Dec 29, 2007

Global Warming နဲ့ ပတ်သက်၍ ...

ကမ္ဘာကြီး ပူနွေးလာမှုနဲ့ ပတ်သက်ပြီး ကမ္ဘာအရပ်ရပ်မှာ အယူအဆ အမျိုးမျိုးနဲ့ ဆွေးနွေး ပြောဆို နေကြတာ အတော် ကြာခဲ့ပါပြီ။ ကမ္ဘာကြီး အဓိက ပူနွေးလာရတာဟာ Green House Gases လို့ ခေါ်တဲ့ ဖန်လုံအိမ် အာနိသင် ဓာတ်ငွေ့တွေ လေထဲ စုဝေးခြင်းက အဓိက တရားခံလို့ ကောက်ချက် ချကြပါတယ်။ စကြာဝဠာရဲ့ စွမ်းအင် ပင်မရင်းမြစ်ဖြစ်တဲ့ နေဆီကနေ အပူစွမ်းအင်တွေဟာ ကမ္ဘာ့လေထုကို ဖြတ်ပြီး ကမ္ဘာ့မြေပြင်ပေါ်ကို ကျရောက်ပါတယ်။ ပုံမှန်အားဖြင့် ကမ္ဘာ့မြေပြင်ဟာ စွမ်းအင် အချို့ကို စုပ်ယူပြီး အချို့အ၀က်ကို လေထုထဲသို့ ပြန်လည် ထုတ်လွှတ်ပါတယ်။ ကမ္ဘာ့လေထုဟာ ပုံမှန် အားဖြင့် မြေပြင်က ပြန်လည် ရိုက်ခတ်ပြန်လာတဲ့ အပူတွေကို အာကာသသို့ ပြန်လည် စွန့်ထုတ်ပေးရပါတယ်။

လေထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ ကာဗွန်မိုနောက်ဆိုဒ် အစရှိတဲ့ ဖန်လုံအိမ်အာနိသင်ရှိ Gas တချို့ ရောက်ရှိ စုဝေးသွားတဲ့အခါ လေထုဟာ ကမ္ဘာမြေပြင်က ပြန်လာတဲ့ စွန့်ပစ်ရမဲ့ အပူဓာတ်ကို အာကသထဲသို့ ပြန်လည် စွန့်လွှတ်ပေးနိုင်ခြင်း မရှိတော့ပါဘူး။ စွန့်ပစ်ရမဲ့ အပူတွေ မစွန့်ပစ်နိုင်ပဲ တစတစ စုပေါင်းလာခြင်းသည် Global Warming ရဲ့ အစပဲဖြစ်ပါတယ်။

စက်မှုခေတ်ပြောင်းတော်လှန်ရေးနောက်မှာ စက်မှုထွန်းကားတဲ့ နိုင်ငံ အချို့ဟာ သူတို့ရဲ့ နိုင်ငံ စက်မှုလုပ်ငန်း တိုးတက်စေရေးအတွက် လုပ်ငန်းအပြိုင်အဆိုင် တိုးချဲ့လုပ်ကိုင်ကြရာက လေထုထဲသို့ နှစ်စဉ် Green House Gases တန်ချိန် ဘီလီယံပေါင်းမြောက်မြားစွာ ထုတ်လွှတ်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာ လေထုအတွင်း ဖန်လုံအိမ်အာနိသင်ရှိ ဓာတ်ငွေ့တွေ စုစည်းလာခြင်း၊ နှစ်စဉ် မိုးလေ၀သ စစ်တမ်းများအရ ကမ္ဘာကြီးရဲ့ ပျမ်းမျှ အပူချိန် တဖြည်းဖြည်း မြင့်တက်လာခြင်း၊ အာတိတ်နဲ့ အန္တာတိကဒေသက ရေခဲတောင်တွေ အရည်ပျော်နှုန်း မြန်ဆန်လာခြင်း၊ ကမ္ဘာရဲ့ အချို့ဒေသတွေမှာ ပင်လယ်ရေမျက်နှာပြင် မြင့်တက် လာနေခြင်း စတာတွေကြောင့် ကမ္ဘာကြီး ပူနွေးလာမှုကို လက်မခံလို့ မရတော့တဲ့ အခြေအနေရောက်ခဲ့ပါတယ်။ ဒီလို အကျိုးဆက်တွေ အားဖြင့် သိသာထင်ရှားနေတာတောင်မှပဲ အချို့သော သိပ္ပံပညာရှင်များက ကမ္ဘာကြီး ပူနွေးလာမှုဟာ မုတ်သုန်မိုး စောစောရွာစေခြင်းကစပြီး အနည်းငယ်သော ကောင်းကျိုးများကို ထောက်ပြပြီး ကမ္ဘာကြီးပူနွေးလာမှုကို အကောင်းမြင် ၀ါဒအချို့ ထုတ်ပြန်ခဲ့ကြပါသေးတယ်။ ဖန်လုံအိမ် အာနိသင် ဓာတ်ငွေ့လျှော့ချရေး သဘောတူညီချက်တွေ အကြိမ်ကြိမ်ရေးဆွဲ၊ လက်မှတ်တွေ ထိုးခဲ့ကြရာမှာလည်း အချို့ စက်မှုဖွံ့ဖြိုးစ နိုင်ငံတွေက လက်မှတ်ထိုးဖို့ ငြင်းဆိုခဲ့ကြတာတွေ အကြိမ်ကြိမ်ရှိခဲ့ပါတယ်။

တကယ်တော့ ကျွန်တော်တို့နေထိုင်ရာ ကမ္ဘာကြီးဟာ ကျွန်တော်တို့ကြောင့်ပဲ ထိခိုက်ဒဏ်ရာရနေခဲ့တာကြာပါပြီ။ သို့တိုင်အောင် ကျွန်တော်တို့ လူသားတွေ အနေနဲ့ သတိမမူ ဂူမမြင် နေထိုင်နေခဲ့ကြတာ ယခုထက်တိုင်ပါပဲ။ ကမ္ဘာကြီး တိုးတက်အောင် လုပ်တာလည်း လုပ်တာပါပဲ။ မိမိနေထိုင်ရာ ကမ္ဘာကြီး အကြောင်းလည်း အနည်းငယ် စေ့ငုလေ့လာ ထားသင့်တယ်လို့ ယူဆတဲ့ အတွက် ဒီလင့်လေးမှာ အကျယ်တ၀င့် သွားရောက်ဖတ်ရှုနိုင်ပါကြောင်း ဝေမျှလိုက်ပါတယ်ဗျာ။

P.S: ဒါကတော့ ကမ္ဘာကြီး ပူနွေးလာကြောင်း လူတွေ သတိထားမိအောင် ဖန်တီးထားတဲ့ ဟာသဆန်ဆန် ကာတွန်းလေးတွေပါ။


ကမ္ဘာကြီး ပူနွေးလာတာ ငြင်းမရအောင်ပဲနော...



ပူလွန်းလို့ မြောက်ဝင်ရိုးစွန်းမှာနေတဲ့ Santa တောင် အင်္ကျီ မကပ်နိုင်တော့ဘဲ ကုလားအုပ်စီး ခရီးသွားနေရတဲ့ ဘ၀ ရောက်နေရပါတယ်...



ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာတော့ Liberty လည်း Buoy ဆောင်ရတဲ့ ကိန်းဆိုက်ရောတဲ့...

Dec 26, 2007

BYE BYE '07 & WELCOME '08

၂၀၀၇ နှစ်ကတော့ လက်တပြပြ ဖြစ်နေပြီ။ သက္ကရာဇ် ၂၀၀၈ ကလည်း ရောက်လာဖို့ အရှိန် အဟုန်နဲ့ စိုင်းပြင်းနေလေရဲ့။ ၂၀၀၇ ကိုကတော့ အလုပ်ရှုပ်ခြင်းပေါင်း မြောက်မြားစွာနဲ့ နှုတ်ဆက်ရမဲ့ သဘောရှိနေပါတယ်။ လက်ရှိ အလုပ်လုပ်နေတဲ့ Project က လက်စသတ်ခါနီးဆိုတော့ အလုပ်က အခုမှ ကတ်ရှုပ်နေပါတယ်။ နေ့စဉ်နေ့တိုင်း ကိုယ့် ဘလော့ကို ကိုယ် ၀င်ကြည့်လိုက်တိုင်း လာလည်သွားကြတဲ့ သူငယ်ချင်း မိတ်ဆွေတွေကို အားနာ မိပါတယ်။ သူများတွေ ပို့စ် အသစ်တွေ တစ်ခုပြီးတစ်ခု တင်နေကြစဉ်မှာ မောင်လူအေးက တိုင်ပတ်နေတာနဲ့ ဘာမှ မရေးအား ရေးမယ် စိတ်ကူးလိုက်... စာတစ်ကြောင်း နှစ်ကြောင်းရေးလိုက်... အလုပ်ရှုပ်လိုက်နဲ့ စာတွေ လက်စမသတ် ဖြစ်သေးတာတွေက များနေတယ်။

လောလောဆယ်မှာ သက္ကရာဇ် ၂၀၀၇ ကတော့ မကြာခင် သုံးလေးရက်မှာပဲ နှုတ်ဆက်တော့မှာပါ။ ၂၀၀၇မှာ ကမ္ဘာမှာ ဘာတွေ ပြောင်းလဲမှုတွေ ဖြစ်ခဲ့သလဲ။ ကျွန်တော်တို့ ဘ၀တွေရော ပြောင်းလဲ ခဲ့သလဲ။ သေချာတာတော့ တစ်ရက်ထက် တစ်ရက် အသက်ကြီးလာကြတာနဲ့ အမျှ ဘ၀ဆိုတာထဲ ချည်းနင်း ၀င်ရောက်လာနေတာနဲ့ အမျှ အသက်ရှုရတာက အစ ငယ်ငယ်ကနဲ့ မတူတော့တာ အမှန်ပဲ။ တိုးတက်မှုတွေ အသီးသီး အသက ရရှိခဲ့ကြတာတွေ ရှိမယ်။ မှန်းထားသလောက် အောင်မြင်မှု မရခဲ့ကြတာတွေ ရှိမယ်။ ၂၄ နာရီချင်းတူတူရကြတဲ့ (သန်းခြောက်ထောင်ကျော်)လူသားတွေ အချင်းချင်းမှာ တချို့ကအောင်မြင်ပြီး တချို့က မှန်းသလောက် မဖြစ်ခဲ့တာာတွေရှိကြမယ်။ ကြိုးစားသလောက် အောင်မြင်မှုရကြတာတွေ ရှိသလို မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့ကြတာတွေ လည်းရှိမယ်။ ကြိုးစားသလောက် အောင်မြင်ခဲ့ကြသူတွေ အတွက် ဆက်ကြိုးစားဖို့ ခွန်အားသစ်တွေ မွေးမြူဖို့ လို အပ်သလို၊ အကြိမ်ကြိမ် ကြိုးစားတာတောင် အောင်မြင်မှု မရသူတွေ အတွက်တော့လည်း နည်းနာ နိသယ အသစ်တွေ ရှာဖွေဖို့ လိုလေမလား သုံးသပ်ကြရမဲ့ ဆုံမှတ်တစ်ခုလို့ ဆိုရင်လည်း မှားအံ့ မထင်ပါဘူး။ ဆိုတော့...

၂၀၀၇ သည် ကျွန်တော်တို့ ထင် သလောက် အောင်မြင်ခဲ့ရဲ့လား
အောင်မြင်ခဲ့တယ်ဆိုရင် ဘယ် အချက်တွေ မှာအားသာလို့ ဘယ်အချက်တွေမှာ ကျွန်တော်တို့ ထပ်အားဖြည့်သင့်သလဲ
တကယ်လို့ တချို့ အချက်တွေ မအောင်မြင်ခဲ့ဘူးဆိုရင်ရော.. ဘယ် အချက်တွေ အားနည်းလို့ ဘယ် နည်းစနစ်တွေမှာ အားနည်းချက်တွရှိခဲ့သလဲ

၂၀၀၈ အတွက်ရော..
ဘာတွေ စီစဉ်ထားပြီးပါပြီလဲ...
စီစဉ်ထားတဲ့ အချက်တွေ အောင်မြင်ဖို့ ဘာတွေ အားကူ ထပ်ဖြည့်စရာတွေ လိုပါသလဲ
၂၀၀၈ ရဲ့ ဒီဇင်ဘာ ဒီရက်မျိုးမှာ "ငါတော့ဖြင့် ဒါတွေ အောင်မြင်ပြီးမြောက်ခဲ့ပြီ" လို့ တွေးပျော်နိုင်ဖို့ ဘာတွေ ကြိုတင်စီစဉ်ရမလဲ...

တွေးခေါ်စရာလေး တစ်ခုအနေနဲ့ ဝေမျှခြင်းပါ။ ကုန်သွားတာကို တမ်းတ ၀မ်းနည်းနေစရာ မဟုတ်ပေမဲ့ နောက်ထပ်ရောက်လာမဲ့ နှစ်သစ်အတွက် မိမိ ဖြတ်ကျော် အောင်မြင်စရာ လေးတွေ စီစဉ် ပြင်ဆင်ထားခြင်းအားဖြင့် အားသစ် အင်သစ် စိတ်သစ်လူသစ်နဲ့ HAPPY NEW YEAR လို့ ဟစ်အော်ရင်း နှစ်သစ်ကို ကြိုဆိုမယ်ဆိုရင်.. ပိုပြီး အဓိပ္ပာယ်ပြည့်ဝမယ်လို့ ယူဆမိပါတယ်ဗျာ...

Dec 19, 2007

ကမ္ဘာတလွှားက ညရှုခင်းများ...

ကမ္ဘာနဲ့ အ၀ှမ်းက မြိုတော်တချို့ရဲ့ ညရှုခင်းလေးတွေပါ။ ကျုပ်တို့ရဲ့ ရန်ကုန်ရွှေမြို့တော်ကြီးလည်းပါသဗျ။ ခံစားကြည့်ကြပါဦး။

Dec 12, 2007

သီချင်းလက်ဆောင်

ဘလော့ဂါညီအစ်ကို မောင်နှမများထဲက အပျိုကြီးမမများအတွက် သီချင်းလက်ဆောင်လေးတစ်ပုဒ်ပါ။ ခံစားနားဆင်ပေးကြပါဦးလို့... မေတ္တာတော့ မပို့ကြေးပေါ့...
ယောက်ျားယူမယ်...

Dec 11, 2007

Gtalk Always Idle လုပ်ရအောင်...

မသိသူသေးသူတွေ ပေးသိတဲ့ အတွက် ကျေးဇူးတင်ကြပြီး သိပြီးသားသူတွေကတော့ ဖွရလားဟဲ့လို့ ၀ိုင်းမေတ္တာပို့ကြမဲ့ ဆော့ဖ်ဝဲလေးပါ။ Gtalk Messenger ပေါ်မှာ အယင်တုံးကတော့ မိတ်ဆွေ အပေါင်းအသင်း မရှိလို့ Chat ချင်တယ် Chat ချင်တယ်။ မိတ်ဆွေအပေါင်းအသင်းတွေများလာတဲ့ခါကျတော့ အားမှန်းမသိ၊ မအားမှန်းမသိ အတင်း စွတ်ရွတ် ခေါ်တတ်ကြတာတွေကို ရှောင်ရှားရေးGtalk ကို အမြဲ Idle လုပ်ထားရင် မ Good ဘူးလားဗျာ။ (ဘယ့်နှယ်ပြောပါလိမ့်နော်... ) ကဲ Gtalk ကို Idle လုပ်ပေးမဲ့ ဆော့ဖ်ဝဲလေးကို ဒီမှာ Download လုပ်ဗျာ။

Download လုပ်ပြီးနောက် Install လုပ်လိုက်ပါ။
Installation ပြီးတဲ့ခါကျရင် Gtalk ကိုဖွင့်၊ Window Taskbar ပေါ်က Gtalk Icon ပေါ်မှာ Right Click ခေါက်ပြီး Always Idle ကိုသာ ရွေးလိုက်တော့ဗျို့။

Dec 8, 2007

ခံစားခွင့်တိုးမြင့်ရေးနည်းလမ်းတစ်ခု…

ကုမ္ပဏီတွေကောင်းစားတဲ့ ခေတ်ကာလမှာ ကုမ္ပဏီ ၀န်ထမ်းအဖြစ် အလုပ်လုပ်နေကြတဲ့ ဘလော့ဂါ ညီ အစ်ကို မောင်နှမတွေ အတွက် အသုံးတည့်မဲ့ နည်းလမ်းလေးတစ်ခု။ ကုမ္ပဏီမှာ အလုပ်လုပ်ကြတဲ့ခါကျတော့ ရတဲ့လခက နည်းတယ်။ ပေးထားတဲ့ လခနဲ့ မတန်အောင် အခိုင်းခံရတယ်။ တကယ်ဆို သူများကုမ္ပဏီမှာဆို ဒီလောက်လုပ်ရင် ဘယ်လောက်ရတာ… ဒါတွေက ညည်းနေကျ စကားရပ်များ အဖြစ် ကိုယ်တိုင်လည်း ညည်းခဲ့ဖူး၊ လုပ်ဖော်ကိုင်ဖက်တွေ ညည်းတာတွေလည်း ကြားခဲ့ဖူးမှာပါ။

ဒီလို အခြေအနေကို ကြုံလာခဲ့ရရင် အများစုက ဘာလုပ်သလဲ။ သေချာတာကတော့ ၁၀၀ မှာ ၈၀ က ပေးထားတာထက် လျှော့ပေါ့မလုပ်ရင်နေမယ်။ ပိုပြီးတန်အောင်တော့ မကြိုးစားကြတော့တာ တွေ့ရတယ်။ အစကတည်းက ခံစားခွင့်၊လခက မတိုးရတဲ့ ကြားထဲမှာ အလုပ်ကို တန်ရာတန်ကြေးပဲသဘောထားလုပ်တဲ့ခါကျတော့ အဲသည် အလုပ်သမား၊ ၀န်ထမ်းသည် ဘယ်သောအခါမှ ခံစားခွင့် ထပ်တိုးပေးခြင်းမခံရတော့ပါဘူး။ အဲဒါနဲ့ပဲ ချာလည် ချာလည်နဲ့ ကုမ္ပဏီတစ်ခုမှာ မလုပ်၊ မရှုပ်၊ မပြုတ် ၀န်ထမ်းအဖြစ် နှစ်ပေါင်းများစွာ လုပ်နေကြရတော့တာပါပဲ။

ဒီတော့ ကုမ္ပဏီဝန်ထမ်းအဖြစ် တာဝန်ထမ်းနေကြတဲ့ ဘလော့ဂါညီအစ်ကို မောင်နှမများ …. (နည်းနည်းတော့ ဆရာလုပ်မယ်ပေါ့နော်…) ခံစားခွင့်၊ လစာ ဒီထက်မတိုးချင်ဘူးလား။ (ဘယ်ပြောပါလိမ့်နော်) ကဲ တိုးချင်တယ်ဆိုရင် ကျွန်တော့်တုံးက သုံးခဲ့တဲ့ နည်းလေးဝေမျှမယ်ဗျာ…

ကျွန်တော့်နည်းက ရှင်းရှင်းလေးပါ။ အခုလောလောဆယ် ကို ဒီလောက်ပဲရနေတယ်ဆိုတာ ကို့ရဲ့ လုပ်ရည်ကိုင်ရည်၊ လုပ်ကိုင်ဆောင်ရွက်မှုတန်ဖိုးဟာ ဒီလောက်ပဲ တန်သေးလို့ပါ။ အဲဒီတော့ ဒီထက်များများလိုချင်ရင် ဘာလုပ်မလဲ၊ ဒီထက် ထိုက်တန်အောင် ကိုက ကြိုးစားရုံပဲရှိတော့တာပေါ့။ ဘယ်လိုကြိုးစားရမယ်ဆိုတာကတော့ ကိုယ်လုပ်နေတဲ့ လုပ်ငန်းခွင်နဲ့ စပ်လျဉ်းပြီး ကိုယ်သာ အသိဆုံးဖြစ်မှာပါ။

ဒီလိုပြောတော့ စာရှုသူက ပြန်ပြောချင်မယ်။ အမယ် သူများကုမ္ပဏီတော့ ဟုတ်ချင်ဟုတ်မယ်။ တို့ကုမ္ပဏီကတော့ ဒီလို မဟုတ်ပေါင်… အခုထက် ဆယ်ဆမကလုပ်ပေးလည်း လခတိုးမပေးဘူး။ မောင်ရင့်နည်းက တို့ကုမ္ပဏီအတွက်တော့ မှားသွားပြီဆိုပြီး ပြောချင်သူတွေ ရှိနိုင်ပါတယ်။ အိုကေ… အဲဒီအတွက် အဖြေက ဒီလိုရှိပါတယ်။

လောကကြီးဟာ မျှခြေအခြေအနေမှာ အမြဲရှိနေတယ်။ လူတစ်ဦးနဲ့ သူရောက်နေတဲ့ နေရာရဲ့တန်ဖိုးကို လောကကြီးက အမြဲ ချိန်ညှိပေးရပါတယ်။ ၁၀ ဖိုးတန်တဲ့သူနဲ့ ၁၀ ဖိုးတန်တဲ့ နေရာနဲ့ အမြဲ ဒွန်တွဲပေးရပါတယ်။ အကယ်လို့ ကိုယ်ရောက်နေတဲ့ နေရာသည် ၁၀ တန်တဲ့နေရာဖြစ်ပြီး ကိုယ်က အဲဒီထက် ပိုတန်ဖိုးမြင့်နေခဲ့မယ်ဆိုရင် (၁၅ ကျပ်တန်တယ်ဆိုပါစို့ဗျာ) အခြေအနေနဲ့ လူသည် တန်ဖိုး မကိုက်ညီတော့ပါဘူး။ အဲဒီအခြေအနေမှာ လောကကြီးရဲ့ မျှခြေ ပျက်နေပြီဆိုတာ လောကကြီးက သိပြီး ပြန်ညှိပေးရပါတယ်။ ညှိတဲ့ ပုံစံက နှစ်နည်းဖြစ်နိုင်ပါတယ်။ လက်ရှိ မိမိလုပ်နေတဲ့ ကုမ္ပဏီက မိမိကို ခံစားခွင့်တိုးပေးသည်ဖြစ်စေ၊ အကယ်လို့ တိုးမပေးခဲ့ဘူးဆိုရင်လည်း မိမိရဲ့ အခု ခံစားခွင့်ထက်ပိုတဲ့ ခံစားခွင့် ပေးတဲ့ အလုပ်ကို ပြောင်းရွှေ့နိုင်မဲ့ အခွင့်အလမ်း ရရှိလာပါလိမ့်မယ်။ အဲဒီအခါ မိမိက နှစ်လမ်းထဲက တစ်လမ်းရွေးရုံပါပဲ။ မိမိကုမ္ပဏီက တိုးပေးတဲ့ ခံစားခွင့်ကို ကျေနပ်တယ်ဆိုရင် ဆက်လက်တာဝန်ထမ်းဆောင်နိုင်ပြီး၊ တိုးမပေးခဲ့ဘူးဆိုရင်တော့ တိုးပေးတဲ့ ကုမ္ပဏီကို ပြောင်းရုံပါပဲ။

သို့အတွက် အခုလက်ရှိအလုပ်သည် မိမိအတွက် မထိုက်တန်ဘူးလို့ ပဲဖြစ်ဖြစ်၊ မိမိရတဲ့ ခံစားခွင့် လခသည် လုပ်နေရတဲ့ တာဝန်နဲ့ မထိုက်တန်ဘူးလို့ ယူဆခဲ့ရင်ပဲ ဖြစ်ဖြစ် အခုထက် ပိုတန်အောင်သာ ကြိုးစားလုပ်ပေတော့ ဗျို့… ကျွန်တော်နဲ့ ကျွန်တော့် သူငယ်ချင်းတချို့တော့ ဒီနည်းနဲ့ ကြိုးစားခဲ့တာ အောင်မြင်မှုရခဲ့ပါတယ်။ သူငယ်ချင်းတို့လည်း အဆင်မပြေဘူးဆိုရင် စမ်းကြည့်နိုင်အောင်လို့ ဝေမျှလိုက်ခြင်းပါ။….

Dec 5, 2007

ပထမ (သို့) ဒုတိယ

ကုလားတန်မြစ်၏ တစ်ခုသော ညနေ။ မြစ်ကမ်းနဘေးသို့ ကလေးငယ်နှစ်ဦး လမ်းလျှောက်လာနေ၏။ ကလေးငယ်နှစ်ဦးမှာ တစ်ဦးက ၁၀နှစ်ခန့်၊ တစ်ဦးက ၈နှစ်ခန့်။ ကလေးအကြီးက အငယ်ကို ပခုံးပေါ်လက်တင်ပြီး လျှောက်လာ၏။ လွယ်လာသော လွယ်အိတ်နှင့် ၀တ်စားထားပုံကို ထောက်ရှုခြင်းအားဖြင့် ကျောင်းမှပြန်လာသော ကျောင်းသားလေးများ ဖြစ်ပုံပေါ်သည်။ ကလေးအငယ်၏ လက်ထဲတွင်လည်း ဗလာစာအုပ်တချို့၊ ခဲတံတချို့ကိုင်ထားသေး၏။

မြစ်ကမ်းနံဘေး တစ်နေရာအရောက် ကလေးအကြီးက


"ကဲ ညီလေး လာ.. ကိုကိုတို့ ဒီမှာထိုင်ရအောင်"

"ဟုတ်ကဲ့ ကိုကို" ဟုဆိုကာ ကလေးအကြီး ထိုင်သော ကျောက်ခုံပေါ် ဘေးချင်းယှဉ်ထိုင်လိုက်၏။

ထိုင်ကြပြီးနောက် ကလေးအကြီးက...

"ကဲ ညီလေး... မင်းဒီနေ့ ဆုရတဲ့ ဗလာစာအုပ်နဲ့ ခဲတံပေးစမ်း"
ကလေးအငယ်က လက်ထဲ တယုတယကိုင်လာသော ဗလာစာအုပ်နှင့် ခဲတံတချို့ကို ပေးလိုက်၏။ ကလေးအကြီးက ထိုစာအုပ်နှင့် ခဲတံများကို ယူ၏။ သို့နောက် ဘေးနားတွင်ကျနေသော ကျောက်ခဲခပ်ကြီးကြီး တစ်လုံးကိုရှာ၏။ ရသောအခါ ၄င်းကျောက်ခဲဖြင့် စိတ်တိုင်းကျ ထုခြေ၏။ ထုခြေလို့ အားရသော် ရှိသမျှ အားဖြင့် မြစ်ထဲသို့ လွှင့်ပစ်လိုက်လေတော့၏။

ညီအငယ်လုပ်သူမှ အစ်ကို၏ လုပ်ရပ်ကို နားမလည်သလို မျက်နှာပေးဖြင့် ဘေးမှ နှမြောတသစွာ ကြည့်နေရုံသာတတ်နိုင်၏။

ညီအငယ်မှ နှမြောတသစွာဖြင့်

"ကိုကို.... အဲဒါ ဘာလုပ်တာလဲ... "
"အဲဒါ ကျောင်းတစ်ကျောင်းလုံးက လိုချင်နေတဲ့ ဆုလေ..." "အဲဒီ ဆုရဖို့ ကျွန်တော်တို့ ဘယ်လောက်ကြိုးစားခဲ့ရသလဲ..." "ကြိုးစားလို့ အခု ဆုရခဲ့ပြီ... ရလည်းရရော.. ကိုကိုက ဖျက်ဆီးပစ်တယ်" "အိမ်က အမေ အဖေတို့ မေးရင်ကျွန်တော်တို့ ဘယ်လို ပြန်ပြောမလဲ"

အစ်ကို ဖြစ်သူက....

"အေး... ညီလေး... ဒီဆုဟာ...တစ်ကျောင်းလုံးက လိုချင်နေတဲ့ ဆုဆိုတာ မှန်တယ်...
ဒါပေမဲ့... ငါနဲ့ မင်းနဲ့.. လိုချင်ခဲ့တာ ဒီဆုမဟုတ်ဘူး...

ငါတို့ လိုချင်ခဲ့တာ ပထမဆု... အခုရတာက ဒုတိယဆု... မင်းမြဲမြဲမှတ်ထား... ဘယ်တော့မှ... ကိုယ့်ကိုကိုယ် ဒုတိယဆုနဲ့ ထိုက်တန်တယ်လို့ မသတ်မှတ်လေနဲ့...
ငါတို့လိုချင်တာ ပထမဆု... အေး... အဲဒီအတွက် ပထမဆုမရရင်... လုံးဝမယူနဲ့... "

ဇာတ်ဆောင်အဖြစ် ပါဝင်သူ နှစ်ဦးက ကလေးအကြီး အမည်က ပေါ်ထွန်းအောင်၊ အငယ်က ကျော်ထွန်းအောင်။ ပေါ်ထွန်းအောင်ဆိုသူက နောင်တစ်ချိန်မှာ မြန်မာလွတ်လပ်ရေးအတွက် မျက်စိဖွင့်ပေးခဲ့သူလို့ သမိုင်းမှာ လူတွေသိကြတဲ့ အသျှင်ဦးဥတ္တမအလောင်းအလျာ။

ဒီအတ္ထုပ္ပတ္တိကို ဖတ်ဖြစ်ခဲ့တာ ဟိုးငယ်စဉ်ကလေးဘ၀ကတည်းက၊ သို့ပေမဲ့ ဆရာတော်လောင်းလျာဖြစ်တဲ့ ပေါ်ထွန်းအောင်ရဲ့ ပြောစကား... အဲဒီဇာတ်ကွက်လေးက မျက်စိထဲက မထွက်... အဲဒီ စိတ်ဓာတ်နဲ့ပဲ ဆရာတော်ဟာ ဘ၀မှာ ဒုတိယဆုကိုဆို လက်မခံဘဲ ပထမဆုသည်သာ ငါနဲ့ထိုက်တန်တယ်လို့ ယူဆပြီး ကြိုးစားခဲ့တဲ့အတွက် အရှေ့အာရှတလွှားမှာ အထင်ကရ ပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့တဲ့ အထိ။

ကျုပ်တို့ ဘ၀တွေမှာရော... ကံကြမ္မာက ပေးလာတဲ့ အချိုသတ်နှစ်သိမ့်တဲ့ ဒုတိယဆုတွေ ဘယ်နှစ်ခုများ ကျုပ်တို့ လက်ခံခဲ့ ပြီးပြီလဲ...

သေချာတာ တစ်ခုကတော့...
မိမိကိုယ်ကို ဒုတိယဆုနဲ့ ထိုက်တန်တယ်လို့ သတ်မှတ်နေသမျှ ကာလပတ်လုံး ပထမဆုဟာ ကျုပ်တို့နဲ့ အဝေးကြီး ဖြစ်နေဦးမယ်
ဆိုတာပါပဲ...

Dec 1, 2007

World AIDS DAY-2007



ဒီဇင်ဘာလ (၁) ရက်နေ့ဟာ ကမ္ဘာ့ ခုခံအားကျဆင်းမှုကူးစက်ရောဂါနေ့ ဖြစ်ပါတယ်။

ခုခံအား ကျဆင်းကူးစက်ရောဂါကို စတင်တွေ့ရှိခဲ့တာ နှစ် ၂၀ ကျော်ခဲ့ပါပြီ။ အခု အချိန်အထိ
ကမ္ဘာ လူသားဦးရေ ၃၃.၂ သန်း ခန့်ဟာ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ဖြစ်စေတဲ့ အိပ်ခ်ျအိုင်ဗီ ပိုးနဲ့ အတူနေထိုင်နေကြရပါပြီ။ အဲဒီ အထဲက ၃၀.၈ သန်းဟာ အရွယ်ရောက်ပြီးသူများဖြစ်ကြပြီး ၊ ၁၅.၄ သန်းဟာ အမျိုးသမီးများဖြစ်ကာ၊ ၂.၅ သန်းကတော့ အရွယ်မရောက်သေးတဲ့ ၁၅ နှစ်အောက် ကလေးတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

၂၀၀၇ ခုနှစ်အတွင်းမှာ လူဦးရေ ၂.၅သန်း အသစ်ကူးစက်ခံခဲ့ကြရပြီး၊ အဲဒီထဲမှာ အရွယ်ရောက်ပြီးသူ ၂.၁ သန်းနဲ့ အရွယ်မရောက်သေးသူ ၁၅နှစ်အောက် ကလေးငယ် ၄သိန်း ၂သောင်းကျော် ပါဝင်တယ် ဆိုပါတယ်။

၂၀၀၇ ခုနှစ်အတွင်းမှာပဲ အေအိုင်ဒီအက်စ်ကြောင့် သေဆုံးရသူ ၂.၁ သန်းရှိခဲ့ပြီး၊ အဲဒီအထဲမှာ အရွယ်ရောက်သူ ၁.၇ သန်းနဲ့ အရွယ်မရောက်သေးသူ ၁၅နှစ်အောက် ကလေးငယ် ၃သိန်း ၃သောင်းကျော် ပါဝင်တယ် ဆိုပါတယ်။
(http://www.worldaidsday.org/hivf_prevalence.asp)

အခုအချိန်အထိ ဒီရောဂါကို ဖြစ်စေတဲ့ အိပ်ခ်ျအိုင်ဗီ ဗိုင်းရပ်စ်ကို တားဆီးကာကွယ်နိုင်တဲ့ (သို့) အမြစ်ပြတ်သုတ်သင်နိုင်တဲ့ ဆေးဝါးရှာမတွေ့သေးပါဘူး။ လက်ရှိ သွေးအတွင်းရှိတဲ့ အိပ်ခ်ျအိုင်ဗီပိုး အကောင်ရေ တိုးပွားမှု နှုန်းကို နှေးကွေးအောင်ပြုလုပ်ပေးနိုင်တဲ့ ဆေးတစ်ချို့ကလည်း ဈေးနှုန်းမြင့်မားလှတာကြောင့် ထင်သလောက် ခရီးမပေါက်ဖြစ်နေတယ် ဆိုပါတယ်။ အကောင်းဆုံး တားဆီးကာကွယ်နည်းက ရောဂါရစေနိုင်တဲ့ နည်းလမ်းတွေကို မှန်မှန်ကန်ကန် နားလည် သဘောပေါက်ပြီး၊ အဲဒီနည်းလမ်းတွေ မပြုလုပ်မိအောင် ဆင်ခြင်နေထိုင်ခြင်းသည်သာ အကောင်းဆုံးလို့ တစ်ကမ္ဘာလုံးက လက်ခံထားရဆဲ ဖြစ်ပါတယ်။

စင်္ကာပူ ခရီး


ဒီစာကို ရေးချင်နေတာ ကြာပါပြီ။ ရေးမယ် ရေးမယ်နဲ့ မစဖြစ်မစဖြစ် တော်တော် တောင်ကြာသွားတယ်။ ပြီးတော့ ဖတ်မိတဲ့ သူတွေက တော်တော် ဆရာကြီးလုပ်လှချည်လား ထင်မှာလည်း စိုးတာပါပေသပေါ့။ ဒီစာရဲ့ အဓိက ရည်ရွယ်ချက်က လက်ရှိ ဒီကို လာဖို့ ကြိုးစားနေတဲ့သူတွေ ကျွန်တော်တို့တုံးကလို အလိမ်မခံရစေဖို့ ရည်ရွယ်ပါတယ်။ ရေးထားတဲ့ အကြောင်းအရာတွေဟာ လက်ရှိ ဒီမှာ ရောက်ရှိနေပြီးသားသူတွေ အတွက်တော့ သိပြီးသားတွေပါကွာလို့ ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။ သို့ပေမဲ့ မရောက်သေးတဲ့ သူတွေအတွက်တော့ အကျိုးတစုံတရာရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်။

စင်္ကာပူမှာ ဗမာတွေ အလုပ်လာလုပ်တာ အခုမှ မဟုတ်ပါဘူး။ ကျွန်တော်တို့ မမွေးခင်ကတည်းက လာရောက်အလုပ်လုပ်နေကြတာ ဖြစ်တယ်။ ဒီကိုရောက်ပြီး အထူးသဖြင့် ပင်နီဆူလား ပလာဇာကို သွားကြည့်လိုက်။ မြန်မာတွေ တပုံမှ တပုံတပင်။ ရောက်ပြီး ဒီမှာ အချိန် အတိုင်းအတာ တစ်ခုအထိ အလုပ်လုပ်ပြီး ပြန်သွားခဲ့တဲ့သူတွေလည်း အများကြီး။ ဒီလိုများနေသည့်တိုင်အောင် မြန်မာပြည်ဘက်ကနေ စင်္ကာပူကို လာဖို့ခရီးစဉ်ဟာ မရောက်ဖူးသေးသူအဖို့ ပဟေဠိဆန်နေတုံး။

ဒီလိုပဟေဠိဆန်လေလေ အေးဂျင့်တွေက ရိုက်လို့ ကောင်းလေလေပဲ။ အခုနေ ဆိပ်ကမ်းသာ လမ်းတ၀ိုက်က အေးဂျင့်တွေကို သွားမေးကြည့်လိုက်။ ပြောပြပါလိမ့်မယ်။ စင်္ကာပူသွား အလုပ်လုပ်တဲ့ ခရီးကို နတ်ပြည်တက်ရတဲ့ ခရီးလိုလို ထင်ရအောင် ပြောပြပါလိမ့်မယ်။ ဒါတွေက ကျွန်တော်တို့ ကိုယ်တိုင် ကြုံခဲ့ရတဲ့ ကိစ္စတွေ ဖြစ်တဲ့ အတွက် အတော်ကို ခိုင်ခိုင်မာမာ ပြောရဲတာပါ။ သူတို့ စီးပွားရေးလုပ်တာ။ မှန်ပါတယ်။ လုပ်ပါစီးပွားရေး။ မှန်မှန်ကန်ကန် ၀န်ဆောင်မှုပေးပြီး မှန်မှန်ကန်ကန် ထိုက်သင့်လျောက်ပတ်တဲ့ ၀န်ဆောင်ခယူပါ။ အခုတော့ ၀န်ဆောင်ခကို တနင့်တပိုးယူတယ်။ ပေးလိုက်တဲ့ ၀န်ဆောင်မှု။ ၁၀၀ မှာ ၇၅ ယောက် အဆင်မပြေပါဘူး။ ဘာလဲ ဒီဝန်ဆောင်မှု။

အခုခေတ်ကာလက တော်တော်လေးကို ပွင့်လင်းနေပါပြီ။ လိမ်ညာတဲ့လူကို ထားပါ။ လိမ်ညာခံရဖို့ မသင့်တော့ပါဘူး။ ဘာလို့လည်းဆိုတော့ ကျွန်တော်ကိုယ်တိုင်ကိုပဲ အလိမ်ခံခဲ့ရတဲ့ စာရင်းထဲ ပါခဲ့ဖူးလို့ပါ။

ကျွန်တော့် ဇာတ်လမ်းလေး နည်းနည်းပြောပြပါရစေ။ ဘာလို့လည်းဆိုတော့ ဒီဇာတ်လမ်းနဲ့ ခပ်ဆင်ဆင်ချည်းပဲ အလိမ်ခံခဲ့ရ၊ အလိမ်ခံနေရဆဲ၊ အလိမ်ခံရဦးမဲ့သူတွေ အများကြီးဖြစ်နေလို့ပါပဲ။

စစချင်း ခင်မင်ရင်းနှီးတဲ့သူတစ်ယောက်ကပြောမယ်။ ဒီလိုဒီလို စင်္ကာပူမှာ အလုပ်ရမယ့် အခွင့်အလမ်းရှိတယ်။ ကိုယ်ကိုတိုင်ကလည်း စင်္ကာပူကို သွားအလုပ်လုပ်ချင်နေတဲ့သူဆိုတဲ့ခါကျတော့ အေးဟုတ်လား ဆိုပြီး၊ ကဲ သွားတွေ့ကြည့်မယ်ဆိုပြီးတော့ကာ သွားရောက်ဆက်သွယ်ပါတယ်။ ဆိုတော့ အေးဂျင့်လုပ်တဲ့သူက ဒါဆို မင်း စာရွက်စာတမ်းတွေ လာပေးထားနှင့်ဆိုတာနဲ့ ၀မ်းသာအားရသွားပေးထားမယ်။ အဲဒီပေးတဲ့ အချိန်မှာတော့ ကြွေလောက်အောင်ပြောပြပါလိမ့်မယ်။ စင်္ကာပူရောက်ရင် ဘာလုပ်ရမှာ၊ ညာလုပ်ရမှာ ဆိုပြီးတော့။ နောက် တစ်ပတ်တန်သည် နှစ်ပတ်တန်သည်ကြာတဲ့ အချိန်မှာ အင်တာဗျုးရှိတယ်ဆိုပြီး ခေါ်ပါလိမ့်မယ်။ အဲဒီအချိန်မှာ မင်း တို့အတွက် ခရီးသွားဖို့လာဖို့ လိုတဲ့အခါ သုံးရမယ်ဆိုပြီး သကာလ ပတ်စပို့ကို ရအောင်တောင်းသွားပါလိမ့်မယ်။ ပတ်စပို့ ရပြီးသွားတဲ့ အခါ။ တစ်ရက်ရက်မှာ တစ်နေရာရာမှာ နိုင်ငံခြားသားတစ်ယောက်ယောက်နဲ့တွေပြီး အင်တာဗျုးဆိုပြီး လုပ်ပေးပါလိမ့်မယ်။ ပြီးတဲ့ခါကျတောက ဗီဇာလျှောက်ဖို့ အတွက်ဆိုပြီး ငွေ သိန်းဂဏန်း တချို့ တောင်းပါလိမ့်မယ်။ ကိုယ်က မသေချာလို့ဆိုပြီး အဲဒီငွေကို မပေးခဲ့ဘူးဆိုရင် ယူထားတဲ့ ပတ်စပို့ကို ပြန်မပေးတော့ပါဘူး။ ပြီးတာ့ သကာလ ပတ်စပို့ကို လျှောက်ထားရ မည်မျှ ခက်ကြောင်း၊ မည်မျှကုန်ကျကြောင်း ပြောပြပါလိမ့်မယ်။ သူတို့ပြောချင်တာက သူတို့ဆီက ပတ်စပို့ကို သူတို့တောင်းတဲ့ ငွေ ပမာဏပေးပြီး ရွေးယူရုံကလွဲပြီး တခြားနည်းလမ်းမရှိကြောင်း ပြောချင်ခြင်းသာဖြစ်ပါတယ်။

အေးဂျင့်တွေအားလုံးပဲ အဆင်မပြေဘူးလား။ ဒါမေးစရာရှိပါတယ်။ တချို့အေးဂျင့်နဲ့လာပြီး အလုပ်လုပ်နေရတဲ့သူတစ်ချို့ ရှိပါတယ်။ ကျွန်တော်တို့ အမြင်တော့ တစ်ခုမဟုတ် တစ်ခု အဆင် မပြေတာတွေရှိတယ်ဗျာ။ တချို့က မြန်မာပြည်မှာကတည်းက အဆင်မပြေဘူး။ တချို့က မြန်မာပြည်က ထွက်ခဲ့ရပါတယ်။ ဒီကိုရောက်တော့ ရန်ကုန်မှာ ပြောတဲ့ အလုပ်မဟုတ်ဘူး။ ရန်ကုန်မှာပြောခဲ့တဲ့ ခံစား ခွင့်တွေမရဘူး။ ခံစားခွင့်တွေတော့ရပါရဲ့ စာချုပ်သက်တမ်းစေ့သည်အထိ နေခွင့်မရဘဲ အကြောင်းအမျိုးမျိုးပြ ပြန်ပို့ခံရတာမျိုး။ နောက်ဆုံး တစ်နှစ် အလုပ်လုပ်ပြီးသွားလို့ နောက်နှစ်တွေ သက်တမ်းတိုးတဲ့ခါ အဆင်မပြေအောင် တနည်းတဖုံ ၀င်ရောက်စွက်ဖက်တာမျိုးတွေ မရိုးရအောင်ကြုံရပါတယ်။ ဒါတွေဟာ ကျွန်တော်တို့ ကြားဖူးကြုံဖူးတဲ့ ညီအစ်ကိုတော်များရဲ့ စင်္ကာပူသွား ခရီးသွားများရဲ့ ပြသနာအဖုံဖုံပဲ ဖြစ်ကြပါတယ်။

ကဲ ဒီလိုဆိုတော့ အေးဂျင့်မှ အားမကိုးရင် စင်္ကာပူ ဘယ်လိုလုပ်သွားမလဲ။ တခြားနည်းလမ်းမှ မရှိတော့ဘူးလား။

နံပါတ် (၁) သင့်မှာ ပညာရပ်တစ်ခုခုအတွက် ကျွမ်းကျင်မှု အထိုက်အလျောက်ရှိရပါမယ်။ လွယ်လွယ်ပြောရရင် လုပ်ငန်းအတွေ့ အကြုံ အထိုက်အလျောက်ရှိရမယ်လို့ဆိုပါမယ်။

နံပါတ်(၂) မည်သည့် ၀ိဇ္ဇာသိပ္ပံပညာရပ်မဆို၊ ဘွဲ့ဒီဂရီတစ်ခုခု ရှိရပါမယ်။ ဘွဲ့ဆိုတော့ တချို့ မေးတတ်ပါတယ်။ အဝေးသင်ရောရလား ဆိုတာမျိုး။ အဝေးပဲသင်သင်၊ အနီးပဲသင်သင် ဘွဲ့တစ်ခုပါရပါမယ်။

နံပါတ်(၃) အင်္ဂလိပ်စကား ကျွမ်းကျင်မှု အထိုက်အသင့်ရှိရပါမယ်။ သူပြောတာကိုယ်နားလည်ရပါမယ်။ သူနားလည်အောင် ကိုယ်ပြန်ပြောနိုင်ရပါမယ်။

အဓိက လိုအပ်ချက်တစ်ခုက မိမိကိုယ်ကို ယုံကြည်မှု ရှိရပါမယ်။

ဒီလောက်ဆို စင်္ကာပူမှာ အလုပ်လုပ်လို့ ရပါပြီ။

ဒီကိုလာဖို့လုပ်နေတဲ့သူတွေ အများဆုံးမေးတတ်တဲ့ မေးခွန်းတစ်ခုရှိပါတယ်။ စင်္ကာပူမှာ ဘယ်လို အလုပ် အကိုင်မျိုးပေါလဲ ဆိုတဲ့မေးခွန်း။ ကျွန်တော်တို့ ကိုယ်တိုင်သည်လည်း အရမ်းသိချင်ခဲ့တဲ့ မေးခွန်းပါ။ အမှန်က ဘယ်လို အလုပ်အကိုင်မျိုးပေါလဲထက် မိမိ ဘယ်လို အလုပ်အကိုင်မျိုး ကျွမ်းကျင်သလဲက ပို အရေးကြီးပါတယ်။ အလုပ်အကိုင်နဲ့ ပတ်သက်ပြီးတော့ စင်္ကာပူရဲ့ အလုပ်အကိုင် အခွင့်အလမ်းနဲ့ ပတ်သက်ပြီး ဒီအင်တာနက် စာမျက်နှာများပေါ်မှာ သွားရောက်ဖတ်ရှုပါ။

www.jobsdb.com.sg www.jobstreet.com.sg www.st701.com

ကဲ ဟုတ်ပြီ။ အဲဒီ အင်တာနက် စာမျက်နှာတွေတော့ ဖတ်ပြီးပါပြီ။ စင်္ကာပူကို ရောက်ပြီလား။ မရောက်သေးပါဘူး။ ဘာတွေ ထပ်လုပ်ဖို့လိုမလဲ။ စစချင်း သက်တမ်း အနည်းဆုံး ၂နှစ်နဲ့ အထက်ရှိတဲ့ ပတ်စပို့ စာအုပ်ရှိရပါမယ်။ သက်တမ်း ၂နှစ်နဲ့ အထက်လို့ ဆိုရခြင်းက ဒီကိုရောက်လို့ အလုပ်လျှောက်ပြီးလို့ အလုပ်လုပ်ခွင့် ပါမစ်တင်တဲ့ အခါ ဒီက အလုပ်သမား ၀န်ကြီးဌာနက အနည်းဆုံး သက်တမ်း ၁ နှစ်ရှိတဲ့ အလုပ်လုပ်ခွင့် လက်မှတ် ထုတ်ပေးရမှာ ဖြစ်တဲ့ အတွက်ပါပဲ။

နောက်တစ်ချက်က ဗီဇာ။ ဗီဇာရနိုင်တဲ့ နည်းလမ်း ၂ နည်းရှိပါတယ်။ ပထမတစ်နည်းက စင်္ကာပူမှာ PR (Permanent Residence) ဒါမှမဟုတ် နိုင်ငံသားဖြစ်နေပြီးသားသူတစ်ဦးဦးရဲ့ ဖိတ်ခေါ်စာ ရှိရပါမယ်။ အဲဒီ ဖိတ်ခေါ်စာကို ပြပြီး မြန်မာနိုင်ငံမှာရှိတဲ့ စင်္ကာပူသံရုံးမှာ ဗီဇာလျှောက်နိုင်ပါတယ်။ အနည်းဆုံး တစ်လ (သို့) ၃ လသက်တမ်းရှိတဲ့ ဗီဇာ ထုတ်ပေးပါလိမ့်မယ်။ တစ်ခုအမှတ်မမှားစေလိုတာက အဲဒီဗီဇာ သက်တမ်း ၁ လ၊ ၃လ ဆိုတာသည် ဗီဇာရဲ့ သက်တမ်းသာဖြစ်ပြီး စင်္ကာပူမှာ နေထိုင်ခွင့် (Stay) မဟုတ်ကြောင်းပါ။

အဲဒီဗီဇာကို ကိုင်ပြီး စင်္ကာပူကို လာလို့ ရပါတယ်။

နောက်တစ်နည်းက အဲဒီ ဖိတ်ခေါ်စာမရရှိနိုင်တဲ့ အခြေအနေမျိုးဆိုရင် စင်္ကာပူ သံရုံးမှာ အပေါင်ငွေ (Deposit) ထားပြီး လျှောက်တဲ့နည်းပါ။ အပေါင်ငွေကတော့ အဲဒီ ဗီဇာသက်တမ်း မကုန်ခင်အချိန်အတွင်း မြန်မာနိုင်ငံကို ပြန်လာပါ့မယ်ဆိုတဲ့ သဘောပါပဲ။ တကယ်လို့ အလုပ်ရသွားလို့ အဲဒီဗီဇာသက်တမ်း အတွင်း ပြန်မလာဖြစ်ခဲ့ရင် အပေါင်ငွေ ဆုံးပါတယ်။

ဒီနှစ်နည်းနဲ့ စင်္ကာပူကိုလာခွင့် ဗီဇာ ရယူနိုင်ပါတယ်။ စင်္ကာပူမှာ အလုပ်လုပ်ခွင့် ရရှိရေးအတွက် အစိုးရအသိအမှတ်ပြု အလုပ်လုပ်ခွင့်လက်မှတ်တွေ အကြောင်းကိုက ဒီလိပ်စာတွေမှာ သွားရောက်ဖတ်ရှုပါ။

http://www.mom.gov.sg/publish/momportal/en/communities/work_pass.html

အေးဂျင့်တွေ အရူးချေးပန်းလျှောက်ပြောတာကို အဟုတ်မှတ် နားယောင်နေတာထက်စာရင် ဒီအင်တာနက် စာမျက်နှာတွေက သတင်းအချက်အလက် အပြည့်အစုံပေးနိုင်ပါတယ်။

ကဲ... ဗီဇာရပြီ ဆိုပါတော့။ ဘာဆက်လုပ်မလဲ။ စင်္ကာပူမှာ ရှိတဲ့ သူငယ်ချင်း ဒါမှ မဟုတ် အသိမိတ်ဆွေ တစ်ယောက်ယောက်ကို ဆက်သွယ်ပါ။ စင်္ကာပူကို ရောက်ရောက်ချင်းမှာ ခေတ္တနေထိုင်နိုင်ရေး စီစဉ်ပေးနိုင်ဖို့ပေါ့။ ပြီးရင် လေယာဉ်လက်မှတ်ကို တနင်္ဂနွေလို ရက်မျိုးရွေး ၀ယ်ပါ။ တနင်္ဂနွေရွေးဝယ်ရခြင်းကတော့ စင်္ကာပူရောက် မြန်မာ အများစုဟာ တနင်္ဂနွေမှလွဲပြီး ကျန်တဲ့ရက်လာတဲ့ အသိမိတ်ဆွေတွေကို လေယာဉ်ကွင်း ဆင်းကြိုဖို့ အခက်အခဲရှိတတ်တဲ့ အတွက်ပါ။

စင်္ကာပူ လူဝင်မှုကြီးကြပ်ရေးက စစချင်း လာတဲ့ ဧည့်သည်ကို အနည်းဆုံး ၁၄ ရက် (သို့) ရက် ၃၀ တစ်မျိုးမျိုး Stay အနေနဲ့ ခွင့်ပြုပါလိမ့်မယ်။ အဲသည်နောက်မှာ စင်္ကာပူမြေကို စတင်ဝင်ရောက်နိုင်ပါပြီ။ စင်္ကာပူရောက်ရှိခြင်းဟာ ခရီးစဉ်ရဲ့ တစ် ၀က်အောင်မြင်ခြင်းလို့ ပြောလို့ရပါတယ်။ အဲဒီနောက်မှာတော့ အလုပ်အကိုင်ရရှိရေး လုံးပမ်းရပါတော့မယ်။

ဆက်ရေးပါဦးမယ်.....

Nov 30, 2007

ရိုက်ဖြစ်တဲ့ ဓာတ်ပုံတချို့ (၅)

ကနေ့ မနက် MOMကို သွားဖြစ်တော့MOM တ၀ိုက်က နေရာလေးတွေကို ဖုန်းကင်မရာနဲ့ လက်ဆော့ဖြစ်ပါတယ်။ Resolution 2 Mega Pixel ပဲရှိတဲ့ အတွက် ရုပ်ထွက်တော့ မကောင်းလှပေဘူးပေါ့။ သို့ပေမဲ့ သည်နေရာ MOM တ၀ိုက်လို့ သိရနိုင်လောက်ရင် တော်လှပါပြီ။







Nov 24, 2007

မီးပျက်မယ်ဆိုပဲဗျို့

ကနေ့ အလုပ်ကနေ ပြန်လာတဲ့ခါကျတော့ စာလေးဘာလေးများ ရောက်လေမလားပေါ့။ စာတိုက်ပုံးကို သွားစစ်မိတယ်။ ကြော်ငြာစာရွက်တချို့နဲ့ ပုံမှန်လာနေကြ အသီးသီးသော ရေမီးဝန်ဆောင်မှုတွေရဲ့ စာတစ်ချို့ပဲတွေ့တယ်။ အဲသည်ထဲမှာ စာတစ်ရွက်က အတော်လေး ထူးခြားတယ်။ စာထဲရေးထားတာက သည်လို။


ROUTINCE CHANGE OF ELECTRICITY METER

1. Your electricity meter is due for replacement under our routine change programme.

2. We will be carrying out the meter change at your premises on 05 Dec 2007. Your electricity supply will be interrupted for about 10 minutes during the change. If the meter is installed outside your premises, you need not be present.

3. However, if you have any concern regarding the supply interruption please call us at tel xxxxxxxx for clarification.

4. There will be no charge for the meter change. We regret any inconvenience caused

5. Thank you.

လျှပ်စစ်မီတာအလှည့်ကျ လဲလှယ်ပေးသွားမယ်ပေါ့။ သမန်ကာရှန်ကာဖတ်လိုက်တော့ မီးပျက်မယ်ပေါ့။ မီးပျက်တာပဲ ဘာထူးဆန်းလဲပေါ့။ ကျွန်တော်တို့ ဗမာလူမျိုးတွေအတွက် ပြောပါတယ်။ မီးပျက်တာ ဘယ်လောက်မှ မထူးဆန်းပါဘူး။ ပျက်တဲ့ အချိန်လေးပဲ ထူးခြားတယ် ။ အမယ်လေး ဆယ်မိနစ်များတောင် ပြတ်မယ်ဆိုပဲဗျာ။

တော်တော်လေး အံ့အားသင့်သွားမိတယ်။ သုံးစွဲသူ အပေါ် ဘယ်လောက်များ အရေးထားလိုက်လဲဗျာ။ လျှပ်စစ်မီး ဆယ်မိနစ် ပြတ်တောက်မယ် ဆိုတာကို ဆယ်ရက်ကြိုပြီး အကြောင်းကြားတယ်ဗျာ။ ကျွန်တော်တို့ဆီမှာများ ဘယ်အချိန်လာလို့ ဘယ်အချိန် ပြတ်မယ်ဆိုတာလည်း မသိရ။ ဘာအကြောင်းကြောင့် ဆိုတာလည်း မသိရ။ ရံဖန်ရံခါတော့ မခိုင်လုံတဲ့ ရပ်ကွက်သတင်းအရ လောပိတမှာ ရေနည်းလို့ ဆိုတာက တစ်ကြောင်း၊ ဓာတ်ငွေ့တာဘိုင် ပျက်လို့ ဆိုတာက တစ်သွယ်။ အခုတော့ လျှပ်စစ်မီးဆိုတာ ကိုယ်ပိုင် မီးစက်ရှိမှ ရတဲ့ အရာရယ်လို့ ဆိုရမလားရယ်တောင် ဖြစ်နေပြီ ဆိုပါလားဗျာ။

Nov 18, 2007

အချစ် နဲ့ အိမ်ထောင်ပြုခြင်း...

ကျောင်းသားတစ်ယောက်ကမေးတယ်။

“အချစ်ဆိုတာ ဘာလဲ ဆရာ”

“မင်းမေးတဲ့ မေးခွန်းကို ဖြေဖို့ ဆရာ့ကို ဟိုးမြင်နေရတဲ့ စပါးခင်းထဲကို သွားပြီး အကြီးဆုံး စပါးနှံတစ်ခု သွားခူးခဲ့စမ်းပါ။” ”မင်းလိုက်နာရမှာက စပါးခင်းကို တစ်ကြိမ်ပဲ ဖြတ်လျှောက်ခွင့်ရှိတယ်။ ဖြတ်သွားပြီးမှ နောက်ပြန်လှည့်လာပြီးခူးခွင့်မရှိဘူး”

ကျောင်းသားက စပါးခင်းကို သွားတယ်။ စစချင်းအတန်းမှာပဲ စပါးနှံ အကြီးကြီးတစ်ခုကို သူတွေ့တယ်။ သို့ပေမဲ့ နောက်အတန်းတွေမှာ ဒီ့ထက်ကြီးတဲ့ အနှံတွေ့ဦးမှာပါလေဆိုပြီး သူမခူးခဲ့ဘူး။ ဆက်လျှောက်လာရင်းနဲ့ နောက်ထပ် စပါးနှံ အကြီးကြီးတစ်ခုကို တွေ့ပြန်တယ်။ သို့ပေသည့် ဒီ့ထက်ကြီးတဲ့ အနှံရှိဦးမှာပါလေဆိုပြီးတွေးရင်းနဲ့ သူမခူးပြန်ဘူး။

ဆက်လျှောက်ရင်း လျှောက်ရင်းနဲ့ စပါးခင်း အလယ်လောက်ရောက်ရော သူတွေ့တဲ့ စပါးနှံတွေက အရင်ဦးဆုံး သူတွေ့ခဲ့တဲ့ စပါးနှံလောက် မကြီးဘူးဆိုတာ သူသိလိုက်ရတယ်။ အကြီးဆုံးစပါးနှံကို သူလက်လွတ်ဆုံးရှုံးခဲ့ရပြီ ဆိုတာသူသိလိုက်ရပြီး စိတ်ပျက်ဝမ်းနည်းစွာနဲ့ ဆရာ့ဆီ လက်ဗလာနဲ့ပဲ ပြန်လာခဲ့တော့တယ်။

ဆရာကပြောတယ်။ “အေးကွ ... အချစ်ဆိုတာ အဲဒါပဲ။ သူ့ထက်သူ့ထက် ကောင်းတဲ့ဟာကို ရှာရင်း ရှာရင်းနဲ့ပဲ တစ်နေ့မှာ အကောင်းဆုံးအရာကို လက်လွတ်ဆုံးရှုံးခဲ့မှန်း နောက်ကျမှသိရတတ်တယ်။ အဲဒါအချစ်ပဲ”

“ဒါဆို အိမ်ထောင်ပြုခြင်းကရော ဆရာ...”ကျောင်းသားက ဆက်မေးတယ်။

“ဒီမေးခွန်းကို ဖြေဖို့အတွက်တော့ မင်းပြောင်းခင်းကို သွားလိုက်။ အကြီးဆုံးပြောင်းဖူးတစ်ဖူးကို ခူးပြီး ဆရာ့ဆီ ပြန်လာခဲ့” ” ဒါပေမဲ့ စောစောကလိုပဲ ပြောင်းခင်းကို တစ်ကြိမ်ပဲ ဖြတ်လျှောက်ခွင့်ရှိတယ်။ ဖြတ်သွားပြီးမှ နောက်ပြန်လှည့်လာပြီးခူးခွင့်မရှိဘူး”

ကျောင်းသားလည်း ပြောင်းခင်းကို သွားတယ်။ ဒီတစ်ကြိမ်မှာတော့ စောစောတုံးကလို အမှားမျိုး ထပ်မမှားအောင်သူ သတိထားတယ်။ ပြောင်းခင်း အလယ်လောက်အရောက်မှာ သူ စိတ်ကျေနပ်လောက်တဲ့ အရွယ်ခပ်လတ်လတ်ပြောင်းဖူး တစ်ဖူးကို ခူးပြီး ဆရာ့ဆီ ပြန်လာခဲ့တယ်။

“ဒီတစ်ကြိမ်တော့ မင်းပြောင်းဖူးရခဲ့ပြီပေါ့ ဟုတ်လား ... မင်းလိုချင်တာကတော့ အကောင်းဆုံးဆိုတာကို လိုချင်တာပဲ ... တကယ်တမ်းမှာတော့ မင်းရခဲ့တဲ့အရာသည်သာ မင်းအတွက် အကောင်းဆုံး၊ အသင့်တော်ဆုံးလို့ ယုံကြည်နေဖို့ပဲလိုတယ်” “အိမ်ထောင်ပြုခြင်းဆိုတာသည်လည်း ဒီသဘောပဲ”

အနားသားဝမ်း

နယ်မြို့လေးတစ်မြို့က အဖြစ်အပျက်လေးတစ်ခုပါ။ နယ်မြို့လေးကို နိုင်ငံခြားသားတစ်ယောက် အလည်လာတဲ့ခါကျတော့ လမ်းဘေးက ဘိန်းမုန့် ရောင်းတဲ့ အဖွားကြီးတစ်ယောက်ဆီက ဘိန်းမုန့် ၀ယ်စားပါတယ်။ အသက်အရွယ်တော်တော်လေး အိုမင်းနေပြီဖြစ်တဲ့ အဖွားကြီးဟာ အင်္ဂလိပ်စာ နားမလည်လောက်မှန်း နိုင်ငံခြားသားကရိပ်မိတယ်။ အဲဒါနဲ့သူက ဘိန်းမုန့်ကို လက်ညှိုးထိုးပြ၊ လက်ညှိုးတစ်ချောင်းထောင်ပြပြီး ပါးစပ်ကလည်း "One..One... (၀မ်း.. ၀မ်း... )" ပေါ့။ အဖွားကြီးက နိုင်ငံခြားသား ဘိန်းမုန့်တစ်ခု စားချင်မှန်း ရိပ်မိပြီး ဘန်းထဲက သူလှီးထားပြီးသား ဘိန်းမုန့် တစ်ခုကို ပေးတယ်။ နိုင်ငံခြားသားလည်း စားကြည့်တယ်။

အင်း အရသာကောင်းတယ်ပေါ့။ အဲဒါနဲ့ နိုင်ငံခြားသားလည်း နောက်တစ်ခုထပ်စားချင်စိတ် ဖြစ်လာတာနဲ့ ပါးစပ်ကလည်း "Another One... (အနားသားဝမ်း)" ပေါ့။ ဒီတစ်ခါတော့ နိုင်ငံခြားသားက စားချင်စိတ်နဲ့ အဖွားကြီးနားလည်သော၊ နားမလည်သော မစဉ်းသားပဲ ပြောချလိုက်တယ်။ အဲဒီမှာ အဖွားကြီးကလည်း အဲဒီမှာ အဖွားကြီးကလည်း ဘိန်းမုန့် အ၀ိုင်းကြီးထဲက အနားသားလေး တစ်စိတ်ကို လှီးပြီး ပေးလိုက်တော့တယ်။ နိုင်ငံခြားသားလည်း သည်အဖွားကြီး သူပြောတာ နားလည်တယ်ဆိုပြီး သဘောကျ ရယ်ရယ်မောမောနဲ့ ထွက်ခွာသွားတော့တယ်။

Nov 3, 2007

ရီမုတ်ကွန်ထရိုး




ယခုခေတ်မှာ ကလေးကစားစရာကအစ အဆင့်မြင့် နည်းပညာသုံး စက်ကိရိယာတွေ အထိ ရီမုတ်ကွန်ထရိုးခေါ်တဲ့ အဝေးထိန်းကိရိယာနဲ့ ကင်းလွတ်တဲ့ အရာ ခပ်ရှားရှားရယ်ပါ။ အဲဒီအဝေးထိန်းကိရိယာနဲ့ ပတ်သတ်ပြီး ဗဟုသုတလေ့လာလို့ ရအောင် ဒီနေရာမှာ သွားရောက်ဖတ်ရှုနိုင်ပါကြောင်း၊ ဒါ့အပြင် အင်ဂျင်နီယာဆိုင်ရာ ပညာရပ်နဲ့ ပတ်သတ်ပြီး မြန်မာ အင်ဂျင်နီယာများအဖွဲ့မှာ သွားရောက် အဖွဲ့ဝင်ပြီး ဖတ်ရှုနိုင်ပါကြောင်း ဝေမျှလိုက်ပါတယ်ဗျာ။

Nov 2, 2007

ဘလော့စွဲရောဂါစစ်တမ်းကောက်ကြရအောင်...

နှင်းဆီနီနီဘလော့မှာ သွားဖတ်ရင်းနဲ့ တွေ့မိရာက ဘလော့ဘယ်လောက်ထိ စွဲနေသလဲ စစ်တမ်းကောက်ကြည့်ဖြစ်ပါတယ်။ စိတ်ဝင်စားမယ်ဆို ဖြေကြည့်ပါလား။ ကျွန်တော်ဖြေတာတော့ ရာနှုန်းဒီလောက်စွဲနေတယ် ဆိုပါတယ်။

68%How Addicted to Blogging Are You?

Nov 1, 2007

How to say I Love You in 100 Languages!!!

English - I love you
Afrikaans - Ek het jou lief
Albanian - Te dua
Arabic - Ana behibak (to male)
Arabic - Ana behibek (to female)

Armenian - Yes kez sirumen
Bambara - M'bi fe
Bangla - Aamee tuma ke bhalo aashi
Belarusian - Ya tabe kahayu
Bisaya - Nahigugma ako kanimo
Bulgarian - Obicham te
Cambodian - Soro lahn nhee ah
Cantonese Chinese - Ngo oiy ney a
Catalan - T'estimo
Cheyenne - Ne mohotatse
Chichewa - Ndimakukonda
Corsican - Ti tengu caru (to male)
Creol - Mi aime jou
Croatian - Volim te
Czech - Miluji te
Danish - Jeg Elsker Dig
Dutch - Ik hou van jou
Esperanto - Mi amas vin
Estonian - Ma armastan sind
Ethiopian - Afgreki'
Faroese - Eg elski teg
Farsi - Doset daram
Filipino - Mahal kita
Finnish - Mina rakastan sinua
French - Je t'aime, Je t'adore
Gaelic - Ta gra agam ort
Georgian - Mikvarhar
German - Ich liebe dich
Greek - S'agapo
Gujarati - Hoo thunay prem karoo choo
Hiligaynon - Palangga ko ikaw
Hawaiian - Aloha wau ia oi
Hebrew - Ani ohev otah (to female)
Hebrew - Ani ohev et otha (to male)
Hiligaynon - Guina higugma ko ikaw
Hindi - Hum Tumhe Pyar Karte hae
Hmong - Kuv hlub koj
Hopi - Nu' umi unangwa'ta
Hungarian - Szeretlek
Icelandic - Eg elska tig
Ilonggo - Palangga ko ikaw
Indonesian - Saya cinta padamu
Inuit - Negligevapse
Irish - Taim i' ngra leat
Italian - Ti amo
Japanese - Aishiteru
Kannada - Naanu ninna preetisuttene
Kapampangan - Kaluguran daka
Kiswahili - Nakupenda
Konkani - Tu magel moga cho
Korean - Sarang Heyo
Latin - Te amo
Latvian - Es tevi miilu
Lebanese - Bahibak
Lithuanian - Tave myliu
Malay - Saya cintakan mu / Aku cinta padamu
Mandarin Chinese - Wo ai ni
Marathi - Me tula prem karto
Mohawk - Kanbhik
Moroccan - Ana moajaba bik
Myanmar (Burma) – Ngar minn ko chit tal
Nahuatl - Ni mits neki
Navaho - Ayor anosh'ni
Norwegian - Jeg Elsker Deg
Pandacan - Syota na kita!!
Pangasinan - Inaru Taka
Papiamento - Mi ta stimaboPersian - Doo-set daaram
Pig Latin - Iay ovlay ouyay
Polish - Kocham Ciebie
Portuguese - Eu te amo
Romanian - Te ubesk
Russian - Ya tebya liubliu
Scot Gaelic - Tha gra\dh agam ort
Serbian - Volim te
Setswana - Ke a go rata
Sign Language - ,\,,/ (represents position of fingers when signing'I Love You')
Sindhi - Maa tokhe pyar kendo ahyan
Sioux - Techihhila
Slovak - Lu`bim ta
Slovenian - Ljubim te
Spanish - Te quiero / Te amo
Swahili - Ninapenda wewe
Swedish - Jag alskar dig
Swiss-German - Ich lieb Di
Tagalog - Mahal kita
Taiwanese - Wa ga ei li
Tahitian - Ua Here Vau Ia Oe
Tamil - Nan unnai kathalikaraen
Telugu - Nenu ninnu premistunnanu
Thai - Chan rak khun (to male)
Thai - Phom rak khun (to female)
Turkish - Seni Seviyorum
Ukrainian - Ya tebe kahayu
Urdu - mai aap say pyaar karta hoo
Vietnamese - Anh ye^u em (to female)
Vietnamese - Em ye^u anh (to male)
Welsh - 'Rwy'n dy garu
Yiddish - Ikh hob dikh
Yoruba - Mo ni fe

Oct 31, 2007

အမြင်အာရုံ စစ်ကြည့်ရအောင်



သူငယ်ချင်းတစ်ယောက် အီးမေးလ်နဲ့ ပို့လိုက်တဲ့ ပုံလေးပါ။အီးမေးလ်ထဲမှာ ရေးထားတာက...
ဦးနှောက်ဘယ်ဖက်ခြမ်း အသုံးများလား၊ ညာဖက်ခြမ်း အသုံးများလား စစ်ဆေးတာ ဖြစ်ပါတယ်။
ပုံထဲက မိန်းကလေး လက်ယာရစ်လည်နေတယ်လို့ မြင်ရတယ်ဆိုရင် သင်ဟာ ဦးနှောက် လက်ဝဲဘက်ခြမ်းကို အသုံးပြုနေတယ်ဆိုပါတယ်။ လက်ဝဲရစ်လည်နေတယ်လို့ မြင်ရတယ်ဆိုရင် သင်ဟာ ဦးနှောက် လက်ယာဘက်ခြမ်းကို အသုံးပြုနေတယ်ဆိုပါတယ်။ အများစုက လားရာတစ်ထက်တည်းကိုပဲ မြင်ရပြီးတော့ တချို့သောသူများကတော့ လားရာနှစ်ဖက်လုံးကို မြင်ရတယ်ဆိုပါတယ်။ တကယ်လို့ လားရာတစ်ဖက်တည်းပဲ မြင်ရာကနေ၊ လားရာနှစ်ဖက်လုံး မြင်ရတဲ့ အထိ မြင်အောင် ကြည့်နိုင်တယ် ဆိုရင်တော့ သင်ဟာ အိုင်ကျူ၁၆၀ အထက်ရှိတဲ့ ပါရမီရှင်တွေထဲက တစ်ယောက်ဖြစ်နေပြီလို့ ဆိုပါတယ်။
ကဲ ကြိုးစားပြီး ကြည့်ကြည့်ရအောင်လား။


Unlimited Free Image and File Hosting at MediaFire

Oct 30, 2007

ရောက်ခဲ့ဖူးတဲ့ ငပလီ

ဒါကတော့ ကိုယ်ရိုက်တဲ့ ဓာတ်ပုံတွေ... မဟုတ်ပါဘူး။ အင်တာနက်ပေါ်မှာ ရှိတဲ့ ငပလီရဲ့ ဓာတ်ပုံလေးတွေ စုစည်းထားဖြစ်တာပါ။ တစ်နေ့က ဆန်တိုစာ ကျွန်းပေါ်က ဆီလိုဆိုကမ်းခြေ (သူတို့အခေါ် ကမ်းခြေပေါ့နော်) ကို ရောက်ဖြစ်တော့ ကိုယ်ရောက်ခဲ့တဲ့ ငပလီကို သွားသတိရမိပါတယ်။ အဲဒါနဲ့ အင်တာနက်ပေါ်မှာ ရှိတဲ့ ဓာတ်ပုံလေးတွေ စုစည်းပြီး တင်ဖြစ်ပါတယ်။












Oct 21, 2007

နှလုံးသားကွန်ပျုတာ


Digital နှလုံးသားနဲ့
L.C.D အပြုံးများထုတ်လုပ်
ENTER ခလုပ်နှိပ်တော့
အဟုတ်ပဲချစ်တယ်တဲ့...

ငါ့နှလုံးသားကတော့
Memory တွေ Down
Password တွေ ခဏခဏပြောင်းရင်း
နောက်ဆုံး Result ကျတော့
File Not Found တဲ့လားကွယ်...

ရိုက်ဖြစ်တဲ့ ဓာတ်ပုံတချို့ (၄)


ကင်မရာပါတဲ့ ဖုန်းတစ်လုံးရပြီးတဲ့နောက်မှာ လမ်းထွက်တိုင်း လက်ဆော့ပြီး လျှောက်လျှောက်ရိုက်တဲ့ ဓာတ်ပုံလေးတွေပါ။ ကြီးကြီးကျယ်ကျယ် ပြောမယ်ဆိုရင်တော့ လောကကကြီးက သဘာဝအလျောက် ခြယ်သပေးထားတဲ့ ဆေးချက်တွေကို မှတ်တမ်းတင်တဲ့ သဘောပေါ့။ မျက်စိ အညောင်းခံ ကြည့်ပေးကြတဲ့ သူငယ်ချင်းများကို ကျေးဇူးပါ။

Oct 18, 2007

Free Download Manager

Download လုပ်ရတာ အလွန်တရာမှ လျင်မြန်တဲ့ Free download Manager Software လေးပါ။ Download လုပ်ချင်တဲ့ ဖိုင်ကို အပိုင်းပိုင်းဖြတ်ပြီး Download ဆွဲပေးတာဖြစ်တဲ့ အတွက် ဖိုင်တော်တော်များများကို အချိန်တိုလေးအတွင်းမှာ ဆွဲချပေးနိုင်ပါတယ်။ အဓိက အရေးအကြီးဆုံး ထူးခြားချက်ကတော့ Free download Manager ကိုယ်တိုင်သည်ပင် Free Version ဖြစ်တယ်ဆိုတာပါပဲ။ နောက်ထပ် ထူးခြားတဲ့ အချက်တစ်ချက်ကတော့ Youtube Video File များကို တိုက်ရိုက် Download ဆွဲချနိုင်ခြင်းပဲဖြစ်ပါတယ်။ Download ချပြီး *.flv ဖိုင်ကိုလည်း *.avi အဖြစ်တခါတည်း Convert လုပ်နိုင်တဲ့ အတွက် Youtube Video တွေကို Download ဆွဲချင်သူတွေ အတွက်လည်း အဆင်ပြေပါတယ်။ ဒီနေရာမှာ download ဆွဲချနိုင်ကြောင်းပါ။

HEALTH ALERT -- DANGEROUS NEW VIRUS

There is a dangerous virus being passed around electronically, orally, and by hand.

This virus is called Weary-Overload-Recreational-Killer (WORK). If you receive WORK from any of your colleagues, your boss, or anyone else via any means DO NOT TOUCH IT. This virus will wipe out your private life completely.

If you should come into contact with WORK, put your jacket on and take two good friends to the nearest grocery store. Purchase the antidote known as Work-Isolating-Neutralizer-Extract (WINE) or Bothersome-Employer-Elimination-Rebooter (BEER). Take the antidote repeatedly until WORK has been completely eliminated from your system.

You should forward this warning to 5 friends. If you do not have 5 friends, you have already been infected and WORK is controlling your life.

မှတ်ချက်။ ။သူငယ်ချင်းထံမှ ရရှိသော အီးမေးလ်ကို မျှဝေခြင်းသာဖြစ်ပါသည်။

Oct 17, 2007

အသဲကွဲမိုးည

ဝသန်မိုးဖွဲ ၊ ရွာသွန်းကြဲချိန်
ဝမ်းနည်းေ၀၀ါး ၊ နှလုံးသားမှာ
ကဗျာတစ်ပုဒ် ၊ သရုပ်သဏ္ဌာန်
ပုံမမှန်နှင့် ၊ ထံတော်ပါးသို့ ချဉ်းခဲ့၏။

အိုဘယ့်ကဗျာ ၊ သင့်ခန္ဓာသည်
ကာရံမညီ ၊ စဉ်းမပီသား
ခြားကန့်မရှိ ၊ အတိစုတ်ပြတ်
ဖြတ်ပိုင်းမပါ မရေရာ။

အိုဘယ့်ကဗျာ ၊ သင့်နေရာသည်
အချစ်လွှမ်းဖုံး ၊ အပြုံးပျော်ပါး
နှလုံးသားမှာ သင့်နေရာ။

မဆီမဆိုင် ၊ မပိုင်ရင်ထဲ
သင်လာခဲ့လည်း ၊ ၀မ်းနည်းေ၀၀ါး
နှလုံးသားမှာ ၊ ဒဏ်ရာကြေမွ အစစ။

ခဏနေငြား ၊ သင်ထွက်သွားမည်
ငါရည်ခဲ့လည်း ၊ စိတ်၏စေရာ
သင်ကဗျာသည် ၊ ငါ့အာရုံထဲ တ၀ဲဝဲ။

မခွဲထွက်သွား ၊ သင့်အားငါလျှင်
စာတင်ရေးချ ၊ သည်မိုးညသည်
ငါ့အတွက် အသက်မဲ့သတည်း။


လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကျော်ကရေးဖြစ်ခဲ့တဲ့ ကဗျာတစ်ပုဒ်ပါ။ ရေးထားတဲ့ စာအုပ်တောင် မရှိတော့ဘူး။ အမှတ်တရအနေနဲ့ ပြန်တင်ထားခြင်းပါ။

သူတို့ဖျက်ကြလေပြီ

Unicode Version မောင်လူအေးတို့ ဘီအိုအိပ်ချ် ရုံးတည်ရာ လှိုင် ၂ ရပ်ကွက်၊ ရတနာမွန် အိမ်ယာအတွင်းက လမ်းများမှာ ယခု ရက်သတ္တပတ်အတွင်...