Oct 29, 2009

Universal Studio Singapore

ဒီစာတွေနဲ့ ဒီပုံတွေ တင်ဖို့ ကြိုးစားနေတာ ကြာပြီ။ တော်ကြာနေ ကော်ပီရိုက်တွေ ဘာတွေ ညာတွေနဲ့ ငြိမှာ စိုးလို့ မတင်ဖြစ် မတင်ဖြစ်နဲ့ နေနေတာ။ ခုတော့ ဒီ သတင်းက အယင်တစ်ပတ်က သတင်းစာထဲ ပါသွားပြီးပြီ ဆိုတော့ ဓာတ်ပုံတွေ တင်လို့ရပြီ။ (ဆိုပြီး ကိုယ့်ဖာသာကိုယ် သတ်မှတ်လိုက်တယ်။) အမှန်က ခုနေမှ Site ရဲ့ ရုပ်က ပေါ်တာပါ။ တစ်နေ့တခြား ပိုပို ပီပြင်လာတယ်။ ဆိုက်ထဲမှာ မောင်လူအေး အပြင် မြန်မာ အင်ဂျင်နီယာတွေ ရှိကြတယ်။ ဘယ်သူများ အင်တာနက်ပေါ် ဒီအကြောင်း တက်လာမလဲ ဆိုပြီး ကြည့်နေတာ ကြာပြီ။ တစ်ယောက်မှ မရေးကြပုံထောက်ရင် အဲဒီ အင်ဂျင်နီယာတွေက စာဖတ်သူများသာ ဖြစ်ကြပြီး၊ စာရေးသူများ မဟုတ်လို့ပဲ နေပါမယ်။


USS


မောင်လူအေးတို့ ခုဆောက်နေတဲ့ ပရောဂျက်ကို Resorts World at Sentosa (RWS) လို့ ခေါ်တယ်။ RWS ဆိုတဲ့ ပရောဂျက်ကြီး တစ်ခုလုံးကို အပိုင်း ခြောက်ပိုင်းခွဲပြီး လောလောဆယ် အပိုင်းလေးပိုင်း ဆောက်နေတယ်။ အဲဒီထဲမှာ အခု မောင်လူအေးတို့ ပါဝင် ပတ်သက်နေတဲ့ Universal Studio Singapore (USS) လည်း တစ်ခု အပါအ၀င်ပေါ့။ အဲဒီ USS ကို နောက်ထပ် ခြောက်ပိုင်း ပိုင်းထားတယ်။ အဲဒါတွေက…


Lost World


Sci-Fi City

မြန်မာလို ခေါ်ရင် သိပ္ပံမြို့တော်လို့ ခေါ်ရမယ် ထင်တယ်။ Sci Fi City ရဲ့ အထင်ကရ အရှိဆုံးက Battlestar Galatica လို့ခေါ်တဲ့ Coaster ၂ ခု ဒွေးရောယှက်တင် လွန်းထိုး ပျံသန်းမဲ့ အကြီးစား Roller Coaster ပါမယ်။ သိပ္ပံနဲ့ ထူးခြားဆန်းကြယ် ပြကွက်များ ပြသနိုင်မဲ့ Sci Fi Special Effect Theater တစ်ခုလည်း ရှိတယ်။

Dwelling Coaster

New York

နယူးယောက်မြို့ရဲ့ လမ်း အသွင်အပြင်နဲ့ အဆောက်အဦးတွေ တွေ့ရမယ်။ လမ်းမတလျှောက်မှာရော ရေကန် (Lagoon) ဘေးက ဆိပ်ခံ တံတားလေးကလည်း နယူးယောက်မြို့ရဲ့ အသွင်အပြင်ကို ထင်ဟပ် ဖော်ပြမှာ ဖြစ်ပါတယ်။ နယူးယောက်မှာ နယူးယောက် စာကြည့်တိုက် ရှိမယ်။ နောက်ပိုင်းမှာ Special Effect တွေပါမဲ့ ET လိုမျိုး Animation တွေပြဖို့ အဆောက်အဦး အလွတ် ချန်ထားတယ်။


Hollywood

ကမ္ဘာ့ရုပ်ရှင်မြို့တော် ဟော်လီဝုဒ်ရဲ့ အဆင်အပြင်တွေနဲ့ အဆောက်အဦးတွေ တွေ့ရမယ်။ ပြဇာတ်များ၊ ကမ္ဘာကျော် ရုပ်ရှင်နဲ့ သဘင်ဂီတ ပုဂ္ဂိုလ်များ လာရောက် ဖျော်ဖြေနိုင်စေမဲ့ Hollywood Theater ပါမယ်။


Journey to Madagascar (JTM)

မဒ္ဒါဂတ်စကား တောတွင်း တစ်နေရာသို့ ရောက်သွားရသလို ခံစားရစေမဲ့ အပိုင်း ဖြစ်ပါတယ်။ ဟောလီးဝုဒ်ကနေ မဒ္ဒါဂတ်စကားကို အကူးမှာ ဧရာမ သစ်ပင်ကြီး တစ်ပင် ရှိတယ်။ အဲဒီ အပင်က ဘာဘာသစ်ပင်ကြီး (Babao Tree) လို့ခေါ်တယ်။ သစ်ပင် ရဲ့ အပေါ်ပိုင်းနားကို လေယာဉ်ပျံ တစ်စီး ၀င်တိုက်ထားတာ ပါမယ်။ မဒ္ဒါဂတ်စကား တောတွင်းက ဂူလိုမျိုး သဏ္ဍာန် အဆောက်အဦးတွေ ပါပါမယ်။ နာမည်ကျော် Shrek ဆိုတဲ့ အကောင်နေတဲ့ အိမ်လေး ပါမယ်။ တောတွင်း တစ်နေရာကို ရောက်နေရသလို ခံစားရမဲ့ အုန်းပင်ကြီးတွေရဲ့ အောက်မှာ အုန်းလက် ထီးလေးတွေရဲ့ အောက် အဆာပြေ စားစရာတွေ စားလို့ ရမဲ့ Outdoor Dining တွေ ပါမယ်။

JTM ထဲမှာ ဧရာမ သင်္ဘောပုံ Facade ကြီးနဲ့ အတွင်းထဲမှာ Coaster စီးနိုင်မဲ့ Flume Ride ကြီး တစ်ခုလည်း ပါတယ်။ JTM ရဲ့ အဓိက Attraction က ဒီ Flume Ride ကြီးပဲ။


Far Far Away

Far Far Away မှာကတော့ အဓိက 4D Cinema တစ်ခုပါမယ်။ အဲဒီ 4D Cinema ရဲ့ ပြင်ပ အသွင်သဏ္ဍာန်က Castle ကြီး တစ်ခု အသွင် ရှိတယ်။ 4D ဆိုတာက မောင်လူအေးတို့ မကြည့်ဖူးသေးဘူး။ Universal Studio က လာပြတဲ့ Presentation မှာ ကြည့်ရတုံးက တွေ့ဖူးတာက ဇာတ်လမ်းထဲမှာ မိုးရွာတယ်ဆိုရင် အပြင်မှာ ကြည့်နေတဲ့ ပရိသတ် အပေါ်ကို မိုးစက်လေးတွေ ကျမယ်။ ရုပ်ရှင်ကြည့်ရတဲ့ ထိုင်ခုံတွေကလည်း ဇာတ်လမ်းထဲက လှုပ်ရှားမှုနဲ့ လိုက်လျောညီထွေ လိုက်လှုပ်မယ် လို့ဆိုတယ်။

Far Far Away ထဲမှာ နောက်ထပ် ရှိတဲ့ Attraction တွေက Donkey Theater ရယ်။ Fairy God Mother Souvenir Shop ရယ်။ Romeo Food Court ရယ်။ Friar Fat Boy F&B ရယ် ရှိမယ်။ နောက်ထပ် ကလေးတွေ ကစားဖို့ အတွက် Coaster အသေးလေး ဖြစ်တဲ့ Dragon Coaster ရှိမယ်။


Far Far Castle

Lost World

Lost World မှာ Jurassic Park ရှိမယ်။ Jurassic Park ကတော့ လမ်းလျှောက် ကြည့်ရမှာ ဖြစ်ပြီး၊ နောက်မှာ ရှိတဲ့ Flume Ride ကတော့ ရေယာဉ် သေးလေး စီးပြီး ဒိုင်နိုဆောတို့ ကမ္ဘာကို သွားရောက်လည်ပတ် နိုင်မှာပါ။ နောက်စီးစရာ တစ်ခုက Canopy Flyer ဆိုတဲ့ Suspended Coaster စီးပြီး Jurassic Park ကို ကြည့်ရမှာ ဖြစ်တယ်။ Lost World ရဲ့ နောက်မှာ ရှိတဲ့ နောက်ထပ် Attraction တစ်ခုကတော့ Water World ပါပဲ။ Water World ရဲ့ ဇာတ်ကားထဲက ဇာတ်လမ်းအတိုင်း လူစင်စစ်တွေက သရုပ်ဆောင်မဲ့ ပြဇာတ် အကြီးစားပဲ ဖြစ်တယ်။


Discovery


Jurrasic Park

Egypt

USS ရဲ့ အကြီးဆုံး ဖြစ်တဲ့ Mummy Ride က Egypt Land ထဲမှာ ရှိတယ်။ Revenge of The Mummy လို့ ခေါ်တယ်။ Special Animated Effect တွေပါတဲ့ Indoor Roller Coaster တစ်ခုပါပဲ။ Egypt Land ထဲမှာ Toilet ကအစ Egypt က ပိရမစ် အပျက် ပုံစံအတိုင်း ဆောက်ထားတယ်။ နောက်ထပ် Egypt ထဲမှာ ရှိတာက Dark Ride ပဲ ဖြစ်တယ်။ အဓိကတော့ ကလေးပရိသတ် အတွက် ရည်ရွယ်ပုံရတယ်။


Egypt


Egypt


ခုလောလောဆယ်တော့ ၂၀၀၉ နှစ်ကုန်ပိုင်းကို ပြီး နိုင်ဖို့ အသေအကြေ ချဆောက်နေတယ်။ ၂၀၁၀ မှာ ဖွင့်မယ်လို့ ဆိုပါတယ်။ Park ထဲမှာ ခန့်ထားမဲ့ ၀န်ထမ်းတွေတော့ စခန့်ထား ပြီးပါပြီ။ နောက်လည်း ထပ်ခေါ်သွားဦးမယ်လို့ သိရပါတယ်။ နောက်များမှ ဒီထက် ပိုလှတဲ့ ပုံလေးတွေ ထပ်တင်ပါဦးမယ်။

Oct 25, 2009

301 Circuits

301 circuits, I had rented from Pyay GTI's library and once in Dagon University also I rent and studied same books. There are altogether three hundred and one electronic circuits including descriptions and even printed circuit board design also included. Actually, I was trying to find out these books on internet quite long time already. Just found it on rapidshare and downloaded them and sharing for everybody who want it.





Oct 19, 2009

I don’t care how you are going to do!

I don’t care!

ဒါမှ မဟုတ်...

I don’t care how you are going to do!

ပြည့်ပြည့် စုံစုံ ပြောရင်...

I don’t care how you’re going to do, please get it done!

ကျွန်တော် မကြိုက်တဲ့ အသုံးအနှုံးတစ်ခု။ မင်းလုပ်ချင်သလိုလုပ် ငါ ဂရုမစိုက်ဘူး။ အဓိက အလုပ်ပြီးဖို့ အရေးကြီးတယ်ဆိုတဲ့ အသုံးအနှုံး။ နောက်ထပ် ပြည်ချစ်သားတို့ နယ်ပယ်မှာ တွင်ကျယ်တဲ့ အသုံးအနှုံးလေးက

ရေဗူးပေါက်တာ မလိုချင်ဘူး။ ရေပါတာ လိုချင်တယ်။

အဲဒီ အသုံးအနှုံးကိုပဲ အငေါ်တူးပြီး ပြန်ပြောတတ်တဲ့ စကားလုံးက

ရေဗူးပေါက်တာ မသိဘူး။ ရေပါတာပဲ လိုချင်ရင်တော့ ဘုံဘိုင်ခေါင်းနဲ့ တိုက်တဲ့ ရေနွေးကြမ်းပဲ ရမယ်။ သောက်ချင်ရင် ဒူးလေး အယင်ထောက်လိုက် ဆိုတာပဲ။

အမှန်က အလုပ်ပြီးမြောက်ရေး အတွက် အတင်းဖိအားပေး စေခိုင်းတာ ဖြစ်တဲ့ အတွက် အလုပ် ပြီးမြောက်ရေး ဆိုတဲ့ ဦးတည်ချက် အပေါ်မှာတော့ ဒီအသုံးအနှုံးက သုံးသင့်တယ်လို့ ယူဆတယ်။ သို့ပေမဲ့ မောင်လူအေးရဲ့ ဥာဉ်အရ အကျပ်ကိုင်တာ တယ်လည်း မကြိုက်ချင်ဘူး။

ငယ်စဉ်က ဖြစ်ဖူးတဲ့ အဖြစ်အပျက်လေး။ နေမကောင်းလို့ အဒေါ်လုပ်တဲ့သူက ဆေးတိုက်တယ်။ ပါပါက နံဘေးနားမှာ ပက်လက်ကုလားထိုင်နဲ့ စာထိုင်ဖတ်နေတယ်။ အဒေါ်က ချစ်လို့ အလိုလိုက်တော့ အဒေါ်ကိုကတော့ ကောင်းကောင်းနိုင်တယ်။ ဆေးသောက်မဲ့ အရေးကို ကက်ဆက်ထဲ ဘယ်သီချင်း ဖွင့်ပေး။ အဲဒီသီချင်း ဖွင့်မှ သောက်မယ်။ အဒေါ်က ဖွင့်ပေးတယ်။ အဲဒီသီချင်း ဖွင့်ပြန်တော့၊ ဒါ မကြိုက်ပြန်ဘူး။ နောက်ထပ် ဘယ်သီချင်းဖွင့်။ မဖွင့်ရင် မသောက်ဘူး။ ဆန္ဒပြတယ်။

တစ်ခါ မဟုတ်၊ နှစ်ခါ မဟုတ်၊ ကြားနေရတာ ကြာလာတော့ ဘေးက စာဖတ်နေတဲ့ ပါပါက ရိုက်နေကျ ကြိမ်လုံးကို ဆွဲပြီး ထလာတယ်။ လက်ထဲက ကြိမ်လုံးနဲ့ ရွယ်ရင်း ပါပါက

ဟိတ်ကောင် မင်း ဆေးသောက်စရာ ရှိတာ သောက်တာ မဟုတ်ဘူး။ ငါ ဘေးက နားထောင်နေတာ ကြာလှပြီ။ တော်ရုံ ဆိုးရင် တော်ရောပေါ့။ မင်း နေကောင်းစေချင်လို့ သောက်ခိုင်းတာ သောက်ပေါ့။ ဘာလဲ ငါ ကြိမ်နဲ့ ဆော်ရမှာလား။

ဆိုပြီး ရွယ်တယ်။

ကြိမ်နဲ့ အရွယ်ခံရတယ် ဆိုရင်ပဲ ရိုက်ဖြင့် မရိုက်ရသေးဘူး။ ထပြီး ငိုတယ်။ ဆေး မသောက်တဲ့ အပြင် ငိုပါ ထပ်ငိုတော့ ပါပါက

မင်း ငိုတာ တိတ်မလား မတိတ်ဘူးလား။ ငါ ကြိမ်နဲ့ ဆော်ရမှာလား။

မတိတ်ဘူး ပြောလည်း အတီးခံရမယ်။ တိတ်မယ်ပြောရင်လည်း အရှုံးပေးရာကျတယ်။ ဒီလို အကျပ်ကိုင်တာတော့ ဘယ်ခံလိမ့်မလဲ။ နောက်တစ်ဖက်က ငိုတာ တိတ်လိုက်လို့ အရိုက်မခံရဖို့လည်း သေချာဖို့ လိုသေးတယ်။ ပြန်ပြောလိုက်တယ်။

ပါပါ ကြိမ်လုံးချရင် တိတ်မယ် လို့။

စစချင်း ပြည်ပကို ရောက်တော့ သူတို့ လုပ်ငန်းလုပ်ကိုင်ပုံနဲ့ ကိုနဲ့ သိပ်ပြီး အံမ၀င်ဘူး။ ကိုတွေ ဆီမှာက လူကြီးသူမ အရိုအသေ ပေးတာတို့၊ အားနာသမှု တို့၊ ကြီးသူကို ရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူကို သနား… စတာတို့ ရှိတယ်။ စစချင်းမှာ စောစောက ပြောတဲ့

I don’t care how you are going to do!

ဆိုတာ အင်မတန် နားကလောတဲ့ အသုံးအနှုံး။

နောက်ထပ် အဆိုအမိန့်လေး တစ်ခု ကြားဖူးတာက တစ်ကိုယ်လုံး မည်းနေတဲ့ လူဝံကြီး တစ်ကောင်ကို အရမ်းအေးတဲ့ နှင်းတောင် ဒေသမှာ သွားထားလိုက်ရင် အချိန်တစ်ခု ရောက်တဲ့အခါမှာ အမည်းရောင် ပျောက်ပြီး အဖြူရောင် ဖြစ်သွားလိမ့်မယ် တဲ့။ ဆိုလိုတာက သဘာဝ ပတ်ဝန်းကျင် တစ်ခုလုံး ဖြူဖွေးနေစဉ်မှာ သူ့ကိုယ်ခန္ဓာ တစ်ခုတည်း မည်းနက်နေခြင်းဟာ ရန်သူက သူ့ကို မြင်လွယ်စေပြီး အန္တရာယ် များလွန်းတာကြောင့် သဘာဝက သူ့ပတ်ဝန်းကျင်နဲ့ သူ့ကိုယ်ကို အလိုလျောက် ချိန်ညှိပေးသွားလိမ့်မယ်လို့ ဆိုလိုတာ ဖြစ်တယ်။

ဆိုတော့ ခုနက မကြိုက်ဘူး၊ မကြိုက်ဘူး ဆိုပြီး နားကလောတဲ့ အသုံးအနှုံးဟာ အခု အခါ ကိုယ့် ပါးစပ်ဖျားကိုပါ ရောက်လာတယ်။ ဘယ်လိုမှ သင်တာမဟုတ်ပေမဲ့လို့ ကြားပါများ တော့ ကိုယ့်နားထဲရောက် ကိုယ့်စကားလုံးလို ဖြစ်လာတယ်။ ပတ်ဝန်းကျင်ရဲ့ အလိုလျောက် ချိန်ညှိပေးသွားတဲ့ ကိစ္စ တစ်ခု။

ဆိုတော့ တွေးမိတာလေး ပြောပါတယ်။ အကယ်၍များ အချိန် တစ်ခုရောက်လို့ မြန်မာပြည်များ ပြန်ပြီး အခြေပြန်ချ ဖြစ်ခဲ့မယ်ဆိုရင် မောင်လူအေးဟာ အတော်လေး လူနားကလောတဲ့ စကားလုံးတွေကို ပြောတတ်တဲ့ သူတစ်ယောက် ဖြစ်နေဖို့ ရာခိုင်နှုံး အတော်များများ သေချာလာတယ်။ လူမှုရေး နားမလည်သူ၊ အားနာသမှူ မရှိသူ ဖြစ်လာစရာ အကြောင်း ပိုများတယ်။ ကျေးဇူးတင်ပါတယ် ဆိုတဲ့ စကားလုံးကို စိတ်ထဲ မပါဘဲ လျှာဖျားလေးကနေ တစ်နေ့ကို အခေါက်တစ်ထောင် မက ပြောတတ်တဲ့ သူတစ်ယောက် ဖြစ်လာမယ်။

အဲဒီခါကျရင် လူတွေက ပြောကြမယ်။

နိုင်ဂျံဂါးပြန်ကြီး ဆိုပြီးတော့ ရိုင်းလိုက်တာ… လို့ နောက်ကွယ်မှာ ပြောနေကြမှာ ကြိုတင် မြင်ယောင် နေမိတယ်။

Oct 7, 2009

2009 September Currency Review

2009 ခုနှစ် စက်တင်ဘာ အတွင်းမှာ စင်္ကာပူဒေါ်လာနဲ့ မြန်မာငွေ လဲလှယ်နှုံး တစ်လလုံး ပျမ်းမျှ 761.0333 ကျပ် ပေါက်ခဲ့ပြီး စက်တင်ဘာလ 27 ရက်၊ 28 ရက်၊ 29 ရက် နဲ့ 30 ရက်နေ့တွေမှာ အမြင့်ဆုံး 775 ကျပ် ထိ ပေါက်ခဲ့ပြီး၊ စက်တင်ဘာလ 8 ရက် နဲ့ 9 ရက်နေ့တွေမှာ အနိမ့်ဆုံး 752 ကျပ် ပေါက်ခဲ့ပါတယ်။

2009 ခုနှစ် စက်တင်ဘာ အတွင်းမှာ အမေရိကန် ဒေါ်လာနဲ့ စင်္ကာပူဒေါ်လာ လဲလှယ်နှုံး တစ်လလုံး ပျမ်းမျှ 1.423135 ပေါက်ခဲ့ပြီး စက်တင်ဘာလ 1 နေ့မှာ အမြင့်ဆုံး 1.44439 ထိ ပေါက်ခဲ့ပြီး၊ စက်တင်ဘာလ 30 ရက်နေ့မှာ အနိမ့်ဆုံး 1.4089 ပေါက်ခဲ့ပါတယ်။

မြန်မာငွေနဲ့ စင်္ကာပူ ဒေါ်လာ လဲလှယ်နှုံးကို မောင်လူအေး Sidebar ထဲက အချက်အလက်တွေနဲ့ ပြုစုပြီး အမေရိကန် ဒေါ်လာနဲ့ စင်္ကာပူဒေါ်လာ လဲလှယ်နှုံးကိုတော့ http://www.exchange-rates.org ကနေ ရယူပါတယ်ဗျား။


SGD-MMK SEP

USD-SGD SEP

Related Post

Oct 3, 2009

ဝါကျွတ်ဗျာယ်



ဝါကျွတ်ဗျာယ် သူငယ်ချင်းရောင်းရင်း ရို့နန့် ဆီမီးထွန်းကတ်မေ
အာကာကို မီးပုံးပျံလွှတ်တင်
အောင်ပါစီ ဆုတောင်း ဓလေ့ရိုးရာ ချစ်ဖို့ကောင်း
ရပ်ရွာတိုင်းမှာ စုရုံးပျော်ကတ်တေ

လာယ်ဝေ လားကတ်မေ ၀င်္ကဘာကွင်း ဘုရားပွဲနန့် အပြိုင်နွှဲကတ်ဖို့လေ
အစိုင်အလာကို ထိန်းသိမ်းစောင် လားမေ
ဆွမ်းတော်ကြီးလောင်းပွဲ အပြိုင်အဆိုင် ဆင်ယင်နွှဲ
ဘာသာ သာသနာ ကိုင်းရှိုင်းပါယင့်ဝေ

ချစ်ရဖို့ ဖူးစာရှင်ချေ တွိတွိဗျာယ် ထိုမှာ မြင်ဗျာယ်အဝေ သူငယ်ချင်း
ရခိုင့်ရိုးရာ အစိုင်အလာကို ထိန်းသိမ်းသူ
ယဉ်ကျေးသူ့အလှကို စံထားလောက်ယင့်ဝေ
ဒေမောင်ရင်မှာ စွဲလမ်းပါယင့်ဝေ

ဝါကျွတ်လွန် တန်ဆောင်တိုင်ပွဲ ခြိမ့်ခြိမ့်သည်းလို့ ထမင်းပေါင်းချက်စားမေ
ရွာလည်ဗျာယ် အုန်းသီးတောင်းကတ်မေ
သာနီရေ လပ ရရောင်းသတ်ဗျာယ် ကြည့်မဝ
ရပ်ရွာတိုင်းမှာ စုရုံးပျော်ကတ်တေ

ဂျက်လိန်

Photobucketအခေါ်အဝေါ်လေး သဘောကျလို့ပါ။ ဗြိတိသျှလိုတော့ ဘယ်လို ခေါ်တယ် မသိဘူး။ မောင်လူအေး ကျောင်းပြီးလို့ လုပ်ငန်းခွင် စ၀င်တော့ ဂျက်လိန် ငယ်နိုင်ကို စတွေ့ဖူးတာ။ မြောက်မြား လှစွာသော အဆောက်အဦးတွေ ဆောက်လုပ်ရာမှာ ဂျက်လိန် ငယ်နိုင်က အသံတိတ် ပါဝင်နေတဲ့ အလွန်တရာမှ အရေးကြီးတဲ့ လက်သုံး ကိရိယာ တစ်ခု။ သံကူကွန်ကရစ် မလောင်းခင် သံနန်းလုံး တွေကို သွပ်ရည် စိမ်ထားတဲ့ သံနန်းကြိုးနဲ့ ချည်နှောင်ရာမှာ သုံးတယ်။ သံနန်းကြိုးကို ကန့်လန့် ဖြတ်ထားတဲ့ သံနန်းလုံးနှစ်ခု ကို ပတ်၊ ပြီးတော့ လက်နဲ့ ဂျက်လိန် ငယ်နိုင် လျှိုလို့ရအောင် ကွင်းလေးလုပ်၊ ပြီးတော့ ဂျက်လိန် ငယ်နိုင် ရဲ့ ထိပ်က အကောက်လေးနဲ့ ချိတ်ပြီး လက်ကိုင်ကို သုံး၊ လေးပတ် လည်အောင် လှည့်ပေးရပါတယ်။ အဲလို လှည့်လိုက်တဲ့ခါ ခိုင်မာ ကျစ်လစ်တဲ့ သံချည်ကြိုးလေး ဖြစ်လာတယ်။ သံနန်းကြိုးကို လိုတဲ့ အခေါက်လေး ဖြစ်အောင် လွယ်လင့်တကူ ချည်နှောင် တုတ်နှောင်နိုင်လို့ သံကို ငယ်စဉ်တည်းက နိုင်တဲ့ သဘောနဲ့ ဂျက်လိန် ငယ်နိုင် လို့ သုံးနှုံးတယ်လို့ ယူဆပါတယ်။





Usage of Nge NaingUsage of Nge NaingUsage of Nge Naing

သံကူကွန်ကရစ် လောင်းဖို့
ဂျက်လိန် ငယ်နိုင်နဲ့ ချည်ထားတဲ့ သံနန်းလုံးမျာ

သူတို့ဖျက်ကြလေပြီ

Unicode Version မောင်လူအေးတို့ ဘီအိုအိပ်ချ် ရုံးတည်ရာ လှိုင် ၂ ရပ်ကွက်၊ ရတနာမွန် အိမ်ယာအတွင်းက လမ်းများမှာ ယခု ရက်သတ္တပတ်အတွင်...