ကနေ့ အလုပ်ကနေ ပြန်လာတဲ့ခါကျတော့ စာလေးဘာလေးများ ရောက်လေမလားပေါ့။ စာတိုက်ပုံးကို သွားစစ်မိတယ်။ ကြော်ငြာစာရွက်တချို့နဲ့ ပုံမှန်လာနေကြ အသီးသီးသော ရေမီးဝန်ဆောင်မှုတွေရဲ့ စာတစ်ချို့ပဲတွေ့တယ်။ အဲသည်ထဲမှာ စာတစ်ရွက်က အတော်လေး ထူးခြားတယ်။ စာထဲရေးထားတာက သည်လို။
ROUTINCE CHANGE OF ELECTRICITY METER
1. Your electricity meter is due for replacement under our routine change programme.
2. We will be carrying out the meter change at your premises on 05 Dec 2007. Your electricity supply will be interrupted for about 10 minutes during the change. If the meter is installed outside your premises, you need not be present.
3. However, if you have any concern regarding the supply interruption please call us at tel xxxxxxxx for clarification.
4. There will be no charge for the meter change. We regret any inconvenience caused
5. Thank you.
လျှပ်စစ်မီတာအလှည့်ကျ လဲလှယ်ပေးသွားမယ်ပေါ့။ သမန်ကာရှန်ကာဖတ်လိုက်တော့ မီးပျက်မယ်ပေါ့။ မီးပျက်တာပဲ ဘာထူးဆန်းလဲပေါ့။ ကျွန်တော်တို့ ဗမာလူမျိုးတွေအတွက် ပြောပါတယ်။ မီးပျက်တာ ဘယ်လောက်မှ မထူးဆန်းပါဘူး။ ပျက်တဲ့ အချိန်လေးပဲ ထူးခြားတယ် ။ အမယ်လေး ဆယ်မိနစ်များတောင် ပြတ်မယ်ဆိုပဲဗျာ။
တော်တော်လေး အံ့အားသင့်သွားမိတယ်။ သုံးစွဲသူ အပေါ် ဘယ်လောက်များ အရေးထားလိုက်လဲဗျာ။ လျှပ်စစ်မီး ဆယ်မိနစ် ပြတ်တောက်မယ် ဆိုတာကို ဆယ်ရက်ကြိုပြီး အကြောင်းကြားတယ်ဗျာ။ ကျွန်တော်တို့ဆီမှာများ ဘယ်အချိန်လာလို့ ဘယ်အချိန် ပြတ်မယ်ဆိုတာလည်း မသိရ။ ဘာအကြောင်းကြောင့် ဆိုတာလည်း မသိရ။ ရံဖန်ရံခါတော့ မခိုင်လုံတဲ့ ရပ်ကွက်သတင်းအရ လောပိတမှာ ရေနည်းလို့ ဆိုတာက တစ်ကြောင်း၊ ဓာတ်ငွေ့တာဘိုင် ပျက်လို့ ဆိုတာက တစ်သွယ်။ အခုတော့ လျှပ်စစ်မီးဆိုတာ ကိုယ်ပိုင် မီးစက်ရှိမှ ရတဲ့ အရာရယ်လို့ ဆိုရမလားရယ်တောင် ဖြစ်နေပြီ ဆိုပါလားဗျာ။