Dec 1, 2007

စင်္ကာပူ ခရီး


ဒီစာကို ရေးချင်နေတာ ကြာပါပြီ။ ရေးမယ် ရေးမယ်နဲ့ မစဖြစ်မစဖြစ် တော်တော် တောင်ကြာသွားတယ်။ ပြီးတော့ ဖတ်မိတဲ့ သူတွေက တော်တော် ဆရာကြီးလုပ်လှချည်လား ထင်မှာလည်း စိုးတာပါပေသပေါ့။ ဒီစာရဲ့ အဓိက ရည်ရွယ်ချက်က လက်ရှိ ဒီကို လာဖို့ ကြိုးစားနေတဲ့သူတွေ ကျွန်တော်တို့တုံးကလို အလိမ်မခံရစေဖို့ ရည်ရွယ်ပါတယ်။ ရေးထားတဲ့ အကြောင်းအရာတွေဟာ လက်ရှိ ဒီမှာ ရောက်ရှိနေပြီးသားသူတွေ အတွက်တော့ သိပြီးသားတွေပါကွာလို့ ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။ သို့ပေမဲ့ မရောက်သေးတဲ့ သူတွေအတွက်တော့ အကျိုးတစုံတရာရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်။

စင်္ကာပူမှာ ဗမာတွေ အလုပ်လာလုပ်တာ အခုမှ မဟုတ်ပါဘူး။ ကျွန်တော်တို့ မမွေးခင်ကတည်းက လာရောက်အလုပ်လုပ်နေကြတာ ဖြစ်တယ်။ ဒီကိုရောက်ပြီး အထူးသဖြင့် ပင်နီဆူလား ပလာဇာကို သွားကြည့်လိုက်။ မြန်မာတွေ တပုံမှ တပုံတပင်။ ရောက်ပြီး ဒီမှာ အချိန် အတိုင်းအတာ တစ်ခုအထိ အလုပ်လုပ်ပြီး ပြန်သွားခဲ့တဲ့သူတွေလည်း အများကြီး။ ဒီလိုများနေသည့်တိုင်အောင် မြန်မာပြည်ဘက်ကနေ စင်္ကာပူကို လာဖို့ခရီးစဉ်ဟာ မရောက်ဖူးသေးသူအဖို့ ပဟေဠိဆန်နေတုံး။

ဒီလိုပဟေဠိဆန်လေလေ အေးဂျင့်တွေက ရိုက်လို့ ကောင်းလေလေပဲ။ အခုနေ ဆိပ်ကမ်းသာ လမ်းတ၀ိုက်က အေးဂျင့်တွေကို သွားမေးကြည့်လိုက်။ ပြောပြပါလိမ့်မယ်။ စင်္ကာပူသွား အလုပ်လုပ်တဲ့ ခရီးကို နတ်ပြည်တက်ရတဲ့ ခရီးလိုလို ထင်ရအောင် ပြောပြပါလိမ့်မယ်။ ဒါတွေက ကျွန်တော်တို့ ကိုယ်တိုင် ကြုံခဲ့ရတဲ့ ကိစ္စတွေ ဖြစ်တဲ့ အတွက် အတော်ကို ခိုင်ခိုင်မာမာ ပြောရဲတာပါ။ သူတို့ စီးပွားရေးလုပ်တာ။ မှန်ပါတယ်။ လုပ်ပါစီးပွားရေး။ မှန်မှန်ကန်ကန် ၀န်ဆောင်မှုပေးပြီး မှန်မှန်ကန်ကန် ထိုက်သင့်လျောက်ပတ်တဲ့ ၀န်ဆောင်ခယူပါ။ အခုတော့ ၀န်ဆောင်ခကို တနင့်တပိုးယူတယ်။ ပေးလိုက်တဲ့ ၀န်ဆောင်မှု။ ၁၀၀ မှာ ၇၅ ယောက် အဆင်မပြေပါဘူး။ ဘာလဲ ဒီဝန်ဆောင်မှု။

အခုခေတ်ကာလက တော်တော်လေးကို ပွင့်လင်းနေပါပြီ။ လိမ်ညာတဲ့လူကို ထားပါ။ လိမ်ညာခံရဖို့ မသင့်တော့ပါဘူး။ ဘာလို့လည်းဆိုတော့ ကျွန်တော်ကိုယ်တိုင်ကိုပဲ အလိမ်ခံခဲ့ရတဲ့ စာရင်းထဲ ပါခဲ့ဖူးလို့ပါ။

ကျွန်တော့် ဇာတ်လမ်းလေး နည်းနည်းပြောပြပါရစေ။ ဘာလို့လည်းဆိုတော့ ဒီဇာတ်လမ်းနဲ့ ခပ်ဆင်ဆင်ချည်းပဲ အလိမ်ခံခဲ့ရ၊ အလိမ်ခံနေရဆဲ၊ အလိမ်ခံရဦးမဲ့သူတွေ အများကြီးဖြစ်နေလို့ပါပဲ။

စစချင်း ခင်မင်ရင်းနှီးတဲ့သူတစ်ယောက်ကပြောမယ်။ ဒီလိုဒီလို စင်္ကာပူမှာ အလုပ်ရမယ့် အခွင့်အလမ်းရှိတယ်။ ကိုယ်ကိုတိုင်ကလည်း စင်္ကာပူကို သွားအလုပ်လုပ်ချင်နေတဲ့သူဆိုတဲ့ခါကျတော့ အေးဟုတ်လား ဆိုပြီး၊ ကဲ သွားတွေ့ကြည့်မယ်ဆိုပြီးတော့ကာ သွားရောက်ဆက်သွယ်ပါတယ်။ ဆိုတော့ အေးဂျင့်လုပ်တဲ့သူက ဒါဆို မင်း စာရွက်စာတမ်းတွေ လာပေးထားနှင့်ဆိုတာနဲ့ ၀မ်းသာအားရသွားပေးထားမယ်။ အဲဒီပေးတဲ့ အချိန်မှာတော့ ကြွေလောက်အောင်ပြောပြပါလိမ့်မယ်။ စင်္ကာပူရောက်ရင် ဘာလုပ်ရမှာ၊ ညာလုပ်ရမှာ ဆိုပြီးတော့။ နောက် တစ်ပတ်တန်သည် နှစ်ပတ်တန်သည်ကြာတဲ့ အချိန်မှာ အင်တာဗျုးရှိတယ်ဆိုပြီး ခေါ်ပါလိမ့်မယ်။ အဲဒီအချိန်မှာ မင်း တို့အတွက် ခရီးသွားဖို့လာဖို့ လိုတဲ့အခါ သုံးရမယ်ဆိုပြီး သကာလ ပတ်စပို့ကို ရအောင်တောင်းသွားပါလိမ့်မယ်။ ပတ်စပို့ ရပြီးသွားတဲ့ အခါ။ တစ်ရက်ရက်မှာ တစ်နေရာရာမှာ နိုင်ငံခြားသားတစ်ယောက်ယောက်နဲ့တွေပြီး အင်တာဗျုးဆိုပြီး လုပ်ပေးပါလိမ့်မယ်။ ပြီးတဲ့ခါကျတောက ဗီဇာလျှောက်ဖို့ အတွက်ဆိုပြီး ငွေ သိန်းဂဏန်း တချို့ တောင်းပါလိမ့်မယ်။ ကိုယ်က မသေချာလို့ဆိုပြီး အဲဒီငွေကို မပေးခဲ့ဘူးဆိုရင် ယူထားတဲ့ ပတ်စပို့ကို ပြန်မပေးတော့ပါဘူး။ ပြီးတာ့ သကာလ ပတ်စပို့ကို လျှောက်ထားရ မည်မျှ ခက်ကြောင်း၊ မည်မျှကုန်ကျကြောင်း ပြောပြပါလိမ့်မယ်။ သူတို့ပြောချင်တာက သူတို့ဆီက ပတ်စပို့ကို သူတို့တောင်းတဲ့ ငွေ ပမာဏပေးပြီး ရွေးယူရုံကလွဲပြီး တခြားနည်းလမ်းမရှိကြောင်း ပြောချင်ခြင်းသာဖြစ်ပါတယ်။

အေးဂျင့်တွေအားလုံးပဲ အဆင်မပြေဘူးလား။ ဒါမေးစရာရှိပါတယ်။ တချို့အေးဂျင့်နဲ့လာပြီး အလုပ်လုပ်နေရတဲ့သူတစ်ချို့ ရှိပါတယ်။ ကျွန်တော်တို့ အမြင်တော့ တစ်ခုမဟုတ် တစ်ခု အဆင် မပြေတာတွေရှိတယ်ဗျာ။ တချို့က မြန်မာပြည်မှာကတည်းက အဆင်မပြေဘူး။ တချို့က မြန်မာပြည်က ထွက်ခဲ့ရပါတယ်။ ဒီကိုရောက်တော့ ရန်ကုန်မှာ ပြောတဲ့ အလုပ်မဟုတ်ဘူး။ ရန်ကုန်မှာပြောခဲ့တဲ့ ခံစား ခွင့်တွေမရဘူး။ ခံစားခွင့်တွေတော့ရပါရဲ့ စာချုပ်သက်တမ်းစေ့သည်အထိ နေခွင့်မရဘဲ အကြောင်းအမျိုးမျိုးပြ ပြန်ပို့ခံရတာမျိုး။ နောက်ဆုံး တစ်နှစ် အလုပ်လုပ်ပြီးသွားလို့ နောက်နှစ်တွေ သက်တမ်းတိုးတဲ့ခါ အဆင်မပြေအောင် တနည်းတဖုံ ၀င်ရောက်စွက်ဖက်တာမျိုးတွေ မရိုးရအောင်ကြုံရပါတယ်။ ဒါတွေဟာ ကျွန်တော်တို့ ကြားဖူးကြုံဖူးတဲ့ ညီအစ်ကိုတော်များရဲ့ စင်္ကာပူသွား ခရီးသွားများရဲ့ ပြသနာအဖုံဖုံပဲ ဖြစ်ကြပါတယ်။

ကဲ ဒီလိုဆိုတော့ အေးဂျင့်မှ အားမကိုးရင် စင်္ကာပူ ဘယ်လိုလုပ်သွားမလဲ။ တခြားနည်းလမ်းမှ မရှိတော့ဘူးလား။

နံပါတ် (၁) သင့်မှာ ပညာရပ်တစ်ခုခုအတွက် ကျွမ်းကျင်မှု အထိုက်အလျောက်ရှိရပါမယ်။ လွယ်လွယ်ပြောရရင် လုပ်ငန်းအတွေ့ အကြုံ အထိုက်အလျောက်ရှိရမယ်လို့ဆိုပါမယ်။

နံပါတ်(၂) မည်သည့် ၀ိဇ္ဇာသိပ္ပံပညာရပ်မဆို၊ ဘွဲ့ဒီဂရီတစ်ခုခု ရှိရပါမယ်။ ဘွဲ့ဆိုတော့ တချို့ မေးတတ်ပါတယ်။ အဝေးသင်ရောရလား ဆိုတာမျိုး။ အဝေးပဲသင်သင်၊ အနီးပဲသင်သင် ဘွဲ့တစ်ခုပါရပါမယ်။

နံပါတ်(၃) အင်္ဂလိပ်စကား ကျွမ်းကျင်မှု အထိုက်အသင့်ရှိရပါမယ်။ သူပြောတာကိုယ်နားလည်ရပါမယ်။ သူနားလည်အောင် ကိုယ်ပြန်ပြောနိုင်ရပါမယ်။

အဓိက လိုအပ်ချက်တစ်ခုက မိမိကိုယ်ကို ယုံကြည်မှု ရှိရပါမယ်။

ဒီလောက်ဆို စင်္ကာပူမှာ အလုပ်လုပ်လို့ ရပါပြီ။

ဒီကိုလာဖို့လုပ်နေတဲ့သူတွေ အများဆုံးမေးတတ်တဲ့ မေးခွန်းတစ်ခုရှိပါတယ်။ စင်္ကာပူမှာ ဘယ်လို အလုပ် အကိုင်မျိုးပေါလဲ ဆိုတဲ့မေးခွန်း။ ကျွန်တော်တို့ ကိုယ်တိုင်သည်လည်း အရမ်းသိချင်ခဲ့တဲ့ မေးခွန်းပါ။ အမှန်က ဘယ်လို အလုပ်အကိုင်မျိုးပေါလဲထက် မိမိ ဘယ်လို အလုပ်အကိုင်မျိုး ကျွမ်းကျင်သလဲက ပို အရေးကြီးပါတယ်။ အလုပ်အကိုင်နဲ့ ပတ်သက်ပြီးတော့ စင်္ကာပူရဲ့ အလုပ်အကိုင် အခွင့်အလမ်းနဲ့ ပတ်သက်ပြီး ဒီအင်တာနက် စာမျက်နှာများပေါ်မှာ သွားရောက်ဖတ်ရှုပါ။

www.jobsdb.com.sg www.jobstreet.com.sg www.st701.com

ကဲ ဟုတ်ပြီ။ အဲဒီ အင်တာနက် စာမျက်နှာတွေတော့ ဖတ်ပြီးပါပြီ။ စင်္ကာပူကို ရောက်ပြီလား။ မရောက်သေးပါဘူး။ ဘာတွေ ထပ်လုပ်ဖို့လိုမလဲ။ စစချင်း သက်တမ်း အနည်းဆုံး ၂နှစ်နဲ့ အထက်ရှိတဲ့ ပတ်စပို့ စာအုပ်ရှိရပါမယ်။ သက်တမ်း ၂နှစ်နဲ့ အထက်လို့ ဆိုရခြင်းက ဒီကိုရောက်လို့ အလုပ်လျှောက်ပြီးလို့ အလုပ်လုပ်ခွင့် ပါမစ်တင်တဲ့ အခါ ဒီက အလုပ်သမား ၀န်ကြီးဌာနက အနည်းဆုံး သက်တမ်း ၁ နှစ်ရှိတဲ့ အလုပ်လုပ်ခွင့် လက်မှတ် ထုတ်ပေးရမှာ ဖြစ်တဲ့ အတွက်ပါပဲ။

နောက်တစ်ချက်က ဗီဇာ။ ဗီဇာရနိုင်တဲ့ နည်းလမ်း ၂ နည်းရှိပါတယ်။ ပထမတစ်နည်းက စင်္ကာပူမှာ PR (Permanent Residence) ဒါမှမဟုတ် နိုင်ငံသားဖြစ်နေပြီးသားသူတစ်ဦးဦးရဲ့ ဖိတ်ခေါ်စာ ရှိရပါမယ်။ အဲဒီ ဖိတ်ခေါ်စာကို ပြပြီး မြန်မာနိုင်ငံမှာရှိတဲ့ စင်္ကာပူသံရုံးမှာ ဗီဇာလျှောက်နိုင်ပါတယ်။ အနည်းဆုံး တစ်လ (သို့) ၃ လသက်တမ်းရှိတဲ့ ဗီဇာ ထုတ်ပေးပါလိမ့်မယ်။ တစ်ခုအမှတ်မမှားစေလိုတာက အဲဒီဗီဇာ သက်တမ်း ၁ လ၊ ၃လ ဆိုတာသည် ဗီဇာရဲ့ သက်တမ်းသာဖြစ်ပြီး စင်္ကာပူမှာ နေထိုင်ခွင့် (Stay) မဟုတ်ကြောင်းပါ။

အဲဒီဗီဇာကို ကိုင်ပြီး စင်္ကာပူကို လာလို့ ရပါတယ်။

နောက်တစ်နည်းက အဲဒီ ဖိတ်ခေါ်စာမရရှိနိုင်တဲ့ အခြေအနေမျိုးဆိုရင် စင်္ကာပူ သံရုံးမှာ အပေါင်ငွေ (Deposit) ထားပြီး လျှောက်တဲ့နည်းပါ။ အပေါင်ငွေကတော့ အဲဒီ ဗီဇာသက်တမ်း မကုန်ခင်အချိန်အတွင်း မြန်မာနိုင်ငံကို ပြန်လာပါ့မယ်ဆိုတဲ့ သဘောပါပဲ။ တကယ်လို့ အလုပ်ရသွားလို့ အဲဒီဗီဇာသက်တမ်း အတွင်း ပြန်မလာဖြစ်ခဲ့ရင် အပေါင်ငွေ ဆုံးပါတယ်။

ဒီနှစ်နည်းနဲ့ စင်္ကာပူကိုလာခွင့် ဗီဇာ ရယူနိုင်ပါတယ်။ စင်္ကာပူမှာ အလုပ်လုပ်ခွင့် ရရှိရေးအတွက် အစိုးရအသိအမှတ်ပြု အလုပ်လုပ်ခွင့်လက်မှတ်တွေ အကြောင်းကိုက ဒီလိပ်စာတွေမှာ သွားရောက်ဖတ်ရှုပါ။

http://www.mom.gov.sg/publish/momportal/en/communities/work_pass.html

အေးဂျင့်တွေ အရူးချေးပန်းလျှောက်ပြောတာကို အဟုတ်မှတ် နားယောင်နေတာထက်စာရင် ဒီအင်တာနက် စာမျက်နှာတွေက သတင်းအချက်အလက် အပြည့်အစုံပေးနိုင်ပါတယ်။

ကဲ... ဗီဇာရပြီ ဆိုပါတော့။ ဘာဆက်လုပ်မလဲ။ စင်္ကာပူမှာ ရှိတဲ့ သူငယ်ချင်း ဒါမှ မဟုတ် အသိမိတ်ဆွေ တစ်ယောက်ယောက်ကို ဆက်သွယ်ပါ။ စင်္ကာပူကို ရောက်ရောက်ချင်းမှာ ခေတ္တနေထိုင်နိုင်ရေး စီစဉ်ပေးနိုင်ဖို့ပေါ့။ ပြီးရင် လေယာဉ်လက်မှတ်ကို တနင်္ဂနွေလို ရက်မျိုးရွေး ၀ယ်ပါ။ တနင်္ဂနွေရွေးဝယ်ရခြင်းကတော့ စင်္ကာပူရောက် မြန်မာ အများစုဟာ တနင်္ဂနွေမှလွဲပြီး ကျန်တဲ့ရက်လာတဲ့ အသိမိတ်ဆွေတွေကို လေယာဉ်ကွင်း ဆင်းကြိုဖို့ အခက်အခဲရှိတတ်တဲ့ အတွက်ပါ။

စင်္ကာပူ လူဝင်မှုကြီးကြပ်ရေးက စစချင်း လာတဲ့ ဧည့်သည်ကို အနည်းဆုံး ၁၄ ရက် (သို့) ရက် ၃၀ တစ်မျိုးမျိုး Stay အနေနဲ့ ခွင့်ပြုပါလိမ့်မယ်။ အဲသည်နောက်မှာ စင်္ကာပူမြေကို စတင်ဝင်ရောက်နိုင်ပါပြီ။ စင်္ကာပူရောက်ရှိခြင်းဟာ ခရီးစဉ်ရဲ့ တစ် ၀က်အောင်မြင်ခြင်းလို့ ပြောလို့ရပါတယ်။ အဲဒီနောက်မှာတော့ အလုပ်အကိုင်ရရှိရေး လုံးပမ်းရပါတော့မယ်။

ဆက်ရေးပါဦးမယ်.....

13 comments:

  1. စင်္ကာပူရောက်ပြီး အသိတစ်ယောက်ယောက်ကို ဆက်သွယ်ပါဆိုလို့.. ဟီး.. ကိုလူအေးကိုဆက်သွယ်ရမယ်...ရွာကအမျိုးတွေပါခေါ်လာပြီးတော့ ..ခဏတည်းခိုခွင့်ပြုနော်..၃ လ လောက်ပါပဲ...ဟဲ..ဟဲ...
    နောက်တာ...ဗဟုသုတဝေမျှပေးတာ ကျေးဇူးပါ

    ReplyDelete
  2. ဦးဦးမောင်လူအေးရှင့်၊ နံပါတ် (၁) (၂) (၃) အရည်အချင်းတခုမှ မရှိပဲနဲ့ကော အလုပ်ရနိုင်ပါသလားရှင့်။
    အမြန် ဖြေကြားပေးစေလိုပါတယ်ရှင်။ :D

    ReplyDelete
  3. ဗျို့ကိုလူအေး ကျွန်တော်ကဘွဲ့မရဘူးဗျ။ အဲဒါဘယ်လိုဆက်လုပ်ရမယ်ပြောပါဦးဗျာ။ (၁)နဲ့(၃)ကတော့ရပါတယ်။ ဒါပေမယ့်ပြစရာဘာလက်မှတ်မှမရှိဘူး။ W.P နဲ့ကိုပဲ အဲဒီကသူငယ်ချင်းတစ်ယောက်ကတော့အလုပ်ရှာပေးမယ်ပြောပါတယ်။ ရှာပေးလို့ရနိုင်မလားမသိဘူးနော်။ ကျေးဇူးပြုပြီးဖြေပေးပါဦးနော်။ ကိုလူအေးတင်ထားတဲ့စာတွေဖတ်ရတာတော်တော့်ကိုအားရှိစေပြီးဗဟုသုတတိုးစေပါတယ်ဗျာ။

    ReplyDelete
  4. WP ကို ကာယကံရှင် စင်္ကာပူကို မလာခင် စာရွက်စာတမ်း ပို့ပြီး လျှောက်ထားမယ် ဆိုရင် အဆင်ပြေ နိုင်ပါတယ်။ ခန့်မဲ့ ကုမ္ပဏီရဲ့ လုပ်ငန်း လိုအပ်ချက်နဲ့ ကိုယ့်ရဲ့ ကျွမ်းကျင်မှု ကိုက်ညီတယ် ဆိုရင် အလုပ် ရနိုင်ပါတယ်။ WP ရဲ့ တစ်ခုတည်းသော အားနည်းချက်က လျှောက်ထားသူ စင်္ကာပူ နိုင်ငံမှာ ရှိနေစဉ်မှာ WP Application တင်လို့ မရပါဘူး။ အဲဒီအတွက် လျှောက်ထားသူ ကိုယ်တိုင် စင်္ကာပူကို လာရောက် လျှောက်ထားဖို့ အဆင်မပြေ ပါဘူး။ အကယ်၍ လာရောက်ပြီး အင်တာဗျူး ဖြေတဲ့ အထိ လက်ခံပါတယ်။ WP Application တင်ပြီ ဆိုတာနဲ့ လျှောက်ထားသူဟာ စင်္ကာပူ နိုင်ငံကနေ ထွက်ခွာ ပေးရပါတယ်။ အဲဒီတော့မှ MOM အနေနဲ့ WP Application ကို ဆက်ပြီး Processing လုပ်ပေးပါတယ်။

    အချိန်ပေး လာရောက် ဖတ်ရှုတာ ကျေးဇူးပါ။ ကျွန်တော် သိသလောက်လေး ဝေမျှ ပေးတဲ့ သတင်း အချက်အလက်တွေက အသုံးတည့်တယ် ဆိုရင်ပဲ ၀မ်းသာလှပါပြီဗျာ။ :)

    ReplyDelete
  5. Want to know economic crisis on IT field. is it possible to have a chance like a lot of job vacancies after new year season? Could u pls share your opinion? Thanks

    ReplyDelete
  6. ဒီလိုဝေမျှပေးတာအရမ်းကောင်းပါတယ်။ အစ်ကိုပြောတာမှန်တယ် လူတွေက ဘာအလုပ်တွေလုပ်ရလဲလို့ဘဲမေးတတ်ကြတယ်။ ဒါပေမယ့် ကိုယ်ကိုတိုင်က ဘာလုပ်တတ်သလဲ။ ဘာစိတ်ဝင်စားသလဲဆိုတာ ကိုတော့ မေးဖို့မေ့နေကြတယ်နော်။ ဒါကလဲ အံ့သြစရာပါပဲ။ ပိုက်ဆံတော့ရချင်တယ် အလုပ်တော့မလုပ်ချင်ဘူးဆိုတဲ့ပုံစံဖြစ်နေ ကြတယ်။

    ကျေးဇူးတင်ပါတယ်နော်

    ReplyDelete
  7. Today, I went to the beach front with my kids.
    I found a sea shell and gave it to my 4 year

    old daughter and said "You can hear the ocean if you put this to your ear." She put the shell to her
    ear and

    screamed. There was a hermit crab inside and it pinched her ear.

    She never wants to go back! LoL I know this is

    entirely off topic but I had to tell someone!

    Have a look at my webpage www.ruffsnstuff.com

    ReplyDelete
  8. Howdy! Quick question that's completely off

    topic. Do you know how to make your site mobile friendly? My blog looks weird when

    viewing from my iphone. I'm trying to find a template or plugin that

    might be able to correct this issue. If you have any suggestions, please share.


    With thanks!

    Feel free to visit my web page - dateinitalia.com

    ReplyDelete
  9. Write more, thats all I have to say. Literally, it seems as though you relied on the video to make your point.
    You

    definitely know what youre talking about, why waste your intelligence on just posting

    videos to your weblog when you could be giving us something enlightening to
    read?

    Here is my webpage - werkengine.com

    ReplyDelete
  10. I am commenting to

    make you be aware of what a brilliant experience my

    wife's child found going through your

    blog. She came to understand several details, with the inclusion of how it is like to have a very effective

    coaching spirit to make most people effortlessly have an understanding of specific hard to do issues. You really surpassed our desires.

    Thanks for displaying these necessary, dependable, edifying and cool thoughts on that topic to

    Evelyn.

    Here is my page - www.cafulcurasc.com.ar

    ReplyDelete
  11. I was wondering if you ever thought of changing the page layout of your website?

    Its very well written; I love what youve got to say.
    But maybe you could a little more in the way of content

    so people could connect with it better. Youve got an awful lot
    of text for only having one or two images. Maybe you could space it out better?



    Feel free to surf to my web-site - rydbikes.com

    ReplyDelete
  12. ကိုလူအေးကို PM ပို့ချင်လို့ ဘယ်လိုပို့ရမလဲဗျ ... ဆက်သွယ်ရမယ့်လိပ်စာလေး သိပါရစေ ...

    ReplyDelete

Your comment encouraged Mgluaye to write new posts in blog. It will be appreciated to write something about the post you have read...

Thank you

သူတို့ဖျက်ကြလေပြီ

Unicode Version မောင်လူအေးတို့ ဘီအိုအိပ်ချ် ရုံးတည်ရာ လှိုင် ၂ ရပ်ကွက်၊ ရတနာမွန် အိမ်ယာအတွင်းက လမ်းများမှာ ယခု ရက်သတ္တပတ်အတွင်...