Feb 23, 2009

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် အကောက်ခွန်ကင်းလွတ် ပစ္စည်းများ

မောင်လူအေး ရန်ကုန် ပြန်စဉ်က လေဆိပ် အဆောက်အဦး အတွင်းမှာ ရေးသား ကြော်ငြာထားတဲ့ အကောက်ခွန် ကင်းလွတ် ပစ္စည်းများ ကြေငြာချက်ကို ဓာတ်ပုံ ရိုက်ယူ ခဲ့တာပါ။ ရန်ကုန် တစ်ခါ ပြန်မယ်လုပ်ရင် ဘယ်ဟာက အကောက်ခွန် လွတ်သလား၊ အကောက်ခွန် မလွတ်သလား၊ တစ်ယောက်က ပြောတော့ ဘယ်ပစ္စည်းက အကောက်ခွန် လွတ်တယ်၊ တစ်ယောက်က ပြောတော့ အကောက်ခွန် မလွတ်ပြန်ဘူး။ မသေချာ မရေရာမှုတွေ အတွက် မှီငြမ်းနိုင်ဖို့ ဖြစ်ပါတယ်ဗျား။





(အကောက်ခွန် ပေးဆောင်ရန်မလို၊ ပါမစ်မလိုသည့်)
ခွင့်ပြုထားသော ခရီးသည် တစ်ဦးကိုယ်သုံး၊ ၀န်စည်ပစ္စည်းများ

(၁) ခရီးဆောင် အပျော်တမ်းရိုက် ကင်မရာတစ်လုံး၊ ၄င်းနှင့် ဆက်စပ်နေသော ခရီးဆောင် အပိုပစ္စည်းတစ်စုံ (Professional ပစ္စည်းများမပါ)
(၂) (၁၅)ချောင်းထက်မပိုသော ဂေါက်သီးရိုက်တံ တစ်စုံ၊ တင်းနစ် (သို့)ကြက်တောင်ရိုက်တံ (၂)ချောင်း၊ ငါးမျှားတံ တစ်ချောင်းနှင့် ရစ်ဘီး၊ ကြိုး၊ ငါးစာအတု စသည့် ငါးမျှားကိရိယာ တစ်စုံ။
(၃) စက်ဘီးတစ်စီး
(၄) ဆရာဝန်ခွင့်ပြုချက်ဖြင့် ဖြစ်စေ၊ လမ်းခရီးတွင် ခရီးသည် အမှန်တကယ် သုံးစွဲရန် လိုအပ်သည့်တားမြစ် ကန့်သတ်ချက်မရှိသော ကိုယ်သုံးဆေးဝါးများ
(၅) နှစ်လီတာထက် မပိုသော အရက်ယမကာမျိုးစုံ
(၆) (၁၅၀) ml ထက်မပိုသော ရေမွှေး
(၇) လိပ်ရေ (၄၀၀) ထက် မပိုသော စီးကရက်၊ လိပ်ရေ (၅၀) ထက်မပိုသော ဆေးပြင်းလိပ်၊ (၂၅၀) gm ထက်မပိုသော ဆေးတံသောက်ဆေး
(၈) မြန်မာနိုင်ငံသားခရီးသည်၊ မြန်မာနိုင်ငံမှ ထွက်ခွာသွားချိန်တွင် ဗဟိုဘဏ်၏ ခွင့်ပြုချက်ဖြင့် ယူဆောင်သွားသော လက်ဝတ်ရတနာများ
(၉) ခရီးသည် လမ်းခရီး အသုံးပြုရန်ဖြစ်သော ခရီးဆောင် Portable Audio Player တစ်ခု
(၁၀) အမှတ်တရ ရိုက်ကူးရေးအတွက် ခရီးဆောင် Video Camera, HD Cam, DV Cam စသည့် ကိရိယာ တစ်ခုနှင့် အရံ ဓာတ်ခဲ တစ်စုံ
(၁၁) ခရီးဆောင် ကွန်ပျုတာ တစ်ခု၊ ယင်းနှင့် ဆက်စပ် ပစ္စည်းတစ်စုံ
(၁၂) တန်ဖိုး အမေရိကန် ဒေါ်လာ ၅၀၀ ထက်မပိုသော ခရီးသည် အသုံးပြုရန် လျှပ်စစ်နှင့် အီလက်ထရွန်းနစ်ပစ္စည်းများ
(၁၃) ရုပ်သံမသွင်းရသေးသော CD ပြားအကြီး (၆) ချပ်၊ အသေး (၁၂) ချပ်၊ MD (Mini Disc) (၆)ချပ်၊ ဗီဒီယိုတိတ်ခွေ အလွတ် (၆)ခွေ၊ အသံမသွင်းရသေးသော ကက်ဆက်ခွေ (၆)ခွေ၊ (DV Cam, HD Cam) များအတွက် အခွေလွတ် (၆) ခွေ၊ Portable Data Storage Thumb Drive (၂)ခု
(၁၄) အထက်ဖော်ပြပါ ပစ္စည်းများမှ အပ သတ်မှတ်ပြဌာန်းထားသော ဥပဒေ၊ ပြဌာန်းချက် တစ်ရပ်ရပ်နှင့် ငြိစွန်းခြင်း မရှိသော ခရီးသည် တစ်ဦး၏ ကိုယ်သုံးအတွက် ယူဆောင်လာသော ပစ္စည်းတန်ဖိုး အမေရိကန်ဒေါ်လာ (၅၀၀) ထက်မပိုသော ပစ္စည်းများကို ခရီးသည် ကိုယ်တိုင် အသုံးပြုရန်ဖြစ်သည်ဟု ညွှန်ကြားရေးမှုးချုပ် (သို့) ၄င်းမှ အာဏာ လွှဲအပ်ထားသော အကောက်ခွန် အရာရှိမှ ယုံကြည်လက်ခံလျှင် အကောက်ခွန် ကင်းလွတ်ခွင့်ရှိသော ၀န်စည်အဖြစ် သတ်မှတ်နိုင်သည်။
(၁၅) နိုင်ငံတော်အဖွဲ့အစည်းများနှင့် ဆက်စပ်၍သော်လည်းကောင်း၊ ပုဂ္ဂလိက ကုမ္ပဏီများနှင့် ဆက်စပ်၍ သော်လည်းကောင်း၊ နိုင်ငံတော်အတွင်း ရင်းနှီးမြှုပ်နှံမှုနှင့် အခြား လုပ်ငန်းတာဝန်များ ဆောင်ရွက်ရန် ရောက်ရှိလာသည့် နိုင်ငံခြားသားများ ယူဆောင်လာသည့် အောက်ဖော်ပြပါ ပစ္စည်းများကို နိုင်ငံတော်မှ ပြန်လည် ထွက်ခွာချိန်တွင် ပြန်လည်ယူဆောင်သွားပါမည်ဟု ကတိဝန်ခံချက်ပြုပါက စတင်ရောက်ရှိချိန်မှ တစ်နှစ်တာကာလအထိ အကောက်ခွန် ကင်းလွတ်ခွင့်ပြုသည့် ခရီးသည် ၀န်စည်အဖြစ် သတ်မှတ်နိုင်သည်။ တစ်နှစ်ကျော်လွန်သွားပါက အခွန်ပေးဆောင်ရမည် ဖြစ်သည်။
(က) VCR (သို့) DVD Player တစ်လုံး
(ခ) TV တစ်လုံး
(ဂ) ခရီးဆောင် radio တစ်လုံး (သို့) ကက်ဆက်တစ်လုံး (Home Theater မပါ)
(ဃ) Laptop (သို့) Notebook တစ်ခု
(င) လုပ်ငန်းသုံး Tools & Equipments များ
(၁၆) နိုင်ငံခြားတွင် သေဆုံးသွားသော ခရီးသည်တစ်ဦး၏ ပစ္စည်းများကို နိုင်ငံတော်အတွင်းသို့ ပြန်လည် တင်သွင်း လာပါက အကောက်ခွန် ကင်းလွတ်ခွင့်ပြုသည့် ခရီးသည်ဝန်စည် အဖြစ် သတ်မှတ်နိုင်သည်။

(မှတ်ချက်။ ။ အမှတ်စဉ် (၁)မှ (၁၄) အထိ ဖော်ပြထားသော ပစ္စည်းများ၏ စုစုပေါင်းတန်ဘိုးသည် အမေရိကန် ဒေါ်လာ(၅၀၀) ထက်မပိုစေရ။)

အကောက်ခွန်ဦးစီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် - ၂/၂၀၀၇

Feb 21, 2009

ဘိုလိုပြောကြရအောင်... (၁)

မောင်လူအေး စာမရေးဖြစ်ဘဲ ရှိနေစဉ်မှာပဲ လာရောက်လည်ပတ် ဖတ်ရှုကြတဲ့ သူငယ်ချင်းများ ရှိနေဆဲ ဖြစ်တဲ့အတွက် မောင်လူအေး အနေနဲ့ လာလည်သူများကို ကျေးဇူးဥပကာရ တင်ရှိပါတယ်ဗျာ။ အယင်တစ်ခါ ဘိုလိုပြောကြရအောင် ပို့စ်တုံးကလည်း သူငယ်ချင်းတွေ သဘောကျ နှစ်ခြိုက်ကြတာ တွေ့ရတာမို့ ခုတစ်ဖန် အလားတူ စာအုပ်နဲ့ လေ့လာနားဆင်စရာ Mp3 လေးတွေ ထပ်မံ ရှာဖွေ ထားခြင်းပါ။ Download လုပ် ဖတ်ဖို့ အဆင်မပြေဘူး ဆိုတဲ့ သူငယ်ချင်းများ အတွက်လည်း Embedded Book ပုံစံနဲ့ ဖတ်လို့ရအောင် တင်ထားပေးပါတယ်။ သူငယ်ချင်းများ အတွက် အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်ဗျာ။

Download Here!


Feb 12, 2009

လူလည် အာရှသား

ရေး/ဆို အရိုး

လူလည် အာရှသား

(တချို့လူတွေကို)၂ အားကျပြီး ရှိစုမဲ့စုတွေရောင်းချပြီး
လေယာဉ်ပျံပေါ်တက်နှုတ်ဆက်တော့ ကျွန်တော် ခန့်ခန့်ကြီးဗျ

(အမေ့ကိုမှာမယ်)၂ အမေမှတ်သာထား
အမျိုးနဲ့ရပ်ကွက်ကို ပတ်သာကြွား ကျွန်တော်ဒီနေ့ပဲ ဖောရင်းသွားပြီ ဖလိုက်အသစ်ကြီးနဲ့ဗျ

(ကောင်းကင်ပေါ်တက်)၂တော့ လန့်အော်တယ်
တဖြည်းဖြည်းမြင့်တက်လာ မိုးတိမ်ထဲ ပြတင်းပေါက်ကချောင်း သိကြားမင်းတွေ့ရင် နှုတ်ဆက်မလားပဲ

(မိုးပျံနေတဲ့)၂ တိုက်တွေကြား နည်းနည်း ရင်းနှီးတဲ့မျက်နှာများ
ခင်ဗျားတို့သုံးတတ်တဲ့ အခေါ်အဝေါ်တွေနဲ့ ကျွန်တော်နှုတ်ဆက်တယ်

ဘကုန်းလား ယပလက်လား ဖဦးထုတ် ဂငယ်လား ဒါမှမဟုတ် အ ပဲလား၊ မပဲလား
လူကုံထံ ရွှေတွေတဲ့လား၊ ဘယ်သူဘာဖြစ်ဖြစ် အလုပ်အတူသွား နေ၀င်မီးပိတ်
ပုရွက်ဆိတ်များ၊ အရုဏ်တက်တိုင်းထ မနက်တိုင်းတက်ကြွလူလည်အာရှသား

(မနက်ဆိုမြည်မယ်)၂ Alarm နာရီ ရည်းစားမှ ဖြောင့်အောင်မလွမ်းနိုင်မီ
အရောင်စုံလူတွေကြားထဲ တိုးရဦးမယ် အလုပ်နောက်မကျမီ

(အားရင်ထိုင်ရေး)၂ စာမျက်နှာတွေ ဖုန်းခဈေးကြီးလို့ မဆက်နိုင်သရွေ့
အဝေးကဦးချကြ ရွှေတိဂုံမြေ ပြန်မရောက်သေးသရွေ့တော့

ဘာဖြစ်ဖြစ် သတိသာထား ငါတို့ရည်းစား သူများနဲ့ညား
အသေသာမှတ်စွဲထား What so ever ပျော်အောင်သာနေကြ
မဟာလူတန်းစား အိပ်မက်များ၊ အိမ်ပြန်အခန်းပိတ် ကျိတ်ငိုကြ
အရုဏ်တက်တိုင်းထ မနက်တိုင်း တက်ကြွ လူလည် အာရှသား

Feb 9, 2009

Microsoft Office Project 2007 For Dummies

Project2007
မောင်လူအေး ရန်ကုန်က ပြန်ရောက်ပြီး ဘလော့လည်း မရေးဖြစ်၊ ပို့စ်လည်း မတင်ဖြစ်နဲ့ အလုပ်ရှုပ် (ချင်ယောင်ဆောင်)ရင်း တိုင်ပတ်နေတာ တော်တော်လေး ကြာသွားတယ်။ ရန်ကုန်က ပြန်ရောက်ပြီးတဲ့ နောက်မှာ ရေးစရာလေးတွေ ပါလာတယ်။ စာတွေက ခေါင်းထဲမှာ စီနေတုံးပဲ ရှိသေးတယ်။ ကွန်ပျူတာ ပေါ်ကို စာအနေနဲ့ ရောက်မလာနိုင်သေးဘူး ဖြစ်နေတယ်ဗျာ။ လာလည်ကြတဲ့ သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းများကိုလည်း အားနာပါတယ်။ ဆိုတော့ လောလောဆယ် မောင်လူအေး လုပ်နေတဲ့ အလုပ်နဲ့ ပတ်သက်တဲ့ Project Management ဆိုင်ရာ စာအုပ်လေး တစ်အုပ် မျှဝေပါမယ်။ Project Management နဲ့ ဆက်စပ် အလုပ်လုပ်ကြတဲ့ သူငယ်ချင်းများ အတွက် အထောက်အကူ ပြုမယ် ယူဆပါတယ်။ ခေါင်းထဲက စာတွေကတော့ တဖြေးဖြေးချင်း ကွန်ပျူတာပေါ်ရောက်အောင် ရေးသွားပါဦးမယ်။

Download Here!

Jan 23, 2009

Secrets of the Millionaire Mind

Secrets of the Millionaire Mind စာအုပ်ထဲက မှတ်သားဖွယ်ရာလေးတွေပါ။ ကျွန်တော်တို့ ခင်ဗျားတို့ ဘယ်လိုတွေးတယ် ဆိုတာကနေ ကျွန်တော်တို့ ခင်ဗျားတို့ ဘာဆိုတာ ဖြစ်လာစေတယ် ဆိုတဲ့ အချက်လေးကို ထိမိစေတဲ့ အတွက် ဒီနေရာကနေ တိုက်ရိုက် ကူးယူဖော်ပြပါတယ်။ ရှာတာက ဒီစာအုပ်ကို Download ဆွဲတာပါ။ ဖြစ်ချင်တော့ အောက်က အချက် ၁၇ ချက်ပါတာက အပိုင်း ၂ ဖြစ်နေတယ်ဗျာ။ အပိုင်း ၂ နဲ့ အပိုင်း ၃ ကိုတော့ ရှာပါဦးမယ်။ ရတော့ တင်ပေးတာပေါ့ဗျာ။ လောလောဆယ်တော့ ဒီပထမပိုင်းလေး နဲ့ပဲ ကျေနပ်ကြပါဦးဗျာ။


Download Here!

Seventeen Ways Rich People Think and Act Differently from Poor and Middle–Class People*
Most people understand we are creatures of habit, but what they don’t realize is that there are actually two kinds of habits: doing habits and not-doing habits. Everything you are not doing right now, you in the habit of not doing. The only way to change these not-doing habits into doing habits is to do them. Reading will assist you, but it’s a whole different world when you go from reading to doing. If you are truly serious about success, prove it, and do the actions suggested.
Wealth File # 1
Rich people believe “I create my life.”
Poor people believe “Life happens to me.”

Wealth File #2
Rich people play the money game to win.
Poor people platy the money game to not lose.

Wealth File #3
Rich people are committed to being rich.
Poor people want to be rich.

Wealth File #4
Rich people think big.
Poor people think small.

Wealth File # 5
Rich people focus on opportunities.
Poor people focus on obstacles.

Wealth File # 6
Rich people admire other rich and successful people.
Poor people resent rich and successful people.

Wealth File #7
Rich people associate with positive successful people.
Poor people associate with negative or unsuccessful people.

Wealth File #8
Rich people are willing to promote themselves and their value.
Poor people think negatively about selling and promotion.

Wealth File # 9
Rich people are bigger than their problems.
Poor people are smaller than their problems

Wealth File #10
Rich people are excellent receivers.
Poor people are poor receivers.

Wealth File # 11
Rich people choose to get paid based on results.
Poor people choose to get paid based on time.

Wealth File #12
Rich people think “both.”
Poor people thin “either/or.”

Wealth File #13
Rich people focus on their net worth.
Poor people focus on their working income.

Wealth File #14
Rich people manage their money well.
Poor people mismanage their money well.

Wealth File #15
Rich people have their money work hard for them.
Poor people work hard for their money.

Wealth File #16
Rich people act in spite of fear.
Poor people let fear stop them.

Wealth file # 17
Rich people constantly learn and grow.
Poor people think they already know.

Jan 22, 2009

Webster's New World Letter Writing Handbook


အမိ မြန်ပြည်ကနေ ခွာပြီး ရေခြား မြေခြားမှာ အလုပ်တွေ လုပ်ကြရတဲ့ခါ လိုအပ်တဲ့ ကျွမ်းကျင်မှုတွေထဲမှာ စီးပွားရေး ပေးစာများ ရေးသားမှု ကျွမ်းကျင်မှုကလည်း တစ်ခု အပါအ၀င် ဖြစ်လာပါပြီ။ ကမ္ဘာနဲ့ အ၀ှမ်း အင်တာနက် အီးမေးလ်တွေ မသုံးမဖြစ်တော့တဲ့ အနေအထား ရောက်နေကြတဲ့ ခေတ်ကာလမှာ လိုအပ်တဲ့ အီးမေးလ် ရေးသားမှု တိုးတက်ရေး အတွက် လေ့လာနိုင်စေဖို့ စီးပွားရေး ပေးစာများ ရေးသားနည်း စာအုပ်လေး မျှဝေခြင်းပါဗျာ။

Download Here!

Jan 21, 2009

တရုတ်နှစ်သစ်ကုး သီချင်းလက်ဆောင်

ဒီနှစ် တရုတ်နှစ်သစ်ကူး ပွဲတော်ရက်မှာ မောင်လူအေး အမိ မြန်မာပြည်မှာ ရှိပါမယ်။ သို့ကလို အမိ မြန်မာပြည်ကို ပြန်တဲ့ခါ လက်ရှိ သုံးနေတဲ့ System Unit ကို မြို့တော် ရန်ကုန်က ညီတော်မောင်များ အတွက် ယူသွားမှာ ဖြစ်လေတော့ မသွားခင်လေး စက်ကို ရှင်းလင်းရေး လုပ်ရင်းနဲ့ ထွက်လာတဲ့ သီချင်းလေးပါ။ အများစုတော့ နားထောင်ဖူးပြီးသား ဖြစ်မှာပါ။ တရုတ်နှစ်ကူးနဲ့ လိုက်ဖက်တဲ့ သီချင်းလေး ဖြစ်တာမို့ နားထောင်ဖူးပြီးသူများ ထပ်မံ နားဆင်ဖို့နဲ့ နားမထောင်ရ သေးသူများလည်း နားဆင်ကြည့်စေနိုင်ဖို့ပါဗျာ..။


BAY OF HUNTERS