Sep 21, 2008

Digital Thermometer

ကနေ့ Peninsula Plaza ကို ရောက်တော့ တစ်ဖက်လမ်းက Funan Shopping Mall အောက်က Watson အရောင်းဆိုင်မှာ Thermometer သွားဝယ်ဖြစ်ပါတယ်။ သွားစဉ်တုံးကတော့ ရိုးရိုး ပြဒါးနဲ့တိုင်းတဲ့ Thermometer ၀ယ်မယ်ဆိုပြီး သွားတာပါ။ ဆိုင်ကို ရောက်တော့ ပြဒါးတိုင် Thermometer က မရှိ။ Digital Thermometer ပဲ ရှိတယ် ဆိုတာနဲ့ ပုံမှာ ပြထားတဲ့ Digital Thermometer ပဲ ၀ယ်ဖြစ်ပါတယ်။ ဈေးနှုံးကတော့ စင်္ကာပူ ဖွက်ကလိ ဒင်္ဂါး ခြောက်ကျပ်နဲ့ ကိုးဆယ့်ငါးပြား ပေးရပါတယ်။ ဒီက အရောင်းဆိုင်တွေမှာ ၀ယ်ရင်သာ 5 ပြားစေ့ကို ပေးဝယ်လို့မရတယ်။ ရောင်းလိုက်တဲ့ ပစ္စည်းတော်တော်များများမှာ 7 ကျပ်ဆိုလည်း 7 ကျပ် တိတိပပ မရောင်းဘဲ ဘာမှ ပြန်သုံးလို့မရတဲ့ 5 ပြားစေ့တွေ ပြန်ပြန် အမ်းတတ်ပါတယ်။ အဲဒီသုံးမရတဲ့ 5 ပြားစေ့တွေ ဆိုတာ တစ်ခါဝယ် တစ်ခါအမ်းနဲ့ စုပုံ နေတတ်ပါတယ်။ ဘယ်နေရာမှ ပြန်သုံးလို့ရတယ်တော့ မကြားမိပါ။

Thermometer ၀ယ်လာတယ် ဆိုတော့ အိမ်ပြန် ရောက်ရောက်ချင်းပဲ ကလိ ဖြစ်ပါတယ်။ တရုတ် နိုင်ငံထုတ် သာမိုမီတာလေးက LR-41 Type နာရီဓာတ်ခဲ အမျိုးအစားလေး တစ်လုံး သုံးပါတယ်။ စစချင်း သူ့ကို ပါဝါ ဖွင့်ဖို့ ပုံပြမျက်နှာပြင်လေးရဲ့ နံဘေးက အ၀ိုင်းသဏ္ဍာန် ခလုတ်လေးကို နှိပ်ပေးရပါတယ်။ ပါးစပ်ထဲထည့်ပြီး တိုင်းရင် သာမန် ပြဒါးတိုင်လိုပဲ စက္ကန့် 60 အချိန်ယူရပါတယ်။ တိုင်းထွာနေတုံးမှာ အပူချိန် ငြိမ်သွားပြီဆိုရင် အချက်ပေးသံလေး 2 ချက်တွဲ 8 ခါ မြည်ပါတယ်။ မောင်လူအေးတို့ မိရိုးဖလာ အပူချိန် တိုင်းထွာခဲ့ ကြတာက အများအားဖြင့် ဖာရင်ဟိုက် အပူချိန်အတိုင်း မှတ်သားထားတာများတဲ့ အတွက် 98.6 ပြမလား စောင့်ကြည့်ဖြစ်ပါတယ်။ သကောင့်သားက တိုင်းထွာပြီးချိန်မှာ 37.1 ဒီဂရီ စဲလ်စိယပ်ဆိုပြီး ပြပါတယ်။ အဲဒီတော့ ဒီဂရီစဲလ်စိယပ် အပူချိန်ကို သိချင်တဲ့အခါကျတော့ ၀ီကီကိုပဲ အားကိုးပြီး ရှာကြည့် လိုက်တဲ့ အခါမှာ ဒီလို ဒီလိုလေးတွေ တွေ့ရှိရပါတယ်ဗျာ။

လူ့ခန္ဓာကိုယ်၏ သာမာန်အပူချိန် ဆိုသည်မှာ လူခန္ဓာကိုယ်တွင် တိုင်းတာရရှိသော အပူချိန် ဖြစ်ပါတယ်။ အာခေါင်တွင်း တိုင်းတာ ရရှိသော ယေဘုယျ အပူချိန် တန်ဖိုးသည် 36.8 ဒီဂရီ စဲလ်စိယပ်စ် +/- 0.7သို့မဟုတ် 98.2 ဒီဂရီ ဖာရင်ဟိုက် +/- 1.3 ဒီဂရီ ဖာရင်ဟိုက် ဖြစ်ပါတယ်။ စအိုတွင်း တိုင်းထွာရရှိသော အပူချိန် (သို့မဟုတ်) ခန္ဓာကိုယ်၏ အတွင်းပိုင်းတွင် ထည့်သွင်း၊ တိုင်းတာ ရရှိသော အပူချိန်ဟာ 0.5 ဒီဂရီ စဲလ်စိယပ် (သို့မဟုတ်) 1 ဒီဂရီ ဖာရင်ဟိုက် ပိုမိုတတ်ပါတယ်။ လူတစ်ဦးချင်း၏ ခန္ဓာကိုယ်တွင်း အပူချိန်သည် လှုပ်ရှားမှုများသော နေ့အချိန်တွင် မြင့်မားပြီး အိပ်စက်အနားယူချိန်၏ ဒုတိယ တစ်ဝက်တွင် အနိမ့်ဆုံးသို့ရောက်ရှိကာ ပြောင်းလဲတတ်ပါတယ်။ သက္ကရာဇ် 1861 ခုနှစ်တွင် ကားလ်ရိန်းဟိုးလ်ဒ် အောဂတ်စ်ဝမ်းဒါးလစ်ခ်ျက လူဦးရေ တစ်သန်းအထိ တိုင်းတာကာ ပျမ်းမျှ အပူချိန်သည် 37 ဒီဂရီ စဲလ်စိယပ် ဖြစ်ကြောင်း မှတ်တမ်း တင်ခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စုတွင် လူတစ်ဦး၏ သာမာန် အပူချိန်ဟာ 37 ဒီဂရီ ဖာရင်ဟိုက်ကို အတိအကျ ပြောင်းထားတဲ့ 98.6 ဒီဂရီ စဲလ်စိယပ်စ်ဟု သတ်မှတ် သုံးစွဲကြပြီး ရုရှနိုင်ငံတွင်မူ 36.6 ဒီဂရီ စဲလ်စိယပ်စ်ဟု သတ်မှတ် သုံးစွဲ ကြပါတယ်။

10 comments:

  1. ငါးပြားစေ့ ကို လှူတဲ့နေရာ သုံးလို့ရပါတယ်။ ဆိုင်တွေ မှာ box ကလေး တွေ မတွေ့လား။ထည်.ခဲ.ပေါ။ ပြောမဲ.သာ ပြော တာ ကိုယ့်ဆီ မှာလဲ ပုံလို.။

    တို.ကတော. မွတ်စတာဖာ ကနေ ၁၂ ကျပ်တန် ဝယ် တယ်။ အချစ် ကိုကို အတွက် ဆိုတော. အကောင်းဆုံး။ ကိုယ့်အတွက် ကတော. ပြဒါးတိုင် ရှိတယ်။ ကိုယ့်အတွက် ကတော့ မသုံ့းရပါဘူး။ သူဘဲ ကဒီးကဒီး ဖျားတာဘဲ။ နေပူ မိလို. ဖျားရတာနဲ.။ မိုးရွာလို.ဖျားရတာနဲ. ။ အလုပ်ပင်ပန်းလို.ဖျားရတာနဲ့။

    စလုံးမှာ နေတဲ့ သူ များ အကြောင်း သိတယ် မစဟုတ်လား။ အမျိုး အရင်းကြီးတောင် တစ်ယောက် ကို ပြဒါးတိုင် တစ်ချောင်းပါ။

    (ဟိုတုံးက လက် ရည် တပြင် စီး လား …….မသိဘူး။ လက်မောင်းသွေးဖောက် သစ္စာ ပြူကြ မလို့လား ။ လာမပြောပါနဲ့။ ရောဂါတွေ ကူးကုန်ဦးမယ်။ )

    သာမိုမီတာ မမြင်ဘူးသူများ အတွက်
    http://upload.wikimedia.org/wikipedia/commons/thumb/9/93/Clinical_thermometer_38.7.JPG/180px-Clinical_thermometer_38.7.JPG

    ဘာ ရယ် မဟုတ် ဂျိုင်း မှာလဲ အဖျား တိုင်းကြ တယ် ဆိုတာ သတိ ရတာနဲ. သိတ် အားနေ လို့ ဝင် ရှည် ကြညှ်ုတာပါ။
    Axillary temperate က body temperature ထက် 0.5°F (0.3°C) to 1°F (0.6°C) နည်းတယ် လို.ဆိုပါတယ်။
    ရည်ညွန်းချက်.
    http://health.yahoo.com/hearing-resources/rectal-ear-oral-and-axillary-temperature-comparison/healthwise--tw9223.html

    ReplyDelete
  2. နောက်တော့မှ ငါးပြားစေ့တွေ စုပြီး သွားလှုပါဦးမယ်ဗျာ။ ကွန့်မန့်အတွက် ကျေးဇူးဥပကာရ တင်ရှိပါကြောင်း။

    ReplyDelete
  3. ကောင်းပါ့... ဗဟုသုတအဖြစ်ဖတ်သွားပါတယ်ခင်ဗျာ။

    ReplyDelete
  4. စလုံးမှာနေတာဆိုတော့ (သိပြီးသားလားတော့မသိပါဘူး) DBS ဘဏ် အကောင့်ရှိရင် အကြွေလဲလို့ ရတဲ့ စက်တွေရှိတယ်ရှင့် ။ ၅ပြားစေ့ ဖြစ်ဖြစ် ဘာဖြစ်ဖြစ် ၊သူက ၁စေ့ ကို ၀.၀၀၇၅ ပြား နှုန်းနဲ့ ပြန်ကောက်တယ် ။း)

    ReplyDelete
  5. > ကိုလင်းဦးရေ
    မရောက်တာ တော်ကြာပေါ့. လာလည်တာ ကျေးဇူးပါဗျာ...

    >မ anonymous
    အဲလိုတော့ ကြားဖူးသေးဘူးဗျ။ လဲလို့ရတဲ့ နေရာ ရှိရင်တော့ အဆင်ပြေတာပေါ့ နော။ နေရာလေး သိရင် ဝေမျှပါဦးဗျာ..

    ReplyDelete
  6. U can change at Ang Mo Kio Hub

    ReplyDelete
  7. ဒါဆို ကျွန်တော့ ငါးပြားစေ့တွေ စုပြီး သွားလဲ ဦးမှပဲ...

    ကျေးဇူးပါဗျာ.... Anonymous ခင်ဗျာ...

    :)

    ReplyDelete
  8. I’ve recently started a blog, the info you provide on this site has helped
    me greatly. Thanks for all of your time & work.


    Here is my web site :: http://ncm.gu.se/

    ReplyDelete
  9. I am continually browsing online for articles that can help me.
    Thank you!

    Look into my weblog - elevtv.ro

    ReplyDelete

Your comment encouraged Mgluaye to write new posts in blog. It will be appreciated to write something about the post you have read...

Thank you

သူတို့ဖျက်ကြလေပြီ

Unicode Version မောင်လူအေးတို့ ဘီအိုအိပ်ချ် ရုံးတည်ရာ လှိုင် ၂ ရပ်ကွက်၊ ရတနာမွန် အိမ်ယာအတွင်းက လမ်းများမှာ ယခု ရက်သတ္တပတ်အတွင်...