Apr 4, 2009

2009 March Currency Review

2009 ခုနှစ် မတ်လ အတွင်းမှာ စင်္ကာပူဒေါ်လာနဲ့ မြန်မာငွေ လဲလှယ်နှုံး တစ်လလုံး ပျမ်းမျှ 665.4516 ကျပ် ပေါက်ခဲ့ပြီး မတ်လ 24၊ 25 ၊ 26 နဲ့ 27 ရက်တွေမှာ အမြင့်ဆုံး 690 ကျပ် ထိ ပေါက်ခဲ့ပြီး၊ မတ်လ 3၊ 4 နဲ့ 6 ရက်တွေမှာ အနိမ့်ဆုံး 643 ကျပ် ပေါက်ခဲ့ပါတယ်။

2009 ခုနှစ် မတ်လ အတွင်းမှာ အမေရိကန် ဒေါ်လာနဲ့ စင်္ကာပူဒေါ်လာ လဲလှယ်နှုံး တစ်လလုံး ပျမ်းမျှ 1.52996 ပေါက်ခဲ့ပြီး မတ်လ 2 ရက်နေ့မှာ အမြင့်ဆုံး 1.55676 ထိ ပေါက်ခဲ့ပြီး၊ မတ်လ 19 ရက်နေ့မှာ အနိမ့်ဆုံး 1.50636 ပေါက်ခဲ့ပါတယ်။

မြန်မာငွေနဲ့ စင်္ကာပူ ဒေါ်လာ လဲလှယ်နှုံးကို မောင်လူအေး Sidebar ထဲက အချက်အလက်တွေနဲ့ ပြုစုပြီး အမေရိကန် ဒေါ်လာနဲ့ စင်္ကာပူဒေါ်လာ လဲလှယ်နှုံးကိုတော့ http://www.exchange-rates.org ကနေ ရယူပါတယ်ဗျား။


MMK-SGD MAR

USD-SGD MAR

Apr 3, 2009

Ceeform Connectors

Industrial Type Connector များနဲ့ သုံးစွဲတဲ့ လျှပ်စစ် ဗို့အားအလိုက် အရောင်ခွဲ သတ်မှတ်ချက်များ၊ Pin Configuration စတာတွေ ဗဟုသုတ ဖြစ်စေဖို့ပါ။ တကယ်တော့ မောင်လူအေး မသိတဲ့ အတွက် ကနေ့ကျမှ အသည်းအသန် ပြူးပြဲရှာရင်း ထွက်လာတာပါ။ ဗဟု = များပြားသော၊ သုတ = အကြားအမြင် ကို ဖြစ်စေရာ သတည်း ပေါ့ဗျာ...

ဒီစာမျက်နှာကနေ ကူးယူ ဖော်ပြခြင်း ဖြစ်ပါတယ်။



Mar 29, 2009

ရခိုင်ဘာသာစကား လမ်းညွှန်

မောင်လူအေး ကိုယ်တိုင် စာစီစာရိုက် လုပ်တဲ့ ပထမဆုံးသော Ebook ကနေ့တော့ဖြင့် အောင်မြင်စွာ ပြီးစီးသွားခဲ့ပါပြီ။ မြန်မာစာကို လက်တစ်ချောင်းထောက် ရိုက်တဲ့ လူတစ်ယောက် အတွက် စာမျက်နှာ ၁၄၀ ကို စာရိုက်တာ တော်တော် စိတ်ရှည်ရတဲ့ ကိစ္စပါ။ ဒါပေမဲ့ ပြီးအောင် ရိုက်မဟဲ့ ဆိုတဲ့ စိတ်နဲ့ ကြိုးစားပန်းစား ရိုက်လိုက်တာ ခုတော့ဖြင့် အောင်မြင်စွာ ပြီးစီး သွားခဲ့ပါပြီ။ လေ့လာ ဖတ်ရှုလိုသူများ အတွက် တစ်ထောင့် တစ်နေရာက အထောက်အကူ ပြုလိမ့်မယ်လို့ ယူဆပါကြောင်း။ :)




Download Here!









Mar 28, 2009

2009 February Currency Review

2009 ခုနှစ် ဖေဖော်ဝါရီလ အတွင်းမှာ စင်္ကာပူဒေါ်လာနဲ့ မြန်မာငွေ လဲလှယ်နှုံး တစ်လလုံး ပျမ်းမျှ 678.0714 ကျပ် ပေါက်ခဲ့ပြီး ဖေဖော်ဝါရီလ 1 ရက်နေ့မှာ အမြင့်ဆုံး 723 ကျပ် ထိ ပေါက်ခဲ့ပြီး၊ ဖေဖော်ဝါရီလ 17 ရက်နေ့မှာ အနိမ့်ဆုံး 635 ကျပ် ပေါက်ခဲ့ပါတယ်။

2009 ခုနှစ် ဖေဖော်ဝါရီလ အတွင်းမှာ အမေရိကန် ဒေါ်လာနဲ့ စင်္ကာပူဒေါ်လာ လဲလှယ်နှုံး တစ်လလုံး ပျမ်းမျှ 1.517579 ပေါက်ခဲ့ပြီး ဖေဖော်ဝါရီလ 27 ရက်နေ့မှာ အမြင့်ဆုံး 1.5468 ထိ ပေါက်ခဲ့ပြီး၊ ဖေဖော်ဝါရီလ 9 ရက်နေ့မှာ အနိမ့်ဆုံး 1.49247 ပေါက်ခဲ့ပါတယ်။

မြန်မာငွေနဲ့ စင်္ကာပူ ဒေါ်လာ လဲလှယ်နှုံးကို မောင်လူအေး Sidebar ထဲက အချက်အလက်တွေနဲ့ ပြုစုပြီး အမေရိကန် ဒေါ်လာနဲ့ စင်္ကာပူဒေါ်လာ လဲလှယ်နှုံးကိုတော့ http://www.exchange-rates.org ကနေ ရယူပါတယ်ဗျား။


09 Feb SGD-MMK

09 Feb SGD-USD

2009 January Currency Review

၂၀၀၉ ခု ဇန္န၀ါရီလအတွက် ငွေကြေးတန်ဖိုး သုံးသပ်ချက်လေးပါ။ ဇန္န၀ါရီ လကုန်မှာ ရန်ကုန် ကို ပြန်သွားဖြစ်တာရယ်၊ ပြန်ရောက်တော့လည်း တိုင်ပတ်နေတာရယ်နဲ့ ခုမှ လုပ်ဖြစ်ပါတယ်။ နောက်လတွေ အချိန်မီ တင်ပေးသွားနိုင်အောင် ကြိုးစားပါဦးမယ်။

:)

.............................................................................................................................................................

2009 ခုနှစ် ဇန္န၀ါရီလအတွင်းမှာ စင်္ကာပူဒေါ်လာနဲ့ မြန်မာငွေ လဲလှယ်နှုံး တစ်လလုံး ပျမ်းမျှ 729.58 ကျပ် ပေါက်ခဲ့ပြီး ဇန္န၀ါရီလ 1 ရက်မှာ အမြင့်ဆုံး 802 ကျပ် ထိ ပေါက်ခဲ့ပြီး၊ ဇန္န၀ါရီလ 22 ရက်နဲ့ 23 ရက်နေ့တွေမှာ အနိမ့်ဆုံး 715 ကျပ် ပေါက်ခဲ့ပါတယ်။

2009 ခုနှစ် ဇန္န၀ါရီလအတွင်းမှာ အမေရိကန် ဒေါ်လာနဲ့ စင်္ကာပူဒေါ်လာ လဲလှယ်နှုံး တစ်လလုံး ပျမ်းမျှ 1.4411 ပေါက်ခဲ့ပြီး ဇန္န၀ါရီလ 30 ရက်နေ့မှာ အမြင့်ဆုံး 1.51075 ထိ ပေါက်ခဲ့ပြီး၊ ဇန္န၀ါရီလ 1 ရက်၊ 2 ရက်၊ 4 ရက်နေ့တွေမှာ အနိမ့်ဆုံး 1.44315 ပေါက်ခဲ့ပါတယ်။

မြန်မာငွေနဲ့ စင်္ကာပူ ဒေါ်လာ လဲလှယ်နှုံးကို မောင်လူအေး Sidebar ထဲက အချက်အလက်တွေနဲ့ ပြုစုပြီး အမေရိကန် ဒေါ်လာနဲ့ စင်္ကာပူဒေါ်လာ လဲလှယ်နှုံးကိုတော့ http://www.exchange-rates.org ကနေ ရယူပါတယ်ဗျား။



09 Jan SGD-MMK

09 Jan SGD-USD

Mar 25, 2009

လှိုင်းလုံးချေ

ရခိုင်သီချင်း အဟောင်းလေးတွေ စုစည်းထားတာပါ။ မောင်လူအေး စုစည်းတာ မဟုတ်ပါဘူး။ ဒီ စာမျက်နှာကနေ Download လုပ်ချထားတာပါ။ ရံဖန်ရံခါမှာ Download လုပ်ဖို့ အဆင်မပြေ ဖြစ်လေ့ ဖြစ်ထရှိလေတော့ Download လုပ်လိုသူများ အတွက်လည်း အဆင်ပြေအောင် ပြန်တင် ပေးလိုက်ခြင်းပါဗျာ။



မင်္ဂလာဆုတောင်း
ချစ်ပန်းလည်းခူး ဆူးလည်းစူး - သန်းမောင်
လှိုင်းလုံးချေ - မလတ်
အချစ်ပုစ္ဆာ - စောထွန်းအောင်
ပန်းသဇင်၏အယူခံ - သန်းမောင်၊ မလတ်
တဖက်သတ်အချစ်
ဝီးလို့ကျန်လိုက်မြို့စစ်တွေ - သန်းမောင်
နှုတ်ဆက်ခရေ ကံ့ကော်မြေ - ယုယုလှိုင်
ဇီသျှင်ခိုးကေ ၀တ်ပြုရေ
ချစ်ပန်းပွင့်ယောင် မပွင့်ယောင်
မြကျွန်းညို
ရိုးရာကမမ - သန်းမောင်
နွီအလွမ်း - ယုယုလှိုင်
ကုလချေတယောက်
အကြွင်းမဲ့ဘ၀ - သန်းမောင်
တနင်္ဂနွီရက်ချေ

BAY OF HUNTERS