Apr 20, 2008

နိုင်ငံခြားအလုပ်နဲ့ပတ်သက်၍...


နိုင်ငံခြားထွက် အလုပ်လုပ်တာနဲ့ ပတ်သက်ပြီး အယင်လည်း ပို့စ်တချို့ ရေးခဲ့ဖူးပါတယ်။ ဒီနေ့ Weekly Eleven Journal မှာ ဆောင်းပါးတစ်ပုဒ် ပြန်ဖတ်ဖြစ်တော့ နည်းနည်း ဘ၀င်မကျတာလေးတွေ တွေ့ရတယ်။
သတင်းဂျာနယ် အနေနဲ့ သတင်းရေးတာ ဘာမှ ပြောစရာ မရှိပါဘူး။ ဒါ သူတို့ အလုပ် သူတို့ လုပ်တာသာ ဖြစ်တယ်။ သို့ပေမဲ့ ဆောင်းပါးမှာ အင်တာဗျူးလုပ်ထားတဲ့ လူငယ်တစ်ဦးရဲ့ အဖြေကို နည်းနည်း ဘ၀င်မကျပါဘူး။ သူဖြေထားတာက
"ကျွန်တော် Civil နဲ့ ကျောင်းပြီးထားပါတယ်။ လတ်တလော ပြည်ပထွက်ဖို့ စီစဉ်တဲ့ အခါမှာ ၀ရိန်နဲ့ ထွက်တာ အလုပ်အခွင့်အလမ်း ပိုရနိုင်လို့ အဲဒါနဲ့ပဲ သွားဖို့လုပ်ထားပါတယ်။ ၀ရိန်ပညာကို အနီးကပ်မှ သင်တာဆိုတော့ အကျွမ်းကျင်ကြီး မဟုတ်ပေမဲ့ ဟိုမှာ လုပ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်"။
တော်တော်လေးကို မဖြစ်သင့်တဲ့ ကိစ္စပါ။

သူပြောတဲ့ အတိုင်း သူက Civil နဲ့ကျောင်းပြီးထားတယ်ဆိုတဲ့ အတွက် သူဟာ BE သို့မဟုတ် AGTI
အင်ဂျင်နီယာ သင်တန်းတစ်ခုခုက သင်တန်းဆင်းထားပြီးသား Professional Certificate Holder တစ်ဦးပါ။ ဘယ်ကျောင်းပဲတက်တက် ကျောင်းဆင်းတစ်ဦးအနေနဲ့ နိုင်ငံခြားထွက်ရရေးဆိုတာ တစ်ခုတည်းနဲ့ ကြုံရာ အလုပ်လုပ်မယ်၊ General Worker ပဲရရ ဆိုတဲ့ အတွေးအခေါ်က လွဲနေတယ်။ ပြီးတော့ Civil နဲ့ ကျောင်းပြီးထားတဲ့ လူငယ်တစ်ဦးအတွက် Welding ပညာဆိုတာ Mechanical Subject ဖြစ်တဲ့ အတွက် အချိန်တို အတွင်းသင်ရင် ထိတွေ့မိတယ်ဆိုရုံထက် ပိုပြီး ကျွမ်းကျင်နိုင်စရာ အခွင့် အလမ်း အလွန်တရာမှ နည်းပါးပါတယ်။ ကျွမ်းကျင်မှုနည်းပါးတဲ့ ပညာရပ်တစ်ခုနဲ့ ပြည်ပကို ထွက်လာမယ်ဆိုရင် အခက်အခဲ ကြုံစရာ အခွင့်အလမ်းပိုများပါတယ်။

ဆိုတော့ကာ အင်ဂျင်နီယာ ညီတော် အစ်ကိုတော်များ
အနေနဲ့ နိုင်ငံခြား ထွက်ရရေး တစ်ခုတည်း အတွက် ကိုယ်ကိုင်ထားတဲ့ Certificate ကိုတော့ တန်ဖိုးချပစ်တာမျိုး မလုပ်စေလိုပါဘူး။ နိုင်ငံခြားထွက်တာာက နည်းလမ်းသိရင်၊ ငွေကြေးပမာဏတစ်ခု အကုန်ခံနိုင်ရင် ဘာမှ ခဲယဉ်းတဲ့ ကိစ္စမဟုတ်ပါဘူး။ ဂျာနယ်ပါ ဆောင်းပါး အစမှာ ရေးထားသလို " ယနေ့ ဘွဲ့ရ မြန်မာလူငယ်များ ကြား ပြည်ပတွင် အထွေထွေ အလုပ်သမားအဖြစ် အလုပ်အကိုင် အမြန်ရရှိနိုင်ရေးအတွက်....." ဆိုတဲ့ စကားစုကကို တော်တော် အောက်ကျနောက်ကျ နိုင်နေပါပြီ။ ဘွဲ့ရလူငယ်များအနေနဲ့ ပြည်ပမှာ အထွေထွေ အလုပ်သမားထက် မြင့်တဲ့ ကျွမ်းကျင်လုပ်သား လုပ်လို့ ရနိုင်တဲ့ အခွင့်အလမ်းတွေ အများကြီးပါ။ အဲဒီ Information တွေဘယ်မှာ ရမလဲ။

အခု ဒီပို့စ်ကို ဖတ်နေတဲ့ စာဖတ်သူ အနေနဲ့ကတော့
အင်တာနက်၊ အီးမေးလ်နဲ့ မစိမ်းတဲ့ အတွက် အင်တာနက် သုံးပြီး ဆက်သွယ်ပါလို့ ပြောစရာလိုမယ် မထင်ပါဘူး။ သို့ပေမဲ့ ပြည်ပ ထွက်လာကြတဲ့ လူငယ် တော်တော်များများ အင်တာနက်၊ အီးမေးလ်နဲ့ ထိတွေ့မှု အားနည်းကြတာ တွေ့ရပါတယ်။ ဆောင်းပါးမှာ ဖြေထားတဲ့ သူငယ်ချင်းလိုမျိုး အတွက် ဆိုရင်တော့ ဒီအကြံပေးမှု လိုအပ်ပါလိမ့်မယ်။ မိမိမတိုင်ခင် ပြည်ပကို ရောက်နှင့်နေကြပြီးဖြစ်တဲ့ မိတ်ဆွေ အပေါင်းအသင်း၊ သူငယ်ချင်းတွေနဲ့ ဆက်သွယ်ပါ။ အကြံဥာဏ်တောင်းပါ။ အင်တာနက်ပေါ်မှာ ရှိနေတဲ့ ကိုသွားရောက်လိုတဲ့ နိုင်ငံအကြောင်း၊ အလုပ်အကိုင် အခွင့်အလမ်း အကြောင်း လေ့လာဖတ်ရှုပါ။ နိုင်ငံခြားရောက်ရင်ပြီးရော၊ ဟိုကျမှ ဘာပဲ လုပ်ရလုပ်ရ ဆိုတဲ့ ဆုံးဖြတ်ချက်မျိုးနဲ့ တော့ မျက်စိစုံမှိတ် ဆင်ကန်းတောတိုး မလုပ်စေလိုပါ။

အထူးသဖြင့် ဘွဲ့၊ ဒီဂရီတစ်ခုခု ကိုင်ထားပြီးသား၊ Professional Certificate တစ်ခုခုကိုင်ထားပြီးသား သူငယ်ချင်းတို့ အတွက် "လောလောဆယ် General Worker ပဲရရ ဘာဖြစ်လည်းကွာ၊ ဟိုရောက်တော့ ပြောင်းတာပေါ့"
ဆိုတဲ့ အတွေးမျိုးနဲ့ ဆိုရင်တော့ မိမိနိုင်ငံခြားထွက်ရေး အစီအစဉ်ကို အမြန်ဆုံး ပြန်လည် သုံးသပ်ပါ လို့ အကြံပြုလိုပါတယ်။ ဘယ်နိုင်ငံကိုပဲ ထွက်ပြီး အလုပ်လုပ် "နိုင်ငံခြားဆိုတာ ရုပ်ရှင်တွေ ဗီဒီယိုတွေမှာ တွေ့ရတဲ့ နတ်ဘုံနတ်နန်းကို သွားရတာ မျိုး မဟုတ်ပါဘူး"။ အဲဒီအတွက် မိမိကိုင်ဆောင်ထားတဲ့ Educational Status နဲ့ ထိုက်သင့်တဲ့ အလုပ်မျိုးကိုသာ ရွေးချယ်လျှောက်ထားသင့်ပြီး၊ ပွဲမ၀င်ခင် ကတည်းက သိသင့်သိထိုက်သမျှ သတင်းအချက်အလက် အစုံအလင်ရရှိ သိရှိပြီးမှသာလျှင် နိုင်ငံခြားခရီးစဉ်ကို အစပြုသင့်ပါကြောင်း...


13 comments:

  1. felt sorry to read.
    like ur blog.
    i'm also from ytu.
    thanks bro

    ReplyDelete
  2. ကျွန်တော်လည်း civil တစ်ယောက်ပါ ။ စလုံးထွက်ဖို့ ကြိုးစားနေသူပါ ။ အဲသလို မျိုးဟိုရောာက်မှဘာဘယ်လုပ်ရလုပ်ရဆိုတဲ့ ပုံစံမျိုးနဲ့ထွက်တာကိုသဘောမကျပါဘူး ။ civil အနေနဲ့ ဟိုမှာ qs , site surperviser , c&s draftman စသည်ဖြင့် တစ်ခုတစ်ခုနဲ့ သွားဖို့ ကြိုးစားသင့်တယ်လို့ထင်ပါတယ်..။

    ReplyDelete
  3. Hmm it looks like your blog ate my first comment
    (it was super long) so I guess

    I'll just sum it up what I submitted and say, I'm thoroughly enjoying your
    blog. I as well am an

    aspiring blog blogger but I'm still new to the whole thing. Do you have any suggestions for newbie blog

    writers? I'd genuinely appreciate it.

    Review my website: http://Amigosdivebelize.com

    ReplyDelete
  4. Hello! Someone in my Myspace group shared this website with us
    so I

    came to check it out. I'm definitely enjoying the information. I'm

    bookmarking and will be tweeting this to my followers!
    Excellent blog and terrific

    design and style.

    Feel free to visit my site; http://Www.szakibazis.com/blogs/entry/The-Costa-Blanca-And-Alicante-In-Its-Festive-2013-05-04-0

    ReplyDelete
  5. There are definitely lots of details like that to take into consideration.
    That is a nice level to convey up. I supply the thoughts above as

    basic inspiration however clearly there are questions just like the
    one you

    carry up where a very powerful thing

    shall be working in trustworthy good faith. I

    don?t know if best practices have emerged round things
    like that, but I am sure that your job is
    clearly identified as a fair game. Both girls and boys feel the affect of only a second’s

    pleasure, for the remainder of their lives.

    Feel free to visit my web blog ... http://dev.dorevox.com/index.php?do=/profile-39928/info

    ReplyDelete
  6. Simply desire to say your article is as amazing.
    The

    clarity in your post is just spectacular and i could assume you're an expert on this subject. Well with your permission let me to grab your RSS feed to keep

    up to date with forthcoming post. Thanks a million and please continue the enjoyable work.

    my page; http://viralsocialpop.com

    ReplyDelete
  7. I really like what you guys tend to be up too. This sort of clever work and reporting!

    Keep up the superb works guys I've you guys to our blogroll.

    Feel free to surf to my web site :: on.pro.ac

    ReplyDelete
  8. Hello There. I found your blog using msn. This is a really well written article.
    I will

    be sure to bookmark it and come back to read more of your useful info.
    Thanks for the

    post. I’ll certainly return.

    Take a look at my web blog :: www.agryd.com

    ReplyDelete
  9. After I initially commented I clicked the -Notify me when new feedback
    are added-

    checkbox and now each time a remark is added I get 4 emails with the same comment.


    Is there any approach you can take away me

    from that service? Thanks!

    Here is my website - ok mami feria valencia

    ReplyDelete

Your comment encouraged Mgluaye to write new posts in blog. It will be appreciated to write something about the post you have read...

Thank you

သူတို့ဖျက်ကြလေပြီ

Unicode Version မောင်လူအေးတို့ ဘီအိုအိပ်ချ် ရုံးတည်ရာ လှိုင် ၂ ရပ်ကွက်၊ ရတနာမွန် အိမ်ယာအတွင်းက လမ်းများမှာ ယခု ရက်သတ္တပတ်အတွင်...