Jan 23, 2009

Secrets of the Millionaire Mind

Secrets of the Millionaire Mind စာအုပ်ထဲက မှတ်သားဖွယ်ရာလေးတွေပါ။ ကျွန်တော်တို့ ခင်ဗျားတို့ ဘယ်လိုတွေးတယ် ဆိုတာကနေ ကျွန်တော်တို့ ခင်ဗျားတို့ ဘာဆိုတာ ဖြစ်လာစေတယ် ဆိုတဲ့ အချက်လေးကို ထိမိစေတဲ့ အတွက် ဒီနေရာကနေ တိုက်ရိုက် ကူးယူဖော်ပြပါတယ်။ ရှာတာက ဒီစာအုပ်ကို Download ဆွဲတာပါ။ ဖြစ်ချင်တော့ အောက်က အချက် ၁၇ ချက်ပါတာက အပိုင်း ၂ ဖြစ်နေတယ်ဗျာ။ အပိုင်း ၂ နဲ့ အပိုင်း ၃ ကိုတော့ ရှာပါဦးမယ်။ ရတော့ တင်ပေးတာပေါ့ဗျာ။ လောလောဆယ်တော့ ဒီပထမပိုင်းလေး နဲ့ပဲ ကျေနပ်ကြပါဦးဗျာ။


Download Here!

Seventeen Ways Rich People Think and Act Differently from Poor and Middle–Class People*
Most people understand we are creatures of habit, but what they don’t realize is that there are actually two kinds of habits: doing habits and not-doing habits. Everything you are not doing right now, you in the habit of not doing. The only way to change these not-doing habits into doing habits is to do them. Reading will assist you, but it’s a whole different world when you go from reading to doing. If you are truly serious about success, prove it, and do the actions suggested.
Wealth File # 1
Rich people believe “I create my life.”
Poor people believe “Life happens to me.”

Wealth File #2
Rich people play the money game to win.
Poor people platy the money game to not lose.

Wealth File #3
Rich people are committed to being rich.
Poor people want to be rich.

Wealth File #4
Rich people think big.
Poor people think small.

Wealth File # 5
Rich people focus on opportunities.
Poor people focus on obstacles.

Wealth File # 6
Rich people admire other rich and successful people.
Poor people resent rich and successful people.

Wealth File #7
Rich people associate with positive successful people.
Poor people associate with negative or unsuccessful people.

Wealth File #8
Rich people are willing to promote themselves and their value.
Poor people think negatively about selling and promotion.

Wealth File # 9
Rich people are bigger than their problems.
Poor people are smaller than their problems

Wealth File #10
Rich people are excellent receivers.
Poor people are poor receivers.

Wealth File # 11
Rich people choose to get paid based on results.
Poor people choose to get paid based on time.

Wealth File #12
Rich people think “both.”
Poor people thin “either/or.”

Wealth File #13
Rich people focus on their net worth.
Poor people focus on their working income.

Wealth File #14
Rich people manage their money well.
Poor people mismanage their money well.

Wealth File #15
Rich people have their money work hard for them.
Poor people work hard for their money.

Wealth File #16
Rich people act in spite of fear.
Poor people let fear stop them.

Wealth file # 17
Rich people constantly learn and grow.
Poor people think they already know.

Jan 22, 2009

Webster's New World Letter Writing Handbook


အမိ မြန်ပြည်ကနေ ခွာပြီး ရေခြား မြေခြားမှာ အလုပ်တွေ လုပ်ကြရတဲ့ခါ လိုအပ်တဲ့ ကျွမ်းကျင်မှုတွေထဲမှာ စီးပွားရေး ပေးစာများ ရေးသားမှု ကျွမ်းကျင်မှုကလည်း တစ်ခု အပါအ၀င် ဖြစ်လာပါပြီ။ ကမ္ဘာနဲ့ အ၀ှမ်း အင်တာနက် အီးမေးလ်တွေ မသုံးမဖြစ်တော့တဲ့ အနေအထား ရောက်နေကြတဲ့ ခေတ်ကာလမှာ လိုအပ်တဲ့ အီးမေးလ် ရေးသားမှု တိုးတက်ရေး အတွက် လေ့လာနိုင်စေဖို့ စီးပွားရေး ပေးစာများ ရေးသားနည်း စာအုပ်လေး မျှဝေခြင်းပါဗျာ။

Download Here!

Jan 21, 2009

တရုတ်နှစ်သစ်ကုး သီချင်းလက်ဆောင်

ဒီနှစ် တရုတ်နှစ်သစ်ကူး ပွဲတော်ရက်မှာ မောင်လူအေး အမိ မြန်မာပြည်မှာ ရှိပါမယ်။ သို့ကလို အမိ မြန်မာပြည်ကို ပြန်တဲ့ခါ လက်ရှိ သုံးနေတဲ့ System Unit ကို မြို့တော် ရန်ကုန်က ညီတော်မောင်များ အတွက် ယူသွားမှာ ဖြစ်လေတော့ မသွားခင်လေး စက်ကို ရှင်းလင်းရေး လုပ်ရင်းနဲ့ ထွက်လာတဲ့ သီချင်းလေးပါ။ အများစုတော့ နားထောင်ဖူးပြီးသား ဖြစ်မှာပါ။ တရုတ်နှစ်ကူးနဲ့ လိုက်ဖက်တဲ့ သီချင်းလေး ဖြစ်တာမို့ နားထောင်ဖူးပြီးသူများ ထပ်မံ နားဆင်ဖို့နဲ့ နားမထောင်ရ သေးသူများလည်း နားဆင်ကြည့်စေနိုင်ဖို့ပါဗျာ..။


Jan 17, 2009

Fire Safety Engineering Design of Structures

Publisher: Laxton's | Pages: 376 | 1996-02-26 | ISBN 0750606096 | PDF | 12 MB

Whilst the majority of the text is concerned with structural design, aspects such as escape, evacuation and smoke control are also covered. The text gives the background to the limit state fire design of structures using both hand calculations and computer simulation. It covers design both to current British Standards and Eurocodes for all common structural materials. The book commences with an overview of the rationale of limit state fire design before going on to discuss, in general terms, the methods that may be used. It then covers compartment temperature time responses in a natural fire before discussing the standard fire test. The next main section is concerned with the physical behaviour of materials at elevated temperatures before considering the performance and design of structural elements and structures in concrete, steel, timber and masonry exposed to fire conditions. The book concludes with a section on assessment of structures following a fire and methods of repair of fire damaged structures. The text is annotated with reference to recent research, includes worked examples as appropriate and includes full references. As far as the author is aware no current English text covers both Eurocode and British Standard design methods.

Download Here!

Jan 14, 2009

Toa Payoh ကျောင်းက တရားစခန်း

စင်္ကာပူနိုင်ငံရောက် ဗုဒ္ဓ ဘာသာဝင် ရွှေမြန်မာ များအတွက် Toa Payoh မြန်မာဘုန်းကြီးကျောင်းမှာ ဖွင့်လှစ်မဲ့ တရားစခန်း အကြောင်းလေး ကြုံလို့ ဓာတ်ပုံရိုက်ယူခဲ့ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၆ရက်နေ့ကနေ စလို့ အပတ်စဉ် သောကြာနေ့တိုင်း ဖွင့်လှစ်ပို့ချမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ တယ်လီဖုန်း ကင်မရာနဲ့ ရိုက်ယူခဲ့တာ ဖြစ်တော့ သိပ်ပြီး ကြည်လင်ပြတ်သားမှု မရှိပါဘူး။ စာလုံး ဖတ်ရ ခက်နေမှာ စိုးတဲ့အတွက် ပြန် စာစီ ပေးလိုက်ပါတယ်ဗျာ။
meditation

Burmese Buddhist Temple

MEDITATION

What is meditation???

To find out, come and join the sitting and walking meditation
class conducted by our resident monk,
Ven Siridhamma, who holds a Master Degree in Buddhist
Studies from Kelaniya University, Colombo.

This class caters for beginners and practitioners. (Adults)

Date: Starting from 6th February 2009 and every Friday
Time: 7:00 pm to 9:00 pm
Venue: Burmese Buddhist Temple (Level 3)

No fees are charged. No registration needed.
All are welcome.

Jan 12, 2009

ZIGBEE Ebook Collection

ကိုရွှေဘိုသားလေးရဲ့ တောင်းဆိုမှု အတွက် မောင်လူအေးရဲ့ လက်ဆောင် စာအုပ်လေးတွေပါဗျာ။ ကိုရွှေဘိုနဲ့ တကွ တခြား လိုအပ်တဲ့ သူငယ်ချင်းများလည်း အထောက်အကူပြုမယ်လို့ မျှော်လင့်ပါတယ်ဗျာ။




Jan 10, 2009

Programming and Customizing the PIC Microcontroller

By- Myke Predko

McGraw-Hill/TAB Electronics | 2007-09-25 | ISBN: 0071472878 | 1263 pages | PDF | 9 Mb

Tap into the latest advancements in PIC technology with the fully revamped Third Edition of McGraw-Hill's Programming and Customizing the PIC Microcontroller. Long known as the subject's definitive text, this indispensable volume comes packed with more than 600 illustrations, and provides comprehensive, easy-to-understand coverage of the PIC microcontroller's hardware and software schemes.

With 100 experiments, projects, and libraries, you get a firm grasp of PICs, how they work, and the ins-and-outs of their most dynamic applications. Written by renowned technology guru Myke Predko, this updated edition features a streamlined, more accessible format, and delivers:

Concentration on the three major PIC families, to help you fully understand the synergy between the Assembly, BASIC, and C programming languages

Coverage of the latest program development tools

A refresher in electronics and programming, as well as reference material, to minimize the searching you will have to do...

Download Here!!!

D&D Party

Projector
ကနေ့တော့ မောင်လူအေး အတော် ပျော်နေတယ်ဗျာ။ အမှတ်တရ အနေနဲ့ ဒီပို့စ်လေး တင်တာပါ။

မောင်လူအေးတို့ ကုမ္ပဏီမှာ ကနေ့ D&D (Dinner & Dance Party) လုပ်ပါတယ်။ Singapore က Shangri-La ဟိုတယ်မှာပေါ့။ ကနေ့ နေ့လည်ကတည်းက Drawing တွေနဲ့ စာရွက်စာတမ်း အချို့ Submission လုပ်စရာ ရှိတာနဲ့ တိုင်ပတ်နေတာနဲ့ ညနေ ၅ နာရီ ခွဲလောက်ကျမှ Vivo City ကနေ ပြန်ရပါတယ်။ Vivo City ကနေ မောင်လူအေးတို့ စံမြန်းရာ ဘုံဗိမ္မာန်ကို တက္ကစီနဲ့ ပြန်လိုက်တာ ၆ နာရီခွဲ လောက်မှ ပြန်ရောက်တယ်။ ပြန်ရောက်ရောက်ချင်း ရေမိုးချိုး အ၀တ်အစားလဲပြီး D&D ကျင်းပရာ Shangri-La ဟိုတယ်ကို တက္ကစီနဲ့ပဲ သုတ်ခြေတင်ခဲ့ကြတယ်။ သောကြာညနေ ဖြစ်တာကြောင့် ပုံမှန် ၄၅ မိနစ်လောက်ပဲ မောင်းရမဲ့ ခရီးကို တစ်နာရီခွဲလောက် မောင်းလိုက်ရတယ်။ ဟိုတယ်ရောက်တော့ ၈ နာရီ ထိုးခါနီးနေပြီ။ ၆ နာရီခွဲကနေ စတဲ့ ပွဲက ဒါရိုက်တာတွေ နှုတ်ခွန်းဆက် စကား ပြောကြားပြီးလို့ စားသောက်နေကြပြီ။ မောင်လူအေးတို့ ရောက်တော့ Game ကစားတဲ့ ပွဲလေးတွေ စနေပါပြီ။ Shangri-La ဆိုလို့ နာမည်ကြီး ဟိုတယ်ဆိုပြီး အထင်ကြီး မိတယ်ဗျာ။ ဘယ့်နှယ့် ချောင်ကြို ချောင်ကြားမှာ လာဆောက်ထားတယ်။ နာမည် ဘယ်လို ကြီးတယ်တော့ မသိဘူး။ အမေရိကန် သမ္မတ Gorge W Bush Singapore လာတုံးကတောင် ဒီမှာ တည်းသွားတယ် ဆိုပဲ။

ထားပါတော့။ ကစားပွဲလေးတွေနဲ့ အတူတူ ကံစမ်းမဲ အစီအစဉ်လေးလည်း တွဲလျက် ပါဝင်ပါတယ်။ ဆုမဲက စုစုပေါင်း ၃၀ လောက် ရှိမယ် ထင်တယ်။ ဆိုးတာက နောက်ဆုံးကနေ စပြီး ရေတွက်တဲ့ ဆုမဲတွေထဲမှာ နံပတ် ၁၁ ရောက်တဲ့ အထိ မောင်လူအေးတို့ စားပွဲက တစ်ယောက်မှ မပေါက်ဘူး။

အဲ ... ဆုမဲ ၁၀ ကနေ စပြီး ကြေညာတဲ့ အခါကျတော့ ဆုမဲတွေ ပါလာ ပါလေရောဗျာ။ ဆုမဲ နံပတ် ၁၀ ကျောပိုးအိတ်ကနေ စပြီး ပေါက်လိုက်တာ။ နံပတ် ၂ 32" LCD TV မောင်လူအေးတို့ စားပွဲကပဲ ပေါက်ပါတယ်။

နံပတ် ၁ ဆုမဲ ဖြစ်တဲ့ Mitsubishi Projector ပေါက်မဲ ကြေညာတော့ မောင်လူအေးရဲ့ သူငယ်ချင်း နာမည် ဖြစ်နေတယ်။ (ဟုတ်ကဲ့ ... မြန်မာသူငယ်ချင်းကို ပြောတာပါ ခင်ဗျာ... ) ပျော်တယ်ဗျာ။ ဆုမဲ ပေါက်မဲ တန်ဖိုး အနေနဲ့ကတော့ စင်္ကာပူ ဒေါ်လာ ၄၉၉၉ လို့ ဆိုပါတယ်။

အနည်းလေး မရှိဘူးဆို ပြန်ရောင်းရင် စင်္ကာပူ ဒေါ်လာ ၄၀၀၀ အပြင်တော့ လျော့စရာ အကြောင်း မရှိဘူးပေါ့ဗျာ။

အဲ... မောင်လူအေး ဘာလက်ဆောင် ရခဲ့လည်း။

ဟုတ်လား။

ဘယ်နေလိမ့်မလဲဗျာ။ ရတာပေါ့။ SENNHEISER တံဆိပ် Ear Phone တစ်ခု လက်ဆောင် ရခဲ့ပါတယ်။ မောင်လူအေး အယင်က ၀ယ်ထားတဲ့ MP4 Player လေးက Ear Phone ကောင်းကောင်း မ၀ယ်ဖြစ်သေးတာနဲ့ ဒီအတိုင်း ထိုးထည့်ထားရတာ ကြာပါပြီ။ ခုတော့ Ear Phone ရလာတာနဲ့ ဆို အတော်ပဲ ဖြစ်သွားတာပေါ့ဗျာ။ နော။

Jan 9, 2009

အကျင့်ကောင်း တစ်ခု မွေးမြူဖို့ နည်းလမ်း ၉ သွယ်

ရက်ပေါင်း သုံးဆယ် အတွင်း အမူအကျင့်ကောင်းလေးတွေ မွေးမြူရအောင်။

၁ ။ တစ်ကြိမ်မှာ အမူအကျင့် တစ်ခုသာ မွေးမြူပါ။

တစ်ကြိမ်မှာ အမူအကျင့် ၃ ခု (သို့) ၅ ခုထိ ပျိုးထောင်ချင်နေတာမျိုး ဖြစ်တဲ့အခါမှာ တစ်ခုချင်း အပေါ်မှာ အကျိုး သက်ရောက်မှု အားနည်း တတ်ပါတယ်။ တစ်လဆိုတဲ့ အချိန်အတွင်း မွေးမြူ ပျိုးထောင်လိုတဲ့ အမူအကျင့် တစ်ခုကို ရွေးချယ်ပြီး သေသေချာချာ စိုက်လိုက်မတ်တပ် လေ့ကျင့်ပျိုးထောင်ပါ။ နောက်ထပ် လေ့ကျင့် ပျိုးထောင်လိုတဲ့ အလေ့အကျင့်တွေကိုနောက်လ နောက်လတွေမှာ လေ့ကျင့်နိုင်ပါတယ်။


၂ ။ ကိစ္စရပ် သေးသေးလေးကနေ စတင်ပါ။

တစ်နေ့ကို ဆယ်မိနစ် စီကနေ အစပြုပါ။ အရမ်း လွယ်ကူ နေတယ်လို့ ထင်စရာ ရှိပါတယ်။ ဆယ်မိနစ် အတွက် ကိုယ်တိုင် လုပ်ကို လုပ်ဆောင် ဖြစ်တယ်လို့ အာမခံ နိုင်တဲ့အခါ နောက်ထပ် အချိန် တိုးယူ လေ့ကျင့်လို့ ရပါတယ်။


၃ ။ ဖွင့်ဟကြေငြာ ၍ တာဝန်ယူ ဆောင်ရွက်ပါ။

thepowerofless.com က ဖိုရမ်မှာ ပါဝင်ပါ။ မိမိကိုယ်ကို မိတ်ဆက်ပါ။ မိမိ တည်ဆောက် ပျိုးထောင်နေတဲ့ အမူအကျင့် အကြောင်း ထုတ်ဖော် ပြောကြားပါ။ သူငယ်ချင်း၊ မိသားစု၊ လုပ်ဖော် ကိုင်ဖက် စတဲ့ သူတွေကို ပေးသိပါ။ သင့်ဘလော့ပေါ်မှာ၊ MySpace မှာ၊ Facebook မှာ၊ twitter တို့လို နေရာတွေမှာ ထုတ်ဖော် ကြေငြာပါ။ (ဘလော်ဂါတွေ အတွက်တော့ ဘလော့ဂါ ပေါ်မှာ ဖွင့်ဟ ကြေငြာလို့ ရတာပေါ့ဗျာ။)


၎ ။ အစီအစဉ် ရေးဆွဲပါ။

ဘယ် အမူအကျင့်ကို မွေးမြူ ပျိုးထောင်နေတယ်၊ ဘယ်အချိန်ကနေ စတင်မယ်၊ နေ့စဉ်နေ့တိုင်း ဘယ်အချိန်မှာ လုပ်ဆောင်မယ်၊ အောင်မြင်ခဲ့ရင် မိမိကိုကိုယ် ပေးအပ်မဲ့ ချီးမြှင့်မှု၊ အဓိက ဖြစ်နိုင်တဲ့ အတားအဆီးတွေ ဖြစ်ပေါ်လာရင် ဘယ်လို ကျော်လွှားမယ် ဆိုတာတွေကို စာရွက်ပေါ်မှာ ချမှတ်ရေးသားပါ။ အောင်မြင်မှု ရသည်အထိ အဆင့်ဆင့် ရေးဆွဲပါ။


၅ ။ လုပ်ဆောင် ဖြစ်စေရေး အားပေးအားမြှောက် ပြုစေမဲ့ ကိစ္စရပ် များနဲ့ တွဲဆောင်ရွက်ပါ။

အစဉ်အမြဲ လုပ်နေကျ ကိစ္စရပ်များကို ရှာဖွေပါ။ အိပ်ယာထ၊ သွားတိုက်၊ ရေချိုး၊ မနက်စာစား၊ အလုပ်သွား၊ နေ့လည်စာစား၊ ညစာစား။ စတဲ့ ပုံမှန် လုပ်နေကျ ကိစ္စရပ်များနဲ့ တွဲဖက်ပြီး အစီအစဉ်ချ ဆောင်ရွက်ပါ။ အစီအစဉ်ချထားတဲ့ အတိုင်း နေ့စဉ် ဘာပြီးရင် ဘာလုပ်မယ် ဆိုတဲ့ အစဉ်အတိုင်း ဆောင်ရွက်ခြင်းဟာ ဒီအလေ့အထ ပိုမြဲစေဖို့ လွယ်ကူစေပါတယ်။


၆ ။ တသမတ်တည်း ဖြစ်ပါစေ။

ရက်မပျက်ပါစေနဲ့။ ရက် ၃၀ တိတိ တောက်လျှောက် လုပ်နိုင်စေဖို့ ကြိုးစားပါ။ တစ်ရက် ပျက်ကွက်ခဲ့ရင်တောင် နောက်ရက်တွေမှာ ဆက်လုပ်ပါ။ ပိုပြီး တသမတ်တည်း တဆက်တစပ်တည်း လုပ်နိုင်လေ အမူအကျင့် စွဲမြဲစေဖို့ ပိုလွယ်ကူစေလို့ပါပဲ။


၇ ။ တိုးတက်မှုကို သတင်းပို့ပါ။

နေ့စဉ်နေ့တိုင်း Challenge Forum ရဲ့ နေ့စဉ် Thread မှာ သတင်းပို့ပါ။ (မိမိ ဘလော့မှာလည်း တင်လို့ ရသလို၊ ဘလော့ပေါ်မှာ မရေးချင်ဘူး ဆိုလည်း ကိုယ်တိုင်ရေးမှတ်တမ်းမှာ ရေးချ မှတ်တမ်းတင် သတင်းပို့လို့ ရပါတယ်ဗျာ။ )


၈ ။ အားတင်းစိတ် မွေးပါ။

ရက်သတ္တပတ် တစ်ပတ်ချင်း မိမိကိုယ်ကို ဆုချီးမြင့်ပါ။ အမှန်စင်စစ်မှာ စစချင်း ရက်အနည်းငယ် အတွင်းမှာပဲ မိမိကိုယ်ကို ဆုချီးမြင့်ပါ။ နောက်တော့ တစ်ပတ်ချင်း တစ်ပတ်ချင်း ဆုချီးမြင့်ပါ။


၉ ။ အကောင်းမြင်စိတ် မွေးပါ။

မိမိကိုယ်ကို စိန်ခေါ်ထားတဲ့ စိန်ခေါ်မှု အောင်မြင်စေဖို့ အကောင်းမြင်စိတ် မွေးပါ။ မကောင်းမြင်စိတ်များ တွေးမြင်မိခဲ့ရင် ကြမ်းပိုးကို သတ်သလို ခြေမွပစ်ပါ။ အဲဒီ မကောင်းမြင်စိတ် အစား အကောင်းမြင်စိတ် ပြောင်းလဲပါ။ တကယ် အလုပ်ဖြစ်လာပါလိမ့်မယ်။

Original : 9 Rules To Form A Habit


Jan 7, 2009

Dictionary of Projection

System Integration နဲ့ ပတ်သက်တဲ့ Dictionary တော်တော်လေး ရှားပါတယ်။ ရှာမတွေ့သေးတာလည်း ဖြစ်နိုင်ပါတယ်။ အဲဒီထဲက Projector Central Site ထဲက Dictionary လေးကို မောင်လူအေး ကိုယ်တိုင် ဖတ်ရှုနိုင်ဖို့နဲ့ သူငယ်ချင်းများ အတွက်လည်း လိုသလို ဖတ်ရှု အသုံးချနိုင်စေဖို့ Sharing လုပ်ခြင်းပါဗျာ။




Jan 4, 2009

enips က သီချင်းတွေ Download လုပ်ရအောင်...

esnips ဆိုတာ File Sharing Site တစ်ခုမှန်း အတော်များများ သိထားကြပြီးသားပါ။ ဗီဒီယိုတွေ၊ ဓာတ်ပုံတွေနဲ့ သီချင်းတွေကို Share လုပ်ဖို့ အတွက် အတော်လေး အဆင်ပြေတဲ့ Site တစ်ခုပါပဲ။ အဲဒီထဲမှာ သီချင်း အချို့ကို Direct Download လုပ်လုပ်ခွင့်ပေးပါတယ်။ အချို့ကို မပေးပါဘူး။

ဒီလိုပုံလေးနဲ့ တွေ့ရတဲ့ သီချင်းတွေကို Download လုပ်လို့ ရပါတယ်။

Photobucket


ဒီလို ပုံလေးတွေနဲ့ သီချင်းတွေ ကျတော့ Download လုပ်လို့ မရပါဘူး။

Photobucket

ကနေ့ အဖြူရောင်သံစဉ် ကနေ UCSY က ထုတ်ဝေခဲ့တဲ့ သီချင်းခွေထဲက ကျောင်းတော်သို့ အလွမ်း ဆိုတဲ့ သီချင်းကို လွှင့်သွားတယ်။ ရံဖန်ရံခါလည်း အလျဉ်းသင့်သလို အဲဒီ ခွေထဲက သီချင်းတွေကို အဖြူရောင်သံစဉ်က လွှင့်ပေးတတ်ပါတယ်။ တစ်ခါက ဆိုရင် သီချင်း တစ်ခွေလုံးကို လွှင့်သွားတာ နားထောင်ရဖူးပါတယ်။

တကယ်က ကျောင်းတော်သို့ အလွမ်း သီချင်းကို esnips မှာ ကိုညီလင်းဆက် တင်ထားတာ အယင်ကတည်းက တွေ့ဖူးပါတယ်။ ဆိုတော့ အဲဒီသီချင်းလေး ပြန် Share ချင်လာတယ်။

Download လုပ်မယ်ဆိုပြီး သွားတော့ ကိုညီလင်းဆက် ရဲ့ Folder ထဲက အခြားသီချင်း တွေက Download လုပ်လို့ ရတယ်။ ကျောင်းတော်သို့ အလွမ်းဆိုတဲ့ သီချင်းလေးကို Download ဆွဲမယ် လုပ်တော့ သူက Player လေးနဲ့ ဖြစ်နေတယ်။ Download လုပ်လို့ မရဘူး ဖြစ်နေတယ်။

ဆိုတော့ ရှာဖွေလေ တွေ့ရှိလေ ဆိုတဲ့ အတိုင်း နည်းနည်း မွှေနှောက်လိုက်တဲ့ခါကျတော့ Link လေး တစ်ခု သွားတွေ့ပါတယ်။

သူက Esnips Download Link Generator လို့ ခေါ်ပါတယ်။ ဒီစာမျက်နှာမှာ ပါတဲ့ Paste Your URL Here ဆိုတဲ့ အထဲမှာ ကို Download လုပ်ချင်တဲ့ သီချင်းရဲ့ Link လေးကို Copy ကူးထည့်ပေးလိုက်ပါ။

Photobucket


ပြီးတော့ Generate ဆိုတာလေးကို နှိပ်လိုက်ရင် နောက် Page တစ်ခုကို Redirect လုပ်ပေးပါလိမ့်မယ်။

Photobucket


အဲဒီရဲ့ အပေါ်မှာ ဒီပုံမှာ ပြထားသလို Download ဆိုတဲ့ မြှားလေးနဲ့ Click ခေါက် Download လုပ်စရာလေး တွေ့ရပါလိမ့်မယ်။ အဲဒီ Download Link လေးကို Click ခေါက် Download လုပ်လိုက်ရုံပါပဲဗျား။

အဲဒီ Download Link Generator ကို သွားချင်ရင်တော့ ဒါလေးကို Click ပါဗျာ။

သူငယ်ချင်းများ လိုအပ်တဲ့ ဖိုင်လေးတွေ Download ချ အဆင်ပြေ ချောမွေ့နိုင်ကြပါစေဗျာ။

ကျောင်းတော်ကနေ ခွဲခွာပြီး တစ်နေရာစီ ရောက်နေကြတဲ့ သူငယ်ချင်းများ အားလုံးလည်း ကျောင်းတော်ကို လွမ်းလိုက်ကြရအောင်ဗျာ။


ကျောင်းတော်သို့ အလွမ်း


ကျန်ရစ်ခဲ့တဲ့ ညနေခင်းတွေ အပေါင်းအသင်းများနဲ့ ပျော်ရွှင်ရင်း
အိမ်ပြန်ကျောင်းဆင်း သီချင်းတွေ ၀ိုင်းဖွဲ့လို့ သီဆိုရင်း

အပြောင်းအလဲများတဲ့ ဒီလောကမှာ မမြဲခြင်း တရားလက်ကိုင်ထား
ကျောင်းကြီးပြီးလို့ နှုတ်ဆက်ကြချိန် တစ်နေရာစီ ငါတို့ ဝေးသွား...

ငါတို့ ကျောင်းတော်ကြီးကို လွမ်းတယ် အပေါင်းအသင်းများလည်း သတိရဆဲ
ငါရဲ့ ချစ်သူလေးကို လွမ်းတယ် ဝေးကြပေမဲ့ သတိရနေဆဲ မေ့ပျောက်လို့ မရပါကွယ်

ခရေတောတန်း ကံ့ကော်ပန်းတွေ ရင်းနှီးခဲ့တဲ့ အပြုံးများရယ်
အဆောင်မှာ ညဖက် ဂစ်တာတီးမယ် သီချင်းလေးများ လိုက်ဆိုကွယ်

အပေါင်းအသင်းများနဲ့ ကျောင်းသားဘ၀ကို သတိရမိတော့ ကြေကွဲ

မပြောဖြစ်ခဲ့တဲ့ စကားလုံးများနဲ့ တစ်နေရာစီ ငါတို့ဝေးသွား...

အပြောင်းအလဲတတ်တဲ့ လောကမှာ မမြဲခြင်း တရားလက်ကိုင်ထား
ကျောင်းကြီးပြီးလို့ နှုတ်ဆက်ကြချိန် တစ်နေရာစီ ငါတို့ ဝေးသွား...

Jan 3, 2009

3G နဲ့ 4G ကွဲပြားခြားနားချက်များ

1G, 2G, 3G နဲ့ 4G တို့နဲ့ ပတ်သက်ပြီး ကွာဟချက်တွေ ရှင်းပြထားတဲ့ Video Clipလေးပါ။

Jan 1, 2009

စင်္ကာပူနိုင်ငံက နိုင်ငံခြားအလုပ်သမားများ အခြေအနေ

မနက်တိုင်း MRT နဲ့ လူစည်ကားရာ နေရာတွေမှာ အခမဲ့ ဝေတဲ့ TODAY သတင်းစာပါ နိုင်ငံခြား အလုပ်သမားတွေနဲ့ ပတ်သက်တဲ့ သတင်းလေး သူငယ်ချင်းတွေ ဖတ်ရအောင် ဝေမျှခြင်းပါ။ ခုလက်ရှိ ဖြစ်နေတဲ့ Recession နဲ့ ဆက်နွယ်ပြီး ကုမ္ပဏီတွေက အလုပ်သမားတွေ အပေါ် အခွင့်ကောင်းယူ လစာမပေးဘဲ ထားတာတို့၊ အခြား ခံစားခွင့်တွေ မပေးဘဲ ထားတာတို့ကြောင့် စင်္ကာပူမှာ အလုပ်လုပ်နေကြတဲ့ တရုတ်ပြည်မက အလုပ်သမား အချို့နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အလုပ်သမား တချို့ သူတို့ရဲ့ ရပိုင်ခွင့်တွေနဲ့ ပတ်သက်ပြီး အလုပ်သမားစွမ်းအား ၀န်ကြီးဌာနမှာ သွားရောက် တိုင်တန်း အရေးဆိုကြတာနဲ့ ပတ်သက်ပြီး TODAY ရဲ့ အာဘော်ပါ။

သတင်းစာကတော့ ၂၀၀၈ ဒီဇင်ဘာ ၃၁ ရက်နေ့ထုတ် သတင်းစာပါ။ TODAY သတင်းစာကို ဝေတဲ့ အချိန်နဲ့ ကိုယ်မကြုံလို့ မဖတ်ရဘူး ဆိုတဲ့ သူငယ်ချင်းများနဲ့ စင်္ကာပူရဲ့ လက်ရှိ အခြေအနေ သတင်းများ ဖတ်ချင်တဲ့ ကမ္ဘာအရပ်ရပ်က သူငယ်ချင်းများ အတွက် todayonline မှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်ဗျာ။



Happy New Year 2009!!!

ဒီပို့စ်ကတော့ နည်းနည်း Personal ဆန်ပါလိမ့်မယ်။ သက္ကရာဇ် တစ်ခု ကနေ တစ်ခု ကို ကူးပြောင်းတဲ့ အခါသမယမှာ အချင်းချင်း နှုတ်ခွန်းဆက်သ ကြတာ ဘယ်သူမှ လုပ်ရမယ်လို့ သတ်မှတ်မထားဘဲ လူတွေ လုပ်နေကြတဲ့ အလေ့အထလေး တစ်ခုပါ။ နှစ်ဟောင်းမှာ ဘာတွေ ဖြစ်ခဲ့ ဖြစ်ခဲ့၊ နှစ်သစ်မှာ စိတ်သစ်၊ လူသစ်နဲ့ မိမိ ယုံကြည်ရာ လမ်းကို အားကြိုးမာန်တက် လျှောက်လှမ်းဖို့ အတွက် အချင်းချင်း ဆုတောင်း ပဌနာပြုကြတဲ့ ကောင်းမွန်လှတဲ့ အလေ့အထလေး တစ်ခုပါ။ ၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ လက်ခံရရှိတဲ့ ဆုတောင်းလွှာလေး အမှတ်တရ အနေနဲ့ မှတ်တမ်းပြုထားခြင်းပါဗျာ။ မူရင်းစာသား အတိုင်းပဲ တစ်လုံးမချန် အတိအကျ ရေးကူးထားခြင်းသာ ဖြစ်ပါတယ်ဗျာ။

DEAR MY ENTIRE HOME MATE

FIRST OF ALL I WANT TO GREET ALL OF YOU HAPPY NEW YEAR 2009.

I WISH THAT WE CAN LIVE IN THIS COMMUNITY IN ONE INTEREST AND ONE OBLIGATION TO CONTRIBUTE OUR HOME AFFAIRS. EACH AND EVERY INDIVIDUAL IS RESPONSIBLE FOR OWN PERSONAL MATTER AS WE ALL ARE INTELLIGENCE MANKIND.

EVERYBODY MUST TRY TO SURVIVE FOR OUR OWN ASSURANCE AND PEACEFULNESS AND SO DO I.

MY NEW YEAR RESOLUTION IS “I WILL NOT CARRY ANYBODY’S BURDEN ON MY SHOULDER AND I AM NOT RESPONSIBLE FOR ANYONE AS WELL AS I WILL NOT IRRESPONSIBLE FOR MYSELF".

HAVE A WOUNDERFUL NEW YEAR!!!

XXXXXXXXXXX

မောင်လူအေး ဘလော့ကို လာရောက်လည်ပတ် ဖတ်ရှုကြသူများ အားလုံး… သက္ကရာဇ် ၂၀၀၉ မှာ သာယာ ချမ်းမြေ့မှု အပေါင်း ခညောင်းကြလို့၊ အောင်မြင်မှု အပေါင်းလည်း ရယူ ပိုင်ဆိုင်နိုင်ကြပါစေဗျာ။

သူတို့ဖျက်ကြလေပြီ

Unicode Version မောင်လူအေးတို့ ဘီအိုအိပ်ချ် ရုံးတည်ရာ လှိုင် ၂ ရပ်ကွက်၊ ရတနာမွန် အိမ်ယာအတွင်းက လမ်းများမှာ ယခု ရက်သတ္တပတ်အတွင်...