှိသော သာသနာ့မြေပေါ်တွင် သာသနာတော် တည်တံ့ ပြန့်ပွားရေးအတွက် နောင်တစ်ခေတ် သမိုင်းတွင် ကျန်ရစ်စေမည့် စတုရန်းပေ (၄၀၀၀၀) ရှိ မဟာဇေယျသိဒ္ဓိ အဓိဌာန် သိမ်တော်ကြီး တစ်ဆောင်ကို ရခိုင်ဘုရင် မင်းဗာကြီး ကိုးကွယ် တည်ထားတော်မူခဲ့သည့် ရှစ်သောင်းဘုရား ပုထိုးတော်ကို အခြေခံ၍ ကျပ် သိန်းပေါင်းများစွာ အကုန်အကျခံကာ ပုံစံယူ တည်ဆောက်လျက်ရှိနေပါသည်။ ဤမျှ ထုထည် ကြီးမားသော သိမ်တော်ကြီးကို တည်ဆောက်ရာတွင် မည်သည့် အတတ်ပညာရှင် အင်ဂျင်နီယာ တစ်ဦး တစ်ယောက်ထံမှ အကူအညီ တစ်စုံတစ်ရာ ရယူမှုမရှိဘဲ မိမိ ကိုယ်ပိုင် ဥာဏ်တော်ဖြင့် သာလျှင် ညွှန်ကြား တည်ဆောက်တော် မူနေခြင်းဖြစ်ပါသည်။ သိမ်တော်ကြီး၏ နံရံမှာ (၅ ပေ) ထုရှိပြီး အရန် တိုင်တစ်လုံးစီ ပေါ်တွင် ရဟန်းသံဃာတော် (၅) ပါးဖြင့်လည်းကောင်း၊ ဗဟိုတိုင်တွင် ရဟန်း သံဃာတော် (၉) ပါးဖြင့်လည်းကောင်း၊ ဆွမ်းဘုန်း ပေးတော်မူခြင်း၊ ပရိတ်ပဋ္ဌာန်း ရွတ်ဖတ် သရဇ္ဈယ်ခြင်းစသော အမှုကိစ္စတို့ကို ဆောင်ရွက်တော်မူခဲ့ပါသည်။
ဤသိမ်တော်ကြီးအတွင်း ၆၄ မျိုးသော ဗုဒ္ဓရုပ်ပွားတော်များ၊ စေတီတော်ပေါင်း (၈၀) ဆူ နှင့် ဓာတ်တော်၊ မွေတော၊် ရုပ်ပွားတော်ပေါင်း (၆၃၅၄၅၂၂) ဆူတို့ကို ဋ္ဌာပနာသွင်း တည်ထား ကိုးကွယ်လျက် မြန်မာ တစ်မျိုးသားလုံးသာမက ကမ္ဘာသူ ကမ္ဘာသားအားလုံး အေးချမ်း သာယာ ပါစေကြောင်း မွန်မြတ်သော စိတ်ထားဖြင့် ရည်မှန်းချက် ထားရှိ၍ ကျပ်သိန်းပေါင်းများစွာ အကုန် အကျခံကာ တည်ဆောက်တော် မူနေခြင့်းဖြစ်ပါသည်။ ဤသိမ်တော်ကြီး အပြီးသတ် တည်ဆောက်ရန် ခန့်မှန်းခြေ ကျပ်သိန်းပေါင်း (၂၀၀၀) ခန့် ကုန်ကျမည်ဟု သတ်မှတ် လျာထားရှိပါသည်။ ဤသိမ်တော်ကြီး၏ ခေါင်မိုးပေါ်တွင် ရာသီဥတုဒဏ် ခံနိုင်ရန်နှင့် အဓွန့်ရှည်စွာ ကြည်ညို သဒ္ဓါ ပွားနိုင်ကြစေရန် ကြေပုထိုးတော် (၉) လုံး တည်ထားပူဇော်ရန် ရည်သန်ထားရှိပါသည်။ ယခုအခါ လုပ်ငန်းအ၀၀၏ (၇၅) ရာခိုင်နှုန်းမျှ ပြီးစီးနေပြီ ဖြစ်ပါသည်။
တစ်ဖန် ဆရာတော်ဘုရားသည် ၀မ်းဖော ၀မ်းရောင်ရောဂါ မချိမဆန့် ခံစားနေရ၍ အဓိဌာန်တော်ကို ရပ်ထားရမည့် အနေအထား ဖြစ်ပေါ်နေစဉ် ၁၃၄၄ ခု၊ တန်ခူးလဆန်း (၁၀) ရက်နေ့ည (၁၂) နာရီ အချိန်တွင် မထင်ရှားသော အမျိုးသမီးတစ်ဦးမှ ဆေးနည်း လာရောက်ပေး သွားပြီး ပျောက်ကွယ် သွားပါသည်။ ၄င်းဆေးနည်းဖြင့် ဖော်စပ်ပြီး စားသုံးသည့်နေ့မှစ၍ ရောဂါ ဝေဒနာ လုံးဝ ကင်းစင် ပပျောက်သွားပြီး တရား ဓမ္မ ဆက်လက်ဆောက်တည် အားထုတ်ခွင့် ရရှိတော်မူ ခဲ့ပါသည်။
မဟာ ဇေယျသိဒ္ဓိ-အဓိဌာန် ဆရာတော် ဘုရားသည် မဟာဇေယျသိဒ္ဓိ-အဓိဌာန်ကျင့်စဉ်ခေါ် ဗုဒ္ဓနုဿတိ ကမဋ္ဌာန်း၏ ပထမကဏ္ဍ၊ ပထမ အဆင့် (၉) ရက် စတင်တည်ဆောက်၍ (၄) ရက် မြောက်နေ့ညတွင် ဆရာတော်ဘုရား ရှေ့တည့်တည့်၌ ၀တ်ဖြူစင်ကြယ် ၀တ်ထားသည့် ပုဂ္ဂိုလ်တစ်ဦး နှင့် အနီဝတ် (ယောဂီဝတ်) ပုဂ္ဂိုလ်တစ်ဦး ပေါင်း (၂) ဦးတို့သည် မမျှော်လင့်ဘဲ ရုတ်တရက် မတ်တပ် ရပ်လျက် ပေါ်လာသဖြင့် ဆရာတော်ဘုရားမှ “ အသင်တို့သည် ငါ့ထက် တန်ခိုးအာနုဘော် ကြီးက ငါဦးညွှတ်မည်၊ ငါ့ထက် တန်ခိုး အာနုဘော်နည်းလျှင် ငါ့အား ဦးချကြ” ဟု အမိန့်ရှိ လိုက်သည်နှင့် တစ်ပြိုင်နက် ယင်းပုဂ္ဂိုလ်နှစ်ဦးစလုံး ပြိုင်တူ ဦးချကန်တော့ကြပြီး ပျောက်ကွယ်သွား ကြကြောင်း အမိန့် ရှိဖူးပါသည်။
ဆရာတော်ဘုရား အနေဖြင့် မိမိသည် မဟာဇေယျသိဒ္ဓိကျင့်စဉ်ခေါ် ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းကို ကျင့်ကြံကြိုးစား အားထုတ်နေသော ပုဂ္ဂိုလ် တစ်ဦး ဖြစ်သည်နှင့် အညီ မြတ်စွာဘုရား ကိုယ်တော်တိုင် သက်တော်ထင်ရှားရှိစဉ်ကပင် ကိုယ်စားတော်အဖြစ် သွန်းလုပ် တော်မူခဲ့သော တစ်နည်းအားဖြင့် သက်တော်အရှည်ဆုံး ရုပ်ပွားတော်တစ်ဆူလည်း ဖြစ်တော်မူသည့် မဟာမြတ်မုနိ ကြေးဆင်းတု ရုပ်ပွားတော် တစ်ဆူကို မိမိကြွရောက်တော်မူရာ ရပ်ဒေသတိုင်းသို့လည်းကောင်း၊ အဓိဌာန်တော် ၀င်စဉ်ကာလ တစ်လျှောက်လုံးတွင် လည်းကောင်း၊ မိမိနှင့် မကွဲမကွာ ဦးထိပ်ထား၍ ပင့်ဆောင်ပူဇော်လျက် မြန်မာနိုင်ငံ တစ်ဝန်း ဒေသစာရီ ကြွချီတော်မူပြီး သတ္တ၀ါ အနန္တတို့အား မေတ္တာတရား ချီးမြှင့်ခြင်းဖြင့် အပူဇော် ခံယူလျက်ရှိနေပါသည်။ ဆရာတော်ဘုရားအား မိမိရောက်ရှိ ရာနေရာ အရပ်ရပ်မှ မနောအာရုံဖြင့် ပင့်ဆောင်ပူဇော်နိုင်ခြင်း၊ ပရိတ်တရားချီးမြှင့်သည့် အခါတိုင်း ပရိတ်ရေ ဆူပွက်ခြင်း စသော ထူးခြားသည့် ဖြစ်ရပ်များကို ယနေ့ထက်တိုင် ဆရာတော် အရှင် သူမြတ်အား ဖူးတွေ့ရသူတိုင်း ကိုယ်တိုင်တွေ့မြင် ကြည်ညိုသဒ္ဓါ ပွားများကြရမည်ဖြစ်ပါသည်။
Mar 16, 2009
500 Essential Business Letters
ဆိုတော့ မောင်လူအေးတို့ နေ့စဉ်အမျှ ရေးသားနေရတဲ့ စီးပွားရေး ဆိုင်ရာ ပေးစာများ... ဒါလည်း CCP Programming နဲ့ ရေးနိုင်ရင် ကောင်းမယ် ဆိုပြီး တွေးတယ်လေ။ တွေးတဲ့ အတိုင်းလည်း ရှာဖြစ်တယ်။ ရှာတော့ တွေ့တယ်။ မောင်လူအေးတော့ နှံ့အောင် မဖတ်ရသေးဘူး။ အသုံးတည့်မယ်ဆိုတာ သေချာတယ်ဗျာ။ ပေးစာတွေကို Microsoft Words ပုံစံနဲ့ ရေးသားထားတာ ဖြစ်တဲ့အတွက် CCP Programming သမားတွေ အတွက် အံကိုက်ပဲပေါ့ဗျာ။ နော...
Download Here!
Mar 8, 2009
HVAC Equations, Data and Rules of Thumb
စာအုပ်တစ်အုပ်လုံးရဲ့ Zip ဖိုင်လေးကို လိုချင်တယ် ဆိုရင် စာအုပ်ပုံလေးကို Click ခေါက်ပါ။ တစ်အုပ်လုံး Zip လုပ်ထားတဲ့ အတွက် File Size တော်တော်လေး ကြီးပါတယ်။ အဲဒီအတွက် ကိုးနတ်ရှင်နဲ့ အဆင်ပြေသင့်မြတ်မှု နည်းတဲ့ အမိမြန်ပြည်က သူငယ်ချင်းများ အတွက်ကတော့ အခန်းတစ်ခန်းချင်း ခေါင်းစဉ်လေးတွေ Click ခေါက်ပြီး Download လုပ်ယူလို့ ရပါတယ်ဗျာ။
:D
01_ Front Matter
02_ Forward
03_ Table of content
04_ References & Design Manuals
05_ Définitions
06_ Professional Societies and Trade Organisations
07_ Equations
08_ Cooling Load Rules of Thumb
09_ Heating Load Rules of Thumb
10_ Infiltration Rules of Thumb
11_ Ventilation Rules of Thumb
12_ Humidification Rules of Thumb
13_ People _Occupancy Rules of Thumb
14_ Lighting Rules of Thumb
15_ Appliance Equipment Rules of Thumb
16_ Cooling Load Factor
17_ Heating Load Factor
18_ Energy Conservation and Design Conditions
19_ HVAC System Selection Creteria
20_ Air Distribution Systems
21_ Piping System
22_ Central Plant Equipment
23_ Auxiliary Equipments
24_ Equipment Schedules
25_ Equipment Manufacturer
26_ Building Construction Business Fundamentales
27_ Architectural Structural Electrical Information
28_ Coversion Factor
29_ Properties of Air and Water
30_ General Notes
Appendix A Ductwork
Appendix B Hydronic Piping systems
Appendix C Steam Piping Systems
Appendix D Pipe Materials expansion and support
Appendix E Space Requirements
Appendix F Miscellaneous
Appendix G Designer Checklist
Mar 7, 2009
လတ်တလော မောင်လူအေး
မောင်လူအေးလည်း အလုပ်တွေ ရှုပ်တာလား အရှုပ်တွေ လုပ်တာလားတော့ မသိဘူးဗျာ။ စာရေးဖို့ ဖက်ကို လှည့်ကို မလှည့်နိုင် ဖြစ်နေတာပါ။ ကြီးကြီးကျယ်ကျယ် ပြောရရင် ဈာန်မ၀င်ဘူး ဖြစ်နေတယ်ပေါ့ဗျာ။ ဈာန်မ၀င်ဘူး ပြောရင် တော်တော် ကြီးကျယ်သွား ပါလိမ့်မယ်။ ဈာန်က ၀င်ချိန်ကို မရတာပါ။ ရေးချင်တဲ့ စိတ်လေးဖြစ်တဲ့ အချိန်မှာ ကွန်ပျူတာနဲ့ အဝေး ရောက်နေတဲ့ အချိန်။
မောင်လူအေးတို့ ခု အလုပ်ဝင်နေရတာ စင်္ကာပူရဲ့ နာမည်ကြီး IR နှစ်ခုထဲက တစ်ခုဖြစ်တဲ့ နောင်ကို Universal Studio Singapore (USS) ဖြစ်လာမဲ့ လက်ရှိ Resorts World Sentosa လို့ ခေါ်တဲ့ Project။ တကယ်တမ်းက မောင်လူအေးတို့ ကုမ္ပဏီက ရတာ Resorts World Sentosa ရဲ့ အပိုင်း တစ်ပိုင်းဖြစ်တဲ့ Universal Studio Singapore ဖြစ်လာမဲ့ အပိုင်းပေါ့။ ပြီးသွားရင်တော့ တော်တော်ဂွတ်မယ်ဗျို့။ တော်တော်ဂွတ်ဆို လက်ရှိ Universal Studio ရဲ့ Theme Park က USA Orlando မှာ တစ်ခု၊ Hollywood မှာ တစ်ခု၊ Japan မှာက တစ်ခု စုစုပေါင်း ၃ ခုရှိထားပြီးသား။ ခုလက်ရှိ Universal Studio Singapore က စတုတ္ထမြောက်ပေါ့။
ဆောက်လုပ်ရေး လုပ်ငန်းတို့ သဘာဝ တွန်းတိုက်လုပ်ကြရတာ ဓမ္မတာ ဆိုသော်ငြားလည်း ခု Project က စင်္ကာပူရဲ့ အထင်ကရ၊ နိုင်ငံနဲ့ချီတဲ့ Project ဖြစ်လေတော့ သတ်မှတ်ထားတဲ့ လုပ်ငန်းပြီးရက်အတွင်း ၀င်အောင် အင်မတန်မှ တွန်းအားပေး လုပ်နေတယ်။ ဆိုတော့ လုပ်ငန်း ပါဝင် ဆောင်ရွက်သူများ အားလုံးပဲ စိတ်ဖိစီးမှုက အင်မတန်များပါတယ်။ Integrated Resorts ဆိုတဲ့ အတိုင်းလည်း တကယ်ကို နေရာကျဉ်းကျဉ်းလေးထဲမှာ ပြုံကျပ်ညပ်သိပ်ပြီး ဆောက်နေတာပါ။
Project ကို ပထမဆင့်၊ ဒုတိယဆင့်၊ တတိယအဆင့် ဆိုပြီး ခွဲခြားဆောက်လေတော့ အယင် ပထမဆင့်တုံးက မောင်လူအေး ဝေလေလေ လုပ်လို့ ရသေးတယ်။ ခုတော့ တကယ်ကို ဘယ်လိုမှ ပတ်ပြေးလို့ မရတော့တဲ့ အနေအထား ရောက်လာတော့ ခုမှပဲ ဒုက္ခနဲ့ လှလှနဲ့ တွေ့တာ မဟုတ်ဘဲ၊ ဒုက္ခနဲ့ ကိုလူအေးနဲ့ တွေ့တာ ဖြစ်နေတယ်။
စာမရေးဖြစ်တာကတော့နှစ်ကြောင်းကြောင့်ဗျ။ အယင်က စာရေးဖို့ အချိန်ရတယ် ဆိုတာထက် စာစီဖို့ အချိန်ရတယ်ပေါ့။ စာရေးတယ် ဆိုတာ ရေးမဲ့ အကြောင်းအရာကို ခေါင်းထဲ အယင် စီရပေ သေးတာကိုးဗျ။ အခုက စားလည်း ဒီစိတ်၊ သွားလည်း ဒီစိတ်၊ အိပ်လည်း ဒီစိတ် ဖြစ်နေလေတော့၊ ခေါင်းထဲကို တခြား အကြောင်းအရာ မ၀င်နိုင်ဘူး ဖြစ်နေတယ်ဗျာ။ အယင် ပန်းလှိုင်မှာ ဆိုခဲ့တဲ့ “တခါတလေတော့လည်း အဝေးဆုံးကို ထွက်ပြေးသွားချင်ပေမဲ့လည်း ကို့ရဲ့ စိတ်တွေ အမြဲတမ်း မင်းဆီမှာပဲ…” ဆိုသလိုပဲ…ထွက်ကို ပြေးချင်တဲ့ အထိပဲ။ ဒါပေမဲ့ ဘယ်သူက ချည်ထားလည်း၊ မချည်ထားပါဘူး။ အယင် ဘ၀က ၀ဋ်ကြွေးနဲ့ တူပါတယ်။ Project လောက် ပြဿနာများတာ Project ပဲ ရှိသလောက် ခေါင်းမစားရ ခေါင်းမပူရရင်လည်း တယ်မနေနိုင်တော့ ဘာဖြစ်မဲ့ ဘာ… ဘာတောတိုးတယ် ဆိုလား…
နောက်တစ်ချက်က တလောက ကုမ္ပဏီက လွှတ်လို့ BCSS သင်တန်းတက်နေရတယ်ဗျ။ ၁၇ ရက်နေ့ကျရင် စာမေးပွဲ ဖြေရမယ်။ ဘာစာတွေ ကြည့်ပြီးပြီလည်း ဆိုတော့ ဘာစာမှကို မကြည့်ရသေးဘူး။ အချိန် ကျန်ပါသေးတယ်လေ၊ ကျန်ပါသေးတယ်လေ ဆိုပြီး ဆွဲတတ်တဲ့ အကျင့်က ပျောက်မှာ စိုးလို့ ထိန်းထားသလား အောင့်မေ့ရတယ်။ တော်တော်နဲ့ မပျောက်ဘူး။ BCSS ဆိုတဲ့ သင်တန်းက အယင်က Building Construction Safety Supervisor Course ပါ။ ခုတော့ သူလည်း ခေတ်ကာလ ရွေ့လျားလို့ အမည်နာမ ပြောင်းသွားခဲ့ပါပြီ။ Building Construction Superiors’ Safety Course ဖြစ်သွားတယ်။ ဘာကွာလည်း ဆိုတော့ ကွာပါတယ်။ အယင်က Safety Supervisor နဲ့ Management level အချို့သာ တက်ဖို့ လိုအပ်ခဲ့ပြီး၊ အခု ပြောင်းသွားတဲ့ Regulation အရ Site Supervisor ကနေ အပေါ် Engineer၊ Project Manager ၊ Project Director ရှိရှိသမျှ အကုန်မတက် မနေရတဲ့ဗျာ။ မောင်လူအေးတို့နဲ့ တွဲလုပ်နေတဲ့ Main Con ကုမ္ပဏီတစ်ခုက Safety In-charge ကတော့ BCSS မပါရင် Meeting ကို လာတက်မနေနဲ့ ဆိုပဲ။ Safety နဲ့ ပတ်သက်ပြီး ပိုပြီး တင်းကျပ်လိုက်တဲ့ သဘောပါ။ ဆိုတော့ အလုပ်များပြီး တိုင်ပတ်နေတာက တော့ အဓိက ပေါ့ဗျာ။
ဒါပေမဲ့ တစ်ဖက်က ကြည့်ရင် ခုလို အချိန်မှာ အလုပ်များနေတာသည် မင်္ဂလာတစ်ပါးလို့ ပြောရမလိုပါပဲ။ သူများတွေ အလုပ်ပါးတဲ့ အချိန်၊ Retrench မိတဲ့ အချိန်မျိုးမှာ အလုပ်များနေခြင်းဟာ တော်သေးတယ် ဆိုရပါမယ်။ ခုနေမှာ စင်္ကာပူကို အလုပ်လာရှာမယ်ဆိုရင် ဆောက်လုပ်ရေးနဲ့ ဆက်နွယ်တဲ့ အလုပ်များသည်သာ အလုပ်အကိုင် အခွင့်အလမ်း အရှိဆုံးလို့ ဆိုနိုင်ပါတယ်။
တလောလေးက သတင်းတစ်ခု ကြားတာက စင်္ကာပူက နိုင်ငံခြားသား အလုပ်သမားများ စီးဝင်မှုကို ထိန်းချုပ်တဲ့ အနေနဲ့S Pass အတွက် လိုအပ်ချက်များကို မြှင့်တင်တော့မယ် ဆိုတာပါပဲ။ တခြားသော EP, PR စတဲ့ အဆင့်အတန်းတွေရှိတဲ့ နိုင်ငံခြား အလုပ်သမားတွေ ရှိနေသေးပေမဲ့လို့ အလယ်အလတ်တန်းဖြစ်တဲ့ S Pass ကိုင်ဆောင်သူများဟာ သူတို့ နိုင်ငံသားတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်း ဝေစုကို အတော်လေး သက်ရောက်မှု ပေးနိုင်တဲ့ ပမာဏ ဖြစ်နေတာက S Pass ကို မျက်စိကျစေတဲ့ အကြောင်းရင်းပါပဲ။
ဆိုတော့ လက်ရှိ S Pass နဲ့ အလုပ်လုပ်နေကြတဲ့ အများစုသော သူငယ်ချင်းများနဲ့ ထပ်မံလာရောက်ကြမဲ့ သူငယ်ချင်းများအတွက် သတိ ပြုစရာလေးပါ။ ခု လောလောဆယ်တော့ အရှုပ်တွေ လုပ်ရင်း အလုပ်တွေ ရှုပ်နေတဲ့ မောင်လူအေး ကြိုးစားပြီး ပို့စ်တင်နိုင်အောင် ကြိုးစားသွားပါဦးမယ် ဆိုတဲ့ အကြောင်း လေး ပြောရင်း လာလည်ဖတ်ရှုကြတဲ့ သူငယ်ချင်းများ အားလုံး အစစ အရာရာ အဆင်ပြေ ကြပါစေလို့ပဲ ဆုတောင်းရင်း…
Subscribe to:
Posts (Atom)
-
နာဂစ်ဆိုက်ကလုံး ၀င်ရောက်မွှေနှောက်သွားပြီးတဲ့ နောက်မှာ မြန်မာပြည်မှာ သေဆုံးသူ ၁ သိန်းကျော် နဲ့ အိုးမဲ့အိမ်မဲ့ ၁ သန်းကျော် ကျန်ရစ်တာ လူတိုင်းသ...
-
စင်္ကာပူ လုပ်ငန်းခွင်လောကကို ယခင်ကလည်း မြန်မာတွေ ယခင်ကလည်း အမြောက်အမြား ရောက်ရှိလုပ်ကိုင်ခဲ့ကြတယ်။ ယခုလက်ရှိလည်း မြန်မာတွေ အမြောက်အမြားပဲ အလုပ...
-
နှင်းဆီနီနီ ဘလော့မှာ သွားဖတ်ရင်းနဲ့ တွေ့မိရာက ဘလော့ဘယ်လောက်ထိ စွဲနေသလဲ စစ်တမ်းကောက်ကြည့်ဖြစ်ပါတယ်။ စိတ်ဝင်စားမယ်ဆို ဖြေကြည့်ပါလား။ ကျွန်တော...