Jul 27, 2007

သင်ကော ဘယ်လိုတွေးမိပါသလဲ...

လူရယ်လို့ ဖြစ်လာကြတဲ့အခါ လူ့လောကပတ်ဝန်းကျင်နယ်ပယ်မှာ တစ်ယောက်ကိုတစ်ယောက် မှီခိုအသက်ရှင်ကြရတာတွေ ရှိတယ်။ လူသားဆိုတာ တစ်ဦးတည်း ရှင်သန်လို့ မဖြစ်တဲ့ အမျိုးလို့လည်း တစ်ချို့က ဆိုစမှတ်ပြုကြတယ်။

မွေးဖွားကာစ ကလေးဘ၀မှာ ကလေးငယ်ဟာ မိဘနှစ်ပါးကို အမှီသဟဲပြုပြီး ဘ၀ကိုစတင်ဖို့ကြိုးစားတယ်။ အသက်ငါးနှစ်ကျော် ခြောက်နှစ်စွန်းလာတဲ့အခါမှာ ကျောင်းစတက်ကြကြရတော့ မိဘအပြင် သူငယ်ချင်းဆိုတာ စတင်ပြီး ရရှိခင်မင်လာကြတယ်။ သူငယ်ချင်း အပေါင်းအသင်းဆိုတာတွေနဲ့ ခင်မင်ပေါင်းသင်းပြီး ကျောင်းသားဘ၀ မူလတန်း၊ အလယ်တန်း၊ အထက်တန်းဖြတ်သန်းပြီးတဲ့ခါကျတော့ တကသိုလ်ပြီးတဲ့ အထိ သူငယ်ချင်းဆိုတဲ့ အ၀န်းအ၀ိုင်းထဲမှာပဲတ၀ဲလည်လည်နဲ့ ။

ကျောင်းသားဘ၀ဆိုတာ ပြီးဆုံးသွားပြန်တော့တစ်ခါ လုပ်ငန်းခွင်ထဲရောက် လုပ်ငန်းတူ အပေါင်းအသင်း မိတ်ဆွေရောင်းရင်းတွေနဲ့ တစ်ခါ ခင်မင် ပေါင်းသင်းမိကြပြန်တယ်။ တစ်ခါ လုပ်ငန်းခွင် လောကကို အချိန်အတိုင်းအတာ တစ်ခုအထိ ကျော်လွန် ဖြတ်သန်းပြီးပြန်လေတော့ ဘ၀လက်တွဲဖော် ဆိုတာ ရှာရင်း သံယောဇဉ် ဖြစ်တည်ထောင်၊ လူ့ဘောင်မှာ အိမ်ယာရယ်လို့ ထူထောင်ကြပြန်တယ်။ ဘ၀လက်တွဲဖော်နဲ့ အချိန် ကာလတစ်ခုကို အတူ ဖြတ်သန်းပြီးပြန်တော့ တစ်ခါ သားသမီး မြေးမြစ် တွေ ဆိုတဲ့ သံယောဇဉ် အနှောင်အဖွဲ့တွေနဲ့ တစ်ခါ ကိုယ့်ကိုကို ဖွဲ့နှောင်ရင်း သေဆုံးတဲ့ အချိန်တိုင် ဘ၀ဆိုတဲ့ ဇတ်ကြီးကို သရုပ်ပေါင်းစုံနဲ့ ဖြတ်သန်းကြပြန်တယ်။

ဒါဟာ အများစုသော လူသားတွေဖြတ်သန်းကြတဲ့ ဘ၀ဖြစ်စဉ် တစ်ချို့ပေါ့။ အဲဒီထဲကမှ တချို့တချို့က ဘ၀ဖြစ်စဉ် အားလုံးဖြတ်သန်းနိုင်ကြပြီး တချို့ တချို့ ကလည်းဖြတ်သန်းခွင့် မရကြတာတွေ ရှိကြတယ်။

အဓိ
က ပြောချင်တဲ့ အကြောင်းအရာကတော့ ဘ၀ရဲ့ ဘယ် နေရာမှာ မဆို ကျွန်တော်တို့ တတွေဟာ တစ်ဦးတစ်ယောက်အပေါ် မှီခိုနေကြရတယ် ဆိုတာကိုပဲ။ ကိုကိုယ်တိုင်ကမှီခိုသလို ကိုယ့်ကို မှီခိုမဲ့ ပတ်ဝန်းကျင်တွေလဲ ကျွန်တော်တို့တွေ ဖန်တီးရင်းဖန်တီးရင်း တသက်တာကို ကုန်လွန်ကြရတယ်။ ဆိုတော့ကာ သူတပါးကို ကိုကမှီခိုရတဲ့ အချိန် အတိုင်းအတာကပိုများသလား။ သူတပါးက ကိုယ့်ကိုမှီခိုရတဲ့ အချိန်ကပိုများ သလား။ မှီခိုရတဲ့ ဘ၀ကကောင်းသလား။ မှီခိုခံရတဲ့ ဘ၀ကပိုကောင်းသလား။ တကယ်တော့ ဘ၀ဆိုတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ပါဝင် အသုံးတော်ခံကပြနေရတဲ့ လူသား ကျွန်တော်တို့မှာ ကိုယ့်ဘ၀ကို ကိုယ်ကျေနပ်နေဖို့သာ အဓီကဖြစ်မယ်နဲ့ တူပါတယ်။

သင်ကော ဘယ်လိုတွေးမိပါသလဲ...

No comments:

Post a Comment

Your comment encouraged Mgluaye to write new posts in blog. It will be appreciated to write something about the post you have read...

Thank you

BAY OF HUNTERS