ကုလားတန်မြစ်၏ တစ်ခုသော ညနေ။ မြစ်ကမ်းနဘေးသို့ ကလေးငယ်နှစ်ဦး လမ်းလျှောက်လာနေ၏။ ကလေးငယ်နှစ်ဦးမှာ တစ်ဦးက ၁၀နှစ်ခန့်၊ တစ်ဦးက ၈နှစ်ခန့်။ ကလေးအကြီးက အငယ်ကို ပခုံးပေါ်လက်တင်ပြီး လျှောက်လာ၏။ လွယ်လာသော လွယ်အိတ်နှင့် ၀တ်စားထားပုံကို ထောက်ရှုခြင်းအားဖြင့် ကျောင်းမှပြန်လာသော ကျောင်းသားလေးများ ဖြစ်ပုံပေါ်သည်။ ကလေးအငယ်၏ လက်ထဲတွင်လည်း ဗလာစာအုပ်တချို့၊ ခဲတံတချို့ကိုင်ထားသေး၏။
မြစ်ကမ်းနံဘေး တစ်နေရာအရောက် ကလေးအကြီးက
"ကဲ ညီလေး လာ.. ကိုကိုတို့ ဒီမှာထိုင်ရအောင်"
"ဟုတ်ကဲ့ ကိုကို" ဟုဆိုကာ ကလေးအကြီး ထိုင်သော ကျောက်ခုံပေါ် ဘေးချင်းယှဉ်ထိုင်လိုက်၏။
ထိုင်ကြပြီးနောက် ကလေးအကြီးက...
"ကဲ ညီလေး... မင်းဒီနေ့ ဆုရတဲ့ ဗလာစာအုပ်နဲ့ ခဲတံပေးစမ်း"
ကလေးအငယ်က လက်ထဲ တယုတယကိုင်လာသော ဗလာစာအုပ်နှင့် ခဲတံတချို့ကို ပေးလိုက်၏။ ကလေးအကြီးက ထိုစာအုပ်နှင့် ခဲတံများကို ယူ၏။ သို့နောက် ဘေးနားတွင်ကျနေသော ကျောက်ခဲခပ်ကြီးကြီး တစ်လုံးကိုရှာ၏။ ရသောအခါ ၄င်းကျောက်ခဲဖြင့် စိတ်တိုင်းကျ ထုခြေ၏။ ထုခြေလို့ အားရသော် ရှိသမျှ အားဖြင့် မြစ်ထဲသို့ လွှင့်ပစ်လိုက်လေတော့၏။
ညီအငယ်လုပ်သူမှ အစ်ကို၏ လုပ်ရပ်ကို နားမလည်သလို မျက်နှာပေးဖြင့် ဘေးမှ နှမြောတသစွာ ကြည့်နေရုံသာတတ်နိုင်၏။
ညီအငယ်မှ နှမြောတသစွာဖြင့်
"ကိုကို.... အဲဒါ ဘာလုပ်တာလဲ... " "အဲဒါ ကျောင်းတစ်ကျောင်းလုံးက လိုချင်နေတဲ့ ဆုလေ..." "အဲဒီ ဆုရဖို့ ကျွန်တော်တို့ ဘယ်လောက်ကြိုးစားခဲ့ရသလဲ..." "ကြိုးစားလို့ အခု ဆုရခဲ့ပြီ... ရလည်းရရော.. ကိုကိုက ဖျက်ဆီးပစ်တယ်" "အိမ်က အမေ အဖေတို့ မေးရင်ကျွန်တော်တို့ ဘယ်လို ပြန်ပြောမလဲ"
အစ်ကို ဖြစ်သူက....
"အေး... ညီလေး... ဒီဆုဟာ...တစ်ကျောင်းလုံးက လိုချင်နေတဲ့ ဆုဆိုတာ မှန်တယ်...
ဒါပေမဲ့... ငါနဲ့ မင်းနဲ့.. လိုချင်ခဲ့တာ ဒီဆုမဟုတ်ဘူး...
ငါတို့ လိုချင်ခဲ့တာ ပထမဆု... အခုရတာက ဒုတိယဆု... မင်းမြဲမြဲမှတ်ထား... ဘယ်တော့မှ... ကိုယ့်ကိုကိုယ် ဒုတိယဆုနဲ့ ထိုက်တန်တယ်လို့ မသတ်မှတ်လေနဲ့...
ငါတို့လိုချင်တာ ပထမဆု... အေး... အဲဒီအတွက် ပထမဆုမရရင်... လုံးဝမယူနဲ့... "
ဇာတ်ဆောင်အဖြစ် ပါဝင်သူ နှစ်ဦးက ကလေးအကြီး အမည်က ပေါ်ထွန်းအောင်၊ အငယ်က ကျော်ထွန်းအောင်။ ပေါ်ထွန်းအောင်ဆိုသူက နောင်တစ်ချိန်မှာ မြန်မာလွတ်လပ်ရေးအတွက် မျက်စိဖွင့်ပေးခဲ့သူလို့ သမိုင်းမှာ လူတွေသိကြတဲ့ အသျှင်ဦးဥတ္တမအလောင်းအလျာ။
ဒီအတ္ထုပ္ပတ္တိကို ဖတ်ဖြစ်ခဲ့တာ ဟိုးငယ်စဉ်ကလေးဘ၀ကတည်းက၊ သို့ပေမဲ့ ဆရာတော်လောင်းလျာဖြစ်တဲ့ ပေါ်ထွန်းအောင်ရဲ့ ပြောစကား... အဲဒီဇာတ်ကွက်လေးက မျက်စိထဲက မထွက်... အဲဒီ စိတ်ဓာတ်နဲ့ပဲ ဆရာတော်ဟာ ဘ၀မှာ ဒုတိယဆုကိုဆို လက်မခံဘဲ ပထမဆုသည်သာ ငါနဲ့ထိုက်တန်တယ်လို့ ယူဆပြီး ကြိုးစားခဲ့တဲ့အတွက် အရှေ့အာရှတလွှားမှာ အထင်ကရ ပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့တဲ့ အထိ။
ကျုပ်တို့ ဘ၀တွေမှာရော... ကံကြမ္မာက ပေးလာတဲ့ အချိုသတ်နှစ်သိမ့်တဲ့ ဒုတိယဆုတွေ ဘယ်နှစ်ခုများ ကျုပ်တို့ လက်ခံခဲ့ ပြီးပြီလဲ...
သေချာတာ တစ်ခုကတော့...
မိမိကိုယ်ကို ဒုတိယဆုနဲ့ ထိုက်တန်တယ်လို့ သတ်မှတ်နေသမျှ ကာလပတ်လုံး ပထမဆုဟာ ကျုပ်တို့နဲ့ အဝေးကြီး ဖြစ်နေဦးမယ် ဆိုတာပါပဲ...

လိုချင်တာ ပထမဆုရဲ့  ရှေ့က သုညဆု :P
ReplyDeleteမိုက်တယ် ကိုလူအေး
ReplyDeleteဖတ်ရတာ အရသာ တွေ့လိုက်တာ
ဒီပို့စ်လေး အရမ်းကောင်းတယ်နော်။
ReplyDeleteဝေမျှတဲ့အတွက် ကျေးဇူးပါနော်။
Wow! This is one unique website you got here. How did you do it? What are these things that are written?
ReplyDeleteHave you ever thought about writing an e-book or
ReplyDeleteguest authoring on other
sites? I have a blog centered on the same topics you
discuss and would love to have you share some stories/information.
I know my subscribers would appreciate your work. If you're even remotely interested, feel free to
shoot me an email.
my website :: http://Leoletter.org/leosocial/blog/view/69302/can-soccer-gain-notoriety-in-america
Hey, I think your site might be having browser compatibility issues.
ReplyDeleteWhen I look at
your blog in Safari, it looks fine but when opening in Internet Explorer, it
has some overlapping. I just wanted to give you a quick
heads up! Other then that, very good blog!
my web blog www.socialesvipteen.com
In the awesome design of things you actually receive an A for effort and
ReplyDeletehard work. Where you actually misplaced me personally was
first on your facts. As people say, the devil is in the details.
.. And it couldn't be
much more true at this point. Having said that,
permit me say to you what
did deliver the results. Your authoring
is actually really
engaging and this is possibly why
I am taking an effort to comment. I do not make it a regular habit of
doing that. 2nd, even though I can see the leaps in reasoning you come up with, I am definitely not confident of exactly how you seem to
connect your details which inturn help to make
your conclusion. For the moment I will
yield to your issue but trust in the near future
you actually link your facts much better.
Here is my blog; teamgeorgiawrestling.com
Valuable information. Fortunate me I discovered your site
ReplyDeleteaccidentally, and I am surprised why this twist of fate didn't happened earlier! I bookmarked it.
Feel free to visit my website: iweboo.com
Hey would you mind letting me know which webhost you're
ReplyDeleteutilizing? I've loaded your blog in 3 completely
different internet browsers and I must say this blog loads a lot faster then
most. Can you recommend a good
internet hosting provider at a honest price? Thanks a lot, I appreciate it!
Look at my homepage greenhost.ro