Showing posts with label Gtalk. Show all posts
Showing posts with label Gtalk. Show all posts

May 10, 2010

Gtalk Always Idle

Actually, I had posted about Gtalk Always Idle before, here. But, when I double check the link I referred (its original site), the link was dead and the download link is no longer working already. I found that some of my friends who visited MGLUAYE'S PAGES are looking for Gtalk Always Idle. Thus, I uploaded the same software to different server. I hope it will help you to play with your friends by pretending to be idle whenever you want.

Now you can download it over here.

Hope you all enjoy.
------------------------------------------------
This post was posted on 2010. Jan. 19th. It was re-posted in 2010. May . 10 after updating the broken link.
------------------------------------------------

May 15, 2009

Gtalk နဲ့ Teleconferencing လုပ်ရအောင်...

အတော်များများ သိထားပြီးသား ဖြစ်နိုင်တဲ့ ကိစ္စလေး တစ်ခုပါ။ အွန်လိုင်းပေါ်ကနေ တစ်နေရာစီမှာ ရောက်နေကြတဲ့ သူငယ်ချင်း ၃ ယောက် အွန်လိုင်း အစည်းအဝေး (Teleconferencing) လုပ်လို့ ရနိုင်တဲ့ Trick လေးပါ။ Gtalkကို တပြိုင်နက်တည်း တစ်ခုထက် ပိုပြီး ဖွင့်သုံးလို့ ရအောင် လုပ်တဲ့နည်းကို သိခဲ့ကြတာ ကြာပြီ။ သို့ပေမဲ့ အဲဒီ ဖွင့်လို့ရအောင် လုပ်တဲ့နည်းက ကိုယ်က တစ်ခုထက် ပိုတဲ့ Account တွေနဲ့ လူအများနဲ့ တချိန်တည်း တပြိုင်တည်း Chatting ပြောလို့ရအောင် သုံးကြတာ များတယ်။ အဲဒီနည်းကိုပဲ သုံးပြီး Account တစ်ခုတည်းနဲ့ Gtalk တစ်ခုထက် ပိုဖွင့်ပြီး မိမိ အပါအ၀င် နှစ်ယောက်ထက် ပိုတဲ့ သူငယ်ချင်းတွေ အချင်းချင်း မျက်နှာချင်းဆိုင် ထိုင်ပြီး အစည်းအဝေး လုပ်ရသလို ပြောဆိုနိုင်အောင် အသုံးချတဲ့ နည်းလေးပါ။

ဒီလိုလုပ်နိုင်ဖို့ Gtalk Shortcut လေးကို Copy အယင်ပွားပါ။ ပထမတစ်ခုကို နဂိုအတိုင်း ထားပြီး နောက်ထပ် Copy ပွားထားတဲ့ Shortcut လေးကို Right Click ခေါက်၊ Properties ထဲကို သွားပါ။ အဲဒီမှာ ဒီလိုလေး တွေ့ပါမယ်။

Gtalk


အဲဒီထဲက Target ဆိုတဲ့ နေရာမှာ တွေ့ရတဲ့ လင့် "C:\Program Files\Google\Google Talk\googletalk.exe" ရဲ့ နောက်မှာ /nomutex လို့ တွဲပေးပေးပါ။ အသစ်ပြောင်းလိုက်တဲ့ လင့်လေးက "C:\Users\MGLUAYE\AppData\Roaming\Google\Google Talk\googletalk.exe" /nomutex ဒီလိုလေး ဖြစ်ပါတယ်။

Gtalk Modified


ပြီးရင် Apply ကို နှိပ်ပြီး ပိတ်လိုက်ပါ။


စစချင်း မိမိ Account နဲ့ပဲ Gtalk စ၀င်ပါ။ ၀င်ပြီးတဲ့နောက် Shortcut လေးကိုပဲ နောက်တစ်ကြိမ် Double Click ခေါက်ပါ။ Gtalk Window လေး နောက်တစ်ခု ထပ်ပွင့်ပါလိမ့်မယ်။ မိမိ Account နဲ့ပဲ နောက်တစ်ခေါက် ထပ်ဝင်ပါ။ နောက်ထပ် မိမိ အလိုရှိသလောက် Gtalk Window အသစ်တွေ ဖွင့်သွားလို့ ရပါသေးတယ်။ အဲဒီနောက် ပထမ Gtalk နဲ့ သူငယ်ချင်း တစ်ယောက်ကို ခေါ်၊ ဒုတိယတစ်ခုနဲ့ ဒုတိယ သူငယ်ချင်း တစ်ယောက်ကို ခေါ်။ အကယ်၍ သူငယ်ချင်း ၃ ယောက် အပြန်အလှန် စကားပြောမယ်ဆိုရင် သုံးယောက်လုံးဆီမှာ တစ်ယောက်ကို အနည်းဆုံး Gtalk Window ၂ ခုစီဖွင့်ပြီး အပြန်အလှန် ခေါ် ကြမယ်ဆိုရင် အပြင်မှာ လက်ဖက်ရည်ဆိုင်မှာ ထိုင်ပြီး စကားပြောသလိုပဲ Teleconferencing လုပ်နိုင်မှာ ဖြစ်ပါကြောင်း။


လူအရေအတွက် စိတ်ကြိုက် ပြောချင်သလောက် ပြောနိုင်ပြီး ဖွင့်ထားရမဲ့ Gtalk Windows အရေအတွက်က တပြိုင်တည်း ပြောချင်တဲ့ လူအရေအတွက် စုစုပေါင်းထက် တစ်ခု လျော့ဖွင့်ဖို့ လိုတယ်လို့ ဆိုပါတယ်။ ဥပမာ လူသုံးယောက် တပြိုင်တည်း ပြောဖို့ တစ်ဦးစီဆီမှာ Gtalk Windows ၂ ခုစီ ဖွင့်ထားဖို့ လိုတယ်လို့ ဆိုပါတယ်။


တပြိုင်တည်း ဆက်သွယ်ထားတဲ့ Gtalk Windows လေးတွေကို ဒီလို မြင်ရပါလိမ့်မယ်။

teleconferencing


ဒီနေရာက စာကို ဆီလျော်အောင် ပြန်ဆိုပါတယ်။

BAY OF HUNTERS