ဒီစာတွေနဲ့ ဒီပုံတွေ တင်ဖို့ ကြိုးစားနေတာ ကြာပြီ။ တော်ကြာနေ ကော်ပီရိုက်တွေ ဘာတွေ ညာတွေနဲ့ ငြိမှာ စိုးလို့ မတင်ဖြစ် မတင်ဖြစ်နဲ့ နေနေတာ။ ခုတော့ ဒီ သတင်းက အယင်တစ်ပတ်က သတင်းစာထဲ ပါသွားပြီးပြီ ဆိုတော့ ဓာတ်ပုံတွေ တင်လို့ရပြီ။ (ဆိုပြီး ကိုယ့်ဖာသာကိုယ် သတ်မှတ်လိုက်တယ်။) အမှန်က ခုနေမှ Site ရဲ့ ရုပ်က ပေါ်တာပါ။ တစ်နေ့တခြား ပိုပို ပီပြင်လာတယ်။ ဆိုက်ထဲမှာ မောင်လူအေး အပြင် မြန်မာ အင်ဂျင်နီယာတွေ ရှိကြတယ်။ ဘယ်သူများ အင်တာနက်ပေါ် ဒီအကြောင်း တက်လာမလဲ ဆိုပြီး ကြည့်နေတာ ကြာပြီ။ တစ်ယောက်မှ မရေးကြပုံထောက်ရင် အဲဒီ အင်ဂျင်နီယာတွေက စာဖတ်သူများသာ ဖြစ်ကြပြီး၊ စာရေးသူများ မဟုတ်လို့ပဲ နေပါမယ်။

မောင်လူအေးတို့ ခုဆောက်နေတဲ့ ပရောဂျက်ကို Resorts World at Sentosa (RWS) လို့ ခေါ်တယ်။ RWS ဆိုတဲ့ ပရောဂျက်ကြီး တစ်ခုလုံးကို အပိုင်း ခြောက်ပိုင်းခွဲပြီး လောလောဆယ် အပိုင်းလေးပိုင်း ဆောက်နေတယ်။ အဲဒီထဲမှာ အခု မောင်လူအေးတို့ ပါဝင် ပတ်သက်နေတဲ့ Universal Studio Singapore (USS) လည်း တစ်ခု အပါအ၀င်ပေါ့။ အဲဒီ USS ကို နောက်ထပ် ခြောက်ပိုင်း ပိုင်းထားတယ်။ အဲဒါတွေက…
Sci-Fi City
မြန်မာလို ခေါ်ရင် သိပ္ပံမြို့တော်လို့ ခေါ်ရမယ် ထင်တယ်။ Sci Fi City ရဲ့ အထင်ကရ အရှိဆုံးက Battlestar Galatica လို့ခေါ်တဲ့ Coaster ၂ ခု ဒွေးရောယှက်တင် လွန်းထိုး ပျံသန်းမဲ့ အကြီးစား Roller Coaster ပါမယ်။ သိပ္ပံနဲ့ ထူးခြားဆန်းကြယ် ပြကွက်များ ပြသနိုင်မဲ့ Sci Fi Special Effect Theater တစ်ခုလည်း ရှိတယ်။
New York
နယူးယောက်မြို့ရဲ့ လမ်း အသွင်အပြင်နဲ့ အဆောက်အဦးတွေ တွေ့ရမယ်။ လမ်းမတလျှောက်မှာရော ရေကန် (Lagoon) ဘေးက ဆိပ်ခံ တံတားလေးကလည်း နယူးယောက်မြို့ရဲ့ အသွင်အပြင်ကို ထင်ဟပ် ဖော်ပြမှာ ဖြစ်ပါတယ်။ နယူးယောက်မှာ နယူးယောက် စာကြည့်တိုက် ရှိမယ်။ နောက်ပိုင်းမှာ Special Effect တွေပါမဲ့ ET လိုမျိုး Animation တွေပြဖို့ အဆောက်အဦး အလွတ် ချန်ထားတယ်။
Hollywood
ကမ္ဘာ့ရုပ်ရှင်မြို့တော် ဟော်လီဝုဒ်ရဲ့ အဆင်အပြင်တွေနဲ့ အဆောက်အဦးတွေ တွေ့ရမယ်။ ပြဇာတ်များ၊ ကမ္ဘာကျော် ရုပ်ရှင်နဲ့ သဘင်ဂီတ ပုဂ္ဂိုလ်များ လာရောက် ဖျော်ဖြေနိုင်စေမဲ့ Hollywood Theater ပါမယ်။
Journey to Madagascar (JTM)
မဒ္ဒါဂတ်စကား တောတွင်း တစ်နေရာသို့ ရောက်သွားရသလို ခံစားရစေမဲ့ အပိုင်း ဖြစ်ပါတယ်။ ဟောလီးဝုဒ်ကနေ မဒ္ဒါဂတ်စကားကို အကူးမှာ ဧရာမ သစ်ပင်ကြီး တစ်ပင် ရှိတယ်။ အဲဒီ အပင်က ဘာဘာသစ်ပင်ကြီး (Babao Tree) လို့ခေါ်တယ်။ သစ်ပင် ရဲ့ အပေါ်ပိုင်းနားကို လေယာဉ်ပျံ တစ်စီး ၀င်တိုက်ထားတာ ပါမယ်။ မဒ္ဒါဂတ်စကား တောတွင်းက ဂူလိုမျိုး သဏ္ဍာန် အဆောက်အဦးတွေ ပါပါမယ်။ နာမည်ကျော် Shrek ဆိုတဲ့ အကောင်နေတဲ့ အိမ်လေး ပါမယ်။ တောတွင်း တစ်နေရာကို ရောက်နေရသလို ခံစားရမဲ့ အုန်းပင်ကြီးတွေရဲ့ အောက်မှာ အုန်းလက် ထီးလေးတွေရဲ့ အောက် အဆာပြေ စားစရာတွေ စားလို့ ရမဲ့ Outdoor Dining တွေ ပါမယ်။
JTM ထဲမှာ ဧရာမ သင်္ဘောပုံ Facade ကြီးနဲ့ အတွင်းထဲမှာ Coaster စီးနိုင်မဲ့ Flume Ride ကြီး တစ်ခုလည်း ပါတယ်။ JTM ရဲ့ အဓိက Attraction က ဒီ Flume Ride ကြီးပဲ။
Far Far Away
Far Far Away မှာကတော့ အဓိက 4D Cinema တစ်ခုပါမယ်။ အဲဒီ 4D Cinema ရဲ့ ပြင်ပ အသွင်သဏ္ဍာန်က Castle ကြီး တစ်ခု အသွင် ရှိတယ်။ 4D ဆိုတာက မောင်လူအေးတို့ မကြည့်ဖူးသေးဘူး။ Universal Studio က လာပြတဲ့ Presentation မှာ ကြည့်ရတုံးက တွေ့ဖူးတာက ဇာတ်လမ်းထဲမှာ မိုးရွာတယ်ဆိုရင် အပြင်မှာ ကြည့်နေတဲ့ ပရိသတ် အပေါ်ကို မိုးစက်လေးတွေ ကျမယ်။ ရုပ်ရှင်ကြည့်ရတဲ့ ထိုင်ခုံတွေကလည်း ဇာတ်လမ်းထဲက လှုပ်ရှားမှုနဲ့ လိုက်လျောညီထွေ လိုက်လှုပ်မယ် လို့ဆိုတယ်။
Far Far Away ထဲမှာ နောက်ထပ် ရှိတဲ့ Attraction တွေက Donkey Theater ရယ်။ Fairy God Mother Souvenir Shop ရယ်။ Romeo Food Court ရယ်။ Friar Fat Boy F&B ရယ် ရှိမယ်။ နောက်ထပ် ကလေးတွေ ကစားဖို့ အတွက် Coaster အသေးလေး ဖြစ်တဲ့ Dragon Coaster ရှိမယ်။
Lost World
Lost World မှာ Jurassic Park ရှိမယ်။ Jurassic Park ကတော့ လမ်းလျှောက် ကြည့်ရမှာ ဖြစ်ပြီး၊ နောက်မှာ ရှိတဲ့ Flume Ride ကတော့ ရေယာဉ် သေးလေး စီးပြီး ဒိုင်နိုဆောတို့ ကမ္ဘာကို သွားရောက်လည်ပတ် နိုင်မှာပါ။ နောက်စီးစရာ တစ်ခုက Canopy Flyer ဆိုတဲ့ Suspended Coaster စီးပြီး Jurassic Park ကို ကြည့်ရမှာ ဖြစ်တယ်။ Lost World ရဲ့ နောက်မှာ ရှိတဲ့ နောက်ထပ် Attraction တစ်ခုကတော့ Water World ပါပဲ။ Water World ရဲ့ ဇာတ်ကားထဲက ဇာတ်လမ်းအတိုင်း လူစင်စစ်တွေက သရုပ်ဆောင်မဲ့ ပြဇာတ် အကြီးစားပဲ ဖြစ်တယ်။
Egypt
USS ရဲ့ အကြီးဆုံး ဖြစ်တဲ့ Mummy Ride က Egypt Land ထဲမှာ ရှိတယ်။ Revenge of The Mummy လို့ ခေါ်တယ်။ Special Animated Effect တွေပါတဲ့ Indoor Roller Coaster တစ်ခုပါပဲ။ Egypt Land ထဲမှာ Toilet ကအစ Egypt က ပိရမစ် အပျက် ပုံစံအတိုင်း ဆောက်ထားတယ်။ နောက်ထပ် Egypt ထဲမှာ ရှိတာက Dark Ride ပဲ ဖြစ်တယ်။ အဓိကတော့ ကလေးပရိသတ် အတွက် ရည်ရွယ်ပုံရတယ်။
ခုလောလောဆယ်တော့ ၂၀၀၉ နှစ်ကုန်ပိုင်းကို ပြီး နိုင်ဖို့ အသေအကြေ ချဆောက်နေတယ်။ ၂၀၁၀ မှာ ဖွင့်မယ်လို့ ဆိုပါတယ်။ Park ထဲမှာ ခန့်ထားမဲ့ ၀န်ထမ်းတွေတော့ စခန့်ထား ပြီးပါပြီ။ နောက်လည်း ထပ်ခေါ်သွားဦးမယ်လို့ သိရပါတယ်။ နောက်များမှ ဒီထက် ပိုလှတဲ့ ပုံလေးတွေ ထပ်တင်ပါဦးမယ်။

7 Comments:
Thank you for ur information. I really enjoy it.
We'r same project but I'm not engineer. I'm office staff. So I don't know detail. Thanks for your photo and information.
Thank for the photo
very good post, pleas share to us more about it, will they charge the admission fees? hw much ? may be expensive,? more than S'pore eyes? nothing to see with S'pore eyes, charge S$ 30, for this park, many big big things, may be $ ?????? dunno.
ဖွင့်ရင်တော့ သွားဖြစ်အောင်သွားအုံးမှပဲ။ သတင်းပေးတာ ကျေးဇူးပဲဗျို့....
ဓါတ်ပုံတွေ အချိန်ရရင်ထပ်တင်ပေးနိုင်မလားခင်ဗျာ။ ကျွန်တော်လည်း အဲ့ဒီဆိုဒ် မှာလုပ်နေရတာပါ။ ဒါပေမဲ့ ရုံးကနေပဲ ပုံတွေ ထုတ်နေရတာပါ
:( ဆိုဒ်ကိုတစ်ခါမှ မသွားဘူးလို့ပါ ။
I'm waiting for the new photos as you mentioned at the end of your post.
Post a Comment
Your comment encouraged Mgluaye to write new posts in blog. It will be appreciated to write something about the post you have read...
Thank you