Jul 27, 2008

New Thermoelectric Material

ဓာတ်ငွေ့ ရဲ့ စွမ်းဆောင်ရည်ကို ဆန့်ထုတ်ပေးနိုင်မဲ့ ပစ္စည်းသစ်
ချီကာဂို (ရိုက်တာ)
အပူစွမ်းအင်ကနေ လျှပ်စစ် စွမ်းအင်ကို ပြောင်းပေးနိုင်တဲ့ စွမ်းဆောင်ရည် မြင့်မားတဲ့ ပစ္စည်းသစ်တစ်မျိုးက တနေ့နေ့ တချိန်ချိန်မှာ ဓာတ်ငွေ့ တစ်ဂါလံ အသုံးပြုမှုရဲ့ စွမ်းရည် အမြင့်ဆုံး ရရှီနိုင်စေဖို့ အထောက်အကူ ပြုလာလိမ့်မယ် လို့ အမေရိကန် နိုင်ငံက သုတေသီတွေက ကြာသပတေးနေ့မှာ ပြောကြားလိုက်တယ်။ ယာဉ်ရွေ့လျားနိုင်ဖို့နဲ့ ရေဒီယိုလို၊ ရေသုတ်တံလို ကိရိယာတွေ အတွက် ပုံသေ ဓာတ်ဆီနဲ့ မောင်းနှင်တဲ့ အင်ဂျင် တစ်လုံးက ထုတ်ပေးနိုင်တဲ့ စွမ်းအင်ရဲ့ 25 ရာနှုံးလောက်ကိုပဲ အသုံးပြုတယ်လို့ ဆိုပါတယ်။ ကျန်တဲ့ စွမ်းအင် အများအပြားကတော့ အိပ်ဇောပိုက်ကနေ ဆုံးရှုံး ကုန်တယ်လို့ ပြောပါတယ်။

လက်ရှိ သုံးနေတဲ့ ပစ္စည်းထက် ကောင်းတဲ့ အပူကနေ လျှပ်စစ်ပြောင်း ကိရိယာနဲ့ဆိုရင် ဒီဆုံးရှုံးသွားတဲ့ စွမ်းအင် အချို့ အ၀က်ကို ပြန်လည် သုံးစွဲနိုင်မယ်လို့ ပါဆာဒီးနားက ကားလ်တက်နဲ့ ကိုလံဘတ်စ်မှာရှိတဲ့ အိုဟိုင်းယိုးတက္ကသိုလ်က သုတေသီတွေက တွက်ဆကြပါတယ်။

ဒီပစ္စည်းက အလုပ်တွေ အားလုံး လုပ်နိုင်တယ်ဗျ။ ရေနွေးငွေ့ အင်ဂျင်၊ ဓာတ်ငွေ့နဲ့ ဒီဇယ် အင်ဂျင် တွေလို သမားရိုးကျ အင်ဂျင်တွေလိုပဲ သူက လျှပ်စစ် စွမ်းအင် ထုတ်ပေးနိုင်တယ်။ လျှပ်စစ် ဂျင်နရေတာတွေဆီကို ပြောင်းပေးရာ မှာတော့ သူက ရေနွေးငွေ့နဲ့ ဓာတ်ငွေ့တွေနေရာမှာ အီလက်ထရွန်တွေကို အစားထိုး အသုံးပြုတယ်။ ပြီးတာနဲ့ လျှပ်စစ်စွမ်းအင် တိုက်ရိုက် ထုတ်ပေးတာပဲ လို့ ပရောဂျက် ခေါင်းဆောင် ဂျိုးဇက် ဟာရီမန်စ်က ပြောတယ်လို့ ကြေညာချက်မှာ ဖော်ပြတယ်။

ဒီပရောဂျက်မှာ ပါဝင် ဆောင်ရွက်တဲ့ ကားလ်တက် က ဂျက်ဖ် ဆနိုက်ဒါ ကလည်း အပူကနေ လျှပ်စစ်စွမ်းအင် ပြောင်းတဲ့ ဒီ ကိရိယာဟာ မော်တော်ယာဉ်ရဲ့ လောင်စာ စွမ်းဆောင်ရည်ကို 10 ရာခိုင်နှုံးအထိ တိုးလာစေတယ်လို့ ဆိုပါတယ်။ နာဆာရဲ့ ဂျက်အင်ဂျင် လည်ပတ်စနစ် သုတေသန လုပ်ငန်းမှာ အစောပိုင်း ကတည်းက အလားတူ ပစ္စည်းမျိုး ထုတ်ဖို့ စိုင်းပြင်းခဲ့တဲ့ ဆနိုက်ဒါ ကတည်း ပြောပါတယ်။ ခုလိုမျိုး ပစ္စည်း ထုတ်ဖို့ အကြံအစဉ် ရှိနေခဲ့တာ ကြာပါပြီ။ ဒါပေမဲ့ ရေနံ တစ်စည် ဒေါ်လာ 20 လောက် ဖြစ်နေစဉ်က ဒီ အကြံအစဉ်ကို ဘယ်သူမှ စိတ်ဝင်တစား မရှိကြပါဘူး လို့ ဆိုပါတယ်။

ခု စွမ်းအင်ဈေးက ငါးဆလောက် ခုန်တက်သွားတဲ့ခါကျမှ စောစောက ရှိနှင့်နေတဲ့ ခုလို အစားထိုး နည်းပညာဟာ ပိုပြီး အသုံးတည့်လာတဲ့ သဘောပါပဲ လို့ ဆနိုက်ဒါက သူနဲ့ တယ်လီဖုန်း အင်တာဗျူးမှာ ပြောပြပါတယ်။ ဒီစနစ်ကို နောက် 5 နှစ်ကနေ 10 နှစ်အတွင်း လက်တွေ့ အသုံးပြုလာနိုင်လိမ့်မယ်လို့ သူက ယုံကြည်နေပါတယ်။ တကယ် လက်တွေ့ သုံးစွဲလာနိုင်မှုက ဒီစနစ် ထုတ်လုပ်မှု ကုန်ကျစရိတ်နဲ့ စွမ်းအင်ဈေးကွက် အပေါ်မှာ မူတည်ပါလိမ့်မယ်။ အရေအတွက် အမြောက်အမြား ထုတ်လုပ်နိုင်မယ် ဆိုရင်တော့ ဒီစံနစ်ကို အမေရိကန် 10 ဒေါ်လာ သို့မဟုတ် ဒီထက် နည်းတဲ့ ဈေးနှုံးနဲ့ ထုတ်လုပ် ပေးနိုင်ပါလိမ့်မယ်လို့ သူက ဆက်ပြောပါတယ်။

အပူကနေ လျှပ်စစ် ပြောင်းပေးနိုင်တဲ့ လက်ရှိ ဈေးကွက်မှာ သုံးနေတဲ့ စွမ်းရည် အမြင့်ဆုံး ကိရိယာက Rating 0.71 ရှိတဲ့ Sodium-doped lead telluride ခေါ်တဲ့ သတ္တုစပ် တစ်မျိုးပါ။ Lead Telluride ကို Thallium နည်းနည်း ထပ်ပေါင်း ထည့်နိုင်မယ်ဆိုရင် Rating ကို 1.5 အထိ နှစ်ဆ တိုးနိုင်ပါလိမ့်မယ်။ စမ်းသပ်မှုတွေ အရ အင်ဂျင်တွေမှာ တပ်ဆင် အသုံးပြုဖို့ အသင့်တော်ဆုံး ဖြစ်ပါလိမ့်မယ်။ ဒီကိရိယာ အသစ်က 450 ဒီဂရီ ဖာရင်ဟိုက် (230 ဒီဂရီ ဆဲလ်စိယပ်စ်) ခန့်မှာ လက်ရှိ ကိရိယာတွေနဲ့ စွမ်းရည်တူ အပူမှ လျှပ်စစ်ကို ပြောင်းပေးနိုင်တာ တွေ့ရှိရပါတယ်။ အပူချိန် ပိုမို မြင့်မားမယ်ဆိုရင် စွမ်းဆောင်ရည် ပိုမို မြင့်မားတယ်။ 950 ဒီဂရီ ဖာရင်ဟိုက် (500 ဒီဂရီ ဆဲလ်စိယပ်စ်)မှာ သူ့ရဲ့ အမြင့်ဆုံး Rating 1.5 ထိရှိပါတယ်။ ပုံမှန်မော်တော်ကား အင်ဂျင်လို စွမ်းအင် စနစ်တွေရဲ့ အပူချိန်သည်လည်း ဒီဂရီ ဖာရင်ဟိုက် 450 နဲ့ 950 ကြားပါပဲ လို့ ဟာရီမန်စ် က ပြောပါတယ်။

သုတေသီတွေက မူပိုင်ခွင့် လျှောက်ထားပြီး ဒီပစ္စည်းကို မွမ်းမံ နေကြဆဲ ဖြစ်ပါတယ်။ ထပ်မံ ရှာဖွေတွေ့ရှိမှုတွေနဲ့ လက်ရှိ တွေ့ရှိမှုတွေ ပေါင်းစပ်ပြီး ဒီပစ္စည်းရဲ့ စွမ်းဆောင်ရည်ကို ပိုမို မြှင့်တင် ထုတ်လုပ်နိုင်မယ်လို့ ယုံကြည် နေကြတယ်။ ဆနိုက်ဒါက Thallium ဒြပ်စင်ဟာ အရမ်းကို အဆိပ်အတောက် ပြင်းတဲ့ အတွက် ဒီပစ္စည်းကို တပ်ဆင်ထားတဲ့ အပူကနေ လျှပ်စစ်ပြောင်း ကိရိယာကို ထုတ်လုပ်မယ်ဆိုရင် သေချာစွာထုပ်ပိုးဖို့ လိုပါလိမ့်မယ်။ ဒါပေမဲ့ ဒီကိရိယာတွေဟာ ပြန်လည် သုံးစွဲနိုင်ပါလိမ့်မယ်လို့ဆိုပါတယ်။ စွမ်းရည်တူ လုပ်ဆောင်နိုင်တဲ့ အဆိပ်အတောက် မရှိတဲ့ အပူကနေ လျှပ်စစ် ထုတ်နိုင်တဲ့ တခြား စနစ်မျိုး ထပ်မံ ရှာတွေ့ နိုင်ပါသေးတယ်လို့ လည်း သူက ပြောပြပါတယ်။

မူရင်းစာ

Jul 25, 2008

Paying Tax in Embassy

မှန်းစမ်း။ ဒီလူတွေ ဘာလုပ် နေကြတာ လဲလို့။ သေချာတာကတော့ ဆီဝေတယ် ဆန်ဝေတယ် ဆိုလို့ တန်းစီ နေကြ တာတော့ မဟုတ်ဘူးဗျ။ ပြောမယုံ ကြုံဖူးမှ သိတယ်ဗျာ။ စင်္ကာပူနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးမှာ မနက် ဝေလီဝေလင်းမှာ အခွန်ဆောင်ဖို့ နာမည်ရေးဖို့ တန်းစီ နေကြတာပါ။ ဘယ်သူက ဘယ်လို ရွှေဥာဏ်တော် စူးရှပြီး တီထွင် လိုက်တယ် မသိပါဘူးဗျာ။ မိုးမလင်းခင် အချိန်ကြီးကို လာရောက်တန်းစီ နိုင်ငံတော် အတွက် အခွန်အခ ထမ်းဆောင်ဖို့ ရွှေမြန်မာ တွေလောက် ၀ီရီယ ကောင်းတဲ့ သူတွေတော့ ကမ္ဘာမှာ ရှိမယ် မထင်ဘူးဗျာ။

အခွန်သွားဆောင်မယ် ဆိုကတည်းက အိမ်က ညီတော်မောင်တွေက အကြံပေးပါတယ်။ မနက် ၄ နာရီလောက်ထ။ ပြီးရင် တက္ကစီငှားပြီးသွား။ မနက်၅နာရီလောက်ဆိုရင် သံရုံးက အစောင့်တွေက နာမည်ရေးဖို့ စာရွက်ထုတ်ပေးတဲ့ အခါ စောင့်ပြီး ကိုယ့်နာမည်လေး ရေးခဲ့လိုက်။

မောင်လူအေးက ပြောသမျှ မယုံဘဲ ရှည်ကြောပြီး သွားပါတယ်။ မနက် ၅ နာရီခွဲလောက် အိမ်ကထွက် အစောဆုံးထွက်တဲ့ အမ်အာတီ တတိယ အစီးလောက် စီးတယ်။ အောချက် အမ်အာတီရောက်တော့ ၆နာရီလောက်။ တနေကုန် တနေခမ်း ပျားပန်းခတ်မျှ စဉ်တဲ့ အောချတ်လမ်းမကြီးတောင် အိပ်မောကျနေတုံး။ အောချတ် အမ်အာတီနား တ၀ိုက်မှာတော့ လူ တချို့တွေ့တယ်။ လျှောက်လာရင်း လျှောက်လာရင်း လူပြတ်လာလိုက်တာ စိန့်မာတင် နားရောက်တော့ လူတစ်ယောက်မှ မတွေ့။ ကိုယ်တိုင်တော့ ငါတော်တော်များ စောနေသလားပေါ့။

စိန့်မာတင် လမ်းထဲ လျှောက်၊ သံရုံးကို လှမ်းမြင်ရတော့မှပဲ လားလား။ ဘယ်အချိန်ကတည်းက ရောက်နေကြတယ် မသိ။ ရွှေတွေ ရွှေတွေ။ အားကြိုးမာန်တက် ဘယ်အချိန်ကတည်းကများ ရောက်နေကြတယ် မသိ။ သုတ်သုတ်သုတ်သုတ်နဲ့ လျှောက်သွားပြီး တန်းစီရတယ်။ ကိုယ်ပိုင် ဘောပန် လေးကိုယ်စီနဲ့ တစ်နေရာစာ ရရှိရေး တန်းစီကြ၊ ကိုယ့်အလှည့်ရောက်တော့ ကိုယ့်နာမည်လေး ဖြည့်၊ အဖေနာမည်လေးရေး၊ ပတ်စပို့နံပတ်လေးရေး၊ စင်္ကာပူ လက်ရှိ နေရပ်လိပ်စာလေးရေး။ မောင်လူအေး ရေးရမဲ့ အလှည့်ရောက်လို့ ဖြည့်မယ် ဆိုပြီး အကြည့်။ လားလား။ ကိုယ့်ရှေ့က တန်းစီနေတာက လူ ၂၀ လောက် ကိုယ့်နာမည်ရောက်နေတာက ၅၀ ကျော်။ အပေါ်က ဘယ်သူတွေကများ ကိုယ်ရောင်ဖျောက် ကိုယ်တော်တွေ လာရေးထားကြတယ် မသိဘူးဗျာ။ နာမည်လေးတွေ ချည်းပဲ။ ပတ်စပို့နံပတ် မပါ။ အဖေနာမည် မဖြည့်ရသေး။ လိပ်စာက ကွက်လပ်နဲ့။

အော် ကိုရွှေမြန်မာတွေကတော့ ရောက်လေရာ နေရာလေးမှာ အမျိုးဂုဏ်၊ ဇာတိဂုဏ်လေးတွေက အဲလို အဲလို ထိမ်းသိမ်းထားကြသေးပါလားလို့ပဲ ....

ကဲ စင်္ကာပူရောက် ကိုကိုရွှေတို့ မမရွှေတို့ရေ... အခွန်လေးများ ဆောင်ချင်ကြတယ်ဆိုရင်တော့ဗျာ... မနက်မိုးမလင်းခင် ၆ နာရီ မထိုးခင် သွားရောက် တန်းစီကြမှသာ သေချာမှာ ဖြစ်ပါကြောင်းနဲ့ တစ်နေ့ကို အခွန်ထမ်းဆောင်သူ ဦးရေ ၁၀၀ သာလျှင် လက်ခံ ဆော်ရွက်ပေးပါကြောင်း သိစေဖို့ ဝေမျှ လိုက်ရပါတယ်ဗျာ။

First Priority!!!

မော်တော်ယာဉ်တွေ သွားလာရေးမှာ ဦးစားပေး အစီအစဉ်အလိုက် သွားလာကြရတယ်။ အဲဒီလို မောင်းနှင်ကြရမှာ မီးသတ်ကား၊ လူနာတင်ယာဉ် စတာတွေက တာဝန်ချိန် အတွင်းမှာ ဦးစားပေး အဆင့်အမြင့်ဆုံး ယာဉ်တွေပါ။ ထိုနည်းတူစွာ မီးရထား၊ မီးရထားသည်လည်း မီးရထားနဲ့ ကားလမ်းဆုံဆည်းရာနေရာတွေမှာ ဆိုရင် မီးရထားသည်လည်း ဦးစားပေး ယာဉ် တစ်မျိုးဖြစ်တယ်။ မီးရထား သွားလာနေစဉ်မှာ တခြား ယာဉ်တစ်မျိုးမျိုးနဲ့ တိုက်ခိုက်မိတယ် ဆိုရင် ထိခိုက်မှုအတွက် တိုက်ခံရသူ ယာဉ်က လျော်ကြေးမရတဲ့ အပြင် မီးရထား ခရီးစဉ် နှောင့်နှေးမှုအတွက်၊ မီးရထားကို ထိခိုက်စေမှုအတွက် လျော်ကြေး တောင် ပြန်ပေးရပါသေးတယ်။

မောင်လူအေးတို့ တစ်ခါကြုံခဲ့ရတဲ့ အမှတ် မထင် အဖြစ်အပျက်လေး တစ်ခုပါ။ ပြည်အောင်လံလမ်းမပေါ်က ပြည်မြို့အထွက်နားမှာ ပြည်ဆေးရုံသစ်ကြီး ရှိတယ်။ ဆေးရုံရဲ့ နံဘေးမှာ ရထားလမ်းနဲ့ ကားလမ်းဆုံတဲ့ ပြည် သံလမ်းဂီတ်ရှိတယ်။ အဲဒီနေ့က စနေနေ့တစ်နေ့။ နေ့လည် ၃ နာရီလောက် ရှိမယ်ထင်ပါတယ်။ ပြည်မြို့ထဲကနေ စက်ဘီးနဲ့ ပြန်လာတဲ့ မောင်လူအေးတို့ ရထားလာနေတဲ့ အတွက် သံလမ်းဂိတ်က ပိတ်လိုက်တယ်။ မောင်လူအေးတို့လည်း စက်ဘီးပေါ်ကဆင်း ရထားဖြတ်အသွားကို ရပ်စောင့်ပေါ့။

မောင်လူအေးတို့ စက်ဘီးရပ်နေတဲ့ ဘေးကို မီးသတ်ကားက လာရပ်တယ်။ မီးသတ်ကားရဲ့နောက်ကို လူနာတင်ယာဉ်က လာရပ်တယ်။ လူနာတင်ယာဉ်ရဲ့ နောက်မှာ ပြည် ခရိုင် တပ်ရင်းမှုးကားက လာရပ်တယ်။ အားလုံး ဗွီအိုင်ပီယာဉ်တွေ ချဉ်းပဲ။ တနည်း သက်သာသွားတာက မီးသတ်ကားကလည်း တာဝန်ချိန် မဟုတ်ဘူး။ နားနေတဲ့ အချိန် ရေသွားဖြည့်ရာက ပြန်လာတာ။ လူနာတင်ယာဉ်ကလည်း နားနေချိန် တခြားတနေရာကနေ ပြန်လာတာ။ တပ်ရင်းမှုးကားကတော့ ဘယ်က ပြန်လာတယ် မသိပေမဲ့ သူလည်း တာဝန်ချိန် ပြင်ပ။တကယ်တော့ လာရပ်လိုက်တဲ့ ယဉ်တွေ အားလုံးက သူ့နေရာနဲ့ သူ၊ တာဝန်ချိန်သာ ဖြစ်ကြည့်။ ဘယ်သူတွေ ရှိရှိမရှိရှိ။ သူတို့ကတော့ ရပ်တဲ့ ယာဉ်တွေ မဟုတ်ကြပါဘူး။ အကယ်၍သာ အားလုံးသာ တာဝန်ချိန် အတွင်း ဖြစ်နေခဲ့မယ်ဆိုရင် ဘယ်သူ့ကို ဘယ်သူ ဦးစားပေးပြီး ဘယ်သူက ရပ်စောင့်ကြမလဲ ဆိုတာ စဉ်းစားမိတယ်။

တကယ်လို့ လူ့ဘ၀မှာရော ဦးစားပေး အစီအစဉ် ပထမဆင့် ပထမဆင့်ဆိုတာတွေ နှစ်မျိုး၊ သုံးမျိုး တပြိုင်နက်တည်း ကြုံလာခဲ့မယ်ဆိုရင် ဘယ်လို စခန်းသွားကြမလဲ။ နံပတ် ၁ ကလည်း မလုပ်မဖြစ်၊ နံပတ် ၂ က မဖြစ်မနေ ဆိုတာမျိုး ကြုံလာခဲ့မယ်ဆိုရင် .....

ဆက်လက်တွေးခေါ်ဖို့ ဝေမျှရခြင်းပါ။

Jul 13, 2008

Biography of U Ottama

မိမိ ကိုယ်တိုင်လည်း ဖတ်ဖြစ်အောင်၊ ဖတ်ချင်သူများလည်း ဖတ်ရှုနိုင်အောင် ဝေမျှလိုက်ရခြင်း ဖြစ်ပါတယ်ဗျာ။

မူရင်း Upload Site တွင် ဖတ်ရှုလိုပါက ဤနေရာကို နှိပ်ပါ။

Jul 11, 2008

ကျောင်းတော်က ပျို....

"အသက်ကလေးရယ်တဲ့ ရှည်စေလို
မြနန္ဒာ ရေညိုသန်းတယ်
မန်းတောင်ရိပ်ခို........"

ဒါက မြနန္ဒာ ကဗျာပေါ့

ကျောင်းတုံးက (အခြေခံပညာ ကျောင်းတုံးက ပါ...) ဆံပင်တို ဂုတ်ဝဲလေးတွေကို ကြည့်ရင်း စပ်ဖြစ်တဲ့ ကဗျာလေးက.....

အသားကလေးရယ်ညို
မြကေသာတိုတို ကုပ်တယ်
ကျောင်းတော်က ပျို
ချစ်လွန်းလို့ပါဆို
ညိုပါနဲ့ မျက်နှာထား
ချစ်မေတ္တာ ရစ်ကာလွှမ်းပါလို့
ချစ်စို့တအား။

ငယ်ငယ်က ရေးဖြစ်တဲ့ ကဗျာလေး အမှတ်တရ အဖြစ် ဘလော့ပေါ် တင်လိုက်ခြင်းသာ ဖြစ်ပါကြောင်း။

Jul 10, 2008

AUTOCAD 2005/ 2007/ 2008 For Dummies!!!














Download လုပ်ရန် ပုံပေါ်တွင် Click လုပ်ပါရန်။

Invitation to Waso Robe Offering Ceremony

ဝါဆို သင်္ကန်းဆက်ကပ်လှုဒါန်းပွဲ ဖိတ်ကြားလွှာ


*************************************************************************************************

Invitation to Waso Robe Offering Ceremony

Dear Dakagyi and Dakamagyi

You are invited to attend Waso Robe offering ceremony at Mahamuni Buddhist Temple. Please check detail information of our schedule.

With Metta
Yours In Dhamma
Ven. Dr Vicitta
Mahamuni Buddhist Temple
Singapore

*********************************************************************
****************************

ဓမ္မမိတ်ဆွေ သူတော်စင် အပေါင်းတို့ ခင်ဗျား.....

စင်္ကာပူ နိုင်ငံမှာရှိတဲ့ Mahamuni Buddhist Society မှာ ယခုလ ဇူလိုင်လ ၂၀ ရက်နေ့ နံနက် ၈နာရီခွဲ အချိန် သံဃာတော်များကို ၀ါဆို သင်္ကန်း ဆက်ကပ် လှုဒါန်းမှာ ဖြစ်တဲ့အတွက် ပါဝင်လှုဒါန်း လိုသူများ သိရှိစေနိုင်ဖို့ နိဗ္ဗာန် အကျိုးမျှော်၍ နှိုးဆော် လိုက်ရပါကြောင်း။

Mahamuni Buddhist Society တည်ရှိရာ နေရာကတော့

23A Jalan Mas Puteh
Singapore 128628
Tel: (65) 6777 7018 ဖြစ်ပြီး

လမ်းညွှန်ကတော့ Clementi MRT Station ကနေပြီး၊Service Number 78 ဒါမှ မဟုတ် 285 ကားစီးမယ်ဆိုရင် ၃ မှတ်တိုင်မြောက်မှာ ဆင်းရင် ရောက်ရှိပါကြောင်း နိဗ္ဗာန် အကျိုးမျှော်၍ နှိုးဆော် လိုက်ရပါတယ်ဗျာ။

Read this document on Scribd: Waso Robe Donation Ceremony

BAY OF HUNTERS