Jan 14, 2008

သတင်းမှားလေး တစ်ခု...

အခုတလောမှာ အလုပ် တော်တော်လေးကို ရှုပ်နေတာကြောင့် ဘလော့ကို ပစ်ကို ထားရတဲ့ ကိန်းဆိုက်နေတယ်။ အယင်က အလုပ်ထဲက ရုံးမှာ အင်တာနက် ကော်နက်ရှင်ရှိတာကြောင့် အနည်းဆုံး ပို့စ်လေးတော့ တင်လို့ ရသေးတယ်။ အခုတော့ အလုပ်လုပ်နေတဲ့ Site က လက်စသတ် အခြေအနေ ရောက်နေပြီ ဖြစ်တော့ကာ အင်တာနက် ကော်နက်ရှင်လည်းပြတ်။ အလုပ်ကနေ ပြန်ရောက်တဲ့ အချိန် ကျတော့လည်း ပင်ပန်းလာတာနဲ့ ဘာမှကို မလုပ်ချင် မကိုင်ချင် ဖြစ်နေတာက တစ်ကြောင်းမို့ ပို့စ် အသစ်လည်း မတင်ဖြစ် ဘယ်မှလည်း သွားမလည်ဖြစ် ဖြစ်နေရပါတယ်။ လာလည်ကြတဲ့ သူငယ်ချင်းတွေ အားလုံးလည်း ကျေးဇူးတင်ပါတယ်။ သူငယ်ချင်းတွေ ခမျာလည်း လာသာ လည်ရတယ် တစ်ခါလာလည်း ဒီပို့စ်ကနေမတက်၊ နှစ်ခါလာလည်း ဒီပို့စ်ကနေ မတက်နဲ့ဆိုတော့ လာလည် ချင်စိတ် ကုန်သွားကြမှာတောင် စိုးရပါတယ်။

တနေ့ကတော့ ဒီကို အလုပ်လာရှာတဲ့ သူငယ်ချင်း တစ်ယောက်နဲ့ စကားပြောဖြစ်တယ်။ ဖုန်းခေါ်လာတဲ့ သူငယ်ချင်းက လွန်ခဲ့တဲ့ လ၀က်ကနေ ဒီကိုရောက် အလုပ်ရှာနေဆဲပေါ့။ မကြာသေးခင်ကပဲ ကုမ္ပဏီတစ်ခုမှာ အင်တာဗျူးလုပ်တော့ လစာ စင်္ကာပူဒေါ်လာ ၁၈၀၀ နဲ့ Spass လျှောက်ပေးမယ်ပေါ့။ အလုပ်ရသွားတော့ ၀မ်းသာအားရနဲ့ နေနေတာ တစ်နေ့က ဖုန်းဆက်တော့မှ မေးဖြစ်တယ်။ ခင်ဗျား ဗီဇာ သက်တမ်း တိုးပြီးပြီလား ဆိုတော့ မတိုးရသေးဘူးတဲ့။ ဘယ်နေ့ဗီဇာ သက်တမ်း ကုန်မှာလည်းဆိုတော့ ၄ ရက်ကျန်သေးတယ်တဲ့ ။ Online Extension လုပ်ပြီးပြီလား ဆိုတော့ မလုပ်ရသေးဘူးတဲ့။ ရက်တွက်ကြည့်တော့ သူကျန်တယ်ဆိုတဲ့ ရက်ထဲမှာ စနေ၊ တနင်္ဂနွေက ၂ ရက်ပါနေတယ်။ ဖုန်းဆက်တဲ့ အချိန်က ည ၇ နာရီ ခွဲနေပြီ။ ရက်ကကြာသပတေး။ ကိုယ်လည်း သေချာအောင် Online Extension Form ကို ၀င်ကြည့်တော့ Online Extension တိုးဖို့ လိုအပ်ချက်က စနေ၊ တနင်္ဂနွေ မပါဘဲ အနည်းဆုံး ဗီဇာသက်တမ်း ၂ရက်ကျန်ရမယ် ဆိုပြီး ဖြစ်နေတယ်။

ဒါနဲ့ ခင်ဗျား မဖြစ်ချေဘူး။ ခုနေ ပန်နီဆူလား ပလာဇာကို ပြေးပါ။ အဲဒီက အင်တာနက် ကဖေး တစ်ခုခုမှာ Online Extension သွားလုပ် ဆိုတော့ သူငယ်ချင်းကလည်း သွားပါတယ်။ သွားပြီးတော့ Application တင်ထားလိုက်တယ်။

ကိုယ်ကလည်း မှန်းလိုက်တယ်လေ။ ည ၉နာရီလောက် တင်တယ်။ တကယ်တမ်း အဲဒီနေ့တော့ Processing မလုပ်တော့တာ အမှန်ပဲ။ သို့ပေမဲ့ ICA ရဲ့ System ထဲမှာ ဒီ Application က ကြာသပတေးနေ့ Date နဲ့ ၀င်သွားမယ်။ ဒီတော့ သူတို့ ပြောတဲ့ စနေ၊ တနင်္ဂနွေ မပါဘဲ ဗီဇာ သက်တမ်းက ကြာသပတေး၊ သောကြာ ၂ရက်ကျန်မယ်။ တကယ်တမ်း သောကြာနေ့မှသာ တင်ခဲ့မယ်ဆိုရင် ဗီဇာသက်တမ်း ၁ရက်ပဲ ကျန်တော့မယ်။ ဆိုရင် Reject ဖြစ်နိုင်စရာ အလားအလာရှိတယ်။ အကယ်လို့ Reject သာ ဖြစ်ခဲ့ရင် စနေ တရက်တည်းနဲ့ Manual Extension သွားတိုးဖို့လည်း ရက်က စနေ နေ့တ၀က်ပဲ ကျန်တော့တယ်။ အခြေအနေက အလုပ်ရ Spass တင်ထားပြီး ဖြစ်ပေမဲ့ အောင်ဖျာလိပ်ရမဲ့ ကိန်းဆိုက်နေတယ်။ ကြာသပတေးည တင်ထားခြင်း အားဖြင့် သောကြာ မနက်ပိုင်း Processing ထဲ ပါသွားရင် သောကြာ မနက်ပိုင်းတင်ပဲ Result ရလာစရာ ရှိတယ်။ တကယ်လို့များ အကြောင်း မဆီလျော်လို့ Reject ဖြစ်ခဲ့သည့်တိုင် သောကြာနေ့ တ၀က်နဲ့ စနေ နေ့တ၀က် Manual Extension သွားတင်ဖို့ အချိန် ရသေးတယ်။

သူငယ်ချင်းက Application တင်ပြီး အိမ်ပြန်တဲ့ခါ ကျတော့ သူတည်းတဲ့ အိမ်က အသိက အားပေးစကားပြောတယ်။ သူငယ်ချင်း ကြာသပတေးနေ့ ညသွားတင်လည်း အလကားပါပဲ ပေါ့နော်။ သူတို့ အကြိမ်ကြိမ် အခါခါတင်ဖူးတယ်။ Application Approved ဖြစ်သည့်တိုင် သောကြာနေ့ ညနေကျမှပဲ အစောဆုံး Result ရလိမ့်မယ် ဆိုပြီး အားပေးတယ်။ တကယ်လို့ Reject ဖြစ်ခဲ့ရင် စနေတရက်ပဲ သွားတိုးဖို့က မလွယ်ဘူးပေါ့။ ဟိုက အစ ကတည်းက ရက်ကျန် နည်းနေလို့ Reject ဖြစ်မှာ ကြောက်နေရတဲ့သူကို ထပ်အားပေးလိုက်တော့ သူငယ်ချင်း ခမျာ စိတ်ဓာတ်ကျပြီး အထုပ် အပိုးတောင် ပြင်ဖြစ်တယ် ပြောပါတယ်။

နောက်နေ့ မနက်ကတည်းက ပန်နီဆူလာကိုသွား အင်တာနက် ကဖေးမှာ ထိုင်ပြီး Application Result ကို ထိုင်စောင့်ဖြစ်တယ်။ မနက် ၁၀ နာရီ လောက်မှာပဲ Application Approved ဖြစ်ကြောင်း Email ရပါတယ်။ နောက်ထပ်ရက် ၃၀ ထပ်ပြီးနေထိုင်ခွင့်ရပါတယ်။ သူငယ်ချင်း ခမျာ အရမ်းကို ပျော်သွားရတယ်။

ဖြစ်ပုံက Information မှားတာတွေကို ပြောပါတယ်။ ပြောတဲ့သူကိုလည်း အပြစ် ပြောစရာတော့ မရှိပါဘူး။ သူတို့ကလည်း စေတနာနဲ့ပဲ ပြောတာပါပဲ။ သို့ပေမဲ့ သူတို့ပေးတဲ့ Information အမှားအတွက် ဒီက လူက သက်သက်မဲ့ စိတ်ဒုက္ခ ရောက်စရာ ဖြစ်ရတာတွေ ကြုံရပါတယ်။ တကယ်တမ်းမှာ အခုခေတ်က Information Technology ခေတ်ဆိုတာနဲ့ အညီ Information တစ်ခုရဲ့ အရေးပါပုံက အင်မတန် ကျယ်ဝန်းလှပါတယ်။ သို့ငြားလည်း မမှန်ကန်တဲ့ Information အတွက်ကျတော့ မလိုလားအပ်တဲ့ စိတ်ညစ်မှုတွေကို ကြုံရတတ်တယ်။ တဆက်တည်း စကားကြုံလို့ ပြောပြချင်တာလေး တစ်ခုကတော့ Online Extension တိုးတဲ့အခါ Application တင်တဲ့ Date ကနေ ထပ်တိုးပေးတဲ့ ရက်ကို ပေါင်းပေးတယ်ဆိုပြီး မှားယွင်း ယူဆနေတာ တစ်ခုပါ။ သည်ဟာ သည်လည်း Information အမှားတစ်ခုပါပဲ။ Online Extension Application တစ်ခုကို ဘယ်နေ့ပဲ တင်တင် မိမိရဲ့ ပထမ ဗီဇာ သက်တမ်း ကုန်မဲ့ ရက်ရဲ့ နောက်ကပဲ ထပ်ပေါင်းပေးတာ ဖြစ်တယ်။ ဆိုတော့ ပထမဗီဇာ သက်တမ်း မကုန်ခင် ဘယ်နှစ်ရက်ပဲ ကြိုပြီး တိုးတိုး ပထမဗီဇာ သက်တမ်းထဲက ရက်တွေ ပုပ်သွားတာမျိုး မဖြစ်ပါဘူး။

အခုနောက်ပိုင်းမှာ ပြည်ပကို ထွက် အလုပ်လုပ်ကြဖို့ စိုင်းပြင်း နေကြတဲ့ သူငယ်ချင်းတွေ အများကြီး ရှိနေတယ် ဆိုတာ သိရပါတယ်။ ကိုယ်တွေ လာခဲ့စဉ် တုံးကလည်း အယင် ရောက်နှင့်ပြီးသား သူငယ်ချင်းတွေရဲ့ ကူညီမှုနဲ့ အများကြီး အထောက်အကူ ဖြစ်ခဲ့တာတွေ ရှိပါတယ်။ နောက်ထပ် လာရောက်ကြမဲ့ သူငယ်ချင်းတွေ အတွက် Information လေးတစ်စ ဖြစ်ဖြစ် ဒီစာစုလေးက ပေးနိုင်မယ်လို့ ယူဆပါတယ်။

မောင်လူအေး ဘီးဇီးနေလို့ အလည် မလာနိုင် သေးတာတော့ အားလုံး ခွင့်လွှတ် ပေးကြပါဦးဗျာ။ အားလုံးပဲ အခက်အခဲ မရှိ ကြိုးစား အောင်မြင် နိုင်ကြပါစေ။

11 comments:

  1. ဒီပို့စ်က ဗဟုသုတရပါတယ်။ အင်ဖော်မေးရှင်း အမှားကိစ္စက ဒီမှာလဲ ခဏခဏဖြစ်တယ်ဗျာ။

    ReplyDelete
  2. ကျေးဇူးပါဗျို ပို့စ်ထဲမှာ လင့်ခ်အနေနဲ့ညွှန်းပါရစေနော်

    ReplyDelete
  3. ဒါဆို online extension မလုပ်ဘဲ ကိုယ်တိုင်သွားတင်ရင်တော့ သွားတင်တဲ့ရက်က စပေးတယ် အဲဒီလိုမျိုးလား

    ReplyDelete
  4. ဟုတ်ပါတယ် ဗျာ... Anonymous ဗျား... Manual Extension ကတော့ Officer တွေရဲ့ Own Decision ပါပဲ။ သူတို့ ပေးချင်ရင် ၆ လ အထိ တိုက်ရိုက် ပေးလို့ ရသလို မပေးချင်ရင်လည်း တစ်ရက်တည်း ကတ်သီးကတ်သပ် တိုးပေးပြီး နက်ဖန် ရအောင် ပြန်ပါဆိုပြီး လုပ်တတ် တယ်ဗျ...

    ReplyDelete
  5. ကျေးဇူးပါပဲဗျာ။ ကျွန်တော်လဲ ဗီဇာသက်တမ်းက နှစ်ပတ်လောက်တော့ ကျန်သေးတယ်။ တိုးထားတော့မလားလို့ စဉ်းစားနေတုန်း ဒီ Post လေးတွေ ဖတ်လိုက်ရတာ တော်တော်အကျိုးရှိတယ်ဗျို့။ ကျွန်တော့် Blog မှာဒီအကြောင်းတွေ ရေးဖြစ်ရင် ဒီနေရာလေးကို ညွှန်းထားမယ်နော်။

    ReplyDelete
  6. တကယ် အဖိုးတန်တဲ့ သတင်းပေးချက်ပါ ကိုလူအေး၊ အဲဒီလို စိတ်သောကရောက်တာမျိုး ကျွန်တော် စကာင်္ပူရောက်စက ကြုံခဲ့တယ်၊ ရောက်နှင့်ပြီးတဲ့ သူငယ်ချင်းက ရက်တွေပုပ်မှာ စိုးလို့ သွားမတိုးခိုင်းတာနဲ့ ၂ ရက်အလိုက လက်ချိုးရေရင်း စိတ်မောခဲ့တယ်၊ စနေ တနင်္ဂနွေခံတော့ ပြာပြာသလဲဖြစ်ခဲ့ရတယ် စိတ်ပူခဲ့ရတယ် ၊ ကျွန်တော်ပူလောင်ပြာယာနေတာကို ပင်နစူလာက အင်တာနက်ဆိုင်က အခွင့်ကောင်းယူ ၂၀ ဒေါ်လာတောင်းတာလည်း ခံခဲ့ရတယ်၊ ဘာမှမသိသူကို ဘာမှသေချာမသိသောသူက သတင်းအမှား မပေးမိစေဖို့ တိုက်တွန်းရင်း ကိုလူအေးရဲ့ ပို့စ်အတွက် ကျေးဇူးတင်မိပါတယ်

    ReplyDelete
  7. advertising

    Check out my weblog; ncm.gu.se

    ReplyDelete
  8. Great post. I was checking continuously this blog and I'm impressed! Very

    helpful information particularly the last part :) I care for such info a lot. I was looking for this particular information for a very

    long time. Thank you and good luck.

    My blog post; amazonface.com

    ReplyDelete
  9. Nice post. I be taught something more difficult on

    totally different blogs everyday. It can at all times be
    stimulating to learn content from different


    writers and apply a bit

    one thing from their store. I’d favor to make use of some with the

    content on my weblog whether you don’t mind. Natually I’ll

    provide you with a link in your net blog. Thanks for sharing.



    my web-site http://demo.phpfoxthai.com/index.php?do=/blog/29790/gumball-3000-6-race-days-in-may/

    ReplyDelete
  10. Great website. Lots of helpful

    information here. I’m sending it to a few buddies ans also


    sharing in delicious. And obviously, thanks on your

    sweat!

    Review my blog post ... myerau.com

    ReplyDelete
  11. Have you ever considered writing an ebook or guest authoring on other

    sites? I have a blog based on the same topics you

    discuss and would love to have you share some stories/information.

    I know my

    visitors would appreciate your work. If you are even
    remotely interested, feel free to

    shoot me an email.

    my blog: ddi espanha madrid

    ReplyDelete

Your comment encouraged Mgluaye to write new posts in blog. It will be appreciated to write something about the post you have read...

Thank you

BAY OF HUNTERS