Showing posts with label Project Management. Show all posts
Showing posts with label Project Management. Show all posts

Apr 29, 2014

BOH : Vacancy For Sale Manager

Hi all, it has been quite sometime that no new post over Mgluaye's Pages. Mgluaye is busy with stuffs (pretend to be busy, I think) ha ha.

Well. We have spent our new year last few weeks and now we are at the very first month of Myanmar calendar year.

Our BOH has spent last year 2013 at Nay Pyi Taw. Of course, it is quite challenging to pass that hot summer in Nay Pyi Taw. However BOH successfully did it. Now MICC1 is successfully up and running.

Now we are seeking professional sale manager to be part of our team.  If you have such experience or if you know somebody who has experience, please feel free to contact us. We are reachable at +95-09420705674 and +95-0973146711. 

Jan 15, 2011

Primavera® P6™ Project Management Reference Manual

Primavera® P6™ Project Management Reference Manual
English | 2008 | 571 pages | PDF | 10.4 MB

This book covers the concepts of project Management based on PMBoK from Project Management Institute (PMI), which enables to handle projects efficiently in organizations from Initiation to closure. This guide teaches you the basic concepts of Primavera.

It covers the following:

- Planning
- Scheduling
- Controlling Resources
- Estimation of Cost
- Resouce Leveling
- Tracking Progress
- Earned value Analysis
- Reporting
- Methodology Management

We have followed a simple, step-by-step approach in each chapter. There is also a quick look summary at the end of each chapter.

The best way to test your learning is practicing problems! To assist you in this, a problem and its solution are included in each chapter.

Download Here!

From 4shared
From GoogleDocs

.........................................................................
This book was uploaded upon request of a friend of Mgluaye's Pages, Obama. Hope it should be useful for Obama and the rest of our friends who need it too.
.........................................................................

May 28, 2010

Strategic Project Management Made Simple : Practical Tools for Leaders and Teams

Author(s) : Terry Schmidt
Publisher : Wiley
Date : 2009
Pages : 274
Format : PDF
OCR : Y
Quality : Excellent
Language : English
ISBN-10 : 0470411589

The question “ Are you strategic? ” is simple. And so is being strategic — if you have the right concepts and tools and know how to use them. The terms strategic and strategy have multiple meanings. What I mean by being strategic is to consistently think, plan, act, and assess in a way that best achieves your desired results. These fi rst four chapters examine the power of Strategic Project Management, which is a blend of tools, concepts and techniques that combine to give you the edge.

Download Here : 4shared, ifile, Google.
Read it online : Click Here!

May 4, 2010

Project Quality Management - Why, What and How

Winner of the 2006 Cleland Award for Literature from Project Management Institute (PMI).

Quality is a much mentioned but little employed component of project success. There are many quality books, tools, and training courses on the market oriented toward the manufacturing domain, yet they provide little information of relevance to project managers who work with intellectual processes more than the action details of production. So where does a project manager go for guidance on integrating the quality demanded in project implementation? Right here!

Project Quality Management by Kenneth Rose offers project managers a specific, succinct, step-by-step project quality management process not found anywhere else. It gives you an immediate hands-on capability to improve project implementation and customer satisfaction in any project domain and will help maintain cost and schedule constraints to ensure a quality project. This user-friendly guide presents tools and techniques that implement the general methods defined in A Guide to the Project Management Body of Knowledge

  • Third Edition (PMBOK) published by the Project Management Institute (PMI), and augments those methods with more detailed, hands-on procedures that have been proven through actual practice.

Key Features:

  • Provides project managers an explicit step-by-step quality management process, along with a coherent set of quality tools organized and explained according to their application within this process that can be applied immediately in any project context
  • Introduces a Wheel of Quality that codifies in one complete image the contributing elements of contemporary quality management
  • Establishes a new quality tool, the pillar diagram, that provides a needed capability to identify root causes of undesirable effects
  • Includes a final walk-through of a practical exercise relevant to many project domains, which will help readers gain experience using the tools and techniques of this project quality management process before applying them to their own project work About the Author Kenneth H. Rose, PMP, has more than 35 years of hands-on experience in high technology development and project management and in the development and implementation of quality improvement programs, innovative performance measurement procedures, and strategic plans. He is an ASQ Certified Quality Manager and past chairman of the National Defense Industrial Association robotics division.

Download from :4shared, ifile, Mediafire, or Google.
Or, you want to read it online, click here!

Feb 9, 2009

Microsoft Office Project 2007 For Dummies

Project2007
မောင်လူအေး ရန်ကုန်က ပြန်ရောက်ပြီး ဘလော့လည်း မရေးဖြစ်၊ ပို့စ်လည်း မတင်ဖြစ်နဲ့ အလုပ်ရှုပ် (ချင်ယောင်ဆောင်)ရင်း တိုင်ပတ်နေတာ တော်တော်လေး ကြာသွားတယ်။ ရန်ကုန်က ပြန်ရောက်ပြီးတဲ့ နောက်မှာ ရေးစရာလေးတွေ ပါလာတယ်။ စာတွေက ခေါင်းထဲမှာ စီနေတုံးပဲ ရှိသေးတယ်။ ကွန်ပျူတာ ပေါ်ကို စာအနေနဲ့ ရောက်မလာနိုင်သေးဘူး ဖြစ်နေတယ်ဗျာ။ လာလည်ကြတဲ့ သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းများကိုလည်း အားနာပါတယ်။ ဆိုတော့ လောလောဆယ် မောင်လူအေး လုပ်နေတဲ့ အလုပ်နဲ့ ပတ်သက်တဲ့ Project Management ဆိုင်ရာ စာအုပ်လေး တစ်အုပ် မျှဝေပါမယ်။ Project Management နဲ့ ဆက်စပ် အလုပ်လုပ်ကြတဲ့ သူငယ်ချင်းများ အတွက် အထောက်အကူ ပြုမယ် ယူဆပါတယ်။ ခေါင်းထဲက စာတွေကတော့ တဖြေးဖြေးချင်း ကွန်ပျူတာပေါ်ရောက်အောင် ရေးသွားပါဦးမယ်။

Download Here!

Dec 17, 2008

Meeting Minutes ရေးကြမယ်...

Meeting Minutes ဘာလို့ ရေးရတာလဲ။

လူအများစုဝေးပြီး လုပ်ကြတဲ့ အစည်းအဝေးများနဲ့ အစည်းအဝေးဆုံးဖြတ်ချက်များကို မှတ်တမ်းတင်ဖို့ Meeting Minutes ရေးရတယ်။ လူတွေဟာ မေ့လျော့တတ်တဲ့ သဘောသဘာဝ ရှိတာကြောင့် စာနဲ့ ပေနဲ့ ရေးသား မှတ်တမ်းတင်ထားခြင်း မရှိရင် နောက်မှာ မလိုလားအပ်တဲ့ သဘောထားကွဲလွဲမှုတွေ ရှိလာနိုင်တာကြောင့် Meeting Minutes ရေးဖို့ လိုအပ်တယ်။ အကြောင်းအမျိုးမျိုးကြောင့် Meeting မတက်ရောက်နိုင်တဲ့ သူများ အတွက်လည်း Meeting မှာ ဘာတွေ ဆွေးနွေးခဲ့ကြတယ်၊ ဘာတွေ ဆုံးဖြတ်ခဲ့ကြတယ်ဆိုတာ Meeting Minutes နဲ့ အသိပေးနိုင်ပါတယ်။


Meeting Minutes ကို ဘယ်သူရေးသလဲ။

အစည်းအဝေးတိုင်းမှာ Meeting Minutes ရေးဖို့ တစ်ဥင်္ီးဦးကို သတ်သတ်မှတ်မှတ် တာဝန် ပေးလေ့ရှိတယ်။ အစည်းအဝေးတိုင်းမှာ ဒီတစ်ယောက်တည်းပဲ ဖြစ်နိုင်သလို လူအများ အလှည့်ကျ ရေးမှတ်ခြင်းမျိုးလည်း ဖြစ်နိုင်တယ်။



Meeting Minutes ထဲ ဘာတွေပါသလဲ။


Meeting တစ်ခု မစခင်မှာ အစည်းအဝေး အစီအစဉ် ဆွဲရတယ်။ အဲဒီ အစီအစဉ်ထဲမှာ Meeting မှာ ဘာတွေ ထည့်သွင်း ဆွေးနွေးမယ်ဆိုတာ အသေးစိတ် ထည့်သွင်း ရေးဆွဲဖို့ လိုတယ်။ Meeting Minutes တစ်ခုမှာ ပုံမှန်အားဖြင့် ဒီအချက်အလက်တွေ ပါလေ့ပါထရှိတယ်။

• Meeting ကျင်းပရာ အချိန်၊ နေ့ရက်နဲ့ နေရာ
• တက်ရောက်ကြသူများ အမည်နဲ့ တာဝန် စာရင်း
• တက်ရောက်ရန် ပျက်ကွက်ကြသူများ
• အယင် အစည်းအဝေးက ရရှိခဲ့တဲ့ သဘောတူညီချက်များ၊ ယခင် Meeting Minutes များထဲကနေ ထပ်မံ ပေါ်ထွက်လာတဲ့ ဆွေးနွေးရမဲ့ အချက်များ။
• အစီအစဉ်မှာ ပါတဲ့ တစ်ချက်ချင်း အတွက် အဓိက ဆွေးနွေးခဲ့တဲ့ အချက်နဲ့ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်။
• နောက်တစ်ကြိမ် ကျင်းပမဲ့ အစည်းအဝေး အချိန် နေ့ရက် နဲ့ နေရာ
• Meeting Minutes ပြုစုသူရဲ့ အမည်



သတိပြုသင့်တာတွေ


Meeting Minutes ကို Meeting မကျင်းပမီ သက်ဆိုင်ရာ ပုဂ္ဂိုလ်များဆီကို Email နဲ့ ပို့ပါ။ ဒါမှ သူတို့ Meeting တက်ရောက်ဖို့ ပြင်ဆင်စရာ ရှိတာ ပြင်ဆင်လို့ရမယ်။


နောက်ဆုံးကျမှ ပေါ်ပေါက်တတ်တဲ့ အရေးပေါ်ကိစ္စ ၀ိစ္စများ ရေးမှတ်ဖို့ အစီအစဉ်ရဲ့ နောက်ဆုံးမှာ AOB (Any Other Business) (အခြားအကြောင်းအရာများ…) ဆိုတာ ထည့်ထားပါ။


Meeting Minutes မှတ်တမ်းတင်မှု တိုတိုနဲ့ ဆိုလိုရင်းကို ထိမိပါစေ။ မလိုအပ်တာတွေ ရှုပ်ပွနေအောင် လိုက်မှတ်စရာ မလိုပါ။ ပြောသမျှ၊ ဆွေးနွေးကြသမျှ ရေးမှတ်ချင်တယ် ဆိုရင်တော့ အသံသွင်းစရာ ကက်ဆက် (ဒါမှမဟုတ်) Mp3 လို တစ်ခုခု ဆောင်ထားဖို့ လိုပါတယ်။


တက်ရောက်သူများထဲက တစုံတယောက်ကို ကိစ္စတစ်ခုခု လုပ်ဆောင်ခိုင်းတဲ့ ကိစ္စဆိုရင် “ACTION” လို့ ရေးမှတ်ပါ။ ဒီလို မှတ်သားခြင်း အားဖြင့် နောက် မီတင်ရောက်တဲ့ခါ Action Points တွေချည်းပဲ ရွေးပြီး မှတ်သား သွားဖို့ လွယ်ကူစေပါတယ်။


အကယ်၍ သူငယ်ချင်းဟာ စာရိုက် မြန်တဲ့သူတစ်ဦးဆိုရင် Meeting လုပ်နေစဉ်မှာ ချက်ချင်း ရေးထုတ်ပါ။ ဒါမှမဟုတ် Meeting ပြီးပြီးချင်း ရေးထုတ်ပါ။ Meeting ပြီးတဲ့ အချိန်ကနေ စောစော ရေးထုတ်နိုင်လေ ပိုပြီး တိကျမှု ရှိလေပါပဲ။


Meeting Minutes ရေးဖို့ကြုံတဲ့ခါ ဖတ်နိုင်အောင် ဘာသာပြန် ထားခြင်းပါ။ Meeting Minutes ကို ဘယ်သူရေးရမယ်လို့ မူသေ သတ်မှတ်ထားတာ မရှိပါဘူး။ တကယ် ပုံစံကျတဲ့ ကုမ္ပဏီတွေမှာတော့ Meeting ထဲ ပါဝင်ဆွေးနွေးသူတွေထဲက မဟုတ်ဘဲ သတ်သတ် တစ်ယောက် Meeting ကျင်းပရာ နေရာမှာ ရှိနေစေပြီး ရေးမှတ်စေလေ့ ရှိတယ်။ တချို့ ကုမ္ပဏီတွေမှာ အင်ဂျင်နီယာတွေ ကိုယ်တိုင် ရေးတယ်။ တချို့ ကုမ္ပဏီတွေမှာ မန်နေဂျာတွေ ကိုယ်တိုင် ရေးတယ်။ ဆိုတော့ မည်သူမဆို မီတင်မိနစ် ရေးဖို့ ကြုံလာနိုင်ပါတယ်။ အဲလို ကြုံလာတဲ့ခါ ဘယ်က စရမယ်မှန်း မသိဖြစ်ရင် တော်တော် ဆိုးပါတယ်။


Meeting Minutes များ ရေးကြီးခွင်ကျယ် လုပ်နေတယ်ကွာ ဘာခက်တာလိုက်လို့ ဆိုပြီး ပြောချင်တဲ့ သူငယ်ချင်းများ ရှိပါလိမ့်မယ်။ အယင် ကိုယ့်ဆီမှာ ရှိနေပြီးသား သူများ ပြုစုထားတဲ့ Meeting Minutes တစ်ခုခုကို မှီငြမ်း လိုက်ရုံပေါ့လို့ ပြောချင်ပါလိမ့်မယ်။ မှန်ပါတယ်။ ဒါက Meeting Minutes ဆိုတာ ဘာကို ခေါ်မှန်း သိထားသူတွေ အတွက် လွယ်ပါတယ်။


မောင်လူအေး စတင် ကြုံရစဉ်က Meeting Minutes ဆိုတာ ဘာမှန်းမသိပါဘူး။ အစည်းအဝေးမှတ်တမ်းလို့ ပြောရင် သိဦးမယ်။ Meeting Minutes ဆိုတော့ ဘာကို ဆိုလိုမှန်း မသိဘူး။ ဆိုတော့ လိုက်သာမှတ်ထားတယ်။ မှတ်ထားတဲ့ စာတွေသာ ရှိတယ်။ ဘယ်ကနေ စရမယ်မှန်း မသိဘူး။ တိုင်ပတ်တာ ပေါ့ဗျာ။ ဆိုတော့ အဲလိုမျိုး ကြုံလာနိုင်တဲ့ သူငယ်ချင်းများ အတွက်ရော၊ မောင်လူအေး ကိုယ်တိုင်ဖတ်ဖို့ အတွက်ရော ဘာသာပြန်ထားခြင်းပါဗျာ။ အထူးသဖြင့်တော့ ရန်ကုန်ကနေ စင်္ကာပူ ထွက်လာတဲ့ သူငယ်ချင်းများ အတွက် သိထားရင် ပိုကောင်းတဲ့ အချက် တစ်ခုပေါ့။ ဟိုမှာ တုံးက အစည်းအဝေးမှတ်တမ်း ရေးတာ ချောနေတာပဲ။ ဒီလည်း ရောက်ရော Meeting Minutes ရေးပါ ဆိုတော့ တိုင်ပတ်ရော ဆိုတာ မောင်လူအေးမှ အစစ်။


မသိသေးတဲ့ သူငယ်ချင်းများ ဂျန်န၀ါရီ နောလစ်ဂ်ျ ပေါ့ဗျာ… နော… သိပြီးသား သူငယ်ချင်းတွေ အတွက်တော့လည်း ပြန်နွှေးတာပေါ့… :-)

Original Page

Related Posts...


Nov 13, 2008

Essential Documents to Manage Your Projects

အတွေ့အကြုံရင့်ကျက်တဲ့ Project Manager တစ်ယောက်နဲ့ စကားစမြည် ပြောဆို ကြည့်မယ်ဆိုရင် Project တစ်ခုကို အောင်အောင်မြင်မြင် ကိုင်တွယ် နိုင်စေဖို့ရာ ဆောင်ရန်၊ ရှောင်ရန် အချက်တွေ၊ အကြံဥာဏ်တွေ အမြောက်အမြား ပေးနိုင်ပါတယ်။ သူတို့ပေးတဲ့ အကြံဥာဏ် အားလုံးရဲ့ အနှစ်သာရကတော့ ဆုံးရှုံးမှု အနည်းဆုံးနဲ့ သတ်မှတ်ထားတဲ့ အချိန် သတ်မှတ်ထားတဲ့ ရင်းနှီးမြုပ်နှံမှု ပမာဏအတွင်းမှာ Project ပိုင်ရှင် လိုချင်တဲ့ ရလဒ်တွေ ပေးအပ်နိုင်ဖို့အတွက် မိမိကိုယ်တိုင် အပါအ၀င် Project မှာ ပါဝင် လုပ်ဆောင် ကြသူများကို ဘယ်လို စီမံ ခန့်ခွဲမယ် ဆိုတာပဲ ဖြစ်တယ်။

အမှတ်တမဲ့ ကြည့်ရင် ခက်တယ်လို့ ထင်စရာ မရှိပါဘူး။ သို့ပေမဲ့ အချို့အချို့သော အကြောင်း ခြင်းရာများကြောင့် လူ တော်တော်များများရဲ့ အမြင်မှာ Project Management ဟာ အလွန်တရာမှ ခေါင်းစားတဲ့ ၀န်ထုပ်ဝန်ပိုး တစ်ခုလို့ ထင်မှတ်စရာ ဖြစ်နေပါတယ်။ "အစီအစဉ်တွေ၊ စာရင်းဇယားတွေ ဆွဲပြီး အချိန် ဖြုန်းမနေပါနဲ့ဗျာ" ဆိုတာက တမျိုး၊ "Project မျှော်မှန်းချက်တွေ လျှောက်ရေးပြီး အချိန်ကုန် ခံမနေပါနဲ့ အဲဒါတွေ ပြီးအောင် လုပ်ရမယ်ဆိုတာ ကျုပ်တို့ အားလုံး သိထားပြီးသားပါ" ဆိုတာက တဖုံ အခါများစွာ ကျွန်တော်တို့ ပြောသံ ကြားရတတ်ပါတယ်။

ဒါ့ကြောင့် ဘယ်လိုမျိုး Project ကိုပဲ ဖြစ်ဖြစ် အောင်အောင်မြင်မြင် စီမံခန့်ခွဲနိုင်စေဖို့ နံပတ် ၁ ဖြတ်လမ်းနည်းကတော့ "မဖြစ်မနေ တည်ဆောက်ပြုစုရမဲ့ အတိုချုပ် စာရွက်စာတမ်း အချို့ကို နားလည်သဘောပေါက်ဖို့နဲ့ Project သက်တမ်း ကာလတလျှောက် မှန်မှန် ပြန်လည် သုံးသပ်သွားဖို့ပဲ" လို့ ဆိုချင်ပါတယ်။


စာတမ်း ၁ - Project ၏ လုပ်ငန်းဆောင်တာများ (Project Charter)

သာဓကအားဖြင့် Project တစ်ခု စစချင်းမှာ စာတစ်မျက်နှာစာ ရှိတဲ့ Project လုပ်ငန်းဆောင်တာများ လို့ ခေါ်တဲ့ စာတမ်းကို စတင်ပြုစုဖို့ လိုပါတယ်။ သင်နဲ့ သင့် Project ပိုင်ရှင် တို့ရဲ့ အခြေခံ Project ရည်မှန်းချက်များကို နားလည် သဘောပေါက်စေဖို့ အထောက်အကူပြုပါတယ်။ ဒါမှ မဟုတ်ရင် သင် ဘယ်ကို သွားနေတယ် ဆိုတာ မသိဘဲ သင် အဲဒီ ပန်းတိုင်ကို ဘယ်လို ရောက်အောင် သွားမလဲ။ သင်ကိုယ်တိုင်ပဲ သင့် အလုပ်ရှင်ဖြစ်တယ်လို့ မှတ်ယူထားဖို့ လိုပါတယ်။

ဒီအချက်အလက်ကို ရနိုင်ဖို့ သင့်အလုပ်ရှင်နဲ့ တွေ့တဲ့ အစည်းအဝေးမှာ ဒီ မမေးမဖြစ် မေးခွန်းသုံးခု မေးရပါလိမ့်မယ်။
  • Project ရဲ့ ရည်မှန်းချက်က ဘာလဲ
  • Project ရဲ့ ရလဒ်တွေ၊ လွှဲအပ်ပေးရမှာတွေက ဘာတွေလဲ
  • ဒီ Project ကို လုပ်ဆောင်ရခြင်းရဲ့ အဓိက စီးပွားရေး အကြောင်းရင်းက ဘာလဲ
အစည်းအဝေးပြီးတာနဲ့ Project နဲ့ဆိုင်တဲ့ အဲဒီမေးခွန်းတွေရဲ့ အဖြေကို ပရောဂျက်ရဲ့ လုပ်ငန်းဆောင်တာများ စာတမ်းထဲမှာ ထည့်သွင်း ရေးသားပြီးတော့ သင့်အလုပ်ရှင်ဆီကို Email နဲ့ ပို့ပြီး အတည်ပြုချက် ရယူပါ။
ဒါဆို Project တစ်ခုရဲ့ အဓိက အကျဆုံး ကိစ္စရပ်တစ်ခု ပြီးမြောက်အောင်မြင်သွားပြီလို့ ဆိုနိုင်ပါတယ်။ သင်နဲ့ သင့်အလုပ်ရှင်တို့ ဘယ်ပန်းတိုင်ကို သွားနေကြတယ်ဆိုတာ နှစ်ဦးနှစ်ဘက် နားလည် သဘော ပေါက်သွား ကြပါပြီ။

ဒီအဆင့်အောင်မြင်ဖို့ သင်သုံးလိုက်ရတဲ့ အချိန်ပမာဏကို ကြည့်မယ်ဆိုရင် အစည်းအဝေး တစ်ကြိမ် (ဒါမှမဟုတ်) နှစ်ကြိမ် လောက် တက်ရမယ်၊ စာတမ်း ချရေးဖို့ အချိန် မိနစ် သုံးဆယ်လောက် သုံးရမယ်။ ခပ်သေးသေး Project အတွက် စုစုပေါင်း ကြာချိန် နှစ်နာရီပဲ ထားပါတော့။ ဘယ်လောက်မှ ကြီးလေးတဲ့ ၀န်ထုပ်ဝန်ပိုး ကိစ္စ မဟုတ်ပါဘူး။

စာတမ်း ၂ - Project အစီအစဉ် (Project Plan)

ဒီကနေ စပြီး Project အစီအစဉ်ခေါ်တဲ့ ဒုတိယ စာတမ်းကို တည်ဆောက်ရပါတော့မယ်။ ဒီစာတမ်းထဲမှာ ပြီးမြောက်အောင် ဆောင်ရွက်ရမဲ့ ကိစ္စတွေရယ် (လုပ်ကွက်လို့လည်း ခေါ်တတ်ကြတယ်)၊ ဘယ်သူက တာဝန်ယူရမယ် ဆိုတာရယ်၊ ဒီလုပ်ငန်း လုပ်ဆောင်ဖို့ ကုန်ကျမှုနဲ့ ကြာမြင့်ချိန်ရယ် ပါဝင်ပြီး နောက်ဆုံးမှာ ဘယ်နေရာမှာ ဘာတွေ လွဲမှား ဆောင်ရွက်နိုင်တယ် ဆိုတာ သုံးသပ်တဲ့ အန္တရာယ်ဖြစ်မှု သုံးသပ်ချက် တို့ပါဝင်ပါတယ်။

စာတမ်း ၃ - ဖြစ်ပေါ်တိုးတက်မှု အစီရင်ခံစာ (Progress Report)

အပတ်စဉ် (ဒါမှမဟုတ်) လစဉ် ပုံမှန်အားဖြင့် လုပ်ငန်း ပြီးမြောက်မှု အစီရင်ခံစာ ပြုစုပြီး အလုပ်ရှင်ထံကို ပေးပို့ဖို့ လိုပါတယ်။ ဘယ်လုပ်ကွက်၊ ဘယ်လုပ်ငန်းတွေ ဘယ်အချိန်မှာ ပြီးစီးတယ်၊ (ရင်းမြစ်) ဘယ်လောက် သုံးစွဲထားတယ် ဆိုတာကို အလုပ်ရှင် အနေနဲ့လည်း သိချင်ကြတယ်။ လုပ်ငန်းနဲ့ ပတ်သက်တဲ့ အခက်အခဲ တစုံတရာ တွေ့တိုင်းမှာ သူတို့ ဘယ်နေရာမှာ ၀င်ပြီး ကူညီ ဖြေရှင်းပေးနိုင်မလဲ ဆိုတာလည်း သိလိုကြတယ်။ အဓိက လုပ်ရမှာ ကတော့ အချက်အလက်ကို အစဉ်သဖြင့် စုဆောင်းထားရှိပြီး ပုံမှန် ဖြစ်ပေါ်တိုးတက်မှု အစီရင် ခံစာ ပေးပို့နိုင်စေဖို့ပါပဲ။

အဆုံးသတ် အတွေးလေး တစ်ခု

Project တစ်ခု စီမံခန့်ခွဲနိုင်ဖို့ မရှိမဖြစ် စာတမ်းများတော့ ဖော်ပြခဲ့ပြီးပါပြီ။ လက်တွေ့ အောင်မြင်စေရေး သော့ချက်ကတော့ Project လုပ်ငန်းဆောင်တာများ၊ Project အစီအစဉ်နဲ့ ဖြစ်ပေါ်တိုးတက်မှု အစီရင်ခံစာ စတဲ့ စာတမ်းတွေ ပြုစု နိုင်စေဖို့ အတွက် အချက်အလက်များကို နားလည် သဘောပေါက်နေစေရေးပါပဲ။ ဒီအချက်တွေက သင့် Project အောင်မြင်စေဖို့ အထောက်အကူ ပြုလိမ့်မယ်လို့ ယူဆပါတယ်။


Original Version

Related Posts

Nov 10, 2008

PROJECT MANAGEMENT BASIC

Project တစ်ခု ကိုင်တွယ်တော့မယ်ဆိုရင် ကြီးကြီး သေးသေး၊ ဖော်ပြထားတဲ့ အချက်နဲ့ တကယ်လုပ်ရမဲ့ အချက် ကွဲပြား ခြားနားမှုများ နဲ့ ဖော်ပြပါ အချက်အလက်များ နောက်ကွယ်မှာ ရှိနေတဲ့ ထည့်သွင်း တွက်ချက်ရမဲ့ အရေးကြီး အချက်အလက် တွေကို နားလည် သဘော ပေါက်ထားဖို့ လိုတယ်။ အောင်မြင်တဲ့ Project Management ဆိုတာတွေ ထဲမှာ Project အဖွဲ့ရဲ့ ရုန်းကန် လှုပ်ရှားရတာတွေ၊ အခက်အခဲ ပြဿနာတွေ၊ အားနည်း ချို့ယွင်းချက်တွေကို ဖော်ပြတာ အင်မတန် နည်းပါးပါတယ်။ စာရေးသူ Herbert Lovelace ကတော့ ဒီ အဖြစ်အပျက်ကို ပြင်ဆင် ချက်ပြုတ်ချိန်မှာ ညစ်ပေနေသမျှ စားသုံးသူတွေကို ပြတဲ့ခါ သန့်ရှင်းသပ်ရပ် လှပနေတတ်တဲ့ မီးဖိုဆောင်နဲ့ တူတယ်လို့ ဆိုစမှတ် ပြုပါတယ်။

Project ကို ဘယ်လို စီမံ ခန့်ခွဲရမယ်ဆိုတာကို စာအုပ်ကြီး အတိုင်းပဲ နားလည်ထားမယ် ဆိုရင်ကို ဘယ်သူ့အတွက်ပဲ ဖြစ်ဖြစ် အထောက်အကူ ပြုပါလိမ့်မယ်။ ဒါပေမဲ့ အောင်မြင်တဲ့ Project Manager တစ်ယောက် ဖြစ်ဖို့ Project မှာ ပါဝင် ပတ်သက်နေတဲ့ လူ အများအပြားရဲ့ လိုအပ်ချက်တွေ၊ အဓိကကျတဲ့ အခက်အခဲ ပြဿနာတွေ၊ Project အောင်မြင် ထမြောက်တယ်လို့ မဆိုနိုင်ခင်မှာ ရှင်းလင်း ဖော်ဆောင်ရမဲ့ အချက်အလက်တွေကို နားလည် သဘောပေါက်ထားဖို့ လိုပါတယ်။ ကျွန်မ အတွေ့အကြုံအရ ပြောရရင် Project Management ဆိုတာသည် အယင်က လုပ်ခဲ့တဲ့ Project တွေကနေ ရခဲ့တဲ့ အတွေ့အကြုံတွေ၊ အတွေးအမြင်တွေရဲ့ အထွတ်အထိပ် ဖြစ်ပြီးတော့ အခြေအနေနဲ့ လိုက်လျောညီထွေ ပြုပြင် လုပ်ဆောင်သွားရခြင်းလို့ ဆိုချင်ပါတယ်။ Project တစ်ခု သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်း ချောမွေ့အောင်မြင်စေဖို့ အထောက်အကူပြုစေမဲ့ ပြန့်ပြောကြွယ်ဝတဲ့ လမ်းညွှန်ချက်တွေလည်း ရှိနေပါတယ်။


၁ ။ သတ်မှတ်ဖော်ထုတ်ခြင်း။

Project တစ်ခု မစတင်မီမှာ အခက်အခဲ၊ Project မျှော်မှန်းချက် စတာတွေ တိတိပပ သတ်မှတ်ဖော်ထုတ်ပါ။ Project ရဲ့ ရည်မှန်းချက်၊ မျှော်မှန်းချက်ကို စာရွက်နဲ့ ချရေးပြီး ပါဝင်ဆောင်ရွက်သူ အားလုံး ဖတ်ရှုနားလည် သဘောပေါက်အောင် လုပ်ထားခြင်းဟာ အကောင်းဆုံး နည်းလမ်းပါပဲ။ နောက်ပြီးတော့ စည်းဝေးပွဲ အခမ်းအနားမှာ Project ရည်မှန်းချက် အပေါ်မှာ အဖွဲ့သား အားလုံးရဲ့ သဘောတူညီချက်ကို ရယူပါ။ ဒီလုပ်ဆောင်ချက်က Project ပိုင်ရှင်ရဲ့ ရည်ရွယ်ချက်နဲ့ လိုအပ်ချက်တွေ အားလုံးကို Project ကာလ တလျှောက်လုံး ဖော်ထုတ် ပြသဖို့ လိုတဲ့ အချိန်တိုင်းမှာ အထောက်အကူ ပြုနေမှာ ဖြစ်ပြီးတော့ Project အဖွဲ့တွင်း ကြုံတွေ့ရနိုင်တဲ့ အရင်းအမြစ်၊ ပစ္စည်းပစ္စယများ နဲ့ ဦးစားပေး အစီအစဉ်နဲ့ ပတ်သက်တဲ့ ၀ိဝါဒ ကွဲပြားမှုတွေကို ဖြေရှင်းရာမှာလည်း အထောက်အပံ့ ဖြစ်စေပါတယ်။


၂ ။ အစီအစဉ်ချမှတ်ခြင်း။

ဘာတွေ လုပ်ရမယ် ဘယ်လိုလုပ်ရမယ်ဆိုတာတွေကို အစီအစဉ်ချတာပါပဲ။ ကိစ္စရပ် တစ်ခုချင်းစီအတွက် အစီအစဉ်ချတဲ့ နေရာမှာ သိပ်မခက်ခဲပေမဲ့လို့ Project အဖွဲ့သား အားလုံး သဘောတူညီမှု ရရှိစေမဲ့ အစီအစဉ် ချမှတ် လုပ်ဆောင်ရာမှာတော့ အတော်အတန် ပိုမို ခက်ခဲ ပါလိမ့်မယ်။ အစီအစဉ်ချမှတ်ခြင်းရဲ့ တစိတ်တဒေသ အနေနဲ့ ဘယ်သူက ဘာတွေ ပြီးအောင် ဆောင်ရွက်ရမယ်ဆိုတာရယ် သူရဲ့ ဒီပရောဂျက်မှာ ပါဝင်ပတ်သက်တဲ့ အခန်းကဏ္ဍက ဘာ ဆိုတာရယ်ကို စာရွက်ပေါ်မှာ ရေးချ လက်မှတ်ရေးထိုးခိုင်းပါလို့ အကြံပြုလိုပါတယ်။ လူတွေ အနေနဲ့ လုပ်ဆောင်ချက် တစ်ခုမှာ သူ့ရဲ့ အခန်းကဏ္ဍက ဘာဆိုတာကို တိတိပပ သိထား နားလည်ထားရင် လုပ်ဆောင်ချက် အထမြောက် အောင်မြင်စေဖို့ ပိုမို အားသွန်ခွန်စိုက် ဆောင်ရွက်လေ့ရှိတတ်တယ်။ ကျွန်မတို့ လုပ်ငန်းထဲမှာတော့ ကန်ထရိုက်နဲ့ ညှိနှိုင်းဆောင်ရွက်တဲ့ ကိစ္စတွေမှာ Project အတွင်း ဘာတွေ လုပ်ဆောင်ရမယ်ဆိုတဲ့ အသေးစိတ် အချက်အလက်ကို ထည့်သွင်း ရေးဆွဲထားတဲ့ လုပ်ဆောင်ရမဲ့ အခန်းကဏ္ဍ သဘောတူညီချက် စာတမ်းကို အသုံးပြုပါတယ်။ ဒီစာတမ်းကို သုံးခြင်းကြောင့် Project အဆုံးမသတ်ခင်မှာ Project တွင်း တာဝန်ဝတ္တရားများ၊ ပြီးမြောက်ရမဲ့ ကိစ္စရပ်များ၊ အချိန်သတ်မှတ်ချက်များ ကို ပြတ်ပြတ်သားသား ရေးဆွဲနိုင်ပါတယ်။ နောက်ထပ် သတိထားရမဲ့ တစ်ချက်ကတော့ သင်ဟာ စနစ်တစ်ခု ထည့်သွင်း အသုံးချဖို့ ရည်ရွယ်ခဲ့လို့ အကယ်၍ အဲဒီစနစ်ကို သူများ နားလည်အောင် ရှင်းမပြနိုင်ဘူးဆိုရင် အဲဒီစနစ်ကို မသုံးတာ ကောင်းတယ်။


၃ ။ လက်တွေ့အသုံးချခြင်း

အစဉ်သဖြင့် ရှုပ်ထွေးတတ်တယ် ဆိုတာ သတိရပါ။ လက်တွေ့ အသုံးချခြင်းကို ရိုးရှင်းနိုင်သမျှ ရိုးရှင်းအောင် ဆောင်ရွက်ပြီး၊ အကယ်၍ မအောင်မြင်ခဲ့ရင် မူလအတိုင်း ပြန်ရှိနေစေအောင် နည်းဗျူဟာချ လုပ်ဆောင်ပါ။ မထင်မှတ်ဘဲ တွေ့လာရတဲ့ ရလဒ်တွေအပေါ် သင် ဘယ်လို ကိုင်တွယ် ဖြေရှင်းသလဲ ဆိုတဲ့ ကိစ္စက အောင်မြင်မှုနဲ့ ကျရှုံးမှုကို နှစ်ခုစလုံး ဖြစ်သွားစေနိုင်ပါတယ်။ အရေးကြီးတဲ့ အဆုံးအဖြတ် မရေမရာ တာမျိုး၊ အဖြေ မထွက်တာမျိုး ဖြစ်စေပြီး Project အဖွဲ့ကို အချိန်ပို လုပ်ဆောင်ခိုင်းခြင်းမျိုးနဲ့ Project အဖွဲ့ စိတ်ဓာတ်ပျက်ပြားအောင် မလုပ်မိပါစေနဲ့။ အဖွဲ့သား အားလုံး သတင်းအချက်အလက် မပြတ်စေဖို့နဲ့ Project အတွက် တာဝန်ရှိနေတယ်ဆိုတာ သိအောင်ဆောင်ရွက်ပါ။ အချိန်နဲ့ တပြေးညီ ပြီးမြောက်မှုကို အဟန့်အတား ဖြစ်စေမဲ့ မမျှော်လင့်ထားတဲ့ ကိစ္စတွေ ဖြစ်လာခဲ့ရင် နောက်ပြန်ဆုတ်ဖို့လည်း မတုံ့နှေးစေဖို့ လိုပါတယ်။


၎ ။ ပြန်လှန်သုံးသပ်ခြင်း

ဒါက တန်ဖိုး အရှိဆုံးကိရိယာ တစ်ခုပဲ။ Project တစ်ခုပြီးသွားတဲ့ နောက်ပိုင်းကျမှ ဘယ်နေရာလေးကို ဘယ်လိုလေး လုပ်လိုက်ရမှာ၊ အဲလိုလေး ပြောင်းလုပ်လိုက်ရင် ကောင်းမှာ ဆိုတာမျိုးတွေ တပုံတပင် သိရတတ်ပါတယ်။ Project ကာလ အတွင်းမှာ အဲဒီ ကိစ္စတွေကို မှတ်တမ်း အနေနဲ့ စုဆောင်း ထည့်သွင်းထားရင် ပိုပြီး အထောက်အကူ ဖြစ်စေပါလိမ့်မယ်။ ဒီမှတ်စုလေးကို Project ပြီးဆုံးသွားတဲ့ နောက်မှာ ဘယ်ကိစ္စရပ်တွေ လုပ်ဆောင်ချက်တွေကို ဘယ်လို အဆင့်မြှင့်တင်ဖို့ လိုအပ်တယ်ဆိုတာ ပြန်လည် သုံးသပ်နိုင်စေဖို့ အသုံး ချနိုင်ပါတယ်။ Project အပြီးမှာ ပြုလုပ်တဲ့ တုံ့ပြန်မှု ပေးနိုင်မှာ သေချာတဲ့ အဖွဲ့သား အားလုံး တက်ရောက်တဲ့ Project အဖွဲ့ အစည်းအဝေးမှာ ပါဝင် ပတ်သက်သူ အားလုံးဆီက တန်ဖိုးရှိတဲ့ သတင်းအချက်အလက်တွေ ရနိုင်ပါတယ်။


ကောက်ချက်ချခြင်း

Project Manager တွေဟာ စနစ် ပုံစံကျတဲ့ နည်း ဥပဒေများကို သင်ယူ လေ့လာထားရပါမယ်။ ရှေ့က လုပ်ဆောင်ဖူးတဲ့ သူများ အခြား အတွေ့အကြုံ ရင့်ကျက်တဲ့ Project Manager များထံမှ အကူအညီတွေ ရယူပြီး လက်တွေ့ အသုံးချ ရပါမယ်။ အရှင်းဆုံး ပြောရရင် ကိုယ်တိုင် ၀င်ရောက် လုပ်ကိုင်ခြင်းထက် Project Management နဲ့ အစီအစဉ်ချခြင်း အတွက် အကျွမ်းတ၀င် ရှိလာစေမဲ့ တခြား နည်းလမ်း မရှိပါဘူး။ အောင်မြင်တဲ့ Project တစ်ခု ဖြစ်စေဖို့ အသုံးပြုတဲ့ စတင်တဲ့ အချိန်မှာ သုံးတဲ့ နည်းဥပဒေသ (ဒါမှမဟုတ်) စံ နမူနာများက လွဲရင် ချွေးထွက်တဲ့ ပင်ပန်းမှု၊ အသင်းအဖွဲ့နဲ့ ဆောင်ရွက်မှု၊ ကြိုးပမ်း အားထုတ်မှုနဲ့ ကိုယ်တိုင် ပါဝင် ဆောင်ရွက်မှုတွေက အစားထိုးမရတဲ့ အရင်းအနှီးတွေပဲ။ အထက်က အချက်လေးချက်ကို အသုံးချပြီးတော့ သင်ကြုံ ရနိုင်တဲ့ အခက်အခဲ၊ ပြဿနာ အရေအတွက် ပမာဏကို လျော့ကျအောင် ဆောင်ရွက်နိုင်ပါတယ်။

စာရေးသူ မီရှဲလ် (Michele Webb)သည် ကိုယ်ပိုင်အင်တာနက် စာမျက်နှာ ပိုင်ဆိုင်ပြီး အမျိုးသမီး အင်တာနက် စွန့်ဦးတီထွင် လုပ်ငန်းရှင်များနှင့် စီးပွားရေး လုပ်ငန်းရှင်များ အသင်းတော်တော်များများမှာ အဖွဲ့ဝင် ဖြစ်ပြီးတော့ အမေရိကန် ပြည်ထောင်စု၊ နီဗားဒါးပြည်နယ် လပ်စ်ဗေးဂတ်စ်မှာ သူမရဲ့ ခွေး၂ကောင်နဲ့ နေထိုင်ပါတယ်။ မီရှဲလ်ကို ဆက်သွယ်ဖို့ အီးမေးလ်လိပ်စာက news@ebooksnstuff.com ဖြစ်ပြီး သူ့အင်တာနက် စာမျက်နှာက www.ebooksnstuff.com ဖြစ်ပါတယ်။

Original Version

Related Posts


For Furthur Reading...

ဒီပို့စ်ရဲ့ Comment မှာ ကိုအောင်က ဒီလို ရေးသွားပါတယ်။

"ဟေ့လူ။ Project Management ကို စိတ်ဝင်စားရင် O'REILLY က ထုတ်တဲ့ Head First PMP စာအုပ်ကို ဖတ်ကြည့်။ 4shared.com မှာ pdf download လုပ်လို့ရတယ်။ PM အကြောင်းရှင်းတာ အလွန်လွယ်ပြီး အလွန်ထိမိတယ်။ ..... "

အဲဒီအတွက် မောင်လူအေး သွားရောက် မွှေနှောက်ပြီး သကာလ Download လုပ်၊ လိုအပ်သူများ လွယ်လင့်တကူ ကူးယူနိုင်စေဖို့... Hosting တစ်ခုမှာ ပြန်တင်ပြီး ပြန်ဝေမျှ လိုက်ပါတယ်ဗျာ... အောက်က ပုံလေးကို ကလစ်လုပ်ပြီး Download လုပ်နိုင်ပါကြောင်း...

ဝေမျှပေးတဲ့ ကိုအောင် ကိုလည်း ကျေးဇူးပါဗျာ...


Oct 27, 2008

Meeting-Phobia

Phobia ဆိုတဲ့ စကားလုံးက အင်္ဂလိပ်လို အကြောက်တရားကို ဖော်ညွှန်းရာမှာ အသုံးပြု ပါတယ်။ အထူးသဖြင့်တော့ အကြောင်း မယ်မယ်ရရ မရှိဘဲ မဆီမဆိုင် ကြောက်ရွံ့ခြင်းဆိုရင် ပိုပြီး မှန်မယ် ထင်ပါတယ်။


အခု မောင်လူအေး ပြောမဲ့ Phobia က အယင်ရှိပြီးသား တွေထဲ မပါသေးတဲ့ Phobia တစ်ခုပါ။ Meeting-Phobia လို့ ခေါ်ရင် ကောင်းမယ် ထင်ပါတယ်။ အစည်းအဝေး တက်ရမှာ ကြောက်ရွံ့ခြင်းပေါ့။ အစည်းအဝေး တက်ရမှာ ကြောက်တဲ့ အဆင့်တွေ အစားစား ရှိတယ်။ အချို့က အစည်းအဝေးဆို တက်ကို မတက်ချင်တာ။ နောက်တစ်မျိုးက တက်တော့ တက်တယ်။ တက်ပြီးတဲ့ နောက်မှာ ပါဝင် ဆွေးနွေး ရမှာကို ကြောက်တာ။


မောင်လူအေး အယင်ပို့စ် တစ်ခုမှာ ပြောခဲ့ဖူးသလိုပဲ ကျောင်းပြီးလို့ လုပ်ငန်းခွင် စ၀င်တော့ ရန်ကုန်က ပန်းလှိုင်ဂေါက်ကွင်း အိမ်ယာစီမံကိန်း တည်ဆောက်ရေး လုပ်ငန်းမှာ။ စစချင်း ၀င်ရတော့ လျှပ်စစ်တပ်ဆင်ရေး ကုမ္ပဏီတစ်ခုမှာ Supervisor ရာထူးနဲ့ ၀င်ရပါတယ်။ ကုမ္ပဏီက အကြီးစား မဟုတ်လှပေမဲ့ လုပ်ငန်း လည်ပတ်မှု တော်တော်လေး များတဲ့ ကုမ္ပဏီတစ်ခုပေါ့။


ပန်းလှိုင်ဂေါက်ကွင်း တည်ဆောက်ရေး လုပ်ငန်းခွင် စ၀င်တော့ ကျောင်းပြီးစ ကျောင်းသား တစ်ယောက်အနေနဲ့ Drawing ကြည့်ရတာက အစ တော်တော်လေး အခက်အခဲတွေ တွေ့ရတယ်။ ပန်းလှိုင်ဂေါက်ကွင်းကို တည်ဆောက်တဲ့ ပိုင်ရှင်ရော လာဆောက်တဲ့ ကုမ္ပဏီသည်လည်း စင်္ကာပူ အခြေစိုက် ကုမ္ပဏီတွေ ဖြစ်ကြတော့ကာ အစစ အရာရာကို စင်္ကာပူ စံနှုံး၊ အခေါ်အဝေါ် အတိုင်း လုပ်ပါတယ်။ တော်ရုံတန်ရုံသော ပြင်ပ ဆောက်လုပ်ရေးတွေမှာ မကြုံရတဲ့ အတွေ့အကြုံတွေ ရပါတယ်။ ပညာတော်တော်လေး ရတယ်ပြောလို့ ရပါတယ်။ သုံးတဲ့ ပစ္စည်းပစ္စယတွေ တော်တော်များများကလည်း စင်္ကာပူနိုင်ငံမှာ သုံးတဲ့ စနစ်တွေ အတိုင်း သုံးတဲ့ခါကျတော့ နောက်ပိုင်း စင်္ကာပူ ရောက်လာပြီး အလုပ်လုပ်တဲ့အခါ တော်တော်လေးကို အထောက်အကူ ပြုပါတယ်။


ဥပမာ တစ်ခုပြောရမယ်ဆိုရင် ပြင်ပက ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာ လက်မ၊ ပေနဲ့ တိုင်းထွာတွက်ချက် ကြတာ များပြီး ပန်းလှိုင်မှာတော့ မီလီမီတာနဲ့ သုံးပါတယ်။ လျှပ်စစ်မီးခလုတ် တစ်ခုထိုင်တဲ့ အမြင့်ကို ပြင်ပ ဆိုက်တွေက Power Point ဆိုရင် တစ်ပေ၊ Lighting ဆိုရင် လေးပေ (သို့မဟုတ်) သုံးပေခွဲလို့ ပြောဆို သုံးနှုံး တတ်ကြပေမဲ့ ပန်းလှိုင်မှာ Power ဆိုရင် သုံးရာ၊ Lighting ဆိုရင် ထောင့်လေးရာ လို့ မီလီမီတာနဲ့ ခေါ်ဝေါ်သုံးနှုံး ပါတယ်။


အင်း ပြောချင်တာ လေရှည်နေတာနဲ့ လိုရင်းကို မရောက် ဖြစ်နေပါပြီ။ ပြောချင်တာက Meeting-Phobia အကြောင်း။ ကဲ စကားကို လိုရင်းဘက် ပြန်လှည့်ကြတာပေါ့။


ဆောက်လုပ်ရေး လုပ်ငန်းရဲ့ ထုံးစံအတိုင်း အပတ်စဉ် Meeting တွေ တက်ကြရပါတယ်။ ပြောဆို ညှိနှိုင်း ကြရပါတယ်။ မောင်လူအေးက Supervisor ရာထူးမို့လို့ တကယ်တမ်း Meeting တက်စရာ မလိုပါဘူး။ မောင်လူအေး အထက်က Site Engineer တွေ တက်ကြ ရပါတယ်။ သူတို့ သွားတက်လို့ ရလာတဲ့ တစ်ပတ်စာ မပြီးမနေရ အလုပ်တွေ ပေါ်လာတဲ့ အခါကျမှသာ မောင်လူအေးတို့က သက်ဆိုင်ရာ အလုပ်သမားတွေကို လုပ်ကွက် ဝေမျှပြီး လုပ်ငန်း လျာထားချက် ပြီးမြောက်အောင် ဆောင်ရွက် ကြရတာ။


တစ်ခါမှာကျတော့ မောင်လူအေးရဲ့ အထက်က လျှပ်စစ်တပ်ဆင်ရေး Site Engineer က အစာအိမ် ရောဂါကြောင့် ဆရာဝန်က အနားယူရမယ် ဆိုတာနဲ့ တစ်လတိတိ အနားယူရပါတယ်။ တကယ်တော့ မောင်လူအေး အထက်မှာ Engineer နှစ်ယောက် ရှိပါတယ်။ တစ်ယောက်က Mechanical အပိုင်းကို တာဝန်ယူရတဲ့ Engineer ပါ။ တကယ်တမ်း သူသည်ပင်လျှင် Site ရဲ့ Cheif Engineer လည်း ဖြစ်ပါတယ်။ တကယ်တမ်း သူတစ်ဦးတည်း လည်းပဲ Site တစ်ခုလုံး တာဝန်ယူ ကိုင်တွယ်နိုင်သူ တစ်ဦးပါ။


လျှပ်စစ်ပိုင်းဆိုင်ရာ Site Engineer အနားယူသွားတဲ့ ပထမ တစ်ပတ်ကတော့ မောင်လူအေး အလှည့်မကျ သေးပါဘူး။ ဒုတိယ ရက်သတ္တပတ်ကျတော့ CE က ခေါ်ပါတယ်။ မောင်လူအေး ခင်ဗျားလည်း အတွေ့အကြုံ ရတာပေါ့ဗျာ။ လိုက်ခဲ့ပါ။ လိုက်တက်ပါပေါ့။ ဆိုတော့ မောင်လူအေးက ငြင်းတယ်။ ဟာ ဖြစ်မယ် မထင်ဘူးနော်ပေါ့။ ကျွန်တော် Site အကြောင်း ဘာမှသိတာ မဟုတ်ဘူးပေါ့။ ဟိုက မေးလို့ ကျွန်တော် မဖြေနိုင်ရင် ဒုက္ခရောက်နေမယ် ဆိုပြီး ငြင်းပါတယ်။ ဆရာသမားက လက်မခံပါဘူး။ လိုက်ခဲ့ဖို့ အတင်း ခေါ်တာနဲ့ပဲ မောင်လူအေးလည်း မငြင်းသာဘဲ သူခေါ်ရာ လိုက်ပါ တက်ရောက် ခဲ့ရပါတယ်။


တကယ်က ပန်းလှိုင်ဆောက်လုပ်ရေး ကုမ္ပဏီရဲ့ အင်ဂျင်နီယာချုပ် က တော်တော်လေး နာမည် ကြီးပါတယ်။ အရမ်းရစ်တယ်ပေါ့။ သူမေးတာ မဖြေနိုင်ဘဲ ယောင်နနလုပ်ရင် အော်တယ် ငေါက်တယ် ဆိုတာနဲ့ နာမည်က တော်တော်လေး လန့်ကြပါတယ်။ Site ထဲ သူလာပြီဆိုရင်လည်း သက်ဆိုင်ရာ Site တွေထဲက Engineer တွေဆိုတာ ပျာပျာသလဲ ဖြစ်ကြတဲ့ အထိ သူ့ကို လန့်ကြတယ်။ လန့်ဆို အလုပ်ပြီးမြောက်မှု တင်ပြပြီး ပိုက်ဆံ တောင်းတဲ့ အခါ သူ့လက်မှတ် မပါရင် ပိုက်ဆံ ထုတ်လို့ မရတဲ့အတွက်လည်း ပါတယ်။ ဆိုတော့ သူနဲ့ အဆင်ပြေအောင် ပေါင်းကြရတာလည်း ပါတယ်။


Meeting တက်ရမဲ့ အချိန်ရောက်တော့ Meeting ခန်းထဲ ၀င်ထိုင် လိုက်ကြတယ် ဆိုရင်ပဲ မောင်လူအေး အခန်းကို တစ်ချက် ဝေ့ကြည့်လိုက်တယ်။ Meeting လာတက်သူတွေ အားလုံးက အနည်းလေး အသက်သုံးဆယ် ပတ်ဝန်းကျင်တွေ။ အချို့ အချို့တွေဆို အသက် လေးဆယ်ကျော် ငါးဆယ် ပတ်ဝန်းကျင်တွေ။ စပြီဆိုတာနဲ့ အယင်တစ်ပတ်က ပြောဆို ညှိနှိုင်း ခဲ့ကြတာ တွေကို Meeting Minute ထုတ်ထားပါတယ်။ တစ်ယောက် တစ်ရွက်စီဝေပါတယ်။ ကုမ္ပဏီ တစ်ခုချင်းစီ လုပ်ငန်းပြီးမြောက်မှု၊ နောက်တစ်ပတ် အတွက် မှန်းထားတဲ့ လုပ်ငန်း ပြီးမြောက်မှုတွေ မေးတယ်။ မှတ်ချက် ပေးတယ်။ တကယ်လို့ ပန်းလှိုင်က ပံ့ပိုးပေးမှု လိုအပ်တဲ့ ကိစ္စရပ်တွေကိုလည်း အင်ဂျင်နီယာချုပ်က ညှိနှိုင်းပေးတယ်။


နာမည်ကြီးတဲ့ အတိုင်းပဲ အော်ပါတယ်။ ငေါက်ပါတယ်။ ဒါပေမဲ့ အသားလွတ် ဆူငေါက်နေတာ မျိုးတော့ မဟုတ်ပါဘူး။ တကယ်တမ်း လုပ်ငန်း ပြီးမြောက်ရမဲ့ ကိစ္စတွေ၊ ပြီးသင့်လျက်နဲ့ နှောင့်နှေး ကြံ့ကြာနေတာ မျိုးတွေ တွေ့ရင် မညှာပါဘူး။ ဆူပါတယ်။


မောင်လူအေးတို့ ကုမ္ပဏီ အလှည့်ကျတော့ စစချင်း Mechanical ကိစ္စရပ်တွေ အတွက် မောင်လူအေးတို့ရဲ့ အင်ဂျင်နီယာချုပ်ကို မေးပါတယ်။ အားလုံး အဆင်ပြေ ချောမွေ့ပါတယ်။ Mechanical ကိစ္စရပ်အတွက် မေးပြီးတော့ Electrical ကိစ္စမေးမယ် ဆိုတော့ မောင်လူအေးရဲ့ အင်ဂျင်နီယာချုပ်က မောင်လူအေးကို ညွှန်ပြပြီး Electrical အတွက် Engineer ပါပါတယ်။ သူ့ကို မေးပါတဲ့။ ဟ ငါ့ဆရာကတော့ ပို့ပြီပေါ့။ အင်ဂျင်နီယာချုပ်က နောက်ပါတယ်။ ခင်ဗျားက ဒီထဲမှာ ၀ါအရင့်ဆုံးပဲတဲ့။ (အမှန်က ချွန်တာပါ။) ခင်ဗျား ဆိုက်အကြောင်း ခင်ဗျား သိတယ်နော်တဲ့။ မောင်လူအေးလည်း ကျွန်တော် သိသလောက် ဖြေမယ်ပေါ့။ မေးပါတယ်။ သက်ဆိုင်ရာ ကိစ္စရပ်တွေ အားလုံးက သူမေးသမျှ မောင်လူအေး ဖြေနိုင်တယ်။ တိကျတဲ့ ခန့်မှန်းပြီးရမဲ့ ရက်ကို သတ်မှတ်ပေးနိုင်တယ် ဆိုတော့ ပထမဆုံး တက်ရတဲ့ လုပ်ငန်းခွင်နဲ့ ပတ်သက်တဲ့ Meeting ဟာ အဆင်ပြေ ချောမွေ့စွာနဲ့ ပြီးဆုံးခဲ့တယ်။


အဓိက ပြောချင်တာက အထက် ရာထူးတွေမှာ ရှိကြတဲ့ ပုဂ္ဂိုလ်များက ယုံကြည်မှု ပေးပြီး ဆက်ဆံတာ ခံရတော့ တကယ် လုပ်ငန်း ဆောင်ရွက်ရတဲ့ လူငယ်တွေရဲ့ လုပ်ငန်း စွမ်းဆောင်ရည် တက်လာရတယ်။


အဲဒီ နောက်ပိုင်း မောင်လူအေး ပန်းလှိုင်ဆောက်လုပ်ရေး လုပ်ငန်းခွင်ကနေ ထွက်ပြီး အပြင်မှာ ကန်ထရိုက်လိုက် လုပ်တယ်။ ဆပ်ကန်ထရိုက် ခေါ်တယ်ပေါ့။ ဦးဆုံး ကြုံတွေ့ခဲ့ရတဲ့ Meeting တာထွက်မှာ အဆင်ပြေချောမွေ့ ခဲ့တာကြောင့် နောက်ပိုင်း တက်ရတဲ့ လုပ်ငန်းနဲ့ ဆက်စပ်တဲ့ ဆွေးနွေးပွဲတွေ အကြောက်အရွံ့မရှိ အဆင်ပြေ ချောမွေ့စွာ ဖြတ်သန်း နိုင်ခဲ့တယ်။


အဲဒီနောက်မှာ မောင်လူအေး ကိုယ်ပိုင်လုပ်ငန်း လုပ်နေရာကနေ ကုမ္ပဏီ ၀န်ထမ်းတစ်ခါ ပြန်ဖြစ်ပါတယ်။ အဲဒီမှာ ကျတော့ ခုလူပြောများနေတဲ့ စကားရပ်လိုပဲ အဲဒီမှာ စတွေ့ပါတယ်။ ကုမ္ပဏီတွင်း အပတ်စဉ် အစည်းအဝေးတွေမှာ စတင် တက်ရောက်ကြတဲ့ ၀န်ထမ်းတွေနဲ့ စတင်ထိတွေ့ရတော့ မောင်လူအေး အယင်က တက်ရောက်ခဲ့ဖူးတဲ့ Meeting တွေလိုပဲ ၀င်ရောက် ဆွေးနွေးဖြစ်ပါတယ်။ ဆွေးနွေးတိုင်း ဆွေးနွေးတိုင်းမှာ ကြုံရတဲ့ ပြဿနာက အယင်နဲ့ မတူပါဘူး။ ယခင် တက်ရောက်ခဲ့ဖူးတဲ့ Meeting များမှာ အသက်အရွယ်အားဖြင့် ကွာဟသည် ဖြစ်စေ၊ လုပ်ငန်း တာဝန်ယူမှုချင်း ကွာဟသည် ဖြစ်စေ၊ တက်ရောက်သူ အချင်းချင်း အပြန်အလှန် လေးစားမှု ရှိကြတယ်။ တင်ပြလာတဲ့ အကြောင်းအချက်များ အပေါ်မှာ အလေးဂရုပြု ဆွေးနွေးပေးကြတယ်။ အခု မောင်လူအေး ကြုံရတဲ့ Meeting က အဲလို မဟုတ်ဘူး ဖြစ်နေတယ်။


Meeting စတင်တယ် ဆိုတာနဲ့ Meeting Organizer သည် ကုမ္ပဏီရဲ့ ဒါရိုက်တာ အဖွဲ့ဝင် တစ်ဦး ဖြစ်နေမယ်။ တစ်ဦးချင်း တစ်ဌာနချင်း စီရဲ့ များသောအားဖြင့် ကောင်းကွက်ထက် ဆိုးကွက်တွေကို စာအုပ်တစ်အုပ်နဲ့ ရေးမှတ် ထားရှိမယ်။ တစ်ဌာနချင်း တစ်ဌာနချင်းစီရဲ့ ပြဿနာတွေ အပေါ်မှာ ဆွေးနွေးမှုတွေက အပြုသဘော မဆောင်တဲ့ အပြင်၊ ချိုးဖဲ့ နှိပ်ကွပ်မှု ပြုမှ ရမယ်ဆိုတဲ့ ချဉ်းကပ်ပုံနဲ့ ချဉ်းကပ်တာ တွေ့ရတယ်။


အထူးသဖြင့် မောင်လူအေး တာဝန်ယူရတဲ့ ဌာနသည် ၀န်ဆောင်မှု ပေးရာ ဌာနဖြစ်လေတော့ အစည်းအဝေးတိုင်းမှာ ပြဿနာတွေ အစဉ်သဖြင့် ရှိနေတတ်တယ်။ ပြဿနာကို အပြုသဘောဆောင် ချဉ်းကပ်မှု အားနည်းတဲ့ အတွက် ပြဿနာရဲ့ အဖြေကို ရှာမှုထက် ပြဿနာ ဖြစ်ရခြင်းရဲ့ အားနည်းချက်ကိုပဲ တစ်သမတ်တည်း ထိုးစစ်ဆင် ဖိအားပေး ဆွေးနွေးတဲ့အခါ အစည်းအဝေး တစ်ခုဟာ မှန်ကန်တဲ့ အဖြေရှာရာ နေရာတစ်ခု မဟုတ်တော့ဘဲ မိမိရဲ့ အားနည်းချက်ကို အထက် လူကြီးတစ်ဦးက လူသိရှင်ကြား ထုတ်ဖော်နှိပ်ကွပ်ရာ နေရာ ဖြစ်မှန်းမသိ ဖြစ်လာပါတော့တယ်။


ဆိုတော့ကာ နောက်ပိုင်းမှာ အစည်းအဝေး ၀င်ရတိုင်းမှာ မိမိရဲ့ ကြုံတွေ့နေရတဲ့ အခက်အခဲ အကျပ်အတည်းကို တင်ပြပြောဆိုမှု အလျဉ်းမရှိတော့ လုပ်ငန်းရဲ့ တိုးတက်ရာ တိုးတက်ကြောင်းကို ဖော်ဆောင်မှု အလွန်အမင်း အားနည်း ယုတ်လျော့သွားတာကို တွေ့မြင်ရပါတယ်။ နောက်ပိုင်းမှာ အစည်းအဝေးကို တက်ရောက်ရမှာ ကြောက်စိတ် ၀င်လာတယ်။ မလွှဲမရှောင်သာ တက်ရောက်ရမယ် ဆိုရင်လည်း ဟုတ်ပါတယ်။ မှန်ပါတယ်။ ကောင်းပါတယ် ဆိုတဲ့ စကားကလွဲရင် ဘာ အကြံပြုချက်မှလည်း ထွက်မလာတော့ သလို ဘာမှလည်း ဖြစ်ပေါ် တိုးတက်မှု ရမလာတော့ဘူး။


အဲ… မောင်လူအေး စင်္ကာပူရောက်လို့ အလုပ်လည်း လုပ်ရော… အဲဒီ အယင်က နှစ်နှစ်နီးနီး လုပ်ခဲ့တဲ့ အကျင့်ဆိုးက တွဲလျက်ကို ပါလာတယ်။ Meeting တက်ပြီဆိုရင် ကိုက ဆွေးနွေးဖို့ နေနေသာသာ ငါ့အမှားကို ဘယ်နေရာမှာ ဘယ်လို ထောက်ပြီး ဘာများ အပုပ်ချ လိုက်လေမလဲဆိုတဲ့ စိုးရွံ့စိတ်။ အဲဒီစိတ်က တော်တော်ကို ဒုက္ခပေးတယ်ဗျာ။ ပြောရမှာကို မပြောရဲ။ မေးရမှာကို မမေးရဲ။ ထောက်ပြရမှာကို မထောက်ပြရဲ။ လုပ်နေတဲ့ ပရောဂျက် လုပ်ငန်းနဲ့က အဲဒီလို မပြောရဲ မဆိုရဲနဲ့က မဖြစ်ဘူး။ ဆိုတော့ အယင် ပန်းလှိုင်က ရခဲ့တဲ့ ပြောရဲ ဆိုရဲ တင်ပြရဲတဲ့ စိတ် ပြန် မွေးရပါတယ်။ တကယ်တမ်း အပေါ်မှာ ပြောခဲ့သလို၊ ပန်းလှိုင်က ပေးလိုက်တဲ့ ပညာတွေဟာ တော်တော်လေးကို အကျိုးပြုပါတယ်။ အစောဦးဆုံး ကြုံတွေ့ခဲ့ရတဲ့ လုပ်ဖော် ကိုင်ဖက်တွေရဲ့ ကျေးဇူးလည်း မကင်းဘူးဆိုရမှာပေါ့။


ပြဿနာပေါင်း သောင်းခြောက်ထောင် နေ့တိုင်း ညှိနှိုင်း ဆွေးနွေး လုပ်နေရတဲ့ Project လုပ်ငန်းတွေထဲမှာ အဲဒီ Meeting ကို ကြောက်ရွံ့တဲ့ စိတ်၊ မပြောရဲ မဆိုရဲတဲ့ စိတ် ကင်းမှသာလျှင် ဘယ် Meeting မှာ မဆို မိမိ လုပ်ဆောင်ရာ လုပ်ငန်းရဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုနဲ့ သာလျှင် ဖြတ်ကျော် အောင်မြင်နိုင်မှာ ဖြစ်ကြောင်းနဲ့ အထက် အထက်သော နေရာတွေမှာ တာဝန်ယူ ဆောင်ရွက်နေကြတဲ့ လုပ်ငန်းကို ဦးဆောင်ဦးရွက် ပြုသူများ အနေနဲ့လည်း လုပ်ငန်းတာဝန်ကို တကယ် လှုပ်ရှားဆောင်ရွက် နေကြသူတွေ အပေါ်မှာ နားလည်စာနာမှု အပြည့်နဲ့ တွဲခေါ် ဆောင်ရွက်မှသာ လုပ်ငန်းကို ဆထက်တပိုး အောင်မြင်အောင် ဆောင်ရွက်နိုင်မှာ ဖြစ်ကြောင်း ကိုယ်တွေ့ Meeting - Phobia အကြောင်းလေး မျှဝေလိုက်ရပါတယ်ဗျာ။


ဘလော်ဂါအပေါင်း သူငယ်ချင်း ရောင်းရင်းများနဲ့ လာရောက် ဖတ်ရှု ကြသူများလည်း Meeting - Phobia မှ ကင်းဝေး လွတ်မြောက်နိုင် ကြပြီး မိမိ ဆောင်ရွက်ရာ လုပ်ငန်းဆောင်တာများကို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ကြပါစေလို့ ဆုတောင်းရင်း...

Oct 18, 2008

Regarding to Project Management

မောင်လူအေး မနေ့က စပြီး ကုမ္ပဏီက ပရောဂျက်တစ်ခု စပေးတယ်။ ဒီကုမ္ပဏီကို ရောက်တာ 2 လသက်တမ်း အတွင်းမှာ အယင်က Ang Mo Kio နားက စာသင်ကျောင်းလေး တစ်ခု ဆောက်လုပ်ရေးကို ကိုင်တွယ်ခိုင်းပါတယ်။ တကယ်တော့ ခုလက်ရှိ လုပ်နေရတဲ့ အဲဒီ စာသင်ကျောင်းလေးကလည်း မပြီးသေးဘူး။ မနေ့ကမှ စပြီး အစည်းအဝေးတစ်ခု သွားတက်ရတယ်။ လက်ရှိ Sentosa နဲ့ Vivocity ကြားမှာ ဆောက်နေတဲ့ Resorts World Sentosa Site ထဲက တစ်ပိုင်းမှာပေါ့။ Site က အမှန်တကယ်တမ်း အင်မတန်ကြီးတယ်။ အဲဒီ Site ကြီးကို အပိုင်းပိုင်းခွဲပြီး 2009 နိုဝင်ဘာမှာ အပြီးဆောက်မယ်လို့ ဆိုတယ်။ တကယ်တမ်း အဲဒီ ပရောဂျက် စနေခဲ့တာ 2007 နှစ်ကုန်ပိုင်းကတည်းကပါ။ မောင်လူအေးတို့ လုပ်ငန်းက Second Phase မှာမှ စရတာဆိုတော့ အခုနေမှ စ၀င်ရမှာ ဖြစ်တယ်။ အဲဒီတော့ Site မှာပျော်တဲ့ မောင်လူအေး Site ထဲ ပြန်ရောက်သွားတယ်။

ဒါက Resorts World Sentosa ရဲ့ တည်ဆောက်ပြီးရင် ဖြစ်လာမဲ့ ပုံပါ။

တကယ်တမ်း မောင်လူအေး ကျောင်းပြီးလို့ လုပ်ငန်းခွင်ထဲ စ၀င်ကတည်းက ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲ စ၀င်ခဲ့တာပါ။ ဆောက်လုပ်ရေး လုပ်ငန်းခွင်ရဲ့ အနေအထားက မြောက်မြားလှစွာသော ညှိနှိုင်း ဆောင်ရွက်မှုပေါင်း သောင်းခြောက်ထောင်နဲ့ နိစ္စဒူဝ လုံးထွေး သတ်ပုတ်နေရတဲ့ လုပ်ငန်းခွင် ဖြစ်ပါတယ်။ အသက် ၂၀ စွန်းစွန်းမှာ မောင်လူအေး Site ထဲ စ၀င်တော့ ရှေ့ကရောက်နှင့် နေကြပြီးတဲ့ Senior ကြီးများရဲ့ ဖေးမဆွဲခေါ်မှုနဲ့ အလွန်တရာမှ အဆင်ပြေချောမွေ့ခဲ့တယ်။

Site ဆိုတဲ့ သဘောသဘာဝက နေ့စဉ်နဲ့ အမျှ ပြဿနာတွေ ရှိတယ်။ ပြင်ဆင်မှု ပြောင်းလဲမှုတွေလည်း အနာမတဂ္ဂ ဆိုတော့ ကနေ့ တစ်မျိုး တပ်ဆင်ထားခဲ့တယ်။ နောက်နေ့ကျ ဒါမျိုး မဟုတ်တော့ ပြန်ဘူး။ ခဏခဏကို ပြောင်းတယ်။ အဲလို ပြောင်းလဲမှု ကြုံတဲ့အခါ အယင်သတ်မှတ်ထားတာကို လက်မှတ်ထိုးထားခဲ့ရင် ပြင်ဆင်မှုအတွက် အခကြေးငွေ ပြန်ရပြီးတော့ မထိုးထားခဲ့မိလို့ကတော့ အတော်ကို စကားပြောရပါတယ်။

အဲဒီ အထဲမှာမှ များပြားလှသော လုပ်ငန်းလုပ်ဆောင်တဲ့ အဖွဲ့ငယ်လေးတွေ အစုလိုက် အစုလိုက်ဆိုတော့ ပိုင်ရှင် ဆောက်လုပ်ရေး ကုမ္ပဏီနဲ့ ညှိရ၊ အချင်းချင်း ညှိရ၊ အတော်လေး စိတ်ညစ်ရတယ်။ ကဲ စိတ်ညစ်တယ်ပြောရင် ဘာလို့လုပ်နေသေးလဲ ပြောစရာ ရှိပါတယ်။ အဲလို ညှိနှိုင်းတိုင်ပင်မှု အခက်အခဲလေးတွေ ရှိတဲ့နေရာတိုင်းမှာ ညှိနှိုင်းလို့ တိုင်ပင်လို့ အဆင်ပြေချောမွေ့သွားရင် အင်မတန်မှ ပျော်စရာ ကောင်းပါတယ်။

ဒီအဆောက်အဦကြီး အမြန်ဆုံးနဲ့ အကောင်းဆုံး ပြီးမြောက်ရေး ဆိုတဲ့ တူညီတဲ့ ရည်ရွယ်ချက် တစ်ခုတည်းနဲ့ အားလုံးက လုပ်ဆောင်နေကြတဲ့ အတွက် ညှိနှိုင်းတိုင်ပင် ငြင်းခုန်ကြတယ်ဆိုတာဟာ အားလုံးက ရည်ရွယ်ချက် ကောင်းလေးတွေနဲ့ ပါပဲ။ တူညီတဲ့ ရည်ရွယ်ချက်ကို မူတည်ပြီး ပြိုင်ဆိုင် ငြင်းခုန်ကြရင်း ပြေလည်သွားပြီဆိုရင် ရတဲ့ ပီတိဟာ ဘာနဲ့မှ မတူပါဘူး။ ၁၀၀ တန်တဲ့ အန္တိမရည်မှန်းချက်ကြီး အောင်မြင် ပြီးမြောက်ဖို့အတွက် ၁၀ တန် အကြောင်းအရာလေးတစ်ခု ဖြတ်ကျော် အောင်မြင်သွားတာပါပဲ။ ရံဖန်ရံခါမှာ ဖြစ်ပေါ်လာတဲ့ ညှိနှိုင်းမှုက အကျပ်အတည်းဘက်ကို ဦးတည်သွားပြီဆိုရင် အဲဒီနေရာကနေ ထွက်ကို ပြေးချင်လောက်အောင် စိတ်ထဲ ဖြစ်တတ်ကြတယ်။

အခါများစွာပဲ Site ထဲမှာ ပြဿနာတက်ပြီ ဆိုရင် မောင်လူအေးတို့ အော်ဆိုနေကျ သီချင်းလေး တစ်ပုဒ်ရှိတယ်။ တစ်ခါတလေတော့လည်း အဝေးဆုံးကို ထွက်ပြေးသွားချင်ပေမဲ့လည်း ကိုယ့်ရဲ့ စိတ်တွေ အမြဲတမ်း မင်းဆီမှာပဲ …. ဆိုတဲ့ သီချင်း အပိုင်းလေးပေါ့…

တော်ပြီ… ဒီ Site ပြီးရင်တော့ ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲ မလုပ်တော့ဘူး။ အလုပ်ပြောင်းတော့မယ်ကွာ ဆိုတဲ့ အတွေးမျိုး မပေါ်ဘဲနဲ့တော့ ဘယ်ဆောက်လုပ်ရေး လုပ်ငန်းမှ လက်စသတ် ပြီးသွားလေ့ မရှိဘူး။ ဒါပေမဲ့ အဲဒီအတွေးတွေက ကိုယ်တွေ ကျားကုတ်ကျားခဲ ညှိနှိုင်းတိုင်ပင် ငြင်းခုန်ပြီး တည်ဆောက်ထားတဲ့ ဆောက်လုပ်ရေး လုပ်ငန်းပြီးသွားတဲ့ နောက်မှာ အဲဒီ အဆောက်အဦးကို ကြည့်ပြီး ရလာတဲ့ ပီတိကပဲ အဲဒီ အတွေးတွေကို ချေဖျက်ပြီးသား ဖြစ်သွားပါလေရောဗျာ။ နောက်တစ် Site စတော့မယ် မင်းမပါတော့ဘူးလား မေးစရာကို မလိုလောက်အောင် တစ် Site မပြီးသေးဘူး နောက်တစ် Site အတွက် ဆာဗေးစဆင်း တိုင်းထွာတွက်ချက် လုပ်ကြတဲ့ အခါမှာလည်း ငြင်းဆန်မှုမရှိဘဲ အလိုက်သင့်ပါနေုပြန်ရော။ အဲဒီအတွက်လည်း Site ထဲပျော်တဲ့ Site ပျော် အင်ဂျင်နီယာများ ဆိုက်ထဲကနေ အခြား အဲယားကွန်းအပြည့်တပ်ထားတဲ့ ရုံးခန်းထဲ ထိုင်လုပ်ရမယ့် အလုပ်သာ ပေးလို့ကတော့ တီကောင်ကို ဆားနဲ့ ပက်သလို တွန့်လိမ် တွန့်လိမ်နဲ့ ပြဿနာတွေ ပြည့်နှက်နေတဲ့ Site ထဲပဲ ပြန်ခြေချချင် နေကြတာပါပဲ။

အယင်ရောက်နှင့်နေတဲ့ Senior တွေက ကူညီဆွဲခေါ်တာ အတော်လေး ကောင်းတဲ့ အတွက်သာ မောင်လူအေးအနေနဲ့ အတော်လေး အဆင်ပြေ ချောမွေ့ခဲ့ခြင်း ဖြစ်ပြီး ဆောက်လုပ်ရေး လုပ်ငန်းခွင်လမ်းညွှန်၊ Project Management ဆိုပြီး စာအုပ်စာတမ်းတွေလည်း မဖတ်ခဲ့ရ။ မသင်ခဲ့ရလေတော့ အတော်လေး ကသိကအောင့် နိုင်ခဲ့တယ်။ အဲဒီတော့ Project Management ဆိုတဲ့ ဗိုလ်လို ရေးထားတဲ့ စာလေးတွေ ရှာဖတ်ဖြစ်တယ်။ ရှာဖတ်ဖြစ်တော့လည်း တစ်ခေါက်ဖတ်လိုက်ပြီးရင် ခဏပဲ မှတ်မိပြီး ခဏနေရင် မေ့မေ့ ပျောက်ပျောက် ဖြစ်သွားလေ့ရှိပါတယ်။ အဲလို ဖြစ်မသွားစေချင်လို့ ကိုယ်ဖတ်ထားတဲ့ စာလေးတွေကို မြန်မာပြန်ပြီး ဘလော့ထဲ တင်ထားရင် ကိုယ်တိုင်လည်း ပြန်ဖတ်ဖို့ ရသလို ဖတ်ချင်သူများလည်း လာရောက် ရှာဖွေ ဖတ်ရှုနိုင်မယ်လို့ တွေးမိတယ်။ အဲလို တွေးမိခြင်းရဲ့ အစခြေလှမ်းအနေနဲ့ Project Planning ကို စတင် ဘာသာပြန်လိုက်ပါတယ်။ အော်ရီချင်တယ် ဗားရှင်းကို ဖတ်ချင်ရင်တော့ ဒီမှာ သွားရောက် ဖတ်ရှုနိုင်သလို ပီဒီအက်ဖ်နဲ့လိုချင်သပ ဆိုရင်လည်း ဒီနေရာလေးမှာ ရယူနိုင်ပါတယ်ဗျာ။ မူရင်း စာရေးသူက Duncan Haughey, PMP ဖြစ်ပါတယ်။ အကြောင်းအရာ အနေနဲ့ ကောင်းမွန်တယ်ဆိုရင် မူလစာရေးသူရဲ့ အရေးအသား ကောင်းခြင်းကြောင့် ဖြစ်ပြီး ဖတ်လို့ နားရှုပ်မယ်ဆိုရင်တော့ မောင်လူအေးရဲ့ ဘာသာပြန် ညံ့ဖျင်းမှု ကြောင့်သာ ဖြစ်ပါကြောင်း။

***********************************************************************************************

လုပ်ငန်းအစီအစဉ် ချမှတ်ခြင်း နည်းစဉ်တစ်ခုချင်းလမ်းညွှန်

အောင်မြင်သော Project တစ်ခု၏ အဓိကသော့ချက်သည် အစီအစဉ်ချမှတ်ခြင်းပဲ ဖြစ်တယ်။ ဘယ်လိုမျိုး Project ကိုပဲ ကိုင်တွယ်တာပဲဖြစ်ဖြစ် အစကနဦး လုပ်ဆောင်ရမဲ့ အချက်က အစီအစဉ်ချမှတ်ခြင်းပဲ။ ရံဖန်ရံခါမှာ လုပ်ငန်းစတင်လိုဇောနဲ့ ဒီအဆင့်ကို လျစ်လျူရှုထားခဲ့တတ်ကြတယ်။ ဒီအတွက်လည်း အချိန်ကုန်၊ ငွေကုန် သက်သာပြီး အခက်အခဲအမြောက်အမြားကို လျော့နည်းစေတဲ့ Project အစီအစဉ်ရဲ့ အသုံးတည့်ပုံတန်ဖိုးကို လူအတော်များများ သတိမပြုမိတတ်ကြဘူး။ ဒီဆောင်းပါးပါ အချက်အလက်တွေဟာ ပရောဂျက် အစီအစဉ်ချမှတ်ခြင်းအတွက် ရိုးစင်းပြီး လက်တွေ့ကျတဲ့ အချက်လေးတွေနဲ့ စုစည်းထားတယ်။ ဒီဆောင်းပါးကို ဖတ်ပြီးတဲ့နောက်မှာ နောက်ထပ် ကိုင်တွယ်ရမဲ့ Project တွေအတွက် အသုံးတည့်မဲ့ ပြည့်စုံခိုင်လုံတဲ့ Project အစီအစဉ်ချမှတ်နည်းကို ရရှိပါလိမ့်မယ်။

အဆင့် ၁ Project ရည်မှန်းချက်များ

Project တစ်ခုမှာ ပါဝင်ရင်းနှီးမြှုပ်နှံတဲ့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ လိုအပ်ချက်များ ပြည့်စုံစေမယ်ဆိုရင် Project ဟာ အောင်မြင်တယ်။ ရင်းနှီးမြှုပ်နှံသူများထဲမှာ Project နဲ့ တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်ပတ်သက်နေတဲ့ မည်သူကိုမဆို ဆိုလိုတယ်။ ဒါကြောင့် ပထမအဆင့်မှာ မိမိပါဝင်ကိုင်တွယ်မဲ့ Project မှာ ရင်းနှီးမြှုပ်နှံသူတွေက ဘယ်သူတွေလည်း ဆိုတာသိအောင်လုပ်ရမယ်။ Project တစ်ခုရဲ့ ရင်းနှီးမြှုပ်နှံသူတွေကို သိအောင်လုပ်ရတာ အမြဲတမ်း လွယ်ကူလေ့တော့ မရှိဘူး။ အထူးသဖြင့် တဆင့်ခံ ပါဝင်ပတ်သက်နေတဲ့ သူတွေဆို ပိုဆိုးတာပေါ့။ ရင်းနှီးမြုပ်နှံသူတွေကို သာဓက အနေနဲ့ ပြောရရင်

• Project Sponsor
• Project ရဲ့ သဘောတူညီထားတဲ့ လွှဲအပ်ရမဲ့ အရာတွေကို လက်ခံမဲ့သူ
• Project ရလာဒ်တွေကို အသုံးပြုမဲ့ သူများ
• Project မန်နေဂျာ နှင့် Project အဖွဲ့

ရင်းနှီးမြှုပ်နှံသူတွေဘယ်သူတွေလဲဆိုတာကို သိပြီးတဲ့နောက်မှာ နောက်တစ်ဆင့်က သူတို့ရဲ့ လိုအပ်ချက်တွေကို စာရင်းပြုရမယ်။ အကောင်းဆုံးနည်းလမ်းကတော့ ရင်းနှီးမြှုပ်နှံသူနဲ့ လူတွေ့ ဆွေးနွေးခြင်းပဲ ဖြစ်တယ်။ တကယ်အကျိုးသက်ရောက်မှုရှိတဲ့ အမှန်တကယ်လိုအပ်ချက်တွေကို စုစည်း စာရင်းလုပ်နိုင်ဖို့ အချိန်ယူပြီး တွေ့ဆုံဆွေးနွေးပါ။ ရံဖန်ရံခါမှာ မြှုပ်နှံသူက လုပ်ငန်းနဲ့ တိုက်ရိုက် မပတ်သက်တဲ့အမှန်တကယ် အကျိုးသက်ရောက်မှုလည်း မရှိတဲ့ အချက်တွေကိုလည်း ပြောလိမ့်မယ်။ ဒီ အချက်တွေကို အရေးပါမှုနည်းတဲ့ အချက်များ အဖြစ်မှတ်သားထားနိုင်တယ်။ ဒီလို တွေ့ဆုံ ဆွေးနွေးမှုတွေ ပြီးတဲ့နောက်မှာ လိုအပ်ချက်များကို ဦးစားပေး အစဉ်အလိုက် စီထားတဲ့ ရိုးရှင်းလွယ်ကူတဲ့ စာရင်းတစ်ခု ပြုစုပါ။ ဒီ ဦးစားပေး အဆင့်အလိုက် စာရင်းက နေပြီးတော့ လွယ်လင့်တကူ ဖြတ်ကျော်အောင်မြင်နိုင်မဲ့ ရည်မှန်းချက်များ အဖြစ် ပြန်လည် တည်ဆောက်ပါ။ ဒီအဆင့်ကို လုပ်ဆောင်ဖို့ SMART Principle (Smart Principle များကို ထပ် ဘာသာပြန် ပါဦးမယ်။) များအရ သုံးသပ်ပြီး လုပ်ဆောင်ပါ။ ဒီနည်းလမ်းအရ ရည်မှန်းချက်တစ်ခု အောင်မြင်တိုင်းမှာ အလွယ်တကူ သိရှိစေနိုင်တယ်။ ရိုးစင်းရှင်းလင်းတဲ့ ရည်မှန်းချက်များ စာရင်းပြုပြီးနောက်မှာ အဲဒီရည်မှန်းချက်တွေကို ပရောဂျက် အစီအစဉ်မှာ ထည့်သွင်းမှတ်တမ်းတင်ပါ။ Project မှာ ရင်းနှီးမြှုပ်နှံသူများရဲ့ လိုအင်များ မျှော်လင့်ချက်များကိုလည်း ထည့်သွင်းရေးသားမယ်ဆိုရင် ပိုပြီး အသုံးတည့်ပါလိမ့်မယ်။ ဒါဆိုရင် Project အစီအစဉ် ချမှတ်ခြင်းရဲ့ အခက်ခဲဆုံး အဆင့်ကို ကျော်လွန်ပြီးမြောက်ခဲ့ပြီဖြစ်ပါတယ်။ ဆက်လက်လုပ်ဆောင်ရမဲ့ အချက်ကတော့ Project ရဲ့ ပေးအပ်ရမဲ့ ရလာဒ်များကို လေ့လာရမှာပဲ ဖြစ်တယ်။

အဆင့် ၂ Project ၏ လွှဲအပ်ရမဲ့ ရလာဒ်များ

အဆင့် ၁ မှာ ပြုစုထားတဲ့ ရည်မှန်းချက်များကို အသုံးပြုပြီး အဲဒီရည်မှန်းချက်များ အထမြောက် အောင်မြင်စေဖို့ Project ရဲ့ လွှဲပြောင်းပေးအပ်ရမဲ့ အကြောင်းအရာများ စာရင်းပြုစုပါ။ အချက် တစ်ချက်ချင်းအတွက် ဘယ်အချိန်မှာ ဘယ်လိုပုံစံနဲ့ လွှဲအပ်ရမယ်ဆိုတာကိုပါ တိတိကျကျ ပြုစုပါ။ Project ရဲ့ လွှဲပြောင်းပေးအပ်ရမဲ့ ခန့်မှန်းလွှဲအပ်ရမဲ့ နေ့စွဲကိုလည်း ထည့်သွင်းပါ။ နောက်တစ်ဆင့်ဖြစ်တဲ့ Project အချိန်ဇယား ရေးဆွဲတဲ့အခါ ပိုမိုတိကျသေချာတဲ့ လွှဲပြောင်းပေးအပ်ရမဲ့ နေ့ရက်များကို ထည့်သွင်းရပါမယ်။

အဆင့် ၃ ပရောဂျက်အချိန်ဇယား

အဆင့် ၂ မှာ ပြုစုပါရှိတဲ့ လွှဲပြောင်းပေးအပ်ရမဲ့ အချက်တစ်ချက်ချင်းစီအတွက် လုပ်ဆောင်ရမဲ့ လုပ်ငန်းဆောင်တာများ စာရင်းပြုစုပါ။ အချက်တစ်ချက်ချင်းစီအတွက် အောက်ပါအချက်များ ပါဝင်ပါလိမ့်မယ်။

• လုပ်ငန်းဆောင်တာများ ပြီးမြောက်ဖို့ လိုအပ်တဲ့ အားစိုက်ထုတ်မှုများ (ဘယ်နှစ်နာရီ (သို့) ဘယ်နှစ်ရက်)
• လုပ်ငန်းဆောင်တာများ လုပ်ဆောင်မဲ့ အရင်းအမြစ်များ

လုပ်ငန်းဆောင်တာများ လုပ်ဆောင်ဖို့ လိုအပ်တဲ့ အားစိုက်ထုတ်မှုများ စာရင်းပြုပြီးတဲ့နောက်မှာ လွှဲပြောင်းပေးအပ်ရမဲ့ အချက်တစ်ချက်ချင်းစီအတွက် လိုအပ်တဲ့ အားစိုက်မှုများနှင့် ပိုမိုတိကျတဲ့ လွှဲအပ်မဲ့ နေ့ရက်တို့ကို ထုတ်နှုတ်တွက်ချက်နိုင်ပါလိမ့်မယ်။ လွှဲပြောင်းပေးအပ်ရမဲ့ စာရင်းများ အခန်းကဏ္ဍကို ပိုမိုတိကျတဲ့ လွှဲပြောင်းပေးမဲ့ နေ့စွဲများနှင့် ပြင်ဆင်သတ်မှတ်ပါ။ အစီအစဉ်ချမှတ်ခြင်းရဲ့ ဒီအဆင့်မှာ Microsoft Project လိုမျိုး Software မျိုးနဲ့ Project အချိန်ဇယားကို ရေးဆွဲနိုင်ပါတယ်။ အခြားသော အခမဲ့ရရှိနိုင်တဲ့ နမူနာပုံစံများနဲ့လည်း ရေးဆွဲနိုင်ပါတယ်။ လွှဲအပ်ရမဲ့ အချက်များ၊ လုပ်ငန်းဆောင်တာများ၊ ကြာမြင့်ချိန်များ နဲ့ ဒီလုပ်ငန်းဆောင်တာတွေကို ဘယ်သူတွေက လုပ်ဆောင်မယ်ဆိုတဲ့ အရင်းအမြစ်များ အားလုံးကို ထည့်သွင်းရေးဆွဲပါ။

ဒီနေရာမှာ အများအားဖြင့် တွေ့ရတတ်တဲ့ အခက်အခဲတစ်ခုက Project Sponsor က ပေးထားတဲ့ လွှဲအပ်ရမဲ့ နေ့နဲ့ မိမိ ရေးဆွဲထားတဲ့ ခန့်မှန်း လွှဲအပ်နိုင်မဲ့ နေ့တို့က မတူညီ ကွဲပြားနေတာပဲ ဖြစ်ပါတယ်။ ဒီလို အဖြစ်မျိုး ကြုံလာခဲ့မယ်ဆိုရင် Project Sponsor နဲ့ ချက်ချင်း ဆက်သွယ် ဆောင်ရွက်ပါ။ ဒီ အခြေအနေမှာ ရွေးချယ်နိုင်တဲ့ နည်းလေးတွေက

• Project အဆုံးသတ်နေ့ရက်ကို ပြန်လည် ညှိနှိုင်းခြင်း ( ကြန့်ကြာပါမယ်)
• အရင်းအမြစ် (လူအင်အားစသည်) ထပ်တိုးခန့်ထား သုံးစွဲခြင်း ( ကုန်ကျမှု မြင့်မားလာပါမယ်။)
• Project ရဲ့ လုပ်ကွက် လျှော့ချခြင်း (လွှဲပြောင်းပေးအပ်ရမဲ့ အချက်လျော့သွားပါမယ်။)

တို့ပဲ ဖြစ်ကြပါတယ်။

အထက်ပါ အချက်များထဲက တစ်ခုခုကို ရွေးချယ်ပြီး Project အချိန်ဇယားကို ချိန်ညှိပါ။

အဆင့် ၄ အထောက်အကူပြုအစီအစဉ်များ

Project အစီအစဉ် ချမှတ်ခြင်း နည်းစဉ်ရဲ့ အစိတ်အပိုင်း တစ်ခုအဖြစ် ဒီအပိုင်းကို ထည့်သွင်းရေးဆွဲ ရပါမယ်။ Project အစီအစဉ်ထဲမှာလည်း တိုက်ရိုက် ထည့်သွင်းရေးဆွဲနိုင်ပါတယ်။

လူစွမ်းအားအရင်းအမြစ် အစီအစဉ်

Project မှာ ဦဆောင်ဦးရွက် လုပ်ဆောင်မဲ့ လူတစ်ဦးချင်း နှင့် အဖွဲ့အစည်းအလိုက် အမည်နာမများကို ထည့်သွင်းရေးဆွဲပါ။ တစ်ဦးချင်း တစ်ဖွဲ့ချင်းစီအတွက် Project ရဲ့ သူတို့ရဲ့ အခန်းကဏ္ဍနဲ့ လုပ်ဆောင်ရမဲ့ တာဝန်ဝတ္တရားများကို ဖော်ပြပါ။

ထပ်မံ၍ Project ကို ဆောင်ရွက်နိုင်ဖို့ လိုအပ်တဲ့ လူအရေအတွက်နဲ့ ကျွမ်းကျင်မှုများကို ဖော်ပြပါ။ အရင်းအမြစ်တစ်ခုစီအတွက် အသေးစိတ် လုပ်ငန်းစတင်ရက်၊ ခန့်မှန်း ကြာမြင့်ချိန်၊ လုပ်ငန်းပြီးမြောက်စေဖို့ လုပ်ဆောင်မဲ့ နည်းစနစ်တို့ကို ပါဝင်အောင် ထည့်သွင်းပါ။ အဲဒီအချက်အလက်တွေ အားလုံးပါဝင်တဲ့ စာရင်းတစ်စောင် ပြုစုပါ။

ဆက်သွယ်မှု အစီအစဉ်

Project နှင့် ပတ်သက်၍ ဘယ်သူတွေဆီကို ဘယ်လိုနည်းနဲ့ ဆက်သွယ် သတင်းပို့ရမယ်ဆိုတာတွေ ပါဝင်တဲ့ စာရင်းတစ်ခု ပြုစုပါ။ အသုံးအများဆုံး စနစ်ကတော့ Project ဘယ်လို လည်ပတ်နေကြောင်း ရရှိဖြစ်ပေါ်နေတဲ့ ထူးခြားဖြစ်စဉ်များနဲ့ နောက်လာမဲ့ အချိန်ပိုင်းအတွက် ဘာတွေ လုပ်ဆောင်ဖို့ စီစဉ်ထားကြောင်း အချက်တွေ ပါဝင်တဲ့ အပတ်စဉ် (သို့) လစဉ် ဖြစ်ပေါ်တိုးတက်မှု အစီရင်ခံစာပဲ ဖြစ်တယ်။

အန္တရာယ် ကြီးကြပ်ကိုင်တွယ်မှု အစီအစဉ်

အန္တရာယ် ကြီးကြပ် ကိုင်တွယ်မှုသည် Project ကြီးကြပ်ကွပ်ကဲမှုရဲ့ အဓိကကျတဲ့ အစိတ်အပိုင်း ဖြစ်တယ်။ ရံဖန်ရံခါမှာ မျက်စိလျှမ်းပြီး ကျော်သွား တတ်ကြပေမဲ့လို့ Project အတွင်းမှာ အန္တရာယ်ဖြစ်နိုင်တဲ့ အခြေအနေတွေ အများကြီး ရှိနေပြီးတော့ ဆိုးရွားတဲ့ ထိခိုက်မှုဖြစ်လာခဲ့ရင် ဘယ်လိုကိုင်တွယ်မယ်ဆိုတာ ဖော်ပြထားဖို့ လိုပါတယ်။

ပုံမှန် Project တစ်ခုရဲ့ ပတ်သက်တဲ့ အန္တရာယ်တွေထဲက အချို့မှာ

• အချိန်နဲ့ ကုန်ကျမှု ခန့်မှန်းချက်များက အလွန်အမင်း အကောင်းမြင်ထားခြင်း
• သုံးစွဲသူရဲ့ သုံးသပ်မှုနဲ့ တုံ့ပြန်မှု လုပ်ငန်းစဉ် အလွန်နှေးကွေးခြင်း
• မမျှော်လင့်တဲ့ ငွေကြေးပြတ်တောက်မှုများ
• အခန်းကဏ္ဍနှင့် တာဝန်ဝတ္တရား ရှင်းလင်းပြတ်သားမှု မရှိခြင်း
• မြှုပ်နှံသူရဲ့ ပါဝင်မှု ရအောင် မကြိုးစားနိုင်ခြင်း နှင့် သူတို့ရဲ့ လိုအပ်မှုကို ရှင်းရှင်းလင်းလင်း နားမလည်ခြင်း
• Project စတင်ပြီးချိန်မှ မြှုပ်နှံသူက ၎င်းတို့ရဲ့ လိုအပ်ချက်တွေ ပြောင်းလဲခြင်း
• Project စတင်ပြီးတဲ့ နောက်မှ မြှုပ်နှံသူက လိုအပ်ချက် အသစ်တွေ ထပ်တိုးခြင်း
• အဓိပ္ပာယ်ကောက်လွဲခြင်းများ၊ စံသတ်မှတ်ချက် ပြဿနာနှင့် ထပ်ထပ်လုပ်နေရခြင်း တို့ဖြစ်စေတဲ့ ဆက်သွယ်ဆောင်ရွက်မှုအားနည်းခြင်း
• အရင်းအမြစ် သတ်မှတ်ချက်များ ချို့ယွင်းခြင်း

အန္တရာယ်များကို အန္တရာယ် ဖြေရှင်းနည်းစဉ်အတိုင်း လိုက်ပါဆောင်ရွက်နိုင်တယ်။ သိထားတဲ့ အန္တရာယ်ဖြစ်စေတဲ့ အချက်တွေကို အန္တရာယ်ဖြစ်စေတဲ့ အချက်စာရင်းမှာ ထည့်သွင်းထားပြီး ဖြစ်ပေါ်လာခဲ့ရင် ဘယ်လို ဖြေရှင်းမယ် ဆိုတာကိုပါ ရေးသွင်းထားပါ။ အဲဒီလို အန္တရာယ်မျိုး နောက်ထပ် ဖြစ်ပေါ်မှု မရှိစေအောင် ဘယ်လို ကာကွယ်မယ် ဆိုတာကိုပါ ထည့်သွင်းပါ။ အန္တရာယ်ဖြစ်မှု စာရင်းကို အစဉ်အမြဲ စောင့်ကြည့်လေ့လာနေဖို့လိုအပ်ပြီး နောက်ထပ် ဖြစ်ပေါ်လာတတ်တဲ့ Project ကာလအတွင်း အန္တရာယ်တွေကို ထပ်မံ ဖြည့်စွက်နေဖို့ လိုပါတယ်။ အန္တရယ်တွေကို ခဏလေး ရှောင်ဖယ်လိုက်ရုံနဲ့ အဲဒီအန္တရယ်က ပြီးပြတ် မသွားဘူးဆိုတာတော့ အမြဲ သတိပြုဖို့လိုပါတယ်။

အထက်က ဖော်ပြခဲ့တဲ့ နည်းစနစ်တွေကို အသုံးချပြီးတော့ Project အစီအစဉ်ကောင်းတစ်ခု ဆွဲလို့ ရသွားပါပြီ။ အစဉ်သတိချပ်နေဖို့က အစီအစဉ်ကို ဖြစ်ပေါ်တိုးတက်မှုတွေ အမြဲ စိစစ်ဖြည့်သွင်းနေဖို့နဲ့ အစီအစဉ်နဲ့ သုံးသပ်နေဖို့ပါပဲ။

BAY OF HUNTERS