Oct 7, 2009

2009 September Currency Review

2009 ခုနှစ် စက်တင်ဘာ အတွင်းမှာ စင်္ကာပူဒေါ်လာနဲ့ မြန်မာငွေ လဲလှယ်နှုံး တစ်လလုံး ပျမ်းမျှ 761.0333 ကျပ် ပေါက်ခဲ့ပြီး စက်တင်ဘာလ 27 ရက်၊ 28 ရက်၊ 29 ရက် နဲ့ 30 ရက်နေ့တွေမှာ အမြင့်ဆုံး 775 ကျပ် ထိ ပေါက်ခဲ့ပြီး၊ စက်တင်ဘာလ 8 ရက် နဲ့ 9 ရက်နေ့တွေမှာ အနိမ့်ဆုံး 752 ကျပ် ပေါက်ခဲ့ပါတယ်။

2009 ခုနှစ် စက်တင်ဘာ အတွင်းမှာ အမေရိကန် ဒေါ်လာနဲ့ စင်္ကာပူဒေါ်လာ လဲလှယ်နှုံး တစ်လလုံး ပျမ်းမျှ 1.423135 ပေါက်ခဲ့ပြီး စက်တင်ဘာလ 1 နေ့မှာ အမြင့်ဆုံး 1.44439 ထိ ပေါက်ခဲ့ပြီး၊ စက်တင်ဘာလ 30 ရက်နေ့မှာ အနိမ့်ဆုံး 1.4089 ပေါက်ခဲ့ပါတယ်။

မြန်မာငွေနဲ့ စင်္ကာပူ ဒေါ်လာ လဲလှယ်နှုံးကို မောင်လူအေး Sidebar ထဲက အချက်အလက်တွေနဲ့ ပြုစုပြီး အမေရိကန် ဒေါ်လာနဲ့ စင်္ကာပူဒေါ်လာ လဲလှယ်နှုံးကိုတော့ http://www.exchange-rates.org ကနေ ရယူပါတယ်ဗျား။


SGD-MMK SEP

USD-SGD SEP

Related Post

Oct 3, 2009

ဝါကျွတ်ဗျာယ်



ဝါကျွတ်ဗျာယ် သူငယ်ချင်းရောင်းရင်း ရို့နန့် ဆီမီးထွန်းကတ်မေ
အာကာကို မီးပုံးပျံလွှတ်တင်
အောင်ပါစီ ဆုတောင်း ဓလေ့ရိုးရာ ချစ်ဖို့ကောင်း
ရပ်ရွာတိုင်းမှာ စုရုံးပျော်ကတ်တေ

လာယ်ဝေ လားကတ်မေ ၀င်္ကဘာကွင်း ဘုရားပွဲနန့် အပြိုင်နွှဲကတ်ဖို့လေ
အစိုင်အလာကို ထိန်းသိမ်းစောင် လားမေ
ဆွမ်းတော်ကြီးလောင်းပွဲ အပြိုင်အဆိုင် ဆင်ယင်နွှဲ
ဘာသာ သာသနာ ကိုင်းရှိုင်းပါယင့်ဝေ

ချစ်ရဖို့ ဖူးစာရှင်ချေ တွိတွိဗျာယ် ထိုမှာ မြင်ဗျာယ်အဝေ သူငယ်ချင်း
ရခိုင့်ရိုးရာ အစိုင်အလာကို ထိန်းသိမ်းသူ
ယဉ်ကျေးသူ့အလှကို စံထားလောက်ယင့်ဝေ
ဒေမောင်ရင်မှာ စွဲလမ်းပါယင့်ဝေ

ဝါကျွတ်လွန် တန်ဆောင်တိုင်ပွဲ ခြိမ့်ခြိမ့်သည်းလို့ ထမင်းပေါင်းချက်စားမေ
ရွာလည်ဗျာယ် အုန်းသီးတောင်းကတ်မေ
သာနီရေ လပ ရရောင်းသတ်ဗျာယ် ကြည့်မဝ
ရပ်ရွာတိုင်းမှာ စုရုံးပျော်ကတ်တေ

ဂျက်လိန်

Photobucketအခေါ်အဝေါ်လေး သဘောကျလို့ပါ။ ဗြိတိသျှလိုတော့ ဘယ်လို ခေါ်တယ် မသိဘူး။ မောင်လူအေး ကျောင်းပြီးလို့ လုပ်ငန်းခွင် စ၀င်တော့ ဂျက်လိန် ငယ်နိုင်ကို စတွေ့ဖူးတာ။ မြောက်မြား လှစွာသော အဆောက်အဦးတွေ ဆောက်လုပ်ရာမှာ ဂျက်လိန် ငယ်နိုင်က အသံတိတ် ပါဝင်နေတဲ့ အလွန်တရာမှ အရေးကြီးတဲ့ လက်သုံး ကိရိယာ တစ်ခု။ သံကူကွန်ကရစ် မလောင်းခင် သံနန်းလုံး တွေကို သွပ်ရည် စိမ်ထားတဲ့ သံနန်းကြိုးနဲ့ ချည်နှောင်ရာမှာ သုံးတယ်။ သံနန်းကြိုးကို ကန့်လန့် ဖြတ်ထားတဲ့ သံနန်းလုံးနှစ်ခု ကို ပတ်၊ ပြီးတော့ လက်နဲ့ ဂျက်လိန် ငယ်နိုင် လျှိုလို့ရအောင် ကွင်းလေးလုပ်၊ ပြီးတော့ ဂျက်လိန် ငယ်နိုင် ရဲ့ ထိပ်က အကောက်လေးနဲ့ ချိတ်ပြီး လက်ကိုင်ကို သုံး၊ လေးပတ် လည်အောင် လှည့်ပေးရပါတယ်။ အဲလို လှည့်လိုက်တဲ့ခါ ခိုင်မာ ကျစ်လစ်တဲ့ သံချည်ကြိုးလေး ဖြစ်လာတယ်။ သံနန်းကြိုးကို လိုတဲ့ အခေါက်လေး ဖြစ်အောင် လွယ်လင့်တကူ ချည်နှောင် တုတ်နှောင်နိုင်လို့ သံကို ငယ်စဉ်တည်းက နိုင်တဲ့ သဘောနဲ့ ဂျက်လိန် ငယ်နိုင် လို့ သုံးနှုံးတယ်လို့ ယူဆပါတယ်။





Usage of Nge NaingUsage of Nge NaingUsage of Nge Naing

သံကူကွန်ကရစ် လောင်းဖို့
ဂျက်လိန် ငယ်နိုင်နဲ့ ချည်ထားတဲ့ သံနန်းလုံးမျာ

Sep 29, 2009

သီတင်းကျွတ်ပွဲတော် နှင့် ကထိန်အလှုတော် မင်္ဂလာ ဖိတ်ကြားလွှာ

စင်္ကာပူ နိုင်ငံမှာ ရောက်ရှိနေထိုင် နေကြတဲ့ ဗုဒ္ဓဘာသာဝင် သပ္ပူရိသ နွယ်ဝင် သူတော်စင်များ အတွက် နိဗ္ဗာန် အကျိုးမျှော်၍ နှိုးဆော်လိုက်ရပါတယ်။ စင်္ကာပူနိုင်ငံ Bukit Gombak MRT အနီးမှာ တည်ရှိတဲ့ သစ္စာပါရမီ ဓမ္မရာဇာ ၀ိပဿနာ ရိပ်သာမှ ကြီးမှုး ကျင်းပတဲ့ ၀ါလကင်းလွတ် သီတင်းကျွတ်ပွဲတော် နှင့် ပထမအကြိမ် မဟာဘုံကထိန် အလှုတော်ကို စင်္ကာပူနိုင်ငံ Informatics ကျောင်းဝင်းအတွင်း လာမဲ့ တနင်္ဂနွေနေ့မှာ ကျင်းပပြုလုပ်မှာ ဖြစ်တဲ့အတွက် သဒ္ဓါကြည်လင် ပါရမီရှင်များ သိစေဖို့ နိဗ္ဗာန် အကျိုးမျှော်၍ နှိုးဆော်လိုက်ရပါတယ် ခင်ဗျား။



Sep 16, 2009

S'pore to Admit Fewer Foreigners

သူများအိမ်မှာ ခဏတာ လာနေပြီး ရှာဖွေလုပ်ကိုင် စားသောက် ကြရသူများ အတွက် ညောင်သီးလည်းစား၊ လေးသံလည်း နားထောင် ဆိုတဲ့ ဆိုရိုးလေးလို လေးပစ်သံ မဟုတ်သေးပေမဲ့လို့ လေးကိုင်းပြင်တဲ့ အသံလေလား ထင်ရတဲ့ စာလေး တစ်ပုဒ် ဒီနေ့ မနက် ရထားကို အသွားမှာ ယူဖြစ်တဲ့ Mypaper မှာ ပါလာလို့ အိမ်ပြန်ရောက်တော့ သူ့ရဲ့ မူရင်း အင်တာနက် စာမျက်နှာပေါ်က ပြန်ရှာပြီး မျှဝေလိုက်ခြင်းပါ။

သတင်းရဲ့ ဆိုလိုရင်းကတော့ စာထဲ ဆိုထားတဲ့ အတိုင်းပဲ လက်ရှိ ရှိနေတဲ့ နိုင်ငံခြားသား အလုပ်သမား အရေအတွက်ကို လျှော့ချဖို့ ပြောထားတာ မဟုတ်သေးဘဲ နောင်နှစ်မှာ နိုင်ငံခြားသား အလုပ်သမား ထပ်ခေါ်တဲ့ အရေအတွက်ကို ကန့်သတ်တော့မှာ ဖြစ်တယ် ဆိုတဲ့ လေသံလေး စပြုလာတာ ဖြစ်တယ်။ မူရင်း စာမျက်နှာကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။




Sep 6, 2009

2009 August Currency Review

2009 ခုနှစ် သြဂုတ်လ အတွင်းမှာ စင်္ကာပူဒေါ်လာနဲ့ မြန်မာငွေ လဲလှယ်နှုံး တစ်လလုံး ပျမ်းမျှ 772.7097 ကျပ် ပေါက်ခဲ့ပြီး သြဂုတ်လ 2 ရက်၊ 8 ရက်၊ 9 ရက် နဲ့ 10 ရက်နေ့တွေမှာ အမြင့်ဆုံး 780 ကျပ် ထိ ပေါက်ခဲ့ပြီး၊ သြဂုတ်လ 18 ရက်နေ့မှာ အနိမ့်ဆုံး 765 ကျပ် ပေါက်ခဲ့ပါတယ်။

2009 ခုနှစ် သြဂုတ်လ အတွင်းမှာ အမေရိကန် ဒေါ်လာနဲ့ စင်္ကာပူဒေါ်လာ လဲလှယ်နှုံး တစ်လလုံး ပျမ်းမျှ 1.4470 ပေါက်ခဲ့ပြီး သြဂုတ်လ 17 နေ့မှာ အမြင့်ဆုံး 1.4517 ထိ ပေါက်ခဲ့ပြီး၊ သြဂုတ်လ 3 ရက်နေ့မှာ အနိမ့်ဆုံး 1.4328 ပေါက်ခဲ့ပါတယ်။

မြန်မာငွေနဲ့ စင်္ကာပူ ဒေါ်လာ လဲလှယ်နှုံးကို မောင်လူအေး Sidebar ထဲက အချက်အလက်တွေနဲ့ ပြုစုပြီး အမေရိကန် ဒေါ်လာနဲ့ စင်္ကာပူဒေါ်လာ လဲလှယ်နှုံးကိုတော့ http://www.exchange-rates.org ကနေ ရယူပါတယ်ဗျား။


MMK SGD AUG


SGD USD AUG

Related Post

BAY OF HUNTERS