Apr 13, 2008

စင်္ကာပူ တိုပါးယိုး သင်္ကြန်ပုံရိပ်များ

တစ်နှစ်တစ်ခါ နွှဲပျော်ကြတဲ့ မြန်မာ သင်္ကြန် အခါသမယမှာ စင်္ကာပူရောက် မြန်မာတွေရဲ့ သင်္ကြန်ပုံရိပ်တချို့ ရိုက်ဖြစ်တဲ့ ဓာတ်ပုံလေးတွေ ရိုက်ဖြစ်ပါတယ်။ ပို့စ်ခေါက်လို့ အဆင်မပြေတာကြောင့် ရှည်မျောမျောကြီး ဖြစ်နေတာတော့ သည်းခံ ခွင့်လွှတ်ပေးကြပါဗျာ။




















































































Apr 6, 2008

အွန်လိုင်းပေါ်မှ အလုပ်ရှာဖွေမှု : သင့် အားထုတ်မှု ထိရောက်ပါစေ

ပိုမို ထိရောက်တဲ့ အလုပ်အကိုင် ရှာဖွေမှု အတွက် သတိပြုဖွယ် အချက်ကလေးများ

ဟောဒါကတော့ သင့်ရဲ့ အွန်လိုင်းပေါ်က အလုပ်ရှာဖွေမှုကို ပိုမို ထိရောက်စေဖို့ အချက်ကလေးတွေပဲ ဖြစ်တယ်။ ဒါတွေက HotJobs.com ရဲ့ Vice President Daryl Hulme နဲ့ အလုပ် ရှာဖွေဆက်သွယ်မှု ကျွမ်းကျင်သူ Barbara Nixon တို့ရဲ့ အကြံပြုချက်တွေပဲ ဖြစ်ပါတယ်။

* သွက်လက်မြန်ဆန်ပါစေ --- အလုပ်ခေါ်စာများကို အချိန်နဲ့တပြေးညီ တုံ့ပြန်ပါ။ အခုလက်ရှိ ခေတ်ကာလမှာ အလုပ်ရှင်တွေက အလုပ်သမား ခန့်အပ်မှု ဆုံးဖြတ်ချက်တွေကို တော်တော်လေးကို မြန်မြန် ဆုံးဖြတ်နေကြပါပြီ။

* Interview ကို တိုက်ရိုက်ဝင်ခြင်းထက် Application ပေးပို့မှုကို ဦးစွာ ဆောင်ရွက်ပါ--- ထိရောက်ပါစေ။

* Online ပေါ်က အလုပ်ခေါ်စာရဲ့ ညွှန်ကြားချက်များကို လိုက်နာပါ။ အလုပ်ရှင်ရဲ့ လိုအပ်ချက်တွေကို သေသေချာချာ လေ့လာမှုပြုပါ။

* Online ပေါ်မှ အလုပ်ရှာဖွေမှုနဲ့ပတ်သက်ပြီး အလုပ်ခန့်ထားသူများ ဖော်ပြတဲ့ သင့်ရဲ့ အခွင့်အလမ်းကို တိုးမြင့်စေမည့် စကားလုံးများ သင့် Resume မှာ ပါဝင်ပါစေ။ စာလုံးပေါင်း မှန်ကန် တိကျပါစေ။ အလုပ်အကိုင် ရှာဖွေရေး Program တွေက စာလုံးပေါင်း မမှန်တဲ့ စကားလုံးများကို ရှာဖွေပေးလိမ့်မည်မဟုတ်ပါ။

* ခေါ်ယူသော ရာထူးနှင့် လျှောက်ထားသူ ကိုက်ညီမှု ရှိကြောင်း သင့်ရဲ့ Resume မှာ ဖော်ပြပါ။ ခေါ်ယူတဲ့ အလုပ်ရာထူးနှငိ့ သင့် ကျွမ်းကျင်မှု၊ ပညာအရည်အချင်း ဆက်စပ်မှုအား ရှင်းလင်းစွာ ဖော်ပြပါ။

* သင့် အလုပ်ရာဇ၀င်အကြောင်း တိကျမှုရှိပါစေ။

* အဖွဲ့အစည်းပုံစံ လုပ်ငန်းခွင်နှင့် အံဝင်မှုရှိအောင် မျှော်လင့်ပါ။ သင်က ပုံစံစနစ်ကျတဲ့ မိမိ မျှော်လင့်တဲ့ ပတ်ဝန်းကျင်ကို လုပ်ကိုင်ချင်ပေမဲ့လို့ အလုပ်ရှင်ဖက်က ရှုပ်ထွေးထွေပြားတဲ့ ပတ်ဝန်းကျင်မှာ ပြုပြင် ပြောင်းလွယ်စွာ အလုပ်လုပ်နိုင်တဲ့ သူကို ခန့်အပ်ဖို့ လိုနေတယ် ဆိုရင် အံဝင် ခွင်ကျမှု ရှိမှာ မဟုတ်ပါဘူး။

* သက်မွေးဝမ်းကျောင်း ပညာသည် ဖြစ်ကြောင်း ဖော်ပြပါ။ ဦးဆုံး အထင်ကြီး လေးစားမှု ရဖို့ သင့်မှာ သည် အခွင့်အရေးတစ်ခုပဲ ရှိပါတယ်။

* အလွန်တရာမှ ရှည်လျား ရှုပ်ထွေးသော Resume အမှားများ ရှောင်ကြည်ပါ။ ( အရပ်၊ ကိုယ်အလေးချိန်၊ ကျန်းမာရေး အခြေအနေ၊ လိင်၊ အိမ်ထောင်ရေး အခြေအနေ၊ သားသမီး အရေအတွက်၊ ကိုးကွယ်သည့် ဘာသာ၊ လူမျိုး ၊ မွေးသက္ကရာဇ်၊ ယခင်ရာထူးများမှ ထွက်ခဲ့သည့် အကြောင်းရင်း၊ ဓာတ်ပုံ၊နှငိ့ လစာငွေ ရာဇ၀င် အစရှိသည်များ)

SOURCE

ရေသောက်ခြင်း

WASHINGTON (AFP) - - ခန္ဓာကိုယ်ရဲ့ ရေလိုချက်ကို ပြည့်မီဖို့ တစ်နေ့ကို ရေဖန်ခွက် ၈ခွက် သောက်သုံးသင့်တယ်လို့ ဆိုစမှတ်ပြုကြတာကို သက်သေပြနိုင်ဖို့ အထောက်အထား မရှိပါဘူး။ ရေဆာပြေပျောက်အောင် သောက်သုံးခြင်းဟာ တစ်နေ့တာ ခန္ဓာကိုယ်ရဲ့လိုအပ်ချက်အတွက် လုံလောက်တယ်လို့ လေ့လာမှု အသစ် တစ်ခုက ဆိုတယ်။ "ရေကို ဆာတိုင်းသောက်ပါ" လို့ ကြာသပတေးနေ့ထုတ် American Society of Nephrology ရဲ့ ဂျာနယ်ရဲ့ သုံးသပ်မှုတစ်ခုက အကြံပြုတယ်။ Pennsylvania တက္ကသိုလ်က ဒေါက်တာများက "လူတစ်ဦးတစ်နေ့တာအတွက် ရေ 1.5 လီတာသောက်သုံးသင့်ကြောင်း" အဆိုပြုမှု အတွက်လည်း သက်သေပြစရာ မရှိတာက ရှင်းနေတာပဲ လို့ဆိုပါတယ်။ သုတေသန ပညာရှင် Dan Negoianu နဲ့ Stanley Goldfarb တို့က ရေများများ သောက်ခြင်းဟာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို သန့်စင်ပေးနိုင်ဖို့ ကျောက်ကပ်ကို အထောက်အကူ ပြုတယ်ဆိုတဲ့ သီအိုရီကို သုံးသပ်ခဲ့ကြတယ်။ "ဒီလိုဆိုတော့ ရေများများ သောက်ခြင်းဟာ ကျောက်ကပ်ရဲ့ အရေးကြီးတဲ့ ပုံမှန် လုပ်ငန်းဆောင်တာတွေကို ပိုမို လုပ်ဆောင်စေသလား လို့ မေးမယ် ဆိုပါတော့ဗျာ။ အဖြေက မဟုတ်ပါဘူး လို့ပဲ ဖြေရမှာပါ။" လို့ Goldfarb က NPR radio ကို ပြောကြားပါတယ်။ "တကယ်တမ်းမှာ ရေအများကြီး သောက်ခြင်းဟာ အမှန်စင်စစ် အံ့သြစရာ ကောင်းလောက်အောင် ကျောက်ကပ်ရဲ့ (အဆိပ်အတောက်တွေကို) စစ်ထုတ်ပေးတဲ့ လုပ်ငန်းစွမ်းဆောင်နိုင်မှုကို လျော့ပါးစေနိုင်ပါတယ်" ကိုယ်အလေးချိန် လျှော့ချချင်သူတွေ အတွက်တော့ ရေဟာ အဓိက အထောက်အကူ အဖြစ် ဆွဲဆောင် နိုင်ဆဲပါ။ ရေသောက်တဲ့ အခါ အစားလျှော့သူတွေ ပြည့်အင့်နေသလို ခံစားရစေပေမဲ့လို့ ကိုယ်အလေးချိန် လျော့ကျစေဖို့ အထောက်အကူ ပြုတယ်လို့တော့ ဆေးပညာ သုတေသန ပြုထားမှု မရှိပါဘူး။ "တကယ်တော့ အစာမစားခင်မှာ ရေ သောက်ခြင်းအားဖြင့် ခန္ဓာကိုယ်အတွက် ကယ်လိုရီ ရယူမှုကို လျှော့ချနိုင် စေတယ်လို့ အချို့သော သုတေသနပြုမှုတွေက အကြံပြုထားတာ ရှိပါတယ်။ အခြားသော သုတေသန တွေကတော့ ဒါဟာ မဟုတ်ဘူးလို့ အကြံပြုပြန်တယ်။ " လို့ Goldfarb က ဖြည့်စွက် ပြောပါတယ်။ အားကစားသမားများ၊ ပူပြင်း ခြောက်သွေ့တဲ့ရာသီဥတုရှိတဲ့ နေရာမှာ နေထိုင်သူများနဲ့ ရောဂါတစ်ခုခု ခံစားနေရသူများ စတဲ့ ကိစ္စရပ်များ အတွက်သာ ရေများများ သောက်ခြင်းဟာ အမှန်တကယ်ကို ကျိုးကြောင်း ဆီလျော် မှန်ကန်သင့်မြတ် ပါတယ်။

SOURCE

Mar 15, 2008

ယုံကြည်မှု

လုပ်ငန်းတစ်ခု လုပ်ကိုင်တဲ့ နေရာမှာ ယုံကြည်မှုက အင်မတန်မှ အရေးကြီးတယ်။ ယုံကြည်မှုကို အခြေခံပြီး လုပ်ငန်း လုပ်ကိုင်ကြမယ်ဆိုရင် အစစအရာရာ အောင်မြင်နိုင်ရေးအတွက် အခြေခံ အုတ်မြစ်ခိုင်မာပြီလို့ ပြောလို့ ရပါတယ်။ အလုပ်ရှင်က အလုပ်သမားကို ယုံကြည်မယ်။ အလုပ်သမားက အလုပ်ရှင်ကို ယုံကြည်မှုရှိရမယ်။ ဒါမှသာ လုပ်ငန်း အတွက် productivity တက်လာစေမှာ ဖြစ်တယ်။ ယုံကြည်မှုကင်းမဲ့မှုနဲ့ ပတ်သက်လို့ လုပ်ငန်းခွင်ထဲမှာ အခက်အခဲတွေ အများကြီး ဖြစ်စေတာကိုလည်း တွေ့ရတယ်။ လုပ်ငန်းတစ်ခုမှာ ၀န်ထမ်းတစ်ဦး စတင် ခန့်အပ်တာဝန်ပေးပြီ ဆိုရင် သူ့အပေါ် လုပ်ငန်းကနေပြီး ယုံကြည်မှု စတင် ပေးအပ်ရမှာ ဖြစ်တယ်။ လုပ်ငန်းခွင် အသစ်မှာ စတင်ဝင်ရောက်စ ၀န်ထမ်းအသစ်ကို အချိန်အတိုင်းအတာ တစ်ခုအထိ သူ့ရဲ့ အရည်အချင်းတွေကို ထုတ်ပြနိုင်အောင် အခွင့်အလမ်းပေးရမယ်။ တကယ်တမ်း ခန့်အပ်လိုက်တဲ့ ရာထူးနဲ့ ခံစားခွင့်ဟာ သူ့အတွက် ထိုက်တန်မှုရှိတယ်လို့ လုပ်ငန်းရှင်ဖက်က ခံယူတဲ့အတွက်သာ ဆက်လက်တာဝန် ပေးခန့်အပ်ထားတာ ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမှ စေတနာသုံးတန် ပြဌာန်းပြီး အပိုဆောင်း ခံစားခွင့် ပေးထားတာမရှိပါဘူး။

ခေတ်ကာလ အခြေအနေအရ လုပ်ငန်းခွင်တွေမှာ တာဝန်ယူရတဲ့ လုပ်ငန်းတာဝန်နဲ့ တာဝန်ထမ်းဆောင်သူ ၀န်ထမ်းရဲ့ အသက်အရွယ်ဟာ ကွာဟမှုတွေရှိလာတယ်။ အယင်က အသက် ၃၀ကျော် ၄၀ တွေ တာဝန်ယူတဲ့နေရာတွေမှာ အခု ၂၀ ကျော်တွေ ၀င်ရောက်လာတယ်။ အယင်က ၂၀ ကျော် ၃၀ တွေ တာဝန်ထမ်းဆောင်တဲ့ နေရာတွေမှာ အခု အသက်၂၀ အောက် လူငယ်တွေ အစားထိုး ၀င်ရောက်တာဝန်ယူလာကြတယ်။ အဲဒီ အခြေအနေမှာ လူငယ်နဲ့ လူကြီး အမြင် မတူမှုက ရံဖန်ရံခါမှာ အင်မတန် အနှောင့်အယှက်ပေးတယ်။ လူငယ်တွေ ဖြစ်ကြတာက တကြောင်း၊ အတွေ့အကြုံ နုနယ်သေးတာက တစ်ကြောင်းမို့ လူကြီးတစ်ယောက်လောက် နေရာတိုင်းမှာ Perfect ဖြစ်ချင်မှ ဖြစ်မယ်။ သို့ပေမဲ့ လူငယ်တွေကို နေရာ မပေးလို့ မရဘူးဆိုတာ လူကြီးအရွယ်က လူတွေ သိနား လည်ပေးဖို့လိုအပ်လှပေတယ်။ တကယ်တမ်းမှာ အခုလက်ရှိ အမှန်တကယ် လှုပ်ရှားနေတဲ့ လူမှု အဖွဲ့အစည်း(Working Force) ထဲမှာ လူငယ်တွေရဲ့ တာဝန်ယူနေမှု အပိုင်းကိုလည်း မေ့မထား ဖို့လိုအပ်ပေတယ်။

ဆိုတော့ကာ အထက်အကြောင်းအရာ ၂ ခုကို ပြန်ပေါင်းရရင် လုပ်ငန်းခွင်တွေမှာ လူငယ် အလုပ်သမားတွေ ခန့်အပ်တဲ့အခါ ဦးစွာပထမ လူငယ်တွေရဲ့ လုပ်ငန်းစွမ်းရည်ကို Under Estimate မလုပ်မိဖို့ လွန်စွာမှ အရေးကြီးတယ်။ Under Estimate လုပ်လိုက်မိတဲ့ နောက်မှာ သူ့အပေါ်ထားတဲ့ ယုံကြည်မှု လျော့ပါး ပျောက်ကွယ်သွားတတ်တယ်။ အဲဒီယုံကြည်မှု လျော့ပါး ပျောက်ဆုံးမှုရဲ့ နောက်ကွယ်က ထပ်ကြပ်မကွာ လိုက်ပါလာနိုင်တဲ့ အကြောင်းတရားက လုပ်ငန်းမှာ မလိုလားအပ်တဲ့ နှောင့်နှေးကြံ့ကြာမှုများနဲ့ အခန့်မသင့်တဲ့အချိန်မှာ ဆုံးရှုံးနစ်နာမှုများပါ ဖြစ်စေနိုင်တဲ့ အထိ အန္တရာယ်ြ ကီးမားတဲ့ အတွက် အောင်မြင်သော လုပ်ငန်းခွင်တစ်ခု ဖြစ်စေရေးအတွက် ယုံကြည်မှု အခြေခံသော ပတ်ဝန်းကျင်အဖြစ် စတင် တည်ဆောက် သင့်ပါကြောင်း။

ဆက်လက် တွေးခေါ်ဖို့ ဝေမျှခြင်းပါ။

Intro to Fiber Optics

ဖိုင်ဘာအော့ပတစ် ဆက်သွယ်ရေး ပညာရပ် မိတ်ဆက် PowerPoint Presentation လေးပါ။
ဒီနေရာမှာ သွားရောက်ကြည့်ရှုနိုင်ကြောင်းပါ။

BAY OF HUNTERS