Jul 27, 2008

New Thermoelectric Material

ဓာတ်ငွေ့ ရဲ့ စွမ်းဆောင်ရည်ကို ဆန့်ထုတ်ပေးနိုင်မဲ့ ပစ္စည်းသစ်
ချီကာဂို (ရိုက်တာ)
အပူစွမ်းအင်ကနေ လျှပ်စစ် စွမ်းအင်ကို ပြောင်းပေးနိုင်တဲ့ စွမ်းဆောင်ရည် မြင့်မားတဲ့ ပစ္စည်းသစ်တစ်မျိုးက တနေ့နေ့ တချိန်ချိန်မှာ ဓာတ်ငွေ့ တစ်ဂါလံ အသုံးပြုမှုရဲ့ စွမ်းရည် အမြင့်ဆုံး ရရှီနိုင်စေဖို့ အထောက်အကူ ပြုလာလိမ့်မယ် လို့ အမေရိကန် နိုင်ငံက သုတေသီတွေက ကြာသပတေးနေ့မှာ ပြောကြားလိုက်တယ်။ ယာဉ်ရွေ့လျားနိုင်ဖို့နဲ့ ရေဒီယိုလို၊ ရေသုတ်တံလို ကိရိယာတွေ အတွက် ပုံသေ ဓာတ်ဆီနဲ့ မောင်းနှင်တဲ့ အင်ဂျင် တစ်လုံးက ထုတ်ပေးနိုင်တဲ့ စွမ်းအင်ရဲ့ 25 ရာနှုံးလောက်ကိုပဲ အသုံးပြုတယ်လို့ ဆိုပါတယ်။ ကျန်တဲ့ စွမ်းအင် အများအပြားကတော့ အိပ်ဇောပိုက်ကနေ ဆုံးရှုံး ကုန်တယ်လို့ ပြောပါတယ်။

လက်ရှိ သုံးနေတဲ့ ပစ္စည်းထက် ကောင်းတဲ့ အပူကနေ လျှပ်စစ်ပြောင်း ကိရိယာနဲ့ဆိုရင် ဒီဆုံးရှုံးသွားတဲ့ စွမ်းအင် အချို့ အ၀က်ကို ပြန်လည် သုံးစွဲနိုင်မယ်လို့ ပါဆာဒီးနားက ကားလ်တက်နဲ့ ကိုလံဘတ်စ်မှာရှိတဲ့ အိုဟိုင်းယိုးတက္ကသိုလ်က သုတေသီတွေက တွက်ဆကြပါတယ်။

ဒီပစ္စည်းက အလုပ်တွေ အားလုံး လုပ်နိုင်တယ်ဗျ။ ရေနွေးငွေ့ အင်ဂျင်၊ ဓာတ်ငွေ့နဲ့ ဒီဇယ် အင်ဂျင် တွေလို သမားရိုးကျ အင်ဂျင်တွေလိုပဲ သူက လျှပ်စစ် စွမ်းအင် ထုတ်ပေးနိုင်တယ်။ လျှပ်စစ် ဂျင်နရေတာတွေဆီကို ပြောင်းပေးရာ မှာတော့ သူက ရေနွေးငွေ့နဲ့ ဓာတ်ငွေ့တွေနေရာမှာ အီလက်ထရွန်တွေကို အစားထိုး အသုံးပြုတယ်။ ပြီးတာနဲ့ လျှပ်စစ်စွမ်းအင် တိုက်ရိုက် ထုတ်ပေးတာပဲ လို့ ပရောဂျက် ခေါင်းဆောင် ဂျိုးဇက် ဟာရီမန်စ်က ပြောတယ်လို့ ကြေညာချက်မှာ ဖော်ပြတယ်။

ဒီပရောဂျက်မှာ ပါဝင် ဆောင်ရွက်တဲ့ ကားလ်တက် က ဂျက်ဖ် ဆနိုက်ဒါ ကလည်း အပူကနေ လျှပ်စစ်စွမ်းအင် ပြောင်းတဲ့ ဒီ ကိရိယာဟာ မော်တော်ယာဉ်ရဲ့ လောင်စာ စွမ်းဆောင်ရည်ကို 10 ရာခိုင်နှုံးအထိ တိုးလာစေတယ်လို့ ဆိုပါတယ်။ နာဆာရဲ့ ဂျက်အင်ဂျင် လည်ပတ်စနစ် သုတေသန လုပ်ငန်းမှာ အစောပိုင်း ကတည်းက အလားတူ ပစ္စည်းမျိုး ထုတ်ဖို့ စိုင်းပြင်းခဲ့တဲ့ ဆနိုက်ဒါ ကတည်း ပြောပါတယ်။ ခုလိုမျိုး ပစ္စည်း ထုတ်ဖို့ အကြံအစဉ် ရှိနေခဲ့တာ ကြာပါပြီ။ ဒါပေမဲ့ ရေနံ တစ်စည် ဒေါ်လာ 20 လောက် ဖြစ်နေစဉ်က ဒီ အကြံအစဉ်ကို ဘယ်သူမှ စိတ်ဝင်တစား မရှိကြပါဘူး လို့ ဆိုပါတယ်။

ခု စွမ်းအင်ဈေးက ငါးဆလောက် ခုန်တက်သွားတဲ့ခါကျမှ စောစောက ရှိနှင့်နေတဲ့ ခုလို အစားထိုး နည်းပညာဟာ ပိုပြီး အသုံးတည့်လာတဲ့ သဘောပါပဲ လို့ ဆနိုက်ဒါက သူနဲ့ တယ်လီဖုန်း အင်တာဗျူးမှာ ပြောပြပါတယ်။ ဒီစနစ်ကို နောက် 5 နှစ်ကနေ 10 နှစ်အတွင်း လက်တွေ့ အသုံးပြုလာနိုင်လိမ့်မယ်လို့ သူက ယုံကြည်နေပါတယ်။ တကယ် လက်တွေ့ သုံးစွဲလာနိုင်မှုက ဒီစနစ် ထုတ်လုပ်မှု ကုန်ကျစရိတ်နဲ့ စွမ်းအင်ဈေးကွက် အပေါ်မှာ မူတည်ပါလိမ့်မယ်။ အရေအတွက် အမြောက်အမြား ထုတ်လုပ်နိုင်မယ် ဆိုရင်တော့ ဒီစံနစ်ကို အမေရိကန် 10 ဒေါ်လာ သို့မဟုတ် ဒီထက် နည်းတဲ့ ဈေးနှုံးနဲ့ ထုတ်လုပ် ပေးနိုင်ပါလိမ့်မယ်လို့ သူက ဆက်ပြောပါတယ်။

အပူကနေ လျှပ်စစ် ပြောင်းပေးနိုင်တဲ့ လက်ရှိ ဈေးကွက်မှာ သုံးနေတဲ့ စွမ်းရည် အမြင့်ဆုံး ကိရိယာက Rating 0.71 ရှိတဲ့ Sodium-doped lead telluride ခေါ်တဲ့ သတ္တုစပ် တစ်မျိုးပါ။ Lead Telluride ကို Thallium နည်းနည်း ထပ်ပေါင်း ထည့်နိုင်မယ်ဆိုရင် Rating ကို 1.5 အထိ နှစ်ဆ တိုးနိုင်ပါလိမ့်မယ်။ စမ်းသပ်မှုတွေ အရ အင်ဂျင်တွေမှာ တပ်ဆင် အသုံးပြုဖို့ အသင့်တော်ဆုံး ဖြစ်ပါလိမ့်မယ်။ ဒီကိရိယာ အသစ်က 450 ဒီဂရီ ဖာရင်ဟိုက် (230 ဒီဂရီ ဆဲလ်စိယပ်စ်) ခန့်မှာ လက်ရှိ ကိရိယာတွေနဲ့ စွမ်းရည်တူ အပူမှ လျှပ်စစ်ကို ပြောင်းပေးနိုင်တာ တွေ့ရှိရပါတယ်။ အပူချိန် ပိုမို မြင့်မားမယ်ဆိုရင် စွမ်းဆောင်ရည် ပိုမို မြင့်မားတယ်။ 950 ဒီဂရီ ဖာရင်ဟိုက် (500 ဒီဂရီ ဆဲလ်စိယပ်စ်)မှာ သူ့ရဲ့ အမြင့်ဆုံး Rating 1.5 ထိရှိပါတယ်။ ပုံမှန်မော်တော်ကား အင်ဂျင်လို စွမ်းအင် စနစ်တွေရဲ့ အပူချိန်သည်လည်း ဒီဂရီ ဖာရင်ဟိုက် 450 နဲ့ 950 ကြားပါပဲ လို့ ဟာရီမန်စ် က ပြောပါတယ်။

သုတေသီတွေက မူပိုင်ခွင့် လျှောက်ထားပြီး ဒီပစ္စည်းကို မွမ်းမံ နေကြဆဲ ဖြစ်ပါတယ်။ ထပ်မံ ရှာဖွေတွေ့ရှိမှုတွေနဲ့ လက်ရှိ တွေ့ရှိမှုတွေ ပေါင်းစပ်ပြီး ဒီပစ္စည်းရဲ့ စွမ်းဆောင်ရည်ကို ပိုမို မြှင့်တင် ထုတ်လုပ်နိုင်မယ်လို့ ယုံကြည် နေကြတယ်။ ဆနိုက်ဒါက Thallium ဒြပ်စင်ဟာ အရမ်းကို အဆိပ်အတောက် ပြင်းတဲ့ အတွက် ဒီပစ္စည်းကို တပ်ဆင်ထားတဲ့ အပူကနေ လျှပ်စစ်ပြောင်း ကိရိယာကို ထုတ်လုပ်မယ်ဆိုရင် သေချာစွာထုပ်ပိုးဖို့ လိုပါလိမ့်မယ်။ ဒါပေမဲ့ ဒီကိရိယာတွေဟာ ပြန်လည် သုံးစွဲနိုင်ပါလိမ့်မယ်လို့ဆိုပါတယ်။ စွမ်းရည်တူ လုပ်ဆောင်နိုင်တဲ့ အဆိပ်အတောက် မရှိတဲ့ အပူကနေ လျှပ်စစ် ထုတ်နိုင်တဲ့ တခြား စနစ်မျိုး ထပ်မံ ရှာတွေ့ နိုင်ပါသေးတယ်လို့ လည်း သူက ပြောပြပါတယ်။

မူရင်းစာ

Jul 25, 2008

Paying Tax in Embassy

မှန်းစမ်း။ ဒီလူတွေ ဘာလုပ် နေကြတာ လဲလို့။ သေချာတာကတော့ ဆီဝေတယ် ဆန်ဝေတယ် ဆိုလို့ တန်းစီ နေကြ တာတော့ မဟုတ်ဘူးဗျ။ ပြောမယုံ ကြုံဖူးမှ သိတယ်ဗျာ။ စင်္ကာပူနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးမှာ မနက် ဝေလီဝေလင်းမှာ အခွန်ဆောင်ဖို့ နာမည်ရေးဖို့ တန်းစီ နေကြတာပါ။ ဘယ်သူက ဘယ်လို ရွှေဥာဏ်တော် စူးရှပြီး တီထွင် လိုက်တယ် မသိပါဘူးဗျာ။ မိုးမလင်းခင် အချိန်ကြီးကို လာရောက်တန်းစီ နိုင်ငံတော် အတွက် အခွန်အခ ထမ်းဆောင်ဖို့ ရွှေမြန်မာ တွေလောက် ၀ီရီယ ကောင်းတဲ့ သူတွေတော့ ကမ္ဘာမှာ ရှိမယ် မထင်ဘူးဗျာ။

အခွန်သွားဆောင်မယ် ဆိုကတည်းက အိမ်က ညီတော်မောင်တွေက အကြံပေးပါတယ်။ မနက် ၄ နာရီလောက်ထ။ ပြီးရင် တက္ကစီငှားပြီးသွား။ မနက်၅နာရီလောက်ဆိုရင် သံရုံးက အစောင့်တွေက နာမည်ရေးဖို့ စာရွက်ထုတ်ပေးတဲ့ အခါ စောင့်ပြီး ကိုယ့်နာမည်လေး ရေးခဲ့လိုက်။

မောင်လူအေးက ပြောသမျှ မယုံဘဲ ရှည်ကြောပြီး သွားပါတယ်။ မနက် ၅ နာရီခွဲလောက် အိမ်ကထွက် အစောဆုံးထွက်တဲ့ အမ်အာတီ တတိယ အစီးလောက် စီးတယ်။ အောချက် အမ်အာတီရောက်တော့ ၆နာရီလောက်။ တနေကုန် တနေခမ်း ပျားပန်းခတ်မျှ စဉ်တဲ့ အောချတ်လမ်းမကြီးတောင် အိပ်မောကျနေတုံး။ အောချတ် အမ်အာတီနား တ၀ိုက်မှာတော့ လူ တချို့တွေ့တယ်။ လျှောက်လာရင်း လျှောက်လာရင်း လူပြတ်လာလိုက်တာ စိန့်မာတင် နားရောက်တော့ လူတစ်ယောက်မှ မတွေ့။ ကိုယ်တိုင်တော့ ငါတော်တော်များ စောနေသလားပေါ့။

စိန့်မာတင် လမ်းထဲ လျှောက်၊ သံရုံးကို လှမ်းမြင်ရတော့မှပဲ လားလား။ ဘယ်အချိန်ကတည်းက ရောက်နေကြတယ် မသိ။ ရွှေတွေ ရွှေတွေ။ အားကြိုးမာန်တက် ဘယ်အချိန်ကတည်းကများ ရောက်နေကြတယ် မသိ။ သုတ်သုတ်သုတ်သုတ်နဲ့ လျှောက်သွားပြီး တန်းစီရတယ်။ ကိုယ်ပိုင် ဘောပန် လေးကိုယ်စီနဲ့ တစ်နေရာစာ ရရှိရေး တန်းစီကြ၊ ကိုယ့်အလှည့်ရောက်တော့ ကိုယ့်နာမည်လေး ဖြည့်၊ အဖေနာမည်လေးရေး၊ ပတ်စပို့နံပတ်လေးရေး၊ စင်္ကာပူ လက်ရှိ နေရပ်လိပ်စာလေးရေး။ မောင်လူအေး ရေးရမဲ့ အလှည့်ရောက်လို့ ဖြည့်မယ် ဆိုပြီး အကြည့်။ လားလား။ ကိုယ့်ရှေ့က တန်းစီနေတာက လူ ၂၀ လောက် ကိုယ့်နာမည်ရောက်နေတာက ၅၀ ကျော်။ အပေါ်က ဘယ်သူတွေကများ ကိုယ်ရောင်ဖျောက် ကိုယ်တော်တွေ လာရေးထားကြတယ် မသိဘူးဗျာ။ နာမည်လေးတွေ ချည်းပဲ။ ပတ်စပို့နံပတ် မပါ။ အဖေနာမည် မဖြည့်ရသေး။ လိပ်စာက ကွက်လပ်နဲ့။

အော် ကိုရွှေမြန်မာတွေကတော့ ရောက်လေရာ နေရာလေးမှာ အမျိုးဂုဏ်၊ ဇာတိဂုဏ်လေးတွေက အဲလို အဲလို ထိမ်းသိမ်းထားကြသေးပါလားလို့ပဲ ....

ကဲ စင်္ကာပူရောက် ကိုကိုရွှေတို့ မမရွှေတို့ရေ... အခွန်လေးများ ဆောင်ချင်ကြတယ်ဆိုရင်တော့ဗျာ... မနက်မိုးမလင်းခင် ၆ နာရီ မထိုးခင် သွားရောက် တန်းစီကြမှသာ သေချာမှာ ဖြစ်ပါကြောင်းနဲ့ တစ်နေ့ကို အခွန်ထမ်းဆောင်သူ ဦးရေ ၁၀၀ သာလျှင် လက်ခံ ဆော်ရွက်ပေးပါကြောင်း သိစေဖို့ ဝေမျှ လိုက်ရပါတယ်ဗျာ။

First Priority!!!

မော်တော်ယာဉ်တွေ သွားလာရေးမှာ ဦးစားပေး အစီအစဉ်အလိုက် သွားလာကြရတယ်။ အဲဒီလို မောင်းနှင်ကြရမှာ မီးသတ်ကား၊ လူနာတင်ယာဉ် စတာတွေက တာဝန်ချိန် အတွင်းမှာ ဦးစားပေး အဆင့်အမြင့်ဆုံး ယာဉ်တွေပါ။ ထိုနည်းတူစွာ မီးရထား၊ မီးရထားသည်လည်း မီးရထားနဲ့ ကားလမ်းဆုံဆည်းရာနေရာတွေမှာ ဆိုရင် မီးရထားသည်လည်း ဦးစားပေး ယာဉ် တစ်မျိုးဖြစ်တယ်။ မီးရထား သွားလာနေစဉ်မှာ တခြား ယာဉ်တစ်မျိုးမျိုးနဲ့ တိုက်ခိုက်မိတယ် ဆိုရင် ထိခိုက်မှုအတွက် တိုက်ခံရသူ ယာဉ်က လျော်ကြေးမရတဲ့ အပြင် မီးရထား ခရီးစဉ် နှောင့်နှေးမှုအတွက်၊ မီးရထားကို ထိခိုက်စေမှုအတွက် လျော်ကြေး တောင် ပြန်ပေးရပါသေးတယ်။

မောင်လူအေးတို့ တစ်ခါကြုံခဲ့ရတဲ့ အမှတ် မထင် အဖြစ်အပျက်လေး တစ်ခုပါ။ ပြည်အောင်လံလမ်းမပေါ်က ပြည်မြို့အထွက်နားမှာ ပြည်ဆေးရုံသစ်ကြီး ရှိတယ်။ ဆေးရုံရဲ့ နံဘေးမှာ ရထားလမ်းနဲ့ ကားလမ်းဆုံတဲ့ ပြည် သံလမ်းဂီတ်ရှိတယ်။ အဲဒီနေ့က စနေနေ့တစ်နေ့။ နေ့လည် ၃ နာရီလောက် ရှိမယ်ထင်ပါတယ်။ ပြည်မြို့ထဲကနေ စက်ဘီးနဲ့ ပြန်လာတဲ့ မောင်လူအေးတို့ ရထားလာနေတဲ့ အတွက် သံလမ်းဂိတ်က ပိတ်လိုက်တယ်။ မောင်လူအေးတို့လည်း စက်ဘီးပေါ်ကဆင်း ရထားဖြတ်အသွားကို ရပ်စောင့်ပေါ့။

မောင်လူအေးတို့ စက်ဘီးရပ်နေတဲ့ ဘေးကို မီးသတ်ကားက လာရပ်တယ်။ မီးသတ်ကားရဲ့နောက်ကို လူနာတင်ယာဉ်က လာရပ်တယ်။ လူနာတင်ယာဉ်ရဲ့ နောက်မှာ ပြည် ခရိုင် တပ်ရင်းမှုးကားက လာရပ်တယ်။ အားလုံး ဗွီအိုင်ပီယာဉ်တွေ ချဉ်းပဲ။ တနည်း သက်သာသွားတာက မီးသတ်ကားကလည်း တာဝန်ချိန် မဟုတ်ဘူး။ နားနေတဲ့ အချိန် ရေသွားဖြည့်ရာက ပြန်လာတာ။ လူနာတင်ယာဉ်ကလည်း နားနေချိန် တခြားတနေရာကနေ ပြန်လာတာ။ တပ်ရင်းမှုးကားကတော့ ဘယ်က ပြန်လာတယ် မသိပေမဲ့ သူလည်း တာဝန်ချိန် ပြင်ပ။တကယ်တော့ လာရပ်လိုက်တဲ့ ယဉ်တွေ အားလုံးက သူ့နေရာနဲ့ သူ၊ တာဝန်ချိန်သာ ဖြစ်ကြည့်။ ဘယ်သူတွေ ရှိရှိမရှိရှိ။ သူတို့ကတော့ ရပ်တဲ့ ယာဉ်တွေ မဟုတ်ကြပါဘူး။ အကယ်၍သာ အားလုံးသာ တာဝန်ချိန် အတွင်း ဖြစ်နေခဲ့မယ်ဆိုရင် ဘယ်သူ့ကို ဘယ်သူ ဦးစားပေးပြီး ဘယ်သူက ရပ်စောင့်ကြမလဲ ဆိုတာ စဉ်းစားမိတယ်။

တကယ်လို့ လူ့ဘ၀မှာရော ဦးစားပေး အစီအစဉ် ပထမဆင့် ပထမဆင့်ဆိုတာတွေ နှစ်မျိုး၊ သုံးမျိုး တပြိုင်နက်တည်း ကြုံလာခဲ့မယ်ဆိုရင် ဘယ်လို စခန်းသွားကြမလဲ။ နံပတ် ၁ ကလည်း မလုပ်မဖြစ်၊ နံပတ် ၂ က မဖြစ်မနေ ဆိုတာမျိုး ကြုံလာခဲ့မယ်ဆိုရင် .....

ဆက်လက်တွေးခေါ်ဖို့ ဝေမျှရခြင်းပါ။

Jul 13, 2008

Biography of U Ottama

မိမိ ကိုယ်တိုင်လည်း ဖတ်ဖြစ်အောင်၊ ဖတ်ချင်သူများလည်း ဖတ်ရှုနိုင်အောင် ဝေမျှလိုက်ရခြင်း ဖြစ်ပါတယ်ဗျာ။

မူရင်း Upload Site တွင် ဖတ်ရှုလိုပါက ဤနေရာကို နှိပ်ပါ။

Jul 11, 2008

ကျောင်းတော်က ပျို....

"အသက်ကလေးရယ်တဲ့ ရှည်စေလို
မြနန္ဒာ ရေညိုသန်းတယ်
မန်းတောင်ရိပ်ခို........"

ဒါက မြနန္ဒာ ကဗျာပေါ့

ကျောင်းတုံးက (အခြေခံပညာ ကျောင်းတုံးက ပါ...) ဆံပင်တို ဂုတ်ဝဲလေးတွေကို ကြည့်ရင်း စပ်ဖြစ်တဲ့ ကဗျာလေးက.....

အသားကလေးရယ်ညို
မြကေသာတိုတို ကုပ်တယ်
ကျောင်းတော်က ပျို
ချစ်လွန်းလို့ပါဆို
ညိုပါနဲ့ မျက်နှာထား
ချစ်မေတ္တာ ရစ်ကာလွှမ်းပါလို့
ချစ်စို့တအား။

ငယ်ငယ်က ရေးဖြစ်တဲ့ ကဗျာလေး အမှတ်တရ အဖြစ် ဘလော့ပေါ် တင်လိုက်ခြင်းသာ ဖြစ်ပါကြောင်း။

Jul 10, 2008

AUTOCAD 2005/ 2007/ 2008 For Dummies!!!














Download လုပ်ရန် ပုံပေါ်တွင် Click လုပ်ပါရန်။

Invitation to Waso Robe Offering Ceremony

ဝါဆို သင်္ကန်းဆက်ကပ်လှုဒါန်းပွဲ ဖိတ်ကြားလွှာ


*************************************************************************************************

Invitation to Waso Robe Offering Ceremony

Dear Dakagyi and Dakamagyi

You are invited to attend Waso Robe offering ceremony at Mahamuni Buddhist Temple. Please check detail information of our schedule.

With Metta
Yours In Dhamma
Ven. Dr Vicitta
Mahamuni Buddhist Temple
Singapore

*********************************************************************
****************************

ဓမ္မမိတ်ဆွေ သူတော်စင် အပေါင်းတို့ ခင်ဗျား.....

စင်္ကာပူ နိုင်ငံမှာရှိတဲ့ Mahamuni Buddhist Society မှာ ယခုလ ဇူလိုင်လ ၂၀ ရက်နေ့ နံနက် ၈နာရီခွဲ အချိန် သံဃာတော်များကို ၀ါဆို သင်္ကန်း ဆက်ကပ် လှုဒါန်းမှာ ဖြစ်တဲ့အတွက် ပါဝင်လှုဒါန်း လိုသူများ သိရှိစေနိုင်ဖို့ နိဗ္ဗာန် အကျိုးမျှော်၍ နှိုးဆော် လိုက်ရပါကြောင်း။

Mahamuni Buddhist Society တည်ရှိရာ နေရာကတော့

23A Jalan Mas Puteh
Singapore 128628
Tel: (65) 6777 7018 ဖြစ်ပြီး

လမ်းညွှန်ကတော့ Clementi MRT Station ကနေပြီး၊Service Number 78 ဒါမှ မဟုတ် 285 ကားစီးမယ်ဆိုရင် ၃ မှတ်တိုင်မြောက်မှာ ဆင်းရင် ရောက်ရှိပါကြောင်း နိဗ္ဗာန် အကျိုးမျှော်၍ နှိုးဆော် လိုက်ရပါတယ်ဗျာ။

Read this document on Scribd: Waso Robe Donation Ceremony

Jul 8, 2008

Who Is Reponsible For This!!!!

Dog Leash @ 5 Towels
She falls to her death
By Genevieve Jiang

She left her 4-year-old daughter back home in Myanmar in search of a better life in Singapore.

But life here as a maid was far from what she had expected.

Unhappy and desperate for a way out, she allegedly tried to escape - an attempt that ended in tragedy.

Ms. Khim Cho Oo, 33, is believed to have slipped and fallen to her death as she was climmbing out of a window of the third storey of an HDB flat.

The accident happened at Block 896C Woodlands Drive 50 at about 5:30 pm on Wednesday.

Ms. Khim was found lying motionless face down, clad in a black shirt and blue jeans.

Next to her were five blood-stained towels, which had been tied together to form a line. A white handbag had been tied to them, reported Shin Min Daily News.

A pink dog leash was found dangling from the window where she had allegedly tried to escape.

Ms. Khim's previous employer, Mr. Louis Lee, 28, a businessman, told The New paper that she was unhappy working as a maid.

She arrived in Singapore in May and started working for him at his Woodlands flat that same month.

She was referred to him by the Woodlands branch of the JPB Employment Agency, which has six branches island-wide,

Said Mr. Lee ’A few days into the job and she was already saying that she missed home and wanted to go back.

'I advised her to give herself more time because I've heard of many foreign workers who pay a lot to come here and if they go back halfway, they'll end up having to pay their agents a tidy sum.'

Mr. Lee said he had employed her to take care of his 2-year-old son.

Ms. Khim told him she graduated from a university in Myanmar four years ago, with a degree in history.

She said she also had a certificate in computer studies from a private school in 1997.

He said: 'She said she didn't want to work as a maid but hoped to get some office or clerical work here that suited her qualifications. It was obvious she was unhappy working as a maid. She didn't seem interested to learn.'






RUN AWAY

She even ran away from home a week into the job, said Mr. Lee.

'I was at work when I got a call from one of my Myanmar friends that she had run away. I had introduced them when I asked him (my friend) to be an interpreter for me and her.'

She had contacted this friend for help after running away, but Mr. Lee said his friend managed to persuade her to return. She went back to Mr. Lee's flat that same day.

But a month later, she again insisted on returning to Myanmar, said Mr. Lee. So he contacted the JPB to take her back. He said he had not been in touch with her since she left last month.

Her 44-year-old uncle, who is in construction, told Lianhe Wanbao that she came here because she could not find work back home. He said that Ms. Khim had saved $ 2,400 for her passage here.

Ms. Khim was divorced. Her daughter is being cared for by her father.

Said her uncle 'She was so homesick she wanted to return home. Because she had breached her contract, she was supposed to pay her agent $1,000.

'She had asked me for help in getting the money, but I don't earn much as a construction worker, so I told her to be patient. I didn't expect her to resort to such drastic measures.'

He said the Woodlands flat was where she was housed with other maids. He added that he doesn't have enough money to send her body home.

When The New paper called JPB Employment Agency at its Woodlands office yesterday, a staff member said she couldn't comment on the incident.

When we visited the Woodlands flat yesterday evening, the unit's tenants refused to open the door.

But neighbors said women of various nationalities, including Chinese, Indonesian, and Filipino, were often seen entering and leaving that flat.

Said Mr. Lee, 'Although Ms. Khim worked for only a month with me, I'm really saddened by what has happened.

'If her relatives need help transporting her body home, I will try my best to help.'

The police are investigating the case as one of unnatural death.


The New Paper VOA News

Credit to MA GYITTU

Jul 3, 2008

အကယ်၍သာ….

အခြေအနေက တော်တော်လေး မကောင်းတဲ့ အနေအထား။ သွေးသွင်းခွဲစိတ်မှု လုပ်မှပဲ အသက်ဆက် ရှင်သန်နိုင်မဲ့ မျှော်လင့်ချက် ရှိမယ်။ သွေးသာ မသွင်းဘူးဆိုရင် သူ အသက်ဆက် ရှင်နိုင်ဖို့ ဘယ်လိုမှ အာမမခံနိုင်။ သွေး သွင်းစရာ ကလည်း စစ်ဖြစ်နေတဲ့ အခုလို အချိန်ကာလမှာ ဘယ်က သွေးလှုရှင်ကို သွားရှာရပါ့။ ဆေးရုံမှာ ရှိတဲ့ သွေးတွေကလည်း သူ့မတိုင်ခင် ရောက်လာတဲ့ လူနာတွေ အတွက် သုံးလို့ ကုန်နေပြီ။ လောလောဆယ် သွေးသွင်းမယ် ဆိုရင် ရှိတဲ့ သွေးလှောင်ခန်းထဲ အေးခဲထားတဲ့ သွေးပုလင်း ၅ လုံးထဲက သွင်းမှသာ။ အဲဒီကျန်တဲ့ သွေး ငါးပုလင်း ကလည်း ယခင် စစ်မဖြစ်ခင် အချိန်က ဆေးပညာ ကျောင်းသားတွေ သုတေသန လုပ်ဖို့ ထားထားတဲ့ လူတိုင်း ကြောက်တဲ့ အိပ်ခ်ျအိုင်ဗီ ရောဂါပိုး ပါရှိနေတဲ့ သွေး။

ဒီသွေးသာ မသွင်းလိုက်ဘူးဆိုရင် မကြာခင်မှာပဲ သူ လူ့ဘ၀ကို ကျောခိုင်းရတော့မယ်။ ခွဲခန်းပြင်ပမှာ စောင့်နေတဲ့ အိမ်သူဇနီးမယားနဲ့ လူမမယ် သားနဲ့ သမီး ၃ ဦး။ သူတို့လေးတွေရဲ့ အနာဂတ်။ ဆရာဝန်က ရှင်းပြတယ်။ သွေးမသွင်းရင် ခင်ဗျားအတွက် ကျွန်တော်တို့ ဘယ်လိုမှ အာမမခံနိုင်။ သွေးသွင်းမယ် ဆိုရင် ချက်ချင်း ခွဲစိတ်မယ်။ လိုအပ်တဲ့ သွေးကို သွင်းမယ်။ ခွဲစိတ်ပြီး နောက်ပိုင်း အိပ်ခ်ျအိုင်ဗီပိုး ခင်ဗျားသွေးထဲ ရောက်သွားမယ်။ အိပ်ခ်ျအိုင်ဗီ ပိုးနဲ့ နေထိုင်သူ ဖြစ်သွားမယ်။ အိပ်ခ်ျအိုင်ဗီပိုး သယ်ဆောင်ထားတယ် ဆိုတိုင်း အေအိုင်ဒီအက်စ် ရောဂါ ဖြစ်တာ မဟုတ်သေးဘူး။ ဆေးပညာရှင်တွေ ညွှန်ကြားတဲ့အတိုင်း လိုက်နာ ကျင့်ကြံနေထိုင်မယ်ဆိုရင် နောက် အနည်းဆုံး ၅ နှစ်ကနေ ၁၀ နှစ်အထိ လူကောင်းလို နေထိုင်သွားနိုင်မယ်။ နောက် အနည်းဆုံး ၅ နှစ် (သို့မဟုတ်) ၁၀ နှစ် ဆိုတဲ့ အချိန်အတွင်းမှာ သားနဲ့ သမီးတို့ လူလားမြောက်အောင် သွန်သင်ဆုံးမ ပဲ့ပြင်သွားနိုင်မယ်။ ၅ နှစ် (သို့မဟုတ်) ၁၀ နှစ်ဆိုတဲ့ အချိန် အတွင်းမှာ သူ သေသွားမယ်ဆိုရင်တောင် သူ့အိမ်သူ ဇနီးအတွက် အခုအချိန် သူ သေဆုံး သွားတာလောက် အတိဒုက္ခ မရောက်နိုင်။

ဟုတ်ပြီ။ သွေး သွင်းလိုက်ပါပြီတဲ့။ လောလောလတ်လတ်မှာ မသေတော့ဘူး ဆိုတာက လွဲရင် သူ့ အသွေးထဲ အသားထဲကို အိပ်ခ်ျအိုင်ဗီပိုး ရောက်ရှိ သွားတော့မယ်။ သူဟာ အိပ်ခ်ျအိုင်ဗီ ရောဂါပိုး သယ်ဆောင်သူ တစ်ယောက်ဖြစ်လာပြီး နောင် တစ်ချိန်မှာ အေအိုင်ဒီအက်စ်ဆိုတဲ့ လူတိုင်းကြောက်တဲ့ ရောဂါဆိုးကြီးနဲ့ သေဆုံးရမယ်။ သားနဲ့ သမီးကို လူလားမြောက်အောင် လုပ်ပေးနိုင်တာကတော့ ဟုတ်ပါပြီ။ သူ မသေဆုံးခင် အေအိုင်ဒီအက်စ် ရောဂါရှင် ဖခင်နဲ့ အတူ နေခြင်း အားဖြင့် ပတ်ဝန်းကျင်မှာ သူတို့လေးတွေ မျက်နှာများ ငယ်ကြမလား။ လူဆိုတာမျိုး ကလည်း ဒီရောဂါ ဖြစ်တယ်ဆိုရင် ဘာ့ကြောင့် ဖြစ်တယ်၊ ဘယ်လို ဖြစ်တယ် ဆိုတာထားလို့ လောလောဆယ်မှာ နှာခေါင်း ရှုံ့ကြမှာက အယင်။ သူ သေဆုံးပြီးတဲ့ နောက်မှာရော သားနဲ့ သမီး၊ ကျန်ရစ်သူ ဇနီးတို့ကို ပတ်ဝန်းကျင်က ဘယ်လို မြင်မလဲ။ အိပ်ခ်ျအိုင်ဗီရောဂါသည် ဒီလိင်ကိစ္စဖောက်ပြန်မှု တစ်ခုတည်းကြောင့် ကူးစက်တာ မဟုတ်ပါဘူး ဘယ်လောက်ပဲ ပြောပြော လူတွေက နှာခေါင်း ရှုံ့တာက ရှုံ့ကြဦးမှာပဲ။ ဒီဒဏ်တွေ သူ့ မိသားစု ခံနိုင်ပါ့မလား။

အာ… ရှုပ်ပါတယ်။ သားနဲ့ သမီး လူပုံအလယ်မှာ အရှက်တကွဲ အကျိုးနည်းဖြစ်ရမဲ့ ကိစ္စ။ ခုနေ သူ သေလိုက်တာကမှ ပိုကောင်းမယ် ထင်ပါ့။ ဘယ်လောက်ပဲ ခက်ခဲတယ်ပြောပြော။ လူထွင်းတဲ့ ပါးစပ်မှ မဟုတ်ဘဲ။ နတ်ထွင်းတဲ့ ပါးစပ်။ သူ့သားသမီးတွေ မငတ်အောင်တော့ သူ့ အိမ်ရှင်မက စွမ်းဆောင်နိုင် လောက်ပါရဲ့။ တော်ပါပြီ မသွင်းတော့ဘူး။

အို ပတ်ဝန်းကျင်က ဘာမို့လို့လည်း။ သားနဲ့ သမီးနဲ့ အိမ်သူသက်ထားနဲ့ အနည်းလေး ငါ ၃ -၄ နှစ် အလုပ်လုပ်။ အိမ်ရှင်မကိုလည်း အခြေကျစေမဲ့ အလုပ်တစ်ခု လုပ်စေ။ အားလုံး အဆင်တွေ ချောကာမှ ငါသေမယ်လေ။ ကဲ… ဘာပဲဖြစ်ဖြစ်။ ဒီသွေးကို ငါသွင်းမယ်။

*************************************************************************************

စာဖတ်ပြီး စိတ်ညစ်သွားကြလားတော့ မသိ။ ဟုတ်ကဲ့။ ဒါဟာ တကယ့် အဖြစ်အပျက်တစ်ခု မဟုတ်ပါဘူး။ သို့ပေသည့် တကယ့် လက်တွေ့မှာ ကြုံလာနိုင်တဲ့ အဖြစ်အပျက်ကို ကျွန်တော်တို့ သုံးသပ် အဖြေရှာကြည့်ကြတာပါ။ အကယ်၍ ကာယကံရှင် နေရာမှာ သင်သာဆိုရင် ဘယ်လို လုပ်မလဲ။ အဲဒီသွေးကို သွင်းမလား။ သွေးမသွင်းဘဲ အသေပဲ ခံလိုက်တော့မလား။ သူငယ်ချင်းတို့ အမြင်လေးတွေလည်း သိချင်တယ်ဗျာ။

အမှန်က ဒီပြဿနာ ဖြစ်တာ ၁၉၉၆ ခု မေလ အခြေခံပညာ အထက်တန်းကျောင်းတစ်ကျောင်းမှာ။ ယူနီဆက်ရဲ့ ထောက်ပံ့မှုနဲ့ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းက ကြီးမှုးပြီး သင်တန်းလေးတစ်ခု ဖွင့်ပါတယ်။ သင်တန်းအချိန်က စနေ၊ တနင်္ဂနွေ ၂ ရက်။ သင်တန်းချိန်က မနက် ၉ ညနေ ၄။ သင်တန်း တက်ရောက် အပြီးမှာ သင်တန်းကြေး ၂၀၀ ချီးမြှင့်တယ်။ ( ဟုတ်ကဲ့။ သူငယ်ချင်း ဖတ်တာ မမှားပါဘူး။) ယူနီဆက်ကနေ သင်တန်းသားတွေကို တစ်ယောက် ၂၀၀ စီ မုန့်ဖိုး ပေးတာပါ။ ကျန်တဲ့ သင်တန်း အထောက် အကူပြု စာအုပ်စာတမ်းတွေလည်း ပေးတယ်ဗျာ။ စာအုပ်တွေဆို ကောင်းမှ ကောင်း ကြွေစက္ကူနဲ့ ရိုက်တားတဲ့ စာအုပ်တွေဗျာ။

ကိုးတန်းနဲ့ ၁၀ တန်း တစ်တန်းကို ယောင်္ကျားလေး ၅ ယောက်၊ မိန်းကလေး ၅ ယောက်နှုံးနဲ့ စုစုပေါင်း အယောက် ၂၀ တက်ကြတယ်ဗျ။ သင်တန်းရဲ့ ခေါင်းစဉ်က သားဆက်ခြားခြင်းနှင့် အိပ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ် ပြန့်ပွားမှု တားဆီးကာကွယ်ရေး ပညာပေး သင်တန်း ပါတဲ့။

ကဲ ခုနက ပြဿနာကို ပြန်ဆက်ရအောင်။ အဲဒီ ပြဿနာ စတာက ၁၀ တန်း အခန်းက စတယ်။ စတဲ့ အကြောင်းအရာက နှစ်သိမ့်ဆွေးနွေး ပညာပေးခြင်း ဆိုတဲ့ ခေါင်းစဉ်ကို ဆွေးနွေးကြရာက စတယ်။ နှစ်သိမ့်ဆွေးနွေးတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး တစ်ဦးချင်း ကိုယ်တိုင် ကြုံခဲ့ရတဲ့ ပြဿနာလေးတွေ ကိုယ်စီ ပြောပြ၊ ရှင်းလင်းခဲ့ပုံ နည်းစနစ် လေးတွေ ပြောပြကြနဲ့။ အဲ… တစ်ဦးချင်း ပြဿနာ ဖြေရှင်းပြီးတဲ့ နောက်မှာ အားလုံးအတွက် ပြဿနာလေးကို သင်တန်း ဆရာ၊ ဆရာမတွေက ဖန်တီးပေးတယ်။ ပြီးတော့ တစ်ဦးချင်း သုံးသပ်ခိုင်းတယ်။ အဖြေပေးခိုင်းတယ်။

ဒီဆွေးနွေးမှုရဲ့ အဓိက ရည်ရွယ်ချက်က အိပ်ခ်ျအိုင်ဗီရောဂါပိုးသည် လိင်ဆက်ဆံမှု တစ်ခုတည်းက ကူးစက်ခြင်း မဟုတ်ကြောင်း၊ အိပ်ခ်ျအိုင်ဗီရောဂါပိုး သယ်ဆောင်ထားသူသည် ပတ်ဝန်းကျင်အတွင်း သာမာန်လူကဲ့သို့ပင် နေထိုင်၊ စားသောက်၊ အသက်ရှင် နိုင်ကြောင်း၊ လက်ရှိအချိန် (သင်တန်းဖွင့်သည့် ၁၉၉၆ ခု) တွင် လူထုမှ ရှင်းရှင်းလင်းလင်း သိနားလည်မှု မရှိသေးသည့်အတွက် အိပ်ခ်ျအိုင်ဗီရောဂါပိုး သယ်ဆောင်သူနှင့် အေအိုင်ဒီအက်စ် ရောဂါရှင်များအပေါ် ခွဲခြားဆက်ဆံမှုများ ရှိနေသေးပေမဲ့၊ အခုလို သင်တန်းများ ဖွင့်လှစ် သင်ကြားပေးခြင်းဖြင့် ဤရောဂါပိုးနှင့် ရောဂါရှင်တို့ အပေါ် အမြင်မှန်များ ရရှိကာ ခွဲခြားဆက်ဆံမှုများ ပပျောက်သွားလိမ့်မယ်လို့ ယုံကြည်ကြောင်း၊ ဒီ့အတွက် သင်တန်းသားများဆီက တညီတညွတ်တည်း သွေးသွင်းပါ့မယ် ဆိုတဲ့ အဖြေကို ရအောင် သူတို့ (သင်တန်း ဆရာ၊ ဆရာမတို့) ကြိုးစားကြခြင်းပါ။

ဖြစ်ချင်တော့ ၁၀ တန်း အခန်းမှာ တင်ပြတဲ့ ပြဿနာက သိပ်ပြီး အခြေ မခိုင်ဘူး။ ပြဿနာရဲ့ ဇာတ်ကောင်သည် အိမ်ထောင်မရှိသူ၊ လူပျို၊ လူလွတ်။ ဒီ တစ်ချက်တည်းနဲ့တင် ၁၀ တန်း တစ်ခန်းလုံးက ပြောလိုက်တယ်။ နိုးပါ။ သွေးမသွင်းပါဘူး။ အသေပဲ ခံသွားမယ်။

၁၀ တန်းအခန်းမှာ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့တဲ့ သင်တန်း ဆရာ၊ ဆရာမများ အဖွဲ့ဟာ ၉ တန်း အခန်းကို ရောက်တော့ ပြဿနာကို နည်းနည်း အဆင့်မြှင့်လိုက်တယ်။ ဆေးကုသမှု ခံယူရန် လိုအပ်သူ ကာယကံရှင်သည် အိမ်ထောင်သည်။ အိမ်ထောင်သည်မှာမှ ဘယ်လိုမှ ငြင်းမရနိုင်အောင် လူမမယ် သားသမီး ၃ ဦးရှိတဲ့ အိမ်ထောင်ဦးစီး။ အဲဒီလို ပြဿနာကို အဆင့်ဆင့် မွမ်းမံ ပြုပြင်ပြီးတဲ့ နောက်ကျမှ မောင်လူအေးတို့ ၉ တန်း အခန်းမှာ လာချပြတဲ့ခါ ၉ တန်းတစ်ခန်းလုံး ဟုတ်ကဲ့ သွင်းပါ့မယ် တွေ ဖြစ်ကုန်ကြ ရတော့တာပါပဲ။

ပြောချင်တာ ဒီ ပြဿနာလေးသည် ဖန်တီး၊ တည်ဆောက်ထားတဲ့ ပြဿနာ တစ်ရပ်ပါ။ သို့ပေမဲ့ ဖန်တီးမှု ဆိုသည်ကလည်း မဖြစ်နိုင်တဲ့ ဖန်တီးမှု တစ်ခု မဟုတ်ပြန်။ အကယ်စင်စစ် လက်တွေ့ လောကမှာလည်း ဖြစ်နိုင်တဲ့ ပြဿနာ တစ်ရပ်၊ အခင်းအကျင်း တစ်ရပ်။ ပြဿနာ ထဲကလို သွင်းမဲ့ သွေးမှာ ပိုး ပါဝင်နေတာ သိတာကြောင့် ဝေဖန်သုံးသပ်လို့ ရတဲ့ အနေအထား၊ တကယ့် လက်တွေ့ မှာတော့ ပိုးရှိ၏။ မရှိ၏ ဝေဖန် ပိုင်းခြားနေဖို့ နေနေသာသာ သွေးသွင်း ကုသ ပြီးတော့မှသာ မိမိမှာ အိပ်ခ်ျအိုင်ဗီပိုး ရှိမှန်း မသိ ရှိသွားကြရ တာမျိုးပါ။

ဆိုတော့ကာ ကမ္ဘာ့ကပ်ရောဂါ တစ်ခုလို ဖြစ်နေပြီ ဖြစ်တဲ့ အိပ်ခ်ျအိုင်ဗီနဲ့ ပတ်သက်လို့ သူငယ်ချင်း ဘယ်လို မြင်သလဲ။ အိပ်ခ်ျအိုင်ဗီ ရောဂါရဲ့ ကူးစက်ပုံ၊ ကူးစက်နည်း ပျံ့နှံ့ပုံ၊ ပျံ့နှံ့နည်းရော သူငယ်ချင်း ဘယ်အတိုင်းအတာထိ သိထားသလဲ။ ငါနဲ့ မဆိုင်ဘူး။ ဒီရောဂါနဲ့ ငါနဲ့ ပတ်သက်စရာလည်း ငါ့မှာ ဘာမှ မရှိဘူးလို့ ပြောလို့ မရတော့လောက်အောင် ကမ္ဘာကြီး တစ်ခုလုံးကို အလွန်တရာ လျင်မြန်တဲ့ နှုံးနဲ့ ပျံ့နှံ့နေပြီဆိုတာ မေ့မထားဖို့ လိုပါမယ်။ ဒါမှသာလျှင် မိမိ ကိုယ်တိုင်လည်း ရောဂါပိုး ကူးစက်စေနိုင်တဲ့ အပြုအမူ၊ အနေအထိုင်မျိုး ရှောင်ရှားနိုင်မှာ ဖြစ်သလို၊ ကံ မကောင်း အကြောင်းမလှလို့ပဲ ဖြစ်ဖြစ်၊ အခြေအနေ တစုံတရာကြောင့်ပဲ ဖြစ်ဖြစ် (ဥပမာ။ ။ ဒီ ပြဿနာ ထဲက ဇာတ်ကောင်လိုမျိုး) ရောဂါပိုး ကပ်ငြိ နေသူများကိုလည်း ပစ်ပယ် ထားခြင်း မရှိဘဲ၊ နားလည် စာနာ ထောက်ကူမှု ပြုကာ ဖေးမသွားနိုင်မှာ ဖြစ်တယ်။

အကယ်၍…. (ဖွဟဲ့ လွဲပါစေ ဖယ်ပါစေ ဆိုချင်လည်း ဆိုပေါ့ နော်…) သူငယ်ချင်းသာ ဒီပြဿနာလေးထဲက ဇာတ်ကောင် ဖြစ်ခဲ့မယ် ဆိုရင်…

သူငယ်ချင်းရဲ့ အဖြေလေး သိပါရစေဗျာ။ ဒီမှာ မဖြေချင်လည်း ကိုယ့်စိတ်ထဲ ကိုယ်ဖြေကြည့်လည်း ရပါတယ်ဗျ။ အားလုံးရဲ့ အမြင်လေး ဝေမျှနိုင်ရင် ပိုပြီး ကောင်းမလား ပေါ့ဗျာ…

Jokes

ရက် ၃၀ ကြာ

ဘီယာ ဘားတစ်ခုထဲသို့ လူတစ်ယောက် စိတ်ဓာတ်ကျဟန်ဖြင့် ၀င်လာ၏။ စားပွဲထိုးမှ ဘာသောက်မလဲ မေး၏။
“ဘီယာ တစ်ခွက်လောက်ဗျာ”
ဘီယာ လာချရင်း စားပွဲထိုးမှ ထိုသူအား
“ဆရာသမား၊ ဒီနေ့ တယ်မှိုင်ပါလားဗျ”
“မှိုင်ဆို ကျုပ်မိန်းမနဲ့ ကျုပ် အကြီးအကျယ် ရန်ဖြစ်ကြတယ်ဗျ။ သူက ကျုပ်ကို ပြောတယ်။ ရှင်နဲ့ ကျွန်မ တစ်လတိတိ မခေါ်ဘူးတဲ့”
“အဲဒါနဲ့များ ဆရာရယ်…”
“အဲဒီ တစ်လက ဒီနေ့ နောက်ဆုံးဗျ။ “

Jul 2, 2008

ဟိုက်ဒရိုဂျင် ကားများ လာတော့မည်လား။

လောင်စာဆဲလ်များဖြင့် သန့်စင်သော(သဘာဝ ပတ်ဝန်းကျင်ညစ်နွမ်းမှု မရှိသော) ယာဉ်များ ထုတ်လုပ်နိုင်တော့မည်

ကျွန်တော်တို့ရဲ့ ကားတွေ သုံးစွဲတဲ့ လောင်စာဆီ နေရာမှာ ဟိုက်ဒရိုဂျင်က ဘယ်လိုမျိုး အစား ထိုးနိုင် ပါသလဲ။ ဟိုက်ဒရိုဂျင်ကို ဒီလို နည်းနဲ့ ထုတ်လုပ်နိုင်တယ်။ သိုလှောင် သိမ်းဆည်း နိုင်ပါ့မလား ဆိုတဲ့ အငြင်းပွားမှုတွေ အများအပြား ရှိနေဦးမယ် ထင်တယ်။

တစ်ချိန်လုံး တကျည်ကျည် ဖြစ်နေကြတဲ့ ညစ်ညမ်းမှု ပုံစံ အမျိုးမျိုးနဲ့ ကမ္ဘာကြီး ပူနွေးလာမှု အတွက် အဓိက လက်သည် တရားခံ ရုပ်ကြွင်း လောင်စာတွေကို အစား ထိုးနိုင်မဲ့ ခြွင်းချက်မဲ့ ကယ်တင်ရှင်ကြီး ဖြစ်ပါ့မလား ဆိုတဲ့ မေးခွန်းရဲ့ အဖြေကတော့ ထွက်မလာ သေးပါဘူး။ ဟိုက်ဒရိုဂျင် ထုတ်လုပ်မှု စရိတ် များပြားမှု နဲ့ ပြန်လည် ဖြည့်သွင်းရေး ကွန်ယက် မရှိသေးမှုဆိုတဲ့ ၂ ချက်က ပမာဏ အမြောက်အမြား ထုတ်လုပ်မှုနဲ့ ဟိုက်ဒရိုဂျင် လောင်စာဆဲသုံး ယဉ်တွေကို လူတွေ ကျယ်ကျယ်ပြန်ပြန့်လက်ခံ သုံးစွဲလာနိုင်စေရေးမှာ အဓိက အဟန့်အတား အဖြစ် ရှိနေဆဲပါ။

လောင်စာ ဆဲလ်သုံး ယဉ်များ ထုတ်လုပ်မှု ကုန်ကျစရိတ် မြင့်မားနေမှုကို ထိမ်းချုပ်ရန်ဆိုတဲ့ အချက်က မော်တော်ကား ထုတ်လုပ်သူများ အဓိကထား ပြောကြတဲ့ အရေးကြီးဆုံး အချက်ဖြစ်တယ်။ ကုမ္ပဏီ အများအပြားက လောင်စာဆဲလ်သုံး ယဉ်များ လမ်းပေါ်ချမောင်း ပြနိုင် နေစဉ်မှာ တိုယိုတာနဲ့ ဟွန်ဒါကလည်း ဂျပန်နဲ့ ကယ်လီဖိုးနီးယားမှာ လူထုကို ငှားရမ်း သုံးစွဲစေခဲ့တယ်။ ထုတ်လုပ်တဲ့ အစီးရေ နည်းနေ သေးတာက တစ်ကြောင်း၊ သုံးရတဲ့ နည်းပညာ အဆင့်မြင့်တာက တစ်ကြောင်းနဲ့ ဒီကုမ္ပဏီ ၂ ခုဟာ ကုန်ကျမှု အမေရိကန် ဒေါ်လာ ၁ သန်းစီ အထိ သုံးစွဲခဲ့ရတယ်။ ဈေးကွက်မှာ ဈေးနှုံးချိုချိုနဲ့ ရောင်းချနိုင်ဖို့ မှန်းထားတဲ့ သက္ကရာဇ် ၂၀၁၅ ခုနှစ်လောက် ဆိုရင်တော့ တစ်စီးချင်း ထုတ်လုပ်မှု ကုန်ကျစရိတ်ကို အမေရိကန် ဒေါ်လာ ၅ သောင်းအထိ လျှော့ချနိုင်ဖို့ တိုယိုတာက ရည်မှန်း ထားတယ်။ ပစိဖိတ် သမုဒ္ဒရာရဲ့ ဟိုမှာဘက်ကမ်းက ဂျင်နရယ်မော်တာကတော့ ဟိုက်ဒရိုဂျင် စွမ်းအင်သုံး ယဉ်များကို အမေရိကန် နိုင်ငံအတွင်းမှာ သက္ကရာဇ် ၂၀၁၀ မှာ ရောင်းချဖို့ လျာထားတယ်။

နောက် ပြဿနာတစ်ခုက ဟိုက်ဒရိုဂျင် ပြန်ဖြည့်ဖို့ နေရာ မရှိတာ။ ၀ယ်သူမရှိသေးတာရယ်၊ ကုန်ကျစရိတ်နဲ့ မီးရေးထင်းရေး စတာတွေ စတာတွေကြောင့် အဓိက ရေနံ ကုမ္ပဏီ တွေက လက်ရှိ သူတို့ရဲ့ ဓာတ်ငွေ့ဆိုင်တွေမှာ ဟိုက်ဒရိုဂျင် လှောင်ကန်တွေ မတပ်ဆင်ချင် ကြဘူး။

သူတို့ရဲ့ အမြတ်အစွန်း ကောင်းတဲ့ ဓာတ်ဆီ ရောင်းချမှု အပေါ်မှာ သုံးစွဲသူ စိတ်ဝင်စားမှု ရအောင် အမြဲ ကြိုးစားနေတာ ကတော့ ထင်ရှား လှပါတယ်။ ပိုပြီး ဖြစ်သင့်တဲ့ အခြေအနေက ကယ်လီဖိုးနီးယားလိုမျိုး ဖြစ်သင့်ပါတယ်။ ဟိုက်ဒရိုဂျင် လောင်စာဆဲလ် နည်းပညာ ပိုမို ဖြို့ဖြိုးစေရေး အခြား စိတ်ပါဝင်စားသူများ၊ အစိုးရနဲ့ ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ မော်တော်ကား ထုတ်လုပ်သူများ သမဂ္ဂတို့ပါတဲ့ အမြတ်အစွန်းအတွက် မဟုတ်တဲ့ ကယ်လီဖိုးနီးယား လောင်စာဆဲ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့က ထူထောင်တဲ့ ကွန်ယက်ရဲ့ တစ်စိတ်တစ်ဒေသ အနေနဲ့ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့သီးသန့်ဆိုင် ၃၈ ဆိုင်ပေါ်ပေါက်လာခဲ့တယ်။

ဟိုက်ဒရိုဂျင် သုံးစွဲပြီး ရုပ်ကြွင်းလောင်စာအသုံး လျှော့ချခြင်းရဲ့ အကျိုးကျေးဇူး တွေကတော့ အများကြီးပါ။ ကျွန်ုပ်တို့ရဲ့ အိမ်များ ပူစေ၊ အေးစေဖို့ အတွက် ကျောက်မီးသွေး၊ သဘာဝ ဓာတ်ငွေ့နဲ့ လောင်စာဆီ စတာတွေကို မီးရှို့သုံးစွဲမှု၊ ယဉ်များမောင်းနှင်မှု အစရှိသည်တို့ဟာ ရာသီဥတု ပူနွေးလာခြင်းစတဲ့ ကမ္ဘာလုံးဆိုင်ရာ ပြဿနာများနဲ့ လေထုတွင်း အမှုံအမွှား ပါဝင်မှု မြင့်တက် လာစေခြင်းစတဲ့ ဒေသတွင်း ပြဿနာတွေ ဖြစ်ပေါ်မှုမှာ သိသိ သာသာကို ပါဝင် နေတာမို့ သဘာဝ ပတ်ဝန်းကျင် အပေါ်မှာ ထိခိုက်မှု ပမာဏ ကြီးမားပါတယ်။ ဟိုက်ဒရိုဂျင် လောင်စာဆဲလ်သုံး ယဉ်များ မောင်းနှင်ခြင်းရဲ့ ဘေးထွက်ပစ္စည်း ကတော့ အောက်စီဂျင် ဓာတ်ငွေ့နဲ့ ရေတစ်စက်စက် ကျစေခြင်း လောက်ပါပဲ။ ဒီဘေးထွက်ပစ္စည်း ၂ ခုလုံးဟာ လူရဲ့ ကျန်းမာရေးနဲ့ သဘာဝ ပတ်ဝန်းကျင် အပေါ် ဘာမှ ထိခိုက်မှု မရှိပါဘူး။

ဒါပေမဲ့ အမေရိကန် ပြည်ထောင်စူမှာ ရနိုင်တဲ့ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ရဲ့ ၉၅ ရာနှုံးဟာ ရုပ်ကြွင်း လောင်စာက ထုတ်ယူခြင်း၊ ဒါမှမဟုတ် ရုပ်ကြွင်းလောင်စာနဲ့ မောင်းနှင်တဲ့ လျှပ်စစ်သုံး ဓာတ်ခွဲခြင်း စတာတွေက ဖြစ်နေတော့ ရုပ်ကြွင်းလောင်စာ သုံးစွဲမှု လျော့ကျခြင်း (ဒါမှမဟုတ်) အမှန်တကယ် (ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့) ထုတ်လွှတ်မှု ကို ထိမ်းသိမ်းနိုင်ရဲ့လားဆိုတာ ဝေဖန် ဆန်းစစ်စရာ ဖြစ်လာတယ်။ အကယ်စင်စစ်လုံးဝ သန့်စင်သော (သဘာဝကို ထိခိုက်မှုမရှိသော) ဟိုက်ဒရိုဂျင် ထုတ်ယူနိုင်စေရေး အမှန်ဖြစ်တည်လာဖို့ အိမ်မက်ကို အကောင်အထည် ပေါ်စေဖို့ ဟိုက်ဒရိုဂျင် ထုတ်ယူရေး နည်းစဉ်အတွက် သုံးစွဲမဲ့ စွမ်းအင်ကို နေစွမ်းအင်၊ လေစွမ်းအင် နဲ့ အခြား ပြန်လည် ဖြည့်တင်းနိုင်တဲ့ စွမ်းအင်တွေ သုံးမှသာ တကယ်ဖြစ်နိုင်မယ်။

Stamford တက္ကသိုလ်က သုတေသီတွေက ဟိုက်ဒရိုဂျင်ထုတ်ရာ နည်းလမ်း ၃ သွယ် ဖြစ်တဲ့ ကျောက်မီးသွေး၊ သဘာဝ ဓာတ်ငွေ့နဲ့ လေအားလျှပ်စစ်သုံး ရေကို လျှပ်စစ်နည်းနဲ့ ဓာတ်ခွဲခြင်း စတဲ့ နည်း တွေကို ၂၀၀၅ ခုနှစ်တုံးက လေ့လာခဲ့ကြတယ်။ ဟိုက်ဒရိုဂျင် လောင်စာဆဲလ်သုံး မော်တော်ကား မောင်းနှင်ဖြင်းဖြင့် ဓာတ်ဆီ၊ လျှပ်စစ် စွမ်းအင် ၂ မျိုးသုံးကားတွေ သုံးစွဲခြင်းထက် ဖန်လုံအိမ် အာနိသင်ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချနိုင်ကြောင်း ကောက်ချက် ချနိုင်ခဲ့ကြတယ်။ သဘာဝဓာတ်ငွေ့ကနေ ထုတ်ယူတဲ့ ဟိုက်ဒရိုဂျင်ကတော့ ညစ်ညမ်းဓာတ်ငွေ့ထုတ်လွှတ်မှုမှာ အတော်အတန် လျော့ကျစေပြီး လေအား လျှပ်စစ်နဲ့သာ ထုတ်လုပ်မယ် ဆိုရင်တော့ သဘာဝ ပတ်ဝန်းကျင်အတွက် ပိုပြီးကောင်းမွန်ပါလိမ့်မယ်။

Source : http://www.thedailygreen.com/environmental-news/latest/hydrogen-fuel-cells-460608

သူတို့ဖျက်ကြလေပြီ

Unicode Version မောင်လူအေးတို့ ဘီအိုအိပ်ချ် ရုံးတည်ရာ လှိုင် ၂ ရပ်ကွက်၊ ရတနာမွန် အိမ်ယာအတွင်းက လမ်းများမှာ ယခု ရက်သတ္တပတ်အတွင်...