ဝသန်မိုးဖွဲ ၊ ရွာသွန်းကြဲချိန်
ဝမ်းနည်းေ၀၀ါး ၊ နှလုံးသားမှာ
ကဗျာတစ်ပုဒ် ၊ သရုပ်သဏ္ဌာန်
ပုံမမှန်နှင့် ၊ ထံတော်ပါးသို့ ချဉ်းခဲ့၏။
အိုဘယ့်ကဗျာ ၊ သင့်ခန္ဓာသည်
ကာရံမညီ ၊ စဉ်းမပီသား
ခြားကန့်မရှိ ၊ အတိစုတ်ပြတ်
ဖြတ်ပိုင်းမပါ မရေရာ။
အိုဘယ့်ကဗျာ ၊ သင့်နေရာသည်
အချစ်လွှမ်းဖုံး ၊ အပြုံးပျော်ပါး
နှလုံးသားမှာ သင့်နေရာ။
မဆီမဆိုင် ၊ မပိုင်ရင်ထဲ
သင်လာခဲ့လည်း ၊ ၀မ်းနည်းေ၀၀ါး
နှလုံးသားမှာ ၊ ဒဏ်ရာကြေမွ အစစ။
ခဏနေငြား ၊ သင်ထွက်သွားမည်
ငါရည်ခဲ့လည်း ၊ စိတ်၏စေရာ
သင်ကဗျာသည် ၊ ငါ့အာရုံထဲ တ၀ဲဝဲ။
မခွဲထွက်သွား ၊ သင့်အားငါလျှင်
စာတင်ရေးချ ၊ သည်မိုးညသည်
ငါ့အတွက် အသက်မဲ့သတည်း။
လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကျော်ကရေးဖြစ်ခဲ့တဲ့ ကဗျာတစ်ပုဒ်ပါ။ ရေးထားတဲ့ စာအုပ်တောင် မရှိတော့ဘူး။ အမှတ်တရအနေနဲ့ ပြန်တင်ထားခြင်းပါ။
-
နာဂစ်ဆိုက်ကလုံး ၀င်ရောက်မွှေနှောက်သွားပြီးတဲ့ နောက်မှာ မြန်မာပြည်မှာ သေဆုံးသူ ၁ သိန်းကျော် နဲ့ အိုးမဲ့အိမ်မဲ့ ၁ သန်းကျော် ကျန်ရစ်တာ လူတိုင်းသ...
-
Though it was a bit late, I want to take this opportunity to be able to invite you to the Annual Gathering of Ex-GTI students from Pyay G...
-
Waso robe offering ceremony by Arakanese Association (Nay Pyi Taw) will be held on 9 am, 14th July 2013 (Sunday) at Aye Mya Shwe Pyi Mona...