Oct 19, 2009

I don’t care how you are going to do!

I don’t care!

ဒါမှ မဟုတ်...

I don’t care how you are going to do!

ပြည့်ပြည့် စုံစုံ ပြောရင်...

I don’t care how you’re going to do, please get it done!

ကျွန်တော် မကြိုက်တဲ့ အသုံးအနှုံးတစ်ခု။ မင်းလုပ်ချင်သလိုလုပ် ငါ ဂရုမစိုက်ဘူး။ အဓိက အလုပ်ပြီးဖို့ အရေးကြီးတယ်ဆိုတဲ့ အသုံးအနှုံး။ နောက်ထပ် ပြည်ချစ်သားတို့ နယ်ပယ်မှာ တွင်ကျယ်တဲ့ အသုံးအနှုံးလေးက

ရေဗူးပေါက်တာ မလိုချင်ဘူး။ ရေပါတာ လိုချင်တယ်။

အဲဒီ အသုံးအနှုံးကိုပဲ အငေါ်တူးပြီး ပြန်ပြောတတ်တဲ့ စကားလုံးက

ရေဗူးပေါက်တာ မသိဘူး။ ရေပါတာပဲ လိုချင်ရင်တော့ ဘုံဘိုင်ခေါင်းနဲ့ တိုက်တဲ့ ရေနွေးကြမ်းပဲ ရမယ်။ သောက်ချင်ရင် ဒူးလေး အယင်ထောက်လိုက် ဆိုတာပဲ။

အမှန်က အလုပ်ပြီးမြောက်ရေး အတွက် အတင်းဖိအားပေး စေခိုင်းတာ ဖြစ်တဲ့ အတွက် အလုပ် ပြီးမြောက်ရေး ဆိုတဲ့ ဦးတည်ချက် အပေါ်မှာတော့ ဒီအသုံးအနှုံးက သုံးသင့်တယ်လို့ ယူဆတယ်။ သို့ပေမဲ့ မောင်လူအေးရဲ့ ဥာဉ်အရ အကျပ်ကိုင်တာ တယ်လည်း မကြိုက်ချင်ဘူး။

ငယ်စဉ်က ဖြစ်ဖူးတဲ့ အဖြစ်အပျက်လေး။ နေမကောင်းလို့ အဒေါ်လုပ်တဲ့သူက ဆေးတိုက်တယ်။ ပါပါက နံဘေးနားမှာ ပက်လက်ကုလားထိုင်နဲ့ စာထိုင်ဖတ်နေတယ်။ အဒေါ်က ချစ်လို့ အလိုလိုက်တော့ အဒေါ်ကိုကတော့ ကောင်းကောင်းနိုင်တယ်။ ဆေးသောက်မဲ့ အရေးကို ကက်ဆက်ထဲ ဘယ်သီချင်း ဖွင့်ပေး။ အဲဒီသီချင်း ဖွင့်မှ သောက်မယ်။ အဒေါ်က ဖွင့်ပေးတယ်။ အဲဒီသီချင်း ဖွင့်ပြန်တော့၊ ဒါ မကြိုက်ပြန်ဘူး။ နောက်ထပ် ဘယ်သီချင်းဖွင့်။ မဖွင့်ရင် မသောက်ဘူး။ ဆန္ဒပြတယ်။

တစ်ခါ မဟုတ်၊ နှစ်ခါ မဟုတ်၊ ကြားနေရတာ ကြာလာတော့ ဘေးက စာဖတ်နေတဲ့ ပါပါက ရိုက်နေကျ ကြိမ်လုံးကို ဆွဲပြီး ထလာတယ်။ လက်ထဲက ကြိမ်လုံးနဲ့ ရွယ်ရင်း ပါပါက

ဟိတ်ကောင် မင်း ဆေးသောက်စရာ ရှိတာ သောက်တာ မဟုတ်ဘူး။ ငါ ဘေးက နားထောင်နေတာ ကြာလှပြီ။ တော်ရုံ ဆိုးရင် တော်ရောပေါ့။ မင်း နေကောင်းစေချင်လို့ သောက်ခိုင်းတာ သောက်ပေါ့။ ဘာလဲ ငါ ကြိမ်နဲ့ ဆော်ရမှာလား။

ဆိုပြီး ရွယ်တယ်။

ကြိမ်နဲ့ အရွယ်ခံရတယ် ဆိုရင်ပဲ ရိုက်ဖြင့် မရိုက်ရသေးဘူး။ ထပြီး ငိုတယ်။ ဆေး မသောက်တဲ့ အပြင် ငိုပါ ထပ်ငိုတော့ ပါပါက

မင်း ငိုတာ တိတ်မလား မတိတ်ဘူးလား။ ငါ ကြိမ်နဲ့ ဆော်ရမှာလား။

မတိတ်ဘူး ပြောလည်း အတီးခံရမယ်။ တိတ်မယ်ပြောရင်လည်း အရှုံးပေးရာကျတယ်။ ဒီလို အကျပ်ကိုင်တာတော့ ဘယ်ခံလိမ့်မလဲ။ နောက်တစ်ဖက်က ငိုတာ တိတ်လိုက်လို့ အရိုက်မခံရဖို့လည်း သေချာဖို့ လိုသေးတယ်။ ပြန်ပြောလိုက်တယ်။

ပါပါ ကြိမ်လုံးချရင် တိတ်မယ် လို့။

စစချင်း ပြည်ပကို ရောက်တော့ သူတို့ လုပ်ငန်းလုပ်ကိုင်ပုံနဲ့ ကိုနဲ့ သိပ်ပြီး အံမ၀င်ဘူး။ ကိုတွေ ဆီမှာက လူကြီးသူမ အရိုအသေ ပေးတာတို့၊ အားနာသမှု တို့၊ ကြီးသူကို ရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူကို သနား… စတာတို့ ရှိတယ်။ စစချင်းမှာ စောစောက ပြောတဲ့

I don’t care how you are going to do!

ဆိုတာ အင်မတန် နားကလောတဲ့ အသုံးအနှုံး။

နောက်ထပ် အဆိုအမိန့်လေး တစ်ခု ကြားဖူးတာက တစ်ကိုယ်လုံး မည်းနေတဲ့ လူဝံကြီး တစ်ကောင်ကို အရမ်းအေးတဲ့ နှင်းတောင် ဒေသမှာ သွားထားလိုက်ရင် အချိန်တစ်ခု ရောက်တဲ့အခါမှာ အမည်းရောင် ပျောက်ပြီး အဖြူရောင် ဖြစ်သွားလိမ့်မယ် တဲ့။ ဆိုလိုတာက သဘာဝ ပတ်ဝန်းကျင် တစ်ခုလုံး ဖြူဖွေးနေစဉ်မှာ သူ့ကိုယ်ခန္ဓာ တစ်ခုတည်း မည်းနက်နေခြင်းဟာ ရန်သူက သူ့ကို မြင်လွယ်စေပြီး အန္တရာယ် များလွန်းတာကြောင့် သဘာဝက သူ့ပတ်ဝန်းကျင်နဲ့ သူ့ကိုယ်ကို အလိုလျောက် ချိန်ညှိပေးသွားလိမ့်မယ်လို့ ဆိုလိုတာ ဖြစ်တယ်။

ဆိုတော့ ခုနက မကြိုက်ဘူး၊ မကြိုက်ဘူး ဆိုပြီး နားကလောတဲ့ အသုံးအနှုံးဟာ အခု အခါ ကိုယ့် ပါးစပ်ဖျားကိုပါ ရောက်လာတယ်။ ဘယ်လိုမှ သင်တာမဟုတ်ပေမဲ့လို့ ကြားပါများ တော့ ကိုယ့်နားထဲရောက် ကိုယ့်စကားလုံးလို ဖြစ်လာတယ်။ ပတ်ဝန်းကျင်ရဲ့ အလိုလျောက် ချိန်ညှိပေးသွားတဲ့ ကိစ္စ တစ်ခု။

ဆိုတော့ တွေးမိတာလေး ပြောပါတယ်။ အကယ်၍များ အချိန် တစ်ခုရောက်လို့ မြန်မာပြည်များ ပြန်ပြီး အခြေပြန်ချ ဖြစ်ခဲ့မယ်ဆိုရင် မောင်လူအေးဟာ အတော်လေး လူနားကလောတဲ့ စကားလုံးတွေကို ပြောတတ်တဲ့ သူတစ်ယောက် ဖြစ်နေဖို့ ရာခိုင်နှုံး အတော်များများ သေချာလာတယ်။ လူမှုရေး နားမလည်သူ၊ အားနာသမှူ မရှိသူ ဖြစ်လာစရာ အကြောင်း ပိုများတယ်။ ကျေးဇူးတင်ပါတယ် ဆိုတဲ့ စကားလုံးကို စိတ်ထဲ မပါဘဲ လျှာဖျားလေးကနေ တစ်နေ့ကို အခေါက်တစ်ထောင် မက ပြောတတ်တဲ့ သူတစ်ယောက် ဖြစ်လာမယ်။

အဲဒီခါကျရင် လူတွေက ပြောကြမယ်။

နိုင်ဂျံဂါးပြန်ကြီး ဆိုပြီးတော့ ရိုင်းလိုက်တာ… လို့ နောက်ကွယ်မှာ ပြောနေကြမှာ ကြိုတင် မြင်ယောင် နေမိတယ်။

4 comments:

  1. Howdy this is kind of of off topic but I was

    wanting to know if blogs use WYSIWYG editors or if you have to
    manually code with HTML. I'm starting a blog soon but have

    no coding knowledge so I wanted to get guidance from someone with

    experience. Any help would be enormously appreciated!

    my weblog - www.vaccineeducationonline.org

    ReplyDelete
  2. Heya i am for the first time here. I came across this board
    and I find It truly useful & it helped

    me out much. I hope to give something back and aid others like
    you aided me.

    Feel free to visit my web site :: https://Phpfoxdev.Indexcreativeonline.com/profile-124541/info/

    ReplyDelete
  3. My brother suggested I may like this web site. He
    used to be totally right. This publish truly made my day.
    You can not

    believe simply how a lot time I had spent for this info!
    Thanks!

    Look into my web blog ... escortinindia.com

    ReplyDelete

Your comment encouraged Mgluaye to write new posts in blog. It will be appreciated to write something about the post you have read...

Thank you

BAY OF HUNTERS