မင်းလေ့ရခိုင် ငါလေ့ရခိုင်
ရှင်သန်ခြင်း သခြင်းသစ်
ရင်တွင်းဖြစ်
မိရိုင်း
အကြင်နာတေး
ရွှေမျက်ရည်
ညှို့မျက်ဝန်း
မျှော်သူအလွမ်း
အဆိပ်သင့်ရင်ခွင်
ပင်လယ်နားကလူ
Apr 28, 2009
Apr 27, 2009
Able2Extract Professional 5.0

Solid PDF Document နဲ့ Scanned PDF တွေကို Words အနေနဲ့ ပြောင်းတာတော့ အတော်လေး အဆင်ပြေ ကြပါတယ်။ သို့ပေမဲ့ Words တစ်ခုတည်းပဲ ပြောင်းလို့ရပီးတော့ Excel ကိုလည်း ပြောင်းချင်ပါတယ် ဆိုတဲ့ ပရိသတ်များ အတွက်...
Able2Extract နဲ့ Solid PDF Document ရဲ့ ကွာခြားချက်က Solid PDF က Accuracy ပိုကောင်းတာ တွေ့ရပြီး Able2Extract က အနည်းငယ် တိကျမှု အားနည်းတာ တွေ့ရပါတယ်။ စမ်းသပ် သုံးစွဲ ကြည့်လိုသူများ အတွက် Software ကို ဒီနေရာမှာ Download လုပ်ပါ။ Crack ကို ဒီနေရာမှာ Download လုပ်ပါ။
အစစ အရာရာ အဆင်ပြေ ကြပါစေဗျာ။

Apr 22, 2009
Apr 21, 2009
လတ်တလော အပြောင်းအလဲများ
မောင်လူအေးစာမျက်နှာကို အယင် blogspot နဲ့ ထားထားရာကနေ www.mgluaye.com ကို ပြောင်းလိုက်ပါပြီ။ အဓိကတော့ မြန်မာပြည်က သူငယ်ချင်းများ ၀င်ရောက် ဖတ်ရှုနိုင်အောင် ရည်ရွယ်ပါတယ်။ Blogspot ကနေပြီး dot com ပြောင်းသွားတာက လွဲရင် ကျန်တဲ့ အပြောင်းအလဲက ယခင် စာမျက်နှာရဲ့ အောက်ဖက်နားမှာ ထည့်ထားတဲ့ Blog Roll ကို ယခင် Blogspot ရဲ့ Blog Roll ကနေ ပြီးတော့ Yahoo Pipe အဖြစ် ပြောင်းလိုက်ပါတယ်။ အဲဒီမှာ တစ်ခု အခက်အခဲ ဖြစ်တာက ပိုက်၃ခု အလုပ်လုပ်ပြီး နောက်ဆုံး ပိုက်တစ်ခု အလုပ်မလုပ်သေးတာ ဖြစ်ပါတယ်။ ပြန်ပြင်ရပါဦးမယ်။
နောက်တစ်ခု မိတ်ဆက်ပေးချင်တာ မောင်လူအေးတို့ရဲ့ ပြည်ဂျီတီအိုင် မိသားစု စာမျက်နှာလေး ဖြစ်ပါတယ်။ ကမ္ဘာအနှံ့က ပြည်ဂျီတီအိုင် ဆင်း အင်ဂျင်နီယာများ စုစည်းထားတဲ့ Community Space လေး ဖြစ်ပြီးတော့ ပြည်ဂျီတီအိုင်က တစ်အူတုံဆင်း ပညာရည်နို့ သောက်စို့ခဲ့ကြတဲ့ သူငယ်ချင်းများ အားလုံး ဆုံတွေ့ ဆက်သွယ်နိုင်စေဖို့ တည်ထောင်တာ ဖြစ်ပါတယ်။ အဲဒီ စာမျက်နှာလေးကို http://pyaygti.ning.com (သို့) http://pyaygti.net ဆိုတဲ့ လိပ်စာလေး ၂ ခုထဲက ကြိုက်တဲ့ လိပ်စာနဲ့ လာရောက် လည်ပတ်နိုင်ပါတယ်။
တစ်ဆက်တည်းမှာပဲ အဲဒီ Community လေးရဲ့ စင်္ကာပူနိုင်ငံရောက် ပြည်ဂျီတီအိုင်ဆင်း သူငယ်ချင်း ရောင်းရင်းများ တွေ့ဆုံပွဲလေးကို မေလ ၁ ရက်နေ့ ညနေ လေးနာရီမှာ စင်္ကာပူနိုင်ငံ East Coast ကမ်းခြေမှာ ပြုလုပ်သွားဖို့ စီစဉ်ထားတယ် ဆိုတဲ့ အကြောင်းလေး ကိုလည်း တစ်ပါတည်း လက်တို့ လိုက်ရပါတယ်ဗျာ။

Apr 20, 2009
Apr 15, 2009
Solid Converter PDF 5.0.627
PDF Creator တစ်ခုခုနဲ့ Virtually Print ထားတဲ့ PDF File တွေကို Words အနေနဲ့ ပြန်ပြောင်းတာ အတော်များများ အဆက်ပြေပြေနဲ့ ပြောင်းနိုင် ကြပါတယ်။ သို့ပေမဲ့ Scanner နဲ့ Scan ဖတ်ထားတဲ့ Jpeg Format စာသားတွေ ကျတော့ Words အနေနဲ့ ပြန်ပြောင်းဖို့ တစ်ခါတစ်ခါ အင်မတန် အခက်အခဲ ဖြစ်ပါတယ်။ ပြောင်းလို့ရတဲ့ Freeware တွေကျတော့လည်း စာမျက်နှာ အကန့်အသတ် ရှိနေပြန်ရော…

အဲဒီ အခက်အခဲလေးတွေကို ပြေလည်နိုင်ဖို့ ဒီတစ်ခါ ဝေမျှချင်တဲ့ Software လေးက Solid Document PDF လို့ခေါ်တဲ့ Software လေးပါ။ ဘာနဲ့ပဲ လာလာ PDF မှန်သမျှ Text ကို Text အနေနဲ့ Image တွေကို Jpg အနေနဲ့ တခါတည်း ပြောင်းဖတ်ပေးတဲ့ Software လေး ဖြစ်ပါတယ်။
Software လေး ရနိုင်စေဖို့ ဒီမှာ Download လုပ်ပါ။
Download လုပ်ထားတဲ့ Winrar ဖိုင်ကို ဖွင့်ပါ။ ဖွင့်လိုက်တဲ့ Winrar ကို ဒီလို မြင်ရပါမယ်။

အဲဒီအထဲက solidconvertpdfv5.exe ကို Run လိုက်ပါ။ Software ကို Install လုပ်ပေးပါလိမ့်မယ်။ Install လုပ်ပီးတဲ့နောက် ခုနက Winrar ဖိုင်ထဲက Crack ဆိုတဲ့ ဖိုင်လေးကို ထပ်ဖွင့်ပါ။ အဲဒီခါ ခုလို ထပ်တွေ့ရပါမယ်။

အဲဒီထဲက Solid Converter PDF v5.0.672_Patch.exe ဆိုတဲ့ ဖိုင်လေးကို Run ပါ။ ခုလို ထပ်မြင်ရပါမယ်။

အဲဒီပုံလေးရဲ့ ထိပ်နားက Crack It ဆိုတာကို နှိပ်ပါ။ သူက Patch လုပ်ဖို့ ဖိုင်တောင်းပါလိမ့်မယ်။ Software ကို Drive C ထဲမှာ Install လုပ်ထားတာ ဆိုခဲ့ရင်
C: >> Program File >> SolidDocuments >> Solid Converter PDF >> SCPDFV5 >> ConverterCore.dll
ဒီနေရာမှာ ConverterCore.dll ဆိုတဲ့ ဖိုင်လေး ရှိနေပါလိမ့်မယ်။ Install လုပ်တာ Drive C မဟုတ်တဲ့ တခြား Drive ဆိုတော့လည်း C: ဆိုတဲ့နေရာမှာ တခြား Drive ကို သွားရှာဖို့ လိုပါမယ်။ ဖိုင်လေးကို Select လုပ် Open ခလုတ်လေးကို Click တစ်ချက် နှိပ်လိုက်တဲ့ နောက်မှာ…
PDF မှန်သမျှ အကုန် သမလို့ ရတဲ့ Software Full Version လေးကို ရရှိပါလိမ့်မယ်ဗျာ။
Download Here!

Software လေး ရနိုင်စေဖို့ ဒီမှာ Download လုပ်ပါ။
Download လုပ်ထားတဲ့ Winrar ဖိုင်ကို ဖွင့်ပါ။ ဖွင့်လိုက်တဲ့ Winrar ကို ဒီလို မြင်ရပါမယ်။

C: >> Program File >> SolidDocuments >> Solid Converter PDF >> SCPDFV5 >> ConverterCore.dll
ဒီနေရာမှာ ConverterCore.dll ဆိုတဲ့ ဖိုင်လေး ရှိနေပါလိမ့်မယ်။ Install လုပ်တာ Drive C မဟုတ်တဲ့ တခြား Drive ဆိုတော့လည်း C: ဆိုတဲ့နေရာမှာ တခြား Drive ကို သွားရှာဖို့ လိုပါမယ်။ ဖိုင်လေးကို Select လုပ် Open ခလုတ်လေးကို Click တစ်ချက် နှိပ်လိုက်တဲ့ နောက်မှာ…
PDF မှန်သမျှ အကုန် သမလို့ ရတဲ့ Software Full Version လေးကို ရရှိပါလိမ့်မယ်ဗျာ။
Download Here!
Apr 11, 2009
AGTI & SPASS

Cbox မှာ သူငယ်ချင်း KSM က မေးသွားတယ်။ မောင်လူအေး လက်ရှိ စင်္ကာပူမှာ အလုပ် လုပ်နေနိုင်တာ A.G.T.I ကြောင့်လို့ ယုံကြည် ပါသလား။ သူသည်လည်း A.G.T.I လက်မှတ် ကိုင်ဆောင်သူ တစ်ယောက်ပါ။ ဆိုတော့ မောင်လူအေး အနေနဲ့ ဖြေစရာ ရှိလာပါတယ်။ သီးသန့် ပို့စ်တစ်ခု တင်ပြီး ဖြေချင်တဲ့ အတွက် KSM ရဲ့ မေးခွန်းကို cbox မှာ မဖြေ ဖြစ်ခဲ့ပါဘူး။ ခု ဒီပို့စ်နဲ့ ဖြေပါ့မယ်။ ဟုတ်ကဲ့။ မောင်လူအေး အခု လက်ရှိ အလုပ် လုပ်နေတာ A.G.T.I နဲ့ ဆက်စပ်ပြီး ရခဲ့တဲ့ အတွေ့အကြုံနဲ့ အလုပ်လုပ်နေတာပါ။
သို့ပေမဲ့ ရိုးသားစွာ ၀န်ခံရရင် မောင်လူအေး ကိုင်ဆောင်ထားတာ A.G.T.I တစ်ခုတည်းတော့ မဟုတ်ပါဘူး။ မောင်လူအေးတို့ ကျောင်းတက်စဉ်က G.T.I ဟာ G.T.C မဖြစ်သေးပါဘူး။ A.G.T.I သည် Professional Diploma တစ်ခု အနေနဲ့ သီးသန့် ရပ်တည်နေဆဲ ဖြစ်ပါတယ်။ အဲဒီအတွက် မောင်လူအေးရခဲ့တာ A.G.T.I Diploma ရယ်။ နောက်ထပ် ၀ိဇ္ဇာသိပ္ပံ တက္ကသိုလ်က ပေးအပ်တဲ့ Degree ရယ် နှစ်ခု ဖြစ်ပါတယ်။
သို့ပေမဲ့ မောင်လူအေး တကယ် အလုပ်လုပ်ကိုင်ခဲ့တာ Degree နဲ့ ဆက်စပ်တဲ့ အလုပ်မဟုတ်ဘဲ Diploma နဲ့ ဆက်နွှယ်တဲ့ အင်ဂျင်နီယာ ဘာသာရပ်နဲ့ ဆက်စပ်တဲ့ အလုပ်အကိုင် ဖြစ်ပါတယ်။ အဲဒီအတွက် စင်္ကာပူကို ရောက်တဲ့ အချိန်မှာ အလုပ် လျှောက်တဲ့ အချိန်မှာ အလုပ်ခန့်တဲ့ ကုမ္ပဏီက A.G.T.I နဲ့ ဆက်စပ်တဲ့ အလုပ်ကို ပေးပါတယ်။ အလုပ်လုပ်ကိုင်ခွင့် လက်မှတ် လျှောက်ထားပေးတဲ့ အချိန်မှာ မောင်လူအေး ကိုင်ဆောင်ထားတဲ့ Degree ကိုပါ ထည့်သွင်း ဖြည့်စွက်ပြီး လျှောက်ထား ပေးပါတယ်။ ဆိုတော့ SPass လွယ်လင့်တကူ ကျပါတယ်။
ဆိုတော့ KSM ရဲ့ အမေးနဲ့ ပြန်ဆက်စပ်ရမယ် ဆိုရင် မောင်လူအေး SPass ရတာဟာ A.G.T.I ရဲ့ အကျိုးကျေးဇူးကြောင့် ရတာ ဖြစ်ကြောင်း မောင်လူအေး အနေနဲ့ အပြည့်အ၀ ယုံကြည်ပါတယ်။ ရတာက A.G.T.I နဲ့ ရတယ်။ သို့ပေမဲ့ လျှောက်လွှာ စိစစ်တဲ့ သူတွေအဖို့ ပိုပြီး ပြည့်စုံသွားစေတာက Degree တစ်ခု ထပ်ပါတဲ့ အတွက် ပညာအရည်အချင်း ဆိုတဲ့ အချက်အလက်ကို ရာနှုံးပြည့် ဖြတ်သန်း အောင်မြင်ခဲ့တဲ့ သဘောပါ။ ဆိုတော့ မေးစရာ ရှိပါတယ်။ ဒါဆို A.G.T.I တစ်ခုတည်းနဲ့ရော မရဘူးလား။
KSM ကြားဖူးသလို စင်္ကာပူက A.G.T.I Diploma ကို အသိအမှတ် မပြုဘူးလား ဆိုတဲ့ အချက်။ စင်္ကာပူမှာ A.G.T.I လက်မှတ်ကို အသိအမှတ် မပြုဘူး ဆိုတဲ့ အချက်က ရာနှုံးပြည့် မှားယွင်းပါတယ်။ A.G.T.I တစ်ခုတည်းနဲ့ SPass လျှောက်ထား၊ အလုပ်တွေ လုပ်လို့ အချိန် တစ်ခု ကြာတဲ့ အချိန်မှာ အစဉ်သဖြင့် နေထိုင်သူ အခြေအနေ (Permanent Residence) သို့ ပြောင်းရွှေ့ လျှောက်ထား နေထိုင်နေသူများ အမြောက်အမြား ရှိပါတယ်။ ပိုပြီး ပြည့်စုံ သေချာစေဖို့ စင်္ကာပူ လုပ်သားစွမ်းအား ၀န်ကြီးဌာနရဲ့ စာမျက်နှာမှာ ခုလို ရေးထားပါတယ်။
_____________________________________________________________
လိုအပ်သော အရည်အချင်း
SPass ဆိုသည်မှာ အနည်းဆုံး လစာ စင်္ကာပူဒေါ်လာ ၁၈၀၀ ၀င်ငွေ ရှိသော နိုင်ငံခြားသားများ အတွက် ဖြစ်တယ်။ SPass လျှောက်ထားသူများကို စိစစ်ရာမှာ အမှတ်ပေးစနစ်ကို အသုံးပြုပြီးတော့ ထည့်သွင်း စဉ်းစားတဲ့ အချက်တွေထဲမှာ ရရှိတဲ့ လစာဝင်ငွေ၊ ပညာ အရည်အချင်း၊ လုပ်ငန်း ကျွမ်းကျင်မှု၊ လုပ်ငန်း အမျိုးအစား၊ လုပ်ငန်း အတွေ့အကြုံစတဲ့ အချက် အများအပြား ပေါ်မှာ ထည့်သွင်း တွက်ချက်ပါတယ်။ ထည့်သွင်း တွက်ချက်တဲ့ အချက်တွေနဲ့ လျှောက်ထားသူရဲ့ စံနှုံးများ ဘယ်လောက် ကိုက်ညီမှု ရှိတယ် ဆိုတာ အပေါ်မှာ မူတည်ပြီး အမှတ်များကို စုပေါင်းပါတယ်။ အကြမ်းဖျဉ်း မှီငြမ်းဖို့ အတွက် ဆိုရင် အကျယ်တ၀င့် အနေနဲ့ ဆိုရင်… (မှီငြမ်းရန် သက်သက် ဖြစ်ပါတယ်)
• လစာ - အနည်းဆုံး ပုံသေလစာ စင်္ကာပူဒေါ်လာ ၁၈၀၀ ရရပါမယ်
• ပညာအရည်အချင်း - ယေဘုယျအားဖြင့် ဒီဂရီ (သို့) ဒီပလိုမာ အဆင့် ပညာအရည်အချင်း ရှိရပါမယ်။
နည်းပညာဆိုင်ရာ သင်တန်းဆင်း လက်မှတ်များကို ထည့်သွင်းတွက်ချက်ပါတယ်။ လက်မှတ်ဆိုတဲ့ နေရာမှာ လျှောက်ထားသူကို ၎င်းတက်ရောက်တဲ့ ပညာရပ် နယ်ပယ်မှာ ကျွမ်းကျင် ပညာရှင် (သို့) အထူးတတ်ကျွမ်းသူ ဖြစ်အောင် လေ့ကျင့် သင်ကြားပေးတဲ့ သင်တန်းများကို ဆိုလိုပါတယ်။ အဲဒီကျွမ်းကျင်လက်မှတ် ချီးမြှင့်ဖို့ အနည်းဆုံး အချိန်ပြည့် တစ်နှစ် သင်တန်း တက်ရောက်သင်ယူထားသူ ဖြစ်ရပါမယ်။
• လုပ်ငန်းအမျိုးအစား - ယေဘုယျအားဖြင့် ပညာသည်၊ အထူး ကျွမ်းကျင် ပညာရှင် (သို့) နည်းပညာရှင် အဆင့် အလုပ်အကိုင် ဖြစ်ရပါမယ်။
• လုပ်ငန်းလုပ်သက် - ယေဘုယျအားဖြင့် လျှောက်ထားတဲ့ အလုပ်အကိုင်မျိုးနဲ့ ဆက်စပ်တဲ့ လုပ်ငန်းမှာ ဘယ်လောက် ကြာကြာ လုပ်ကိုင်ဖူးတယ် ဆိုတဲ့ နှစ်ဖြစ်တယ်။
SPass လျှောက်ထားလိုတဲ့ Work Permit ကိုင်ဆောင်သူ များဟာ အထက်ဖော်ပြပါ လိုအပ်ချက်များ ပြည့်စုံစေဖို့ လိုပါတယ်။ စင်္ကာပူနိုင်ငံမှာ နောင်နှစ် အနည်းငယ်အတွက် လုပ်သား ခေါ်ယူမှု အားကောင်းနိုင်တဲ့ အလုပ်အကိုင်များ စာရင်းကို အသစ်ထုတ်ထားတဲ့ Strategic Skills List မှာ ဖတ်ရှုနိုင်ပါတယ်။
ှSPass ရနိုင်ခြေကို စိစစ်ဖို့ Employment/ SPass Self Assessment Tool မှာ စိစစ်ကြည့်နိုင်ပါတယ်။

ဆိုတော့ စင်္ကာပူမှာ SPass နဲ့ အလုပ် လုပ်နိုင်စေဖို့ တစ်နှစ် အပြည့်တက်ထားတဲ့ Diploma ရှိရင် အလုပ် လုပ်လို့ ရပါတယ်။ A.G.T.I လက်မှတ် ကိုင်ဆောင်သူများ အနေနဲ့ ယခင် စနစ်ဟောင်း A.G.T.I သမားများ ဆိုရင် စာသင်နှစ် သုံးနှစ် တက်ရောက်ထားသူများ ဖြစ်ပြီး၊ စနစ်သစ် GTC ကျောင်းတော်သားများ အနေနဲ့လည်း စာသင်နှစ် နှစ်နှစ် အပြည့် တက်ရောက်ထားသူများ ဖြစ်တဲ့အတွက် သူတို့ တောင်းဆိုတဲ့ Diploma လိုအပ်ချက်ဟာ ပြည့်မီရုံတင် မကလို့ ကျော်လွန်တောင် နေပါသေးတယ်။
ဒီလိုဆိုရင် ခုနက ပြောတဲ့ A.G.T.I ကို အသိအမှတ် မပြုဘူးဆိုတဲ့ စကားတွေ ဘာကြောင့် ထွက်ပေါ်လာသလဲ ဆိုတာ သိဖို့ လိုပါတယ်။ A.G.T.I လက်မှတ်ကို အသိအမှတ် ပြုသော်ငြား လျှောက်ထားတဲ့ လုပ်ငန်းနဲ့ ဆက်စပ်တဲ့ ကျွမ်းကျင်မှု မရှိရင် ပယ်ချ ခံရနိုင်ပါတယ်။ စာရွက်စာတမ်း ပြည့်စုံ မှန်ကန်မှု မရှိရင် ပယ်ချ ခံရ နိုင်ပါတယ်။ အဲဒီလို မပြည့်စုံတဲ့ အချက် တစုံတရာကြောင့် လျှောက်ထားမှု မအောင်မြင်ခဲ့တဲ့ခါ အများစုက အကြမ်းဖျဉ်း ကောက်ချက် ဆွဲချတတ်တာ A.G.T.I ကြောင့် ပယ်ချခံရတာ ဆိုတာပါပဲ။
အဲဒီအတွက် သူငယ်ချင်း KSM နဲ့ အခြားသော A.G.T.I လက်မှတ် ကိုင်ဆောင်သူများ အနေနဲ့ A.G.T.I သည် SPass ချထားပေးဖို့ အတွက် လုံလောက်တဲ့ ပညာ အရည်အချင်း ဖြစ်တဲ့ အတွက် မိမိ လျှောက်ထားမဲ့ လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ လုပ်ငန်း ကျွမ်းကျင်မှုသာ ရှိမယ်ဆိုရင် စင်္ကာပူမှာ SPass နဲ့ အလုပ် လုပ်ကိုင်နိုင်စေဖို့ ပူစရာ မလိုပါကြောင်း…

Apr 4, 2009
2009 March Currency Review
2009 ခုနှစ် မတ်လ အတွင်းမှာ စင်္ကာပူဒေါ်လာနဲ့ မြန်မာငွေ လဲလှယ်နှုံး တစ်လလုံး ပျမ်းမျှ 665.4516 ကျပ် ပေါက်ခဲ့ပြီး မတ်လ 24၊ 25 ၊ 26 နဲ့ 27 ရက်တွေမှာ အမြင့်ဆုံး 690 ကျပ် ထိ ပေါက်ခဲ့ပြီး၊ မတ်လ 3၊ 4 နဲ့ 6 ရက်တွေမှာ အနိမ့်ဆုံး 643 ကျပ် ပေါက်ခဲ့ပါတယ်။
2009 ခုနှစ် မတ်လ အတွင်းမှာ အမေရိကန် ဒေါ်လာနဲ့ စင်္ကာပူဒေါ်လာ လဲလှယ်နှုံး တစ်လလုံး ပျမ်းမျှ 1.52996 ပေါက်ခဲ့ပြီး မတ်လ 2 ရက်နေ့မှာ အမြင့်ဆုံး 1.55676 ထိ ပေါက်ခဲ့ပြီး၊ မတ်လ 19 ရက်နေ့မှာ အနိမ့်ဆုံး 1.50636 ပေါက်ခဲ့ပါတယ်။
မြန်မာငွေနဲ့ စင်္ကာပူ ဒေါ်လာ လဲလှယ်နှုံးကို မောင်လူအေး Sidebar ထဲက အချက်အလက်တွေနဲ့ ပြုစုပြီး အမေရိကန် ဒေါ်လာနဲ့ စင်္ကာပူဒေါ်လာ လဲလှယ်နှုံးကိုတော့ http://www.exchange-rates.org ကနေ ရယူပါတယ်ဗျား။

Apr 3, 2009
Ceeform Connectors

ဒီစာမျက်နှာကနေ ကူးယူ ဖော်ပြခြင်း ဖြစ်ပါတယ်။
Subscribe to:
Posts (Atom)
-
နာဂစ်ဆိုက်ကလုံး ၀င်ရောက်မွှေနှောက်သွားပြီးတဲ့ နောက်မှာ မြန်မာပြည်မှာ သေဆုံးသူ ၁ သိန်းကျော် နဲ့ အိုးမဲ့အိမ်မဲ့ ၁ သန်းကျော် ကျန်ရစ်တာ လူတိုင်းသ...
-
စင်္ကာပူ လုပ်ငန်းခွင်လောကကို ယခင်ကလည်း မြန်မာတွေ ယခင်ကလည်း အမြောက်အမြား ရောက်ရှိလုပ်ကိုင်ခဲ့ကြတယ်။ ယခုလက်ရှိလည်း မြန်မာတွေ အမြောက်အမြားပဲ အလုပ...
-
နှင်းဆီနီနီ ဘလော့မှာ သွားဖတ်ရင်းနဲ့ တွေ့မိရာက ဘလော့ဘယ်လောက်ထိ စွဲနေသလဲ စစ်တမ်းကောက်ကြည့်ဖြစ်ပါတယ်။ စိတ်ဝင်စားမယ်ဆို ဖြေကြည့်ပါလား။ ကျွန်တော...