MGLUAYE'S PAGES

သူတို့ဖျက်ကြလေပြီ

Bookmark and Share

Nov 2, 2018


Unicode Version

မောင်လူအေးတို့ ဘီအိုအိပ်ချ် ရုံးတည်ရာ လှိုင် ၂ ရပ်ကွက်၊ ရတနာမွန် အိမ်ယာအတွင်းက လမ်းများမှာ ယခု ရက်သတ္တပတ်အတွင်း အဆောက်အဦး ဖျက်ပွဲကြီး ဝှဲချီးကျင်းပနေကြတယ်။ များမကြာမီ လအနည်းငယ်ကတည်းက စတင်ခဲ့သော ကျူးအသွယ်သွယ်၊ ဖျက်ကြမယ် အစီအစဉ်ထဲက တစ်ပိုင်းအနေနဲ့ အိုးအိမ်ပိုင် တိုက်တာအဆောက်အဦး ဘေးဘီဝဲယာအဖက်ဖက် တနိုင်တပိုင်ကျူးများကို စည်ပင်ရဲ့ အစီအစဉ်နဲ့ ယနေ့ သောကြာနေ့ အပြီးဖျက်ကြရမယ်လို့ ဆိုတယ်။ ဖျက်၍သာ ဖျက်ကြရတယ်။ မိမိ ပိုင်ဆိုင်မှု မရှိတဲ့ မြေဆိုပေမဲ့လို့ တိုးထား ချဲ့ထားသော အဆောက်အဦး၊ အမိုးအကာများမှာ တိုးထားသူများ ပိုင်ဆိုင်သော အရင်းအနှီးများဖြင့် တည်ဆောက်ထားတာ ဆိုတော့ ဖျက်ရတယ် ဆိုစေကာ ဖျက်သူကလည်း စိတ်မကောင်း၊ အဖျက်ခံရသူများလည်း ဘေးဘီဝဲယာမှာ ရပ်စောင့်ကြည့်လို့ မြင်ကွင်းက အတော်စိတ် မကောင်းစရာပင်။ သို့ပေသည့် စည်းကမ်းကလနားများနှင့် အညီနေနိုင်စေဖို့ မိမိပိုင်ဆိုင်သည့် နေရာကလွဲလို့ ကျန်တာ စည်ပင်ပိုင် လမ်းမြေ ကျူးကျော်ခြင်း မပြုရ ဆိုသည့် စည်းကမ်းအလျောက် ဖျက်ကြရတော့မည်။ ဖျက်နေကြပြီ။ ဖျက်ပြီးကြပေပြီ။ 

ဒီနေရာမှာ မေးစရာ ပေါ်လာပါတယ်။ ဤသို့ဤနှယ် ဖျက်လိုက်ရင် ပြီးသွားရောလား။ မောင်လူအေးတို့ထက် ဝါရင့် သဘာရင့် အတွေ့အကြုံရင့်သူများက မေးငေါ့ကာ ဆိုတယ်။ ဖျက်တော့လည်း ခဏပါကွာ။ ပြီးရင် များမကြာခင် ပြန်ရောက်လာကြမှာပါ။ ဆိုသူများ၏ စကားကို အဆိုးမြင်သူများ၊ မပြောင်းလဲချင်သူများလို့  အလွယ်တကူ လက်ညှိုးပြေးထိုးဖို့ရာ မအပ်ပါ။ သူတို့သည် ခေတ်အဆက်ဆက်၊ အုပ်ချုပ်သူ အသွယ်သွယ်ကြား ထူးမခြားနား စီမံခန့်ခွဲမှုတွေကြား အရိုးစွဲ မြင်တွေ့ ထိသိလာမှုကြောင့် အများညီ၍ ဤကိုကျွဲဖတ်သည့် အတွေ့အကြုံများလွန်းလာသည့် နောက်ဝယ် ဤကိုတွေ့လျက်နှင့်ပင် ဤလို့ မဖတ်ရဲ ကျွဲပဲ ဖြစ်ဦးမှာပါလို့ ဆိုနေဆဲပင်။

ဖျက်ကြသည့် အဆောက်အဦအများစုသည် အဆောက်အဦးဘေးကို ချဲ့ထားသော လက်ဖက်ရည်ဆိုင်၊ ကုန်စုံဆိုင်၊ အစောပိုင်းက ခုံလေးသုံးခုံလောက်နှင့် စခဲ့တဲ့ ခနော်နီခနော်နဲ့ ဆိုင်ငယ်လေးက လုပ်ငန်းလေး လည်လာလို့ သစ်ဝါးတွေနဲ့ အခိုင်အမာ လုပ်၊ အောက်မယ် သမံတလင်းလေး ခင်းနဲ့၊ အချို့တွေက လအနည်းငယ်က သံထည်တွေနဲ့ အခိုင်အမာ လုပ်ထားကြတဲ့ အဆောက်အဦးတွေ အချို့ပါတာ တွေ့ရပါတယ်။ အိုကေလေ။ ဖျက်ဆိုတော့လည်း ဖျက်ကြတာပေါ့။ နောက်တော့လည်း ကြည့်လုပ်တာပေါ့ ဆိုတာက အများစုရဲ့ စိတ်ထဲ လောလောဆယ် ဖြစ်နေကြတဲ့  စိတ်အစဉ်။ တစ်ခု ကျန်နေခဲ့တာက၊ ကျနော်တို့ မတွေးမိတာက ဒီဆိုင်တွေ ဘာလို့ ဒီနေရာကို ရောက်လာတာလဲ။ ဒါတွေကို အစဉ်သဖြင့် ပျောက်စေချင်ရင် ဘာလုပ်ကြမလဲ။ 

သေချာတာက ဈေးကွက်သဘောအရ ဝယ်သူရှိလို့ ရောင်းသူပေါ်လာတာ ဖြစ်ပြီးတော့ ဒီဆိုင်တွေ ဒီမှာ ရှိလာတယ်ဆိုတာ ဒီနေရာတဝိုက် နေထိုင်ကြသူများရဲ့ လိုအပ်ချက်ကို လိုက်လို့ ရောင်းဝယ်ကြရင်း ပေါ်ပေါက်လာတာ။ အကယ်၍ ဒီဆိုင်တွေ ဒီမှာ ရှိမနေစေချင်ဘူး ဆိုရင်ဖြင့် ဖျက်ပစ်လိုက် ဆိုရုံနဲ့ ပြီးသွားမယ် မထင်။ ဖျက်ပစ်လိုက်လည်း ခဏပဲ ပျက်ပြီး သူ့နည်း သူ့ဟန်နဲ့ အလျှိုအလျှို ပြန်ပေါ်လာကြဦးမှာပင်။ ကျနော်တို့ ရန်ကုန်ညဈေးတန်းကို နမူနာယူနိုင်တယ်။ နိုင်ငံတကာမှာလို ပါဆာမာလမ်း ခေါ်တဲ့ ဈေးတန်းကြီး ဖြစ်ရင် ကောင်းမှာပဲ။ အားလုံး တစုတစည်းတည်းနဲ့ သွားဝယ် စားသောက် နိုင်မှာပဲ။ တွေးတဲ့အတိုင်း လုပ်ချလိုက်တဲ့ နောက်မှာ မဟာဗန္ဓုလလမ်း တလျှောက်၊ အနော်ရထာလမ်း တလျှောက် ဈေးသည်တွေ ပျောက်သွားရောလား။ မပျောက်ပါဘူး။ Demand ကို နေရာ မရွှေ့ပေးနိုင်လို့ကတော့ Supply က အဲဒီနေရာကို ပြန်လိုက်လိုက် လာနေတာနဲ့  သံသရာလည်နေတာကြီးကို တွေ့တွေ့နေရဦးမှာပါ။ ဒီတော့ ဘာလုပ်မလည်း။ မေးစရာ ရှိလာတယ်။ အဲဒီဈေးဆိုင်တွေရဲ့ ဝယ်သူတွေက ဘာတွေ ဝယ်သလည်း။ ဖျက်လိုက်လို့ ဖြစ်ပေါ်လာမဲ့ Demand & Supply Gap ဒါတွေကို နေရာ အရင်ကြိုမချ စီစဉ် မထားဘဲနဲ့ကတော့  ဆောက်လိုက် ဖျက်လိုက်၊ ဖျက်လိုက် ဆောက်လိုက်နဲ့ ငယ်ငယ်က ကြောင်နဲ့ကြွက် ကာတွန်း ကြည့်ရသလို တလည်လည်နဲ့ ။ ပေါ်လစီမိတ်ကာတွေ အနေနဲ့လည်း ဒါတွေက မြို့ပြအင်္ဂါရပ်နဲ့ မညီဘူး။ အကုန်ဖျက် ဆိုတဲ့ စကားတစ်ခွန်း မပြောခင်မှာ ဒီ Scenario က ဘာကြောင့် ပေါ်လာလည်း၊ နောက်တစ်ခါ ဒါမျိုး Loop ပြန် မပတ်အောင် ဘယ်နေရာမှာ Loop ကို ဘယ်လို အစီအစဉ်မျိုးနဲ့ ဖြတ်မလည်း ဆိုတာလေး တွေးပြီး ပေါ်လစီချမယ် ဆိုရင်တော့ဖြင့် ထာဝစဉ်ညီ တည်တံ့တယ် ဆိုတဲ့ Sustainable Development ဆိုတာကို လက်ခံရရှိနိုင်ကြမယ် ဆိုတာလေး ဝင်လက်ဆော့လိုက်ပါတယ်ဗျာ။

Zawgyi Version

ေမာင္လူေအးတို႕ ဘီအိုအိပ္ခ်္ ႐ံုးတည္ရာ လိႈင္ ၂ ရပ္ကြက္၊ ရတနာမြန္ အိမ္ယာအတြင္းက လမ္းမ်ားမွာ ယခု ရက္သတၱပတ္အတြင္း အေဆာက္အဦး ဖ်က္ပြဲႀကီး ၀ွဲခ်ီးက်င္းပေနၾကတယ္။ မ်ားမၾကာမီ လအနည္းငယ္ကတည္းက စတင္ခဲ႕ေသာ က်ဴးအသြယ္သြယ္၊ ဖ်က္ၾကမယ္ အစီအစဥ္ထဲက တစ္ပိုင္းအေနနဲ႕ အိုးအိမ္ပိုင္ တိုက္တာအေဆာက္အဦး ေဘးဘီဝဲယာအဖက္ဖက္ တႏို္င္တပိုင္က်ဴးမ်ားကို စည္ပင္ရဲ႕ အစီအစဥ္နဲ႕ ယေန႕ ေသာၾကာေန႕ အၿပီးဖ်က္ၾကရမယ္လို႕ ဆိုတယ္။ ဖ်က္၍သာ ဖ်က္ၾကရတယ္။ မိမိ ပိုင္ဆိုင္မႈ မ႐ွိတဲ႕ ေျမဆိုေပမဲ႕လို႕ တိုးထား ခ်ဲ႕ထားေသာ အေဆာက္အဦး၊ အမိုးအကာမ်ားမွာ တိုးထားသူမ်ား ပိုင္ဆိုင္ေသာ အရင္းအႏွီးမ်ားျဖင္႕ တည္ေဆာက္ထားတာ ဆိုေတာ႕ ဖ်က္ရတယ္ ဆိုေစကာ ဖ်က္သူကလည္း စိတ္မေကာင္း၊ အဖ်က္ခံရသူမ်ားလည္း ေဘးဘီ၀ဲယာမွာ ရပ္ေစာင္႔ၾကည္႕လို႕ ျမင္ကြင္းက အေတာ္စိတ္ မေကာင္းစရာပင္။ သို႕ေပသည္႕ စည္းကမ္းကလနားမ်ားႏွင္႕ အညီေနႏိုင္ေစဖို႕ မိမိပိုင္ဆိုင္သည္႕ ေနရာကလြဲလို႕ က်န္တာ စည္ပင္ပိုင္ လမ္းေျမ က်ဴးေက်ာ္ျခင္း မျပဳရ ဆိုသည္႕ စည္းကမ္းအေလ်ာက္ ဖ်က္ၾကရေတာ႕မည္။ ဖ်က္ေနၾကၿပီ။ ဖ်က္ၿပီးၾကေပၿပီ။ 

ဒီေနရာမွာ ေမးစရာ ေပၚလာပါတယ္။ ဤသို႕ဤႏွယ္ ဖ်က္လိုက္ရင္ ၿပီးသြားေရာလား။ ေမာင္လူေအးတို႕ထက္ ဝါရင္႕ သဘာရင္႕ အေတြ႕အႀကံဳရင္႕သူမ်ားက ေမးေငါ႕ကာ ဆိုတယ္။ ဖ်က္ေတာ႕လည္း ခဏပါကြာ။ ၿပီးရင္ မ်ားမၾကာခင္ ျပန္ေရာက္လာၾကမွာပါ။ ဆိုသူမ်ား၏ စကားကို အဆိုးျမင္သူမ်ား၊ မေျပာင္းလဲခ်င္သူမ်ားလို႕  အလြယ္တကူ လက္ညွိဳးေျပးထိုးဖို႕ရာ မအပ္ပါ။ သူတို႕သည္ ေခတ္အဆက္ဆက္၊ အုပ္ခ်ဳပ္သူ အသြယ္သြယ္ၾကား ထူးမျခားနား စီမံခန္႔ခြဲမႈေတြၾကား အ႐ိုးစြဲ ျမင္ေတြ႕ ထိသိလာမႈေၾကာင္႕ အမ်ားညီ၍ ဤကိုကြ်ဲဖတ္သည္႕ အေတြ႕အႀကံဳမ်ားလြန္းလာသည္႕ ေနာက္ဝယ္ ဤကိုေတြ႕လ်က္ႏွင္႕ပင္ ဤလို႕ မဖတ္ရဲ ကြ်ဲပဲ ျဖစ္ဦးမွာပါလို႕ ဆိုေနဆဲပင္။

ဖ်က္ၾကသည္႕ အေဆာက္အဦအမ်ားစုသည္ အေဆာက္အဦးေဘးကို ခ်ဲ႕ထားေသာ လက္ဖက္ရည္ဆိုင္၊ ကုန္စံုဆိုင္၊ အေစာပိုင္းက ခံုေလးသံုးခံုေလာက္ႏွင္႕ စခဲ႕တဲ႕ ခေနာ္နီခေနာ္နဲ႕ ဆိုင္ငယ္ေလးက လုပ္ငန္းေလး လည္လာလို႕ သစ္ဝါးေတြနဲ႕ အခိုင္အမာ လုပ္၊ ေအာက္မယ္ သမံတလင္းေလး ခင္းနဲ႕၊ အခ်ိဳ႕ေတြက လအနည္းငယ္က သံထည္ေတြနဲ႕ အခိုင္အမာ လုပ္ထားၾကတဲ႕ အေဆာက္အဦးေတြ အခ်ိဳ႕ပါတာ ေတြ႕ရပါတယ္။ အိုေကေလ။ ဖ်က္ဆိုေတာ႕လည္း ဖ်က္ၾကတာေပါ႕။ ေနာက္ေတာ႕လည္း ၾကည္႕လုပ္တာေပါ႕ ဆိုတာက အမ်ားစုရဲ႕ စိတ္ထဲ ေလာေလာဆယ္ ျဖစ္ေနၾကတဲ႕  စိတ္အစဥ္။ တစ္ခု က်န္ေနခဲ႕တာက၊ က်ေနာ္တို႕ မေတြးမိတာက ဒီဆိုင္ေတြ ဘာလို႕ ဒီေနရာကို ေရာက္လာတာလဲ။ ဒါေတြကို အစဥ္သျဖင္႕ ေပ်ာက္ေစခ်င္ရင္ ဘာလုပ္ၾကမလဲ။ 

ေသခ်ာတာက ေစ်းကြက္သေဘာအရ ဝယ္သူရွိလို႕ ေရာင္းသူေပၚလာတာ ျဖစ္ၿပီးေတာ႕ ဒီဆိုင္ေတြ ဒီမွာ ရွိလာတယ္ဆိုတာ ဒီေနရာတဝိုက္ ေနထိုင္ၾကသူမ်ားရဲ႕ လိုအပ္ခ်က္ကို လိုက္လို႕ ေရာင္းဝယ္ၾကရင္း ေပၚေပါက္လာတာ။ အကယ္၍ ဒီဆိုင္ေတြ ဒီမွာ ရွိမေနေစခ်င္ဘူး ဆိုရင္ျဖင္႕ ဖ်က္ပစ္လိုက္ ဆိုရံုနဲ႕ ၿပီးသြားမယ္ မထင္။ ဖ်က္ပစ္လိုက္လည္း ခဏပဲ ပ်က္ၿပီး သူ႕နည္း သူ႕ဟန္နဲ႕ အလွ်ိဳအလွ်ိဳ ျပန္ေပၚလာၾကဦးမွာပင္။ က်ေနာ္တို႕ ရန္ကုန္ညေစ်းတန္းကို နမူနာယူႏိုင္တယ္။ ႏိုင္ငံတကာမွာလို ပါဆာမာလမ္း ေခၚတဲ႕ ေစ်းတန္းႀကီး ျဖစ္ရင္ ေကာင္းမွာပဲ။ အားလံုး တစုတစည္းတည္းနဲ႕ သြားဝယ္ စားေသာက္ ႏုိင္မွာပဲ။ ေတြးတဲ႕အတိုင္း လုပ္ခ်လိုက္တဲ႕ ေနာက္မွာ မဟာဗႏၶဳလလမ္း တေလွ်ာက္၊ အေနာ္ရထာလမ္း တေလွ်ာက္ ေစ်းသည္ေတြ ေပ်ာက္သြားေရာလား။ မေပ်ာက္ပါဘူး။ Demand ကို ေနရာ မေရႊ႕ေပးႏိုင္လို႕ကေတာ႕ Supply က အဲဒီေနရာကို ျပန္လိုက္လိုက္ လာေနတာနဲ႕ သံသရာလည္ေနတာႀကီးကို ေတြ႕ေတြ႕ေနရဦးမွာပါ။ ဒီေတာ႕ ဘာလုပ္မလည္း။ ေမးစရာ ရွိလာတယ္။ အဲဒီေစ်းဆိုင္ေတြရဲ႕ ဝယ္သူေတြက ဘာေတြ ဝယ္သလည္း။ ဖ်က္လိုက္လို႕ ျဖစ္ေပၚလာမဲ႕ Demand & Supply Gap ဒါေတြကို ေနရာ အရင္ႀကိဳမခ် စီစဥ္ မထားဘဲနဲ႕ကေတာ႕  ေဆာက္လိုက္ ဖ်က္လိုက္၊ ဖ်က္လိုက္ ေဆာက္လိုက္နဲ႔ ငယ္ငယ္က ေၾကာင္နဲ႕ၾကြက္ ကာတြန္း ၾကည္႕ရသလို တလည္လည္နဲ႕ ။ ေပၚလစီမိတ္ကာေတြ အေနနဲ႕လည္း ဒါေတြက ၿမိဳ႕ျပအဂၤါရပ္နဲ႕ မညီဘူး။ အကုန္ဖ်က္ ဆိုတဲ႕ စကားတစ္ခြန္း မေျပာခင္မွာ ဒီ Scenario က ဘာေၾကာင္႕ ေပၚလာလည္း၊ ေနာက္တစ္ခါ ဒါမ်ိဳး Loop ျပန္ မပတ္ေအာင္ ဘယ္ေနရာမွာ Loop ကို ဘယ္လို အစီအစဥ္မ်ိဳးနဲ႕ ျဖတ္မလည္း ဆိုတာေလး ေတြးၿပီး ေပၚလစီခ်မယ္ ဆိုရင္ေတာ႔ျဖင္႕ ထာ၀စဥ္ညီ တည္တံ႕တယ္ ဆိုတဲ႕ Sustainable Development ဆိုတာကို လက္ခံရရွိႏိုင္ၾကမယ္ ဆိုတာေလး ဝင္လက္ေဆာ႕လိုက္ပါတယ္ဗ်ာ။ 


0 Comments:

Post a Comment

Your comment encouraged Mgluaye to write new posts in blog. It will be appreciated to write something about the post you have read...

Thank you

 

Database