Feb 11, 2008

ထိုက်တန်သော စေတနာ

စေတနာသည် လူတိုင်းနှင့် မတန်။ သည်စကားရပ် ပြောကြားမိချိန်မှာ တစုံတယောက်သည် စေတနာနှင့် မတန်သော တစုံတယောက်ကို ထိုက်တန်မှု မရှိသော စေတနာ တချို့ ထားပြီးချိန် ဖြစ်နေနိုင်ပေသည်။ ခဲလေသမျှ သဲရေကျ၊ သဲထဲရေသွန် ဟူသော စကားရပ်များ အသုံးတည့်လာမှုသည်လည်း ထိုက်တန်မှု ဟူသော စံနှုန်း တန်ဖိုး တစ်ခု အပေါ် အမှီပြု ဖြစ်တည် လာခြင်းဟု သုံးသပ်နိုင်ပေသည်။ သို့ဖြစ်ရာ စေတနာနှင့် မတန်သော လူတို့ အတွက် မထိုက်တန်သော စေတနာ ထားခြင်းထက် လူတိုင်းနှင့် တန်သော စေတနာ ထားခြင်းက ပို၍ မှန်ကန်သော ချဉ်းကပ်နည်း ဖြစ်ပေသည်။ လောကတွင် လူအမျိုးမျိုး စိတ်အထွေထွေ၊ ရှင်သန် ပေါက်ဖွားရာ ဒေသ ၀န်းကျင်ကို လိုက်၍ ကွဲပြားခြားနားမှု အမျိုးရှိပေရကား မိမိတွေးခေါ်သော အတွေးအမြင်သည် မည်မျှပင် ကောင်းလင့်ကစား တသမတ်တည်း မိမိ အမြင်အတိုင်း တလွဲမသွေ လိုက်ပါဆောင်ရွက် စေလိုမှုသည်ကား အောင်မြင်နိုင်မှု အလွန်တရာမှ နည်းပါးစေမည့် နည်းလမ်းသာ ဖြစ်ပေမည်။ လောက၌ ပေးကားပေး၏။ မရ ဆိုသည့် လက်သုံးစကားသည် ရှေးမဆွကပင် လူမှုပတ်ဝန်းကျင်တွင် ရှိနေပြီး ဖြစ်ကြောင်း သတိချပ်သင့်လှပေသည်။ မိမိရင်နှင့်လွယ်၍ မွေးဖွားခဲ့ရသော သားသမီးတို့သည် ပင်လျှင် မိဘတို့ ကောင်းစေလို၍ ညွှန်ပြသော လမ်းကို လျှောက်နိုင်မှု ခဲယဉ်းသည် ဆိုပါက ကျန်သည့် ဆက်နွယ်မှု အမျိုးမျိုးရှိကြသည့် လူတို့ အတွက်မူ ဆိုဖွယ်ရာ မရှိတော့ပေ။ သို့ဖြစ်ရာ တန်ဖိုးရှိသော စေတနာများ ဆုံးပါးမှု မဖြစ်စေရေးအတွက် လူတိုင်းနှင့် ထိုက်တန်သော စေတနာများ ထားနိုင်ရန် ကြိုးစားသင့်လှပေကြောင်း။

6 comments:

  1. စေတနာက လူတိုင်းနှင့် ထိုက်တန်တယ် ၊ မတန်ဘူးဆိုတာ လက်ခံသူက ကိုယ်ရဲ့ စေတနာ၊ လုပ်ဆောင်ချက်အပေါ် တန်ဖိုးထားမှု ၊ အသုံးချမှု နဲ့ ထိုသူရဲ့ ခံယူချက်သဘောထားပေါ်မှာ မူတည်ပြီး ဖြစ်လာတာပါ။ အဲ့ဒါကြောင့် ကိုယ်က ပေးမြဲပေးပြီး ပြန်လာတဲ့ တုံ့ပြန်ချက်အပါ် ဘယ်လိုမှာ သဘောမထားပါနဲ့၊

    ReplyDelete
  2. Howdy! I'm at work surfing around your blog from my new iphone 3gs! Just wanted to say I love reading your blog and look forward to all your

    posts! Keep up the excellent work!

    Also visit my weblog www.cafulcurasc.com.ar

    ReplyDelete
  3. I was curious if you ever considered changing the structure
    of your website? Its very well written; I love what youve got to say.
    But maybe you could a little more in the way of content

    so people could connect with it better. Youve got an awful lot of text for
    only having 1 or two images. Maybe you could space it out better?



    Also visit my web site: olo.ru

    ReplyDelete
  4. I will immediately grab your rss feed as I can not find your e-mail subscription

    link or newsletter service. Do you've any? Please let me know in order that I

    could subscribe. Thanks.

    Feel free to surf to my webpage ... fooditud.com

    ReplyDelete

Your comment encouraged Mgluaye to write new posts in blog. It will be appreciated to write something about the post you have read...

Thank you

သူတို့ဖျက်ကြလေပြီ

Unicode Version မောင်လူအေးတို့ ဘီအိုအိပ်ချ် ရုံးတည်ရာ လှိုင် ၂ ရပ်ကွက်၊ ရတနာမွန် အိမ်ယာအတွင်းက လမ်းများမှာ ယခု ရက်သတ္တပတ်အတွင်...