Sep 16, 2009

S'pore to Admit Fewer Foreigners

သူများအိမ်မှာ ခဏတာ လာနေပြီး ရှာဖွေလုပ်ကိုင် စားသောက် ကြရသူများ အတွက် ညောင်သီးလည်းစား၊ လေးသံလည်း နားထောင် ဆိုတဲ့ ဆိုရိုးလေးလို လေးပစ်သံ မဟုတ်သေးပေမဲ့လို့ လေးကိုင်းပြင်တဲ့ အသံလေလား ထင်ရတဲ့ စာလေး တစ်ပုဒ် ဒီနေ့ မနက် ရထားကို အသွားမှာ ယူဖြစ်တဲ့ Mypaper မှာ ပါလာလို့ အိမ်ပြန်ရောက်တော့ သူ့ရဲ့ မူရင်း အင်တာနက် စာမျက်နှာပေါ်က ပြန်ရှာပြီး မျှဝေလိုက်ခြင်းပါ။

သတင်းရဲ့ ဆိုလိုရင်းကတော့ စာထဲ ဆိုထားတဲ့ အတိုင်းပဲ လက်ရှိ ရှိနေတဲ့ နိုင်ငံခြားသား အလုပ်သမား အရေအတွက်ကို လျှော့ချဖို့ ပြောထားတာ မဟုတ်သေးဘဲ နောင်နှစ်မှာ နိုင်ငံခြားသား အလုပ်သမား ထပ်ခေါ်တဲ့ အရေအတွက်ကို ကန့်သတ်တော့မှာ ဖြစ်တယ် ဆိုတဲ့ လေသံလေး စပြုလာတာ ဖြစ်တယ်။ မူရင်း စာမျက်နှာကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။




Sep 6, 2009

2009 August Currency Review

2009 ခုနှစ် သြဂုတ်လ အတွင်းမှာ စင်္ကာပူဒေါ်လာနဲ့ မြန်မာငွေ လဲလှယ်နှုံး တစ်လလုံး ပျမ်းမျှ 772.7097 ကျပ် ပေါက်ခဲ့ပြီး သြဂုတ်လ 2 ရက်၊ 8 ရက်၊ 9 ရက် နဲ့ 10 ရက်နေ့တွေမှာ အမြင့်ဆုံး 780 ကျပ် ထိ ပေါက်ခဲ့ပြီး၊ သြဂုတ်လ 18 ရက်နေ့မှာ အနိမ့်ဆုံး 765 ကျပ် ပေါက်ခဲ့ပါတယ်။

2009 ခုနှစ် သြဂုတ်လ အတွင်းမှာ အမေရိကန် ဒေါ်လာနဲ့ စင်္ကာပူဒေါ်လာ လဲလှယ်နှုံး တစ်လလုံး ပျမ်းမျှ 1.4470 ပေါက်ခဲ့ပြီး သြဂုတ်လ 17 နေ့မှာ အမြင့်ဆုံး 1.4517 ထိ ပေါက်ခဲ့ပြီး၊ သြဂုတ်လ 3 ရက်နေ့မှာ အနိမ့်ဆုံး 1.4328 ပေါက်ခဲ့ပါတယ်။

မြန်မာငွေနဲ့ စင်္ကာပူ ဒေါ်လာ လဲလှယ်နှုံးကို မောင်လူအေး Sidebar ထဲက အချက်အလက်တွေနဲ့ ပြုစုပြီး အမေရိကန် ဒေါ်လာနဲ့ စင်္ကာပူဒေါ်လာ လဲလှယ်နှုံးကိုတော့ http://www.exchange-rates.org ကနေ ရယူပါတယ်ဗျား။


MMK SGD AUG


SGD USD AUG

Related Post

Aug 16, 2009

Yes လား Yeah လား

နိုင်ငံခြားထွက်လာကြတဲ့ မြန်မာ အများစု ကြုံဖူးကြမယ် ထင်ပါတယ်။ မကြုံသေးသူများနဲ့ နောက်ထပ် ထွက်လာကြမဲ့ သူငယ်ချင်းများ အတွက် သတိ ထားဖွယ် အချက်လေး တစ်ခုပါ။ ကျွန်တော်တို့ အမိမြေမှာ အင်္ဂလိပ်စာတွေ သင်ခဲ့ကြတယ်။ ဟုတ်ကဲ့ ဆိုရင် Yes။ မဟုတ်ဘူး ဆိုရင် No။ စင်္ကာပူမှာ အလုပ်လုပ်ကြတော့ အလုပ်တွဲလုပ်တဲ့ စင်္ကာပူ နိုင်ငံသားတွေနဲ့ အခြား နိုင်ငံသားတွေ မှတ်ချက်ချတာလေး ကြုံဖူးတာ ပြောပြချင်တာပါ။

ကျွန်တော်တို့ စကားတွေ ပြောကြတယ်။ မြန်မာလို ပြောတဲ့ခါ ဟုတ်ကဲ့။ ဟုတ်ပါတယ် ခင်ဗျ။ အင်း ။ ဆိုတဲ့ အသုံးအနှုံးလေးတွေ ရှိတယ်။ အမိမြေကို ခွာပြီး သူများနိုင်ငံ လာကြတဲ့ခါကျတော့ ကျွန်တော်တို့ သင်ကြားခဲ့ရသလိုပဲ။ ဟုတ်ကဲ့ ဆိုရင် Yes မဟုတ်ဘူးဆိုရင် No ပေါ့။ အကြောင်းအရာ တစ်ခုခုဆွေးနွေး ပြောဆိုကြတဲ့ခါ တစ်ခါတစ်ခါ တစ်ဖက်သား ပြောတဲ့ စကားကို Acknowledge လုပ်တဲ့ အခါလေးတွေ ရှိလာတယ်။ တကယ်က မြန်မာလို ပြန်ရင် ဟုတ် လို့ ပြောချင်တာ။ ပြောတဲ့ အကြောင်းအရာကို ဟုတ်ပါတယ်လို့ လက်ခံတာ မဟုတ်ဘူး။ ပြောတာကို နားလည်ပါတယ်။ သဘောပေါက်ပါတယ် လို့ ပြန်ပြောချင်တာ။

အဲဒီခါ ကျွန်တော်တို့ သင်ခဲ့တဲ့ အထဲမှာ Yeah ဆိုတာ မပါခဲ့ဘူး။ (မောင်လူအေးတို့ သင်ခဲ့ကြတဲ့ထဲ မပါဘူး ပြောပါတယ်။) ဆိုတော့ ပြောသမျှ စကားကို Yes Yes Yes ချည်းပဲ လုပ်တဲ့ခါ တစ်ခါ တစ်ခါ တော်တော် ဒုက္ခ ရောက်ရပါတယ်။ အထူးသဖြင့် ညှိနှိုင်းဆွေးနွေး ပြောဆိုတဲ့ အစည်းအဝေးလိုမျိုး ကိစ္စရပ်မျိုးတွေမှာ ကျွန်တော်တို့ လူမျိုးတွေ Yes ချည်းပဲ လုပ်တတ်တဲ့ခါ။ တချို့သော ကိစ္စရပ်များက ဟုတ် လောက်ပဲ ပြောချင်တာ။ အလွယ်ပြောရရင် မြန်မာလို အင်း ပေါ့။ ဟုတ်ပါတယ်။ မှန်ပါတယ်။

မင်းပြောတာ လက်ခံပါတယ်လို့ ပြောချင်တာ မဟုတ်ဘူး။ မင်းပြောနေတာ ငါ သဘောပေါက်တယ်လောက်ပဲ ပြောချင်တာ။ အဲဒီခါ ကျွန်တော်တို့ ပါးစပ်က Yeah ဆိုတာ ထွက်မလာပါဘူး။ မထွက်ဆို သင်ခဲ့ရတာ မဟုတ်တော့ မထွက်ဘူးပေါ့။

ဆိုတော့ ရင်းနှီးတဲ့ မန်နေဂျာ တစ်ယောက်က ပြောပြဖူးတာပါ။ ခုနေ စင်္ကာပူလုပ်ငန်းခွင်မှာ မြန်မာ အများစုဟာIntermediate Level Management Posting တွေမှာ နေရာ ယူထားကြတာ တဖြေးဖြေး များပြားလာနေတယ်။ မင်းတို့ မြန်မာတွေက ဘာကြောင့်မှန်း မသိဘူး။ ဘာပဲ ပြောပြော Yes ချည်းပဲ ပြောတတ်တယ်။ အဲဒီခါ တစ်ဖက်က ကုမ္ပဏီက ကိုယ့်ကို ဆာဗိုး (Sabotage ကို အလွယ်ပြောတဲ့ စလုံး အသုံးပါ) လုပ်ချင်တဲ့ခါ ငါတို့ လွှတ်လိုက်တဲ့ မြန်မီးစ် အင်ဂျင်နီယာကို အသံ အော်ကျယ်အော်ကျယ်နဲ့ ပြောတော့ ငါတို့ အင်ဂျင်နီယာက အကုန် Yes လုပ်လာတာနဲ့ ခံရတာများတယ်။ အဲဒီတော့ Yes သိပ်မပြောနဲ့ကွာတဲ့။ ဆိုတော့ ကျွန်တော်တို့ ပြန်စဉ်းစားရတယ်။ Acknowledge လောက်လုပ်ချင်တဲ့ခါ အင်း လောက်ပဲ ပြောချင်တဲ့ခါ Yes သိပ်မပြောဖြစ်ဖို့။ Yes အစား Yeah သုံးဖို့ ကြိုးစားရ ပါတော့တယ်။

တကယ်တမ်းမှာ Yeah ဟာ Yes လောက် Dead Sure အာမခံတာ မဟုတ်ဘဲ အသိအမှတ်ပြုတယ်။ ပြောတာ နားလည်တယ်။ လက်ခံ စဉ်းစားမယ်။ တစ်ဖက်သား ပြောစကားကို ဆုံးတဲ့အထိ နားထောင်ပြီး ပြီးတော့မှ သူတင်ပြတဲ့ အချက်အလက်ဟာ မှန်ကန်တယ် မမှန်ကန်ဘူး။ ပြန်လည် ထောက်ပြ ရှင်းလင်းနိုင်တဲ့ အသုံးအနှုံးဖြစ်တယ်လို့ ဆိုပါတယ်။ ကျွန်တော်တို့ကတော့ ဟုတ်ကဲ့လည်း Yes ၊ ဟုတ်လည်း Yes ၊ အင်းလည်း Yes နဲ့ တစ် Yes တည်း Yes နေရာကနေ Yeah လေးတွေ ပြောင်းသုံးဖို့ ကြိုးစားရင်း...

Aug 8, 2009

Important & Urgent

မောင်လူအေး စာမရေးဖြစ်တာ ကြာပါပီ။ စာမရေးဖြစ် ဆိုတာ ရေးထားတဲ့ စာလေးတွေ ရှိတယ်။ လက်စ မသတ်ဖြစ်။ အဆုံးမသတ်ဖြစ်တာနဲ့ပဲ မတင်ဖြစ်တာ။ ကနေ့တော့ အမှတ်တမဲ့လေး ဝေမျှချင်တဲ့ ကိစ္စလေး ပေါ်လာလို့ တင်လိုက်တာပါ။

ကနေ့ သိပ်ပြီး ထူးမခြားနား အကြောင်းအရာ တစ်ခုနဲ့ email တစ်စောင် ရောက်ပါတယ်။ email ခေါင်းစဉ်က Important & Urgent ဆိုပဲ။ အကြောင်းအရာက စင်္ကာပူနိုင်ငံက ကောင်မလေး တစ်ယောက်က Online ပေါ်ကနေပြီး သူနဲ့ အတူအိပ်မဲ့သူ လိုချင်ကြောင်း ကြော်ငြာတဲ့ စာလေးပါ။ စာထဲမှာ ရွှန်းရွှန်းဝေနေအောင် ရေးထားတာပေါ့။ ဆက်သွယ်လို့ ရတဲ့ ဖုန်းနံပတ်၊ email လိပ်စာ အပြင်ကို အိမ်လိပ်စာပါ ထည့်ထားပေးတယ်ဗျာ။ ဆိုတော့ အကြောင်းအရာ အရ အိုကေပေါ့။

ကြော်ငြာ mail များ ပို့တဲ့ ပုံစံနဲ့တော့ မတူဘူးဗျ။ ပို့တဲ့ သူက လူများများ သိရင်ပြီးရော ရေးပြီး အယင် သူ့ mailbox ထဲ ရှိနေနှင့်ပြီးသား email တစ်ခုထဲက လိပ်စာတွေကို တိုက်ရိုက် ကူးပြီး copy၊ paste လုပ်ချလိုက်ဟန် တူပါတယ်။

တစ်ဆက်တည်းမှာ ဆက်စပ်တွေးမိတာက ပို့တဲ့ email နဲ့ ကောင်မလေး ကို ဆက်သွယ်လို့ ရမဲ့ email နဲ့က မတူပြန်ဘူးဗျ။ ဆိုလိုတာက email ပို့တဲ့သူဟာ ကြော်ငြာပါ ကောင်မလေးရဲ့ မူလ email ကို တိုက်ရိုက် ဖွင့်ဝင်ဖတ်ရှုနိုင်မှု မရှိဘူးလို့ အဓိပ္ပာယ်ကောက်နိုင်မယ် ထင်ပါတယ်။ email ထဲ List လုပ်ထားတဲ့ လူအများစုဟာ မြန်မာ နာမည်တွေ ချည်း ဖြစ်နေတာကို ထောက်ရှုခြင်းအားဖြင့် email ပါ ကာယကံရှင် မိန်းကလေးဟာ မြန်မာမလေး လို့ သဘောပေါက်လို့ ရပါတယ်။ ထားပါတော့ဗျာ။ ဒါက email ထဲက ရတဲ့ သုံးသပ်ချက်လေးပေါ့။

နောက်ဆုံးမှာ email ရဲ့ နည်းပညာက ပို့တဲ့သူဟာ email ပိုင်ရှင် ပြောသလို Singapore နိုင်ငံတွင်းကနေ ပို့နေတာ မဟုတ်ကြောင်း ထုတ်ဖော်သွားပါတယ်။

Image Hosted by ImageShack.us

Gmail ရဲ့ နည်းပညာလေး တစ်ခုပါ။ email ပို့သူရဲ့ ပို့တဲ့ အချိန်နဲ့ ပို့တဲ့ နေရာရဲ့ လက်ရှိ အချိန်ကို သိရတာပါပဲ။ ပို့သူလိပ်စာရဲ့ ညာဖက်ခြမ်းက Show Details ဆိုတာလေးကိုသာ နှိပ်လိုက်။ အပေါ်က ပုံလေးမှာ ပါတဲ့ အတိုင်းလေး ပို့သူ ပို့တဲ့ အချိန်နဲ့ ပို့တဲ့ နေရာမှာ ရှိနေတဲ့ လက်ရှိ အချိန်ကို တွေ့ရပါလိမ့်မယ်။

ဆိုတော့ နည်းပညာက ခု အပေါ်က ပြောခဲ့တဲ့ email ရဲ့ အကြောင်းကို ပြောပြလိုက်တာကတော့ ပို့တဲ့သူဟာ စင်္ကာပူနိုင်ငံက မဟုတ်တဲ့ အကြောင်း၊ ဖော်ပြပါ အချိန်များ အရ email ပို့သူဟာ အမေရိကန်နိုင်ငံ တစ်နေရာကနေ ပို့နေတာ ဖြစ်ကြောင်း ဖော်ထုတ်ပြောပြသွားခဲ့တယ်။

ဒီစာ ရေးနေရင်းကပဲ စဉ်းစားမိတာလေးပါ။ အကယ်၍များ ပို့သူဟာ Proxy တစ်ခုခု သုံးထားတာ ဆိုရင်ရော….

အကယ်၍ ပို့တဲ့သူဟာ Proxy သုံးထားတာ ဆိုခဲ့ရင်လည်း ပို့တဲ့သူဟာ Singapore Proxy ကို သုံးဖို့ မေ့သွားခဲ့တာပဲ ဖြစ်ရမယ် ထင်တယ်။

ဆိုတော့ နောက်ဆုံး သုံးသပ်ချက် အရ ဒီ email ဟာ စာပါ ကောင်မလေးရဲ့ အိမ်လိပ်စာရော ဖုံးနံပတ်ရော email ပါ သိနေတဲ့ တစ်ယောက်သော သူကနေပြီး အစာမကြေတာလေး တစ်ခုကြောင့် နည်းပညာ အသုံးချ အရှက်ခွဲဖို့ ကြိုးစားထားတာ ဖြစ်မယ်လို့ သုံးသပ်ရတယ်။

သို့ပေမဲ့ နည်းပညာပိုင်း တစ်ချက်လေး လစ်ဟာသွားတာမှာ email ရဲ့ ဆိုလိုရင်းရော၊ ရည်ရွယ်ချက်ပါ ပေါ်လွင်သွားတယ်။

ဆိုတော့ သူများကို အရှက်ခွဲချင်တဲ့ ဆရာသမားတို့ရေ။ ကိုယ်တိုင် ပို့ချင်တဲ့ email ကို သူများ နာမည်နဲ့ ပို့ချင်တယ် ဆိုရင်လည်း Proxy လေးပြောင်းပြီး ပို့သင့်ပါတယ်။ Proxy ဘယ်လို ချိန်းရတယ် ဆိုတာ မသိရင် အလွယ်ဆုံး Proxy ချိန်းနိုင်တဲ့ ဆော့ဖ်ဝဲဖြစ်တဲ့ Freedom Software ဆိုရင် ခုဆို မြန်မာဘာသာနဲ့တောင် ရှိနေပြီ ဆိုတာလေး လက်တို့လိုက်ပါတယ်ဗျာ။

အင်တာနက်ဆိုတဲ့ ပဉ္စလက်နည်းပညာကြီးဟာ လောကကြီးအတွက် အကောင်းတွေ သယ်ဆောင်လာပေးသလို၊ မကောင်းတဲ့ ဖက်မှာလည်း အင်တာနက်ဟာ တစ်ဖက်ကမ်းခတ်အောင် အသုံးတည့်တယ်ဆိုတာလေး အမျိုးကောင်းသား၊ အမျိုးကောင်း သမီးများ သတိချပ်ဖို့ လိုအပ်လှတယ်ဆိုတဲ့ အကြောင်း။

Aug 1, 2009

2009 July Currency Review

2009 ခုနှစ် ဇူလိုင်လ အတွင်းမှာ စင်္ကာပူဒေါ်လာနဲ့ မြန်မာငွေ လဲလှယ်နှုံး တစ်လလုံး ပျမ်းမျှ 780.8387 ကျပ် ပေါက်ခဲ့ပြီး ဇူလိုင်လ 5 ရက်နေ့မှာ အမြင့်ဆုံး 788 ကျပ် ထိ ပေါက်ခဲ့ပြီး၊ ဇူလိုင်လ 10 ရက်နေ့မှာ အနိမ့်ဆုံး 770 ကျပ် ပေါက်ခဲ့ပါတယ်။

2009 ခုနှစ် ဇူလိုင်လ အတွင်းမှာ အမေရိကန် ဒေါ်လာနဲ့ စင်္ကာပူဒေါ်လာ လဲလှယ်နှုံး တစ်လလုံး ပျမ်းမျှ 1.450791 ပေါက်ခဲ့ပြီး ဇူလိုင်လ 9 နေ့မှာ အမြင့်ဆုံး 1.4641 ထိ ပေါက်ခဲ့ပြီး၊ ဇူလိုင်လ 24 ရက်နေ့မှာ အနိမ့်ဆုံး 1.43993 ပေါက်ခဲ့ပါတယ်။

မြန်မာငွေနဲ့ စင်္ကာပူ ဒေါ်လာ လဲလှယ်နှုံးကို မောင်လူအေး Sidebar ထဲက အချက်အလက်တွေနဲ့ ပြုစုပြီး အမေရိကန် ဒေါ်လာနဲ့ စင်္ကာပူဒေါ်လာ လဲလှယ်နှုံးကိုတော့ http://www.exchange-rates.org ကနေ ရယူပါတယ်ဗျား။


MMK SGD JUL


SGD USD JUL

Related Post

Jul 5, 2009

Fourier Acoustics: Sound Radiation and Nearfield Acoustical Holography

Fourier Acoustics: Sound Radiation and Nearfield Acoustical Holography
By Earl G. Williams

Publisher: Academic Press
Number Of Pages: 306
Publication Date: 1999-06-16
ISBN-10 / ASIN: 0127539603
ISBN-13 / EAN: 9780127539607
Binding: Hardcover


Intended a both a textbook and a reference, Fourier Acoustics develops the theory of sound radiation uniquely from the viewpoint of Fourier Analysis. This powerful perspective of sound radiation provides the reader with a comprehensive and practical understanding which will enable him or her to diagnose and solve sound and vibration problems in the 21st Century. As a result of this perspective, Fourier Acoustics is able to present thoroughly and simply, for the first time in book form, the theory of nearfield acoustical holography, an important technique which has revolutionised the measurement of sound. Relying little on material outside the book, Fourier Acoustics will be invaluable as a graduate level text as well as a reference for researchers in academia and industry.

Key Features
* The physics of wave propogation and sound vibration in homogeneous media
*Acoustics, such as radiation of sound, and radiation from vibrating surfaces
*Inverse problems, such as the theory of nearfield acoustical holography
*Mathematics of specialized functions, such as spherical harmonics

Download Here!

Jul 1, 2009

2009 June Currency Review

2009 ခုနှစ် ဇွန်လ အတွင်းမှာ စင်္ကာပူဒေါ်လာနဲ့ မြန်မာငွေ လဲလှယ်နှုံး တစ်လလုံး ပျမ်းမျှ 762.6 ကျပ် ပေါက်ခဲ့ပြီး ဇွန်လ 28 ရက်နေ့မှာ အမြင့်ဆုံး 785 ကျပ် ထိ ပေါက်ခဲ့ပြီး၊ ဇွန်လ 8 ရက်နဲ့ 9 ရက်နေ့တွေမှာ အနိမ့်ဆုံး 745 ကျပ် ပေါက်ခဲ့ပါတယ်။

2009 ခုနှစ် ဇွန်လ အတွင်းမှာ အမေရိကန် ဒေါ်လာနဲ့ စင်္ကာပူဒေါ်လာ လဲလှယ်နှုံး တစ်လလုံး ပျမ်းမျှ 1.451919 ပေါက်ခဲ့ပြီး ဇွန်လ 15 နေ့မှာ အမြင့်ဆုံး 1.46109 ထိ ပေါက်ခဲ့ပြီး၊ ဇွန်လ 2 ရက်နေ့မှာ အနိမ့်ဆုံး 1.43804 ပေါက်ခဲ့ပါတယ်။

မြန်မာငွေနဲ့ စင်္ကာပူ ဒေါ်လာ လဲလှယ်နှုံးကို မောင်လူအေး Sidebar ထဲက အချက်အလက်တွေနဲ့ ပြုစုပြီး အမေရိကန် ဒေါ်လာနဲ့ စင်္ကာပူဒေါ်လာ လဲလှယ်နှုံးကိုတော့ http://www.exchange-rates.org ကနေ ရယူပါတယ်ဗျား။


Photobucket


Photobucket


Related Post

BAY OF HUNTERS