Jan 10, 2009

D&D Party

Projector
ကနေ့တော့ မောင်လူအေး အတော် ပျော်နေတယ်ဗျာ။ အမှတ်တရ အနေနဲ့ ဒီပို့စ်လေး တင်တာပါ။

မောင်လူအေးတို့ ကုမ္ပဏီမှာ ကနေ့ D&D (Dinner & Dance Party) လုပ်ပါတယ်။ Singapore က Shangri-La ဟိုတယ်မှာပေါ့။ ကနေ့ နေ့လည်ကတည်းက Drawing တွေနဲ့ စာရွက်စာတမ်း အချို့ Submission လုပ်စရာ ရှိတာနဲ့ တိုင်ပတ်နေတာနဲ့ ညနေ ၅ နာရီ ခွဲလောက်ကျမှ Vivo City ကနေ ပြန်ရပါတယ်။ Vivo City ကနေ မောင်လူအေးတို့ စံမြန်းရာ ဘုံဗိမ္မာန်ကို တက္ကစီနဲ့ ပြန်လိုက်တာ ၆ နာရီခွဲ လောက်မှ ပြန်ရောက်တယ်။ ပြန်ရောက်ရောက်ချင်း ရေမိုးချိုး အ၀တ်အစားလဲပြီး D&D ကျင်းပရာ Shangri-La ဟိုတယ်ကို တက္ကစီနဲ့ပဲ သုတ်ခြေတင်ခဲ့ကြတယ်။ သောကြာညနေ ဖြစ်တာကြောင့် ပုံမှန် ၄၅ မိနစ်လောက်ပဲ မောင်းရမဲ့ ခရီးကို တစ်နာရီခွဲလောက် မောင်းလိုက်ရတယ်။ ဟိုတယ်ရောက်တော့ ၈ နာရီ ထိုးခါနီးနေပြီ။ ၆ နာရီခွဲကနေ စတဲ့ ပွဲက ဒါရိုက်တာတွေ နှုတ်ခွန်းဆက် စကား ပြောကြားပြီးလို့ စားသောက်နေကြပြီ။ မောင်လူအေးတို့ ရောက်တော့ Game ကစားတဲ့ ပွဲလေးတွေ စနေပါပြီ။ Shangri-La ဆိုလို့ နာမည်ကြီး ဟိုတယ်ဆိုပြီး အထင်ကြီး မိတယ်ဗျာ။ ဘယ့်နှယ့် ချောင်ကြို ချောင်ကြားမှာ လာဆောက်ထားတယ်။ နာမည် ဘယ်လို ကြီးတယ်တော့ မသိဘူး။ အမေရိကန် သမ္မတ Gorge W Bush Singapore လာတုံးကတောင် ဒီမှာ တည်းသွားတယ် ဆိုပဲ။

ထားပါတော့။ ကစားပွဲလေးတွေနဲ့ အတူတူ ကံစမ်းမဲ အစီအစဉ်လေးလည်း တွဲလျက် ပါဝင်ပါတယ်။ ဆုမဲက စုစုပေါင်း ၃၀ လောက် ရှိမယ် ထင်တယ်။ ဆိုးတာက နောက်ဆုံးကနေ စပြီး ရေတွက်တဲ့ ဆုမဲတွေထဲမှာ နံပတ် ၁၁ ရောက်တဲ့ အထိ မောင်လူအေးတို့ စားပွဲက တစ်ယောက်မှ မပေါက်ဘူး။

အဲ ... ဆုမဲ ၁၀ ကနေ စပြီး ကြေညာတဲ့ အခါကျတော့ ဆုမဲတွေ ပါလာ ပါလေရောဗျာ။ ဆုမဲ နံပတ် ၁၀ ကျောပိုးအိတ်ကနေ စပြီး ပေါက်လိုက်တာ။ နံပတ် ၂ 32" LCD TV မောင်လူအေးတို့ စားပွဲကပဲ ပေါက်ပါတယ်။

နံပတ် ၁ ဆုမဲ ဖြစ်တဲ့ Mitsubishi Projector ပေါက်မဲ ကြေညာတော့ မောင်လူအေးရဲ့ သူငယ်ချင်း နာမည် ဖြစ်နေတယ်။ (ဟုတ်ကဲ့ ... မြန်မာသူငယ်ချင်းကို ပြောတာပါ ခင်ဗျာ... ) ပျော်တယ်ဗျာ။ ဆုမဲ ပေါက်မဲ တန်ဖိုး အနေနဲ့ကတော့ စင်္ကာပူ ဒေါ်လာ ၄၉၉၉ လို့ ဆိုပါတယ်။

အနည်းလေး မရှိဘူးဆို ပြန်ရောင်းရင် စင်္ကာပူ ဒေါ်လာ ၄၀၀၀ အပြင်တော့ လျော့စရာ အကြောင်း မရှိဘူးပေါ့ဗျာ။

အဲ... မောင်လူအေး ဘာလက်ဆောင် ရခဲ့လည်း။

ဟုတ်လား။

ဘယ်နေလိမ့်မလဲဗျာ။ ရတာပေါ့။ SENNHEISER တံဆိပ် Ear Phone တစ်ခု လက်ဆောင် ရခဲ့ပါတယ်။ မောင်လူအေး အယင်က ၀ယ်ထားတဲ့ MP4 Player လေးက Ear Phone ကောင်းကောင်း မ၀ယ်ဖြစ်သေးတာနဲ့ ဒီအတိုင်း ထိုးထည့်ထားရတာ ကြာပါပြီ။ ခုတော့ Ear Phone ရလာတာနဲ့ ဆို အတော်ပဲ ဖြစ်သွားတာပေါ့ဗျာ။ နော။

7 comments:

  1. Mitsubishi Projector ကြီး စလုံးမှာ ပြန်ရောင်းလို့ ရတဲ့ ဈေးကွက်များ ရှိလားမသိဘူးနော် :)

    ReplyDelete
  2. လောလောဆယ်တော့ ဆုမဲက Mitsubishi မှာ သွားထုတ်ရမှာ ဆိုတော့ Mitsubishi မှာပဲ Projector မယူဘဲ ပိုက်ပိုက် ယူလို့ ရမလား အယင် မေးကြည့်ရမယ် ထင်တယ်ဗျ။ သူတို့က ပိုက်ပိုက်နဲ့ ပေးရင်တော့ အရှင်းဆုံးပဲ ပေါ့လေ။ အကယ်၍ သူတို့က Projector ပဲ ပေးမယ်ဆိုရင်တော့လည်း ပြန်ရောင်းဖို့ ကြိုးစားရဦးမှာပေါ့။

    Canada မှာ ရောင်းလို့ ရမလား နည်းနည်း မေးကြည့်ပေးလေဗျာ... :)

    လာလည် ဖတ်ရှု မှတ်ချက်ပြုတာ ကျေးဇူးပါ မအိမ့်ချမ်းမြေ့ခင်ဗျာ...

    ReplyDelete
  3. ဘာပဲဖြစ်ဖြစ်တန်ပါတယ်လေ ဟုတ်ဘူးလား

    ReplyDelete
  4. Can I just say what a relief to search out somebody who

    truly knows what theyre speaking about on the internet. You positively know how you can convey
    an issue to

    gentle and make it important. More folks must read this

    and perceive this aspect of the story. I cant imagine youre no more

    in style because you undoubtedly have the gift.

    my web site - www.scribblymate.com

    ReplyDelete
  5. Hi! This is kind of off topic but I need some help from an
    established blog. Is it very difficult to set up your own blog?
    I'm not

    very techincal but I can figure things out pretty fast. I'm thinking about making my own but

    I'm not sure where to start. Do you have any ideas or suggestions? Many thanks

    My blog http://www.community.mietmie.nl/

    ReplyDelete
  6. Please let me know if you're looking for a author for your site. You

    have some really good posts and I think I would be a good asset. If you ever want to take

    some of the load off, I'd really like to write some content for your blog in

    exchange for a link back to mine. Please shoot me an email if interested.
    Regards!

    My blog khyentseyeshe.com

    ReplyDelete
  7. I've been absent for some time, but now I remember why I used to love this site.

    Thank you, I will try and check back more often. How frequently you update your web

    site?

    Review my weblog ... pizzazzinternational.ca

    ReplyDelete

Your comment encouraged Mgluaye to write new posts in blog. It will be appreciated to write something about the post you have read...

Thank you

BAY OF HUNTERS