Oct 31, 2007

အမြင်အာရုံ စစ်ကြည့်ရအောင်



သူငယ်ချင်းတစ်ယောက် အီးမေးလ်နဲ့ ပို့လိုက်တဲ့ ပုံလေးပါ။အီးမေးလ်ထဲမှာ ရေးထားတာက...
ဦးနှောက်ဘယ်ဖက်ခြမ်း အသုံးများလား၊ ညာဖက်ခြမ်း အသုံးများလား စစ်ဆေးတာ ဖြစ်ပါတယ်။
ပုံထဲက မိန်းကလေး လက်ယာရစ်လည်နေတယ်လို့ မြင်ရတယ်ဆိုရင် သင်ဟာ ဦးနှောက် လက်ဝဲဘက်ခြမ်းကို အသုံးပြုနေတယ်ဆိုပါတယ်။ လက်ဝဲရစ်လည်နေတယ်လို့ မြင်ရတယ်ဆိုရင် သင်ဟာ ဦးနှောက် လက်ယာဘက်ခြမ်းကို အသုံးပြုနေတယ်ဆိုပါတယ်။ အများစုက လားရာတစ်ထက်တည်းကိုပဲ မြင်ရပြီးတော့ တချို့သောသူများကတော့ လားရာနှစ်ဖက်လုံးကို မြင်ရတယ်ဆိုပါတယ်။ တကယ်လို့ လားရာတစ်ဖက်တည်းပဲ မြင်ရာကနေ၊ လားရာနှစ်ဖက်လုံး မြင်ရတဲ့ အထိ မြင်အောင် ကြည့်နိုင်တယ် ဆိုရင်တော့ သင်ဟာ အိုင်ကျူ၁၆၀ အထက်ရှိတဲ့ ပါရမီရှင်တွေထဲက တစ်ယောက်ဖြစ်နေပြီလို့ ဆိုပါတယ်။
ကဲ ကြိုးစားပြီး ကြည့်ကြည့်ရအောင်လား။


Unlimited Free Image and File Hosting at MediaFire

Oct 30, 2007

ရောက်ခဲ့ဖူးတဲ့ ငပလီ

ဒါကတော့ ကိုယ်ရိုက်တဲ့ ဓာတ်ပုံတွေ... မဟုတ်ပါဘူး။ အင်တာနက်ပေါ်မှာ ရှိတဲ့ ငပလီရဲ့ ဓာတ်ပုံလေးတွေ စုစည်းထားဖြစ်တာပါ။ တစ်နေ့က ဆန်တိုစာ ကျွန်းပေါ်က ဆီလိုဆိုကမ်းခြေ (သူတို့အခေါ် ကမ်းခြေပေါ့နော်) ကို ရောက်ဖြစ်တော့ ကိုယ်ရောက်ခဲ့တဲ့ ငပလီကို သွားသတိရမိပါတယ်။ အဲဒါနဲ့ အင်တာနက်ပေါ်မှာ ရှိတဲ့ ဓာတ်ပုံလေးတွေ စုစည်းပြီး တင်ဖြစ်ပါတယ်။












Oct 21, 2007

နှလုံးသားကွန်ပျုတာ


Digital နှလုံးသားနဲ့
L.C.D အပြုံးများထုတ်လုပ်
ENTER ခလုပ်နှိပ်တော့
အဟုတ်ပဲချစ်တယ်တဲ့...

ငါ့နှလုံးသားကတော့
Memory တွေ Down
Password တွေ ခဏခဏပြောင်းရင်း
နောက်ဆုံး Result ကျတော့
File Not Found တဲ့လားကွယ်...

ရိုက်ဖြစ်တဲ့ ဓာတ်ပုံတချို့ (၄)


ကင်မရာပါတဲ့ ဖုန်းတစ်လုံးရပြီးတဲ့နောက်မှာ လမ်းထွက်တိုင်း လက်ဆော့ပြီး လျှောက်လျှောက်ရိုက်တဲ့ ဓာတ်ပုံလေးတွေပါ။ ကြီးကြီးကျယ်ကျယ် ပြောမယ်ဆိုရင်တော့ လောကကကြီးက သဘာဝအလျောက် ခြယ်သပေးထားတဲ့ ဆေးချက်တွေကို မှတ်တမ်းတင်တဲ့ သဘောပေါ့။ မျက်စိ အညောင်းခံ ကြည့်ပေးကြတဲ့ သူငယ်ချင်းများကို ကျေးဇူးပါ။

Oct 18, 2007

Free Download Manager

Download လုပ်ရတာ အလွန်တရာမှ လျင်မြန်တဲ့ Free download Manager Software လေးပါ။ Download လုပ်ချင်တဲ့ ဖိုင်ကို အပိုင်းပိုင်းဖြတ်ပြီး Download ဆွဲပေးတာဖြစ်တဲ့ အတွက် ဖိုင်တော်တော်များများကို အချိန်တိုလေးအတွင်းမှာ ဆွဲချပေးနိုင်ပါတယ်။ အဓိက အရေးအကြီးဆုံး ထူးခြားချက်ကတော့ Free download Manager ကိုယ်တိုင်သည်ပင် Free Version ဖြစ်တယ်ဆိုတာပါပဲ။ နောက်ထပ် ထူးခြားတဲ့ အချက်တစ်ချက်ကတော့ Youtube Video File များကို တိုက်ရိုက် Download ဆွဲချနိုင်ခြင်းပဲဖြစ်ပါတယ်။ Download ချပြီး *.flv ဖိုင်ကိုလည်း *.avi အဖြစ်တခါတည်း Convert လုပ်နိုင်တဲ့ အတွက် Youtube Video တွေကို Download ဆွဲချင်သူတွေ အတွက်လည်း အဆင်ပြေပါတယ်။ ဒီနေရာမှာ download ဆွဲချနိုင်ကြောင်းပါ။

HEALTH ALERT -- DANGEROUS NEW VIRUS

There is a dangerous virus being passed around electronically, orally, and by hand.

This virus is called Weary-Overload-Recreational-Killer (WORK). If you receive WORK from any of your colleagues, your boss, or anyone else via any means DO NOT TOUCH IT. This virus will wipe out your private life completely.

If you should come into contact with WORK, put your jacket on and take two good friends to the nearest grocery store. Purchase the antidote known as Work-Isolating-Neutralizer-Extract (WINE) or Bothersome-Employer-Elimination-Rebooter (BEER). Take the antidote repeatedly until WORK has been completely eliminated from your system.

You should forward this warning to 5 friends. If you do not have 5 friends, you have already been infected and WORK is controlling your life.

မှတ်ချက်။ ။သူငယ်ချင်းထံမှ ရရှိသော အီးမေးလ်ကို မျှဝေခြင်းသာဖြစ်ပါသည်။

Oct 17, 2007

အသဲကွဲမိုးည

ဝသန်မိုးဖွဲ ၊ ရွာသွန်းကြဲချိန်
ဝမ်းနည်းေ၀၀ါး ၊ နှလုံးသားမှာ
ကဗျာတစ်ပုဒ် ၊ သရုပ်သဏ္ဌာန်
ပုံမမှန်နှင့် ၊ ထံတော်ပါးသို့ ချဉ်းခဲ့၏။

အိုဘယ့်ကဗျာ ၊ သင့်ခန္ဓာသည်
ကာရံမညီ ၊ စဉ်းမပီသား
ခြားကန့်မရှိ ၊ အတိစုတ်ပြတ်
ဖြတ်ပိုင်းမပါ မရေရာ။

အိုဘယ့်ကဗျာ ၊ သင့်နေရာသည်
အချစ်လွှမ်းဖုံး ၊ အပြုံးပျော်ပါး
နှလုံးသားမှာ သင့်နေရာ။

မဆီမဆိုင် ၊ မပိုင်ရင်ထဲ
သင်လာခဲ့လည်း ၊ ၀မ်းနည်းေ၀၀ါး
နှလုံးသားမှာ ၊ ဒဏ်ရာကြေမွ အစစ။

ခဏနေငြား ၊ သင်ထွက်သွားမည်
ငါရည်ခဲ့လည်း ၊ စိတ်၏စေရာ
သင်ကဗျာသည် ၊ ငါ့အာရုံထဲ တ၀ဲဝဲ။

မခွဲထွက်သွား ၊ သင့်အားငါလျှင်
စာတင်ရေးချ ၊ သည်မိုးညသည်
ငါ့အတွက် အသက်မဲ့သတည်း။


လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကျော်ကရေးဖြစ်ခဲ့တဲ့ ကဗျာတစ်ပုဒ်ပါ။ ရေးထားတဲ့ စာအုပ်တောင် မရှိတော့ဘူး။ အမှတ်တရအနေနဲ့ ပြန်တင်ထားခြင်းပါ။

Oct 12, 2007

Ringtone Generator

ကိုယ်ကြိုက်တဲ့ သီချင်းလေးတွေကို Ringtone အနေနဲ့ သုံးချင်သူတွေ အတွက် Ringtone Converter လေးပါ။ အမ်ပီသရီးတွေကို Ringtone တွေအဖြစ် စိတ်ကြိုက် Create လုပ်ချင်တိုင်းလုပ်၊ သုံးချင်သလိုသုံးနိုင်ပါတယ်။ Ringtone Converter လေးကို ဒီနေရာမှာ Download လုပ်ပါ။

အသင့်Download လုပ်နိုင်တဲ့
Ringtone တချို့
I Love You Baby
Love

Ringlord

Oct 11, 2007

နက်ကတိုင် စည်းနည်းများ

နက်ကတိုင်တစ်ခါတစ်ခါစည်းဖို့အရေး တိုင်ပတ်လွန်းတဲ့ ကျွန်တော့်အတွက် အီးမေးလ်နဲ့ ရောက်လာတဲ့ နက်ကတိုင် စည်းနည်းတွေပါ။ လိုချင်ရင်ပြန်ကြည့်လို့ ရအောင်လို့ ဘလော့လေးပေါ် တင်ထားဖြစ်ပါတယ်။






Oct 1, 2007

ရိုက်ဖြစ်တဲ့ ဓာတ်ပုံတချို့ (2)


စင်္ကာပူရောက် မြန်မာများပျော်စံရာ ပင်နီဆူလာ ပလာဇာ

ORCHARD ပတ်ဝန်းကျင်တစ်နေရာ

BUGIS STREET ထဲက INTERCONTINENTAL

BUGIS STREET မြင်ကွင်းတစ်ခု

BUGIS STREET
မြင်ကွင်းတစ်ခု


NATIONAL LIBRARY

BUGIS STREET
မြင်ကွင်းတစ်ခု


NATIONAL LIBRARY




သူတို့ဖျက်ကြလေပြီ

Unicode Version မောင်လူအေးတို့ ဘီအိုအိပ်ချ် ရုံးတည်ရာ လှိုင် ၂ ရပ်ကွက်၊ ရတနာမွန် အိမ်ယာအတွင်းက လမ်းများမှာ ယခု ရက်သတ္တပတ်အတွင်...