စာအုပ်တွေ ၀ယ်ဖတ်ဖို့ အဓိက ငွေနဲ့ အချိန် ပေးနိုင်မှု အားနည်းတဲ့ ကျွန်တော်တို့ အတွက် Ebooks တွေက အင်မတန်မှ အထောက်အကူ ပြုပါတယ်။ ၀ါသနာအရ Ebooks တွေ စုဆောင်းဖြစ်တဲ့ အထဲက သူငယ်ချင်းတွေအတွက် တစုံတခု အထောက်အကူဖြစ်စေမဲ့ Engineering Ebooks တချို့ စုစည်းမှုပါ။ နောက်ထပ်လည်း စုဆောင်းထားတဲ့ Ebooks တွေ အချိန်ရရင် ရသလို တင်သွားပေးပါဦးမယ်။
Handbook of Interior Lighting Design (pdf) 4.25 MBBonding and Grounding (pdf) 3.77 MBElectrical Power Supply and Distribution (pdf) 1.57 MBElectronic Circuits for the Evil Genius- McGraw Hill 2005 (pdf) 12.28 MBElectrical Engineering Dictionary (pdf) 5.7 MB
မောင်လူအေး အခုတလော Structured Cabling နဲ့ ပတ်သက်တာတွေ လေ့လာနေရပါတယ်။ အဲဒီ အတွက် အင်တာနက်ပေါ်မှာ လျှောက်မွှေဖြစ်တဲ့ အထဲက Structured Cabling နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ စုစည်းဖြစ်တဲ့ သဘောပါ။
တကယ်တော့
မင်းမရှိလို့ ဘာမှ မဖြစ်တဲ့အချိန်မှာ
ငါ့ရင်ခွင်ထဲရောက်လာပြီး
မင်းရှိမှ ဖြစ်မယ်ဆိုတဲ့ အချိန်ကျမှ
တစ်ယောက်တည်းငါ့ကို ထားသွားခဲ့တာ...
လေးဖြူရဲ့ နောက်ဆုံးရထားနဲ့ အတူ
ငါ့ရဲ့ နှလုံးသားကို သူ
တပါတည်း နင်းခြေသွားတဲ့ည
ကမ္ဘာမြေမှာ ငါ့ရဲ့ နောက်ဆုံးမျက်ရည်တွေ ကျခဲ့ရ
ဟန်ဆောင်ရယ်မောတတ်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမဲ့
အသားသေနေတဲ့ ငါ့နှလုံးသားက ငြင်းဆန်
အကြိမ်ကြိမ်အဖန်ဖန်ပဲ ငါကျရှုံးခဲ့
အမှတ်မရှိတဲ့ အသည်း
အထပ်ထပ်ကွဲခဲ့တာလည်း အမှတ်မရ
တော်ပြီကွာ...
ငါ့ဘ၀မှာ .... ဒဏ်ရာတွေကို အရင်းပြုလို့
မင်းမရှိလည်း ဖြစ်တဲ့ ဘ၀တစ်ခု
ငါပြုစုမယ်
စုတေတဲ့ အချိန် မရောက်ခင် အထိတော့
အချစ်မရှိတဲ့ ဘ၀တစ်ခုကို
ရုပ်ဝတ္ထုတွေနဲ့ပဲ အဖော်ပြုလို့ .....
အခွင့်ရှိမယ်ဆိုရင်
ငါပြုချင်တယ် ဆန္ဒတစ်ခု
ကျေးဇူးပြု၍ အချစ်....
သင် ငါနှင့် ဝေးဝေးမှာနေပေးပါ။
ကဗျာတွေ မရေးဖြစ်တာ တော်တော်ကြာပြီ။ နည်းနည်း စိတ်ကူးရလို့လက်ဆော့ ကြည့်တဲ့ သဘောပါ။ မျက်စိညောင်းခံ ဖတ်ပေးတဲ့ သူငယ်ချင်းတွေကို ကျေးဇူးပါ။
တော်တော်များများတော့ သိပြီးသားဖြစ်နိုင်ပါတယ်။ မြန်မာဗေဒင်ဆော့ဖ်ဝဲလေးတစ်ခုပေါ့။ ဘလော့တွေ လျှောက်ဖွရင်းနဲ့ ဒီနေရာကနေ တွေ့လာတဲ့ ဆော့ဖ်ဝဲလေးပါ။ သိပြီးသား သူတွေအတွက် မထူးခြားပေမဲ့ မသိသေးတဲ့ သူတွေ အတွက် အပျင်းပြေ ဗေဒင်မေးလို့ရတာပေါ့။ ဗေဒင်ဆိုတာ ကောင်းတာတွေပဲ ယုံပြီး မကောင်းတာတွေ မယုံကြေးပေါ့။ ဟုတ်လား။ အပျင်းပြေ Try ကြည့်ရအောင်လား။ ဒီနေရာမှာ Download လုပ်ပါဗျာ။
အတိတ်ကိုသာ ပြန်ပြင်လို့ရရင်
မင်းနဲ့ငါ မဆုံဖြစ်ခဲ့ကြရင်ကောင်းမှာ
ဆုံတွေ့ခြင်းကို မပြင်နိုင်ခဲ့ရင်
ငါမင်းကို မချစ်ခဲ့မိရင်ကောင်းမှာ…
အခုတော့
ကို့ယ့်ကို ပြန်မချစ်နိုင်တဲ့ သူကိုမှ
ရူးရူးမူးမူး ချစ်နေမိပြီ
ထိမ်းချုပ်နိုင်စွမ်း မရှိလောက်အောင်ကို
စွဲလမ်းနေမိပြီ…
ငါ့အဖြစ်က
မပေးနိုင်တဲ့ သူဆီကနေ…
အတင်းတောင်းနေတဲ့ သူလိုပါလား…
မလိုချင်တဲ့ သူကိုမှ အတင်းပေးနေသလိုပါလား…
သူသိခဲ့ရင်
ပြန်မချစ်နိုင်ရင်တောင်…
မြတ်မြတ်နိုးနိုး ချစ်နေတဲ့သူတစ်ယောက်ရှိတယ်ဆိုတာလေးကို…
မဖြစ်နိုင်မှန်း သိပေမဲ့ ……
တစ်နေ့နေ့မှာ ပြန်ချစ်လာမလားဆိုပြီး….
စိတ်ကူးနဲ့ ရုးနေတဲ့သူ တစ်ယောက်ရှိတယ် ဆိုတာလေးကို…
အင်း…… နောက်ဆုံးတော့လည်း …
အားလုံးဟာ ကိုယ့်ရဲ့ အမှားတွေပါပဲလေ……
Sereneboy
Valentine Day အမှတ်တရ ဘာများတင်ရင် ကောင်းမလဲလို့ အကြံထုတ်နေတုံး (ဆားချက်နေတုံး…) ညီတော်မောင် Sereneboy ရဲ့ ရင်တွင်းဖြစ် လက်ရာ ကဗျာ တစ်ပုဒ်ပဲ တင်လိုက်ပါတယ်။ သူ့ကဗျာလေးရဲ့ ခေါင်းစဉ်လိုပဲ “ အမှတ်တရ “ ပေါ့။ အချစ်နဲ့ မကင်းနိုင်ကြတဲ့ လောကကြီးမှာ တစ်ကြိမ်တစ်ခါဖြစ်စေ ခံစားခဲ့ဖူးတဲ့ ခံစားချက်လေးနဲ့ တိုက်ဆိုင်တယ်ဆိုရင်ပဲ ကဗျာလေးကို ခံစားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ Blog မှာတင်ခွင့်ပေးတဲ့ Sereneboy ကိုလည်း ကျေးဇူးပါ။
မျဉ်းပြိုင်နှစ်ကြောင်း မဆုံကောင်းဟု
ထုံးဟောင်းသက်သေ ရှိခဲ့ပေလည်း
တွက်နည်းသင်္ချာ၊ လင်္ကာမှန်က
ဆုံရမည်မှာ ဓမ္မတာ။
ဒါကတော့ စာတစ်အုပ်မှာ ဖတ်ခဲ့ဖူးတဲ့ ကဗျာတိုလေးပါ။ ဘယ်သူရေးလို့ ဘယ်စာအုပ်မှာ ဖတ်မိမှန်းတောင် မသိတော့ပါဘူး။
ချစ်တဲ့သူတိုင်း ပေါင်းဆုံနိုင်ကြပါစေလို့ Valentine Day အမှတ်တရ ဆုတောင်းလိုက်ရပါကြောင်း။
If you kiss her, you are not a gentleman
If you don't, you are not a man
If you praise her, she thinks you are lying
If you don't, you are good for nothing
If you agreed with all her likes, she is abusing
If you don't , you are not understanding
If you make romance , you are an " experienced " man
If you don't , you are half a man
If you visit her too often, she thinks it is boring
If you don't , she accuses you of double crossing
If you are well dressed, she says you are a playboy
If you don't, you are a dull boy
If you are jealous, she says it's bad
If you don't, you don't love her
If you attempt a romance, she says you didn't respect her
If you don't, she thinks you do not like her
If you are a minute late, she complains it's hard to wait
If she is late, she says that's a girl's way
If you visit another, she accuses you of being a heel
If she is visited by another, " Oh! It's natural, we are girls "
If you kiss her once a while, she professes you are cold
If you kiss her too many, she yells that you are taking advantage
If you fail to help her in crossing the street, you are ethics
If you do, she thinks it's just one of the man's tactics
If you stare at others, she accuses you are flirting
If she is stared by others, she says that they are just admiring
If you talk, she wants you to listen
If you listen, she wants you to talk
Oh God! You created those creature called " Woman"
So Simple, yet so complex
So weak, yet so powerful
So confusing, yet so desirable
စေတနာသည် လူတိုင်းနှင့် မတန်။ သည်စကားရပ် ပြောကြားမိချိန်မှာ တစုံတယောက်သည် စေတနာနှင့် မတန်သော တစုံတယောက်ကို ထိုက်တန်မှု မရှိသော စေတနာ တချို့ ထားပြီးချိန် ဖြစ်နေနိုင်ပေသည်။ ခဲလေသမျှ သဲရေကျ၊ သဲထဲရေသွန် ဟူသော စကားရပ်များ အသုံးတည့်လာမှုသည်လည်း ထိုက်တန်မှု ဟူသော စံနှုန်း တန်ဖိုး တစ်ခု အပေါ် အမှီပြု ဖြစ်တည် လာခြင်းဟု သုံးသပ်နိုင်ပေသည်။ သို့ဖြစ်ရာ စေတနာနှင့် မတန်သော လူတို့ အတွက် မထိုက်တန်သော စေတနာ ထားခြင်းထက် လူတိုင်းနှင့် တန်သော စေတနာ ထားခြင်းက ပို၍ မှန်ကန်သော ချဉ်းကပ်နည်း ဖြစ်ပေသည်။ လောကတွင် လူအမျိုးမျိုး စိတ်အထွေထွေ၊ ရှင်သန် ပေါက်ဖွားရာ ဒေသ ၀န်းကျင်ကို လိုက်၍ ကွဲပြားခြားနားမှု အမျိုးရှိပေရကား မိမိတွေးခေါ်သော အတွေးအမြင်သည် မည်မျှပင် ကောင်းလင့်ကစား တသမတ်တည်း မိမိ အမြင်အတိုင်း တလွဲမသွေ လိုက်ပါဆောင်ရွက် စေလိုမှုသည်ကား အောင်မြင်နိုင်မှု အလွန်တရာမှ နည်းပါးစေမည့် နည်းလမ်းသာ ဖြစ်ပေမည်။ လောက၌ ပေးကားပေး၏။ မရ ဆိုသည့် လက်သုံးစကားသည် ရှေးမဆွကပင် လူမှုပတ်ဝန်းကျင်တွင် ရှိနေပြီး ဖြစ်ကြောင်း သတိချပ်သင့်လှပေသည်။ မိမိရင်နှင့်လွယ်၍ မွေးဖွားခဲ့ရသော သားသမီးတို့သည် ပင်လျှင် မိဘတို့ ကောင်းစေလို၍ ညွှန်ပြသော လမ်းကို လျှောက်နိုင်မှု ခဲယဉ်းသည် ဆိုပါက ကျန်သည့် ဆက်နွယ်မှု အမျိုးမျိုးရှိကြသည့် လူတို့ အတွက်မူ ဆိုဖွယ်ရာ မရှိတော့ပေ။ သို့ဖြစ်ရာ တန်ဖိုးရှိသော စေတနာများ ဆုံးပါးမှု မဖြစ်စေရေးအတွက် လူတိုင်းနှင့် ထိုက်တန်သော စေတနာများ ထားနိုင်ရန် ကြိုးစားသင့်လှပေကြောင်း။