Jun 15, 2008

PDF to AUTOCAD Converter

အခုတလောမှာ စင်္ကာပူမှာ အလုပ်လာရှာကြတဲ့ ရွှေမြန်မာ အများစု AUTOCAD Drafter အနေနဲ့ အလုပ် လာရှာကြတာ တွေ့ရပါတယ်။ ယခင့် ယခင် ကတည်း ကလည်း Drafter အနေနဲ့ အလုပ်လုပ် နေကြသူတွေ အမြောက်အမြား မို့လို့ Burmese Drafter Association BDA ဆိုပြီး ဖွဲ့ရင်တောင် ရနိုင်တဲ့ အခြေအနေ ရောက်နေပါပြီ။ (ရှေးလူကြီးတွေ အဆိုအရတော့ ကျုပ်တို့ မြန်မာ လူမျိုးဟာ လူ ၂ယောက်ရှိရင် ၃ ဖွဲ့ဖွဲ့လို့ ရတယ် ဆိုလားပဲ။ ဤကား စကားချပ်။) Drafter နဲ့ အလုပ် လာရှာသူ တွေရော၊ လက်ရှိ အလုပ် လုပ်နေသူတွေရော အသုံးတည့်နိုင်တဲ့ Software လေးတစ်ခု ဝေမျှလိုပါတယ်။

Construction Site Plan Drawing တွေဟာ အများအားဖြင့် A0 သို့မဟုတ် A1 နဲ့ အများဆုံး ထုတ်ပေးလေ့ရှိကြပြီး၊ AUTOCAD Drawing တွေဟာလည်း အများအားဖြင့် Mega Bytes အတော်များများ အထိ File Size ရှိတတ်တာမို့ Contractor အချင်းချင်း လက်ဆင့်ကမ်းဖို့ လိုအပ်တဲ့ အခါမှာ File Size သေးတဲ့ PDF Format ကို ပြောင်းပြီး ပေးတတ်တာမျိုး ကြုံရ တတ်ပါတယ်။ AUTOCAD Drawing ကို PDF ပြောင်းတာ ဘာမှ မခက်ပေမဲ့ PDF ကို AUTOCAD ပြောင်းဖို့ လိုအပ်တဲ့ အခါ ပြဿနာ တက်တော့တာပါပဲ။

မောင်လူအေးလည်း ဒီနေ့ပဲ အလားတူ ပြဿနာ ကြုံရပါတယ်။ Drawing တစ်ခုကို AUTOCAD နဲ့ Handle လုပ်ရင် လွယ်နိုင်တာကို Drawing က PDF ဖြစ်နေတော့ ဒုက္ခနဲ့ လှလှနဲ့ တွေ့တော့တာပါပဲ။ အဲဒါနဲ့ ဘာပဲလိုလို Google နဲ့ရှာ ဆိုထားတဲ့အတိုင်း ( ဘယ်သူမှ မဆိုထားပါဘူး။ ကိုယ်ဖာသာကိုယ်ဆိုထားတာပါ။) Google ထဲသွား၊ PDF to AUTOCAD ဆိုပြီး ရိုက်ထည့်လိုက်တော့မှ PDF to AUTOCAD Software တွေ တပုံကြီး တွေ့ရပါတယ်။ ဖြစ်နိုင်တာတော့ အသုံး မလိုသေးလို့၊ ထိတွေ့မှု မရှိလို့ မောင်လူအေး မသိ သေးတာလည်း ဖြစ်နိုင်ပါတယ်။

ဒါနဲ့ www.autodwg.com ကိုသွား၊ PDF to AUTOCAD Software လေး Download လုပ်၊ Install လုပ်ပြီး အပီအပြင် Convert လုပ်တော့မယ် လုပ်မှ သူပြောတဲ့ Command က အလုပ်မလုပ်ဘူးဖြစ်နေပါတယ်။ အဲဒါနဲ့ ဘာများမှားလည်း ပြန်စစ်တော့လည်း ဘာမှ မမှား၊ မသင်္ကာတာနဲ့ သူ့ Website ကို သွားကြည့်တော့မှပဲ သကောင့်သားက AUTOCAD Full version နဲ့ သာ အလုပ်လုပ်ပြီး၊ AUTOCAD LT Version မှာ အလုပ်မလုပ်တာ သွားတွေ့ရပါတယ်။

တကယ်တော့ ပြီးမှ ပြန်တွေ့ရတာ (အစောက ၀မ်းသာလွန်ပြီး မဖတ်မိဘဲ ကျော်သွားတာပါ။) PDF to AUTOCAD က Version နှစ်မျိုးရှိပြီး တစ်မျိုးက AUTOCAD Software ရှိစရာမလိုဘဲ Convert လုပ်ပေးနိုင်တဲ့ Standalone Version ဖြစ်ပြီး၊ တစ်မျိုးက AUTOCAD Software ပေါ်မှာ Plug-in ပုံစံမျိုး တိုက်ရိုက် Command ပေးသုံးနိုင်တဲ့ Software ဖြစ်နေတာ တွေ့ရပါတယ်။ Convert လုပ်တဲ့ အချိန် အတော်လေး ကြာပေမဲ့လို့ AUTOCAD Drawing Format အတိုင်း ထွက်တာတွေ့ရတဲ့ အတွက် အတော်လေးကို အဆင်ပြေ ချောမွေ့တာ တွေ့ရပါတယ်။

AUOTCAD Software ရှိပြီးသား သူငယ်ချင်းတွေကတော့ Plug-in Version က ပို အဆင်ပြေပြီး၊ Standalone Version ကတော့ AUTOCAD LT သုံးသူများ အတွက်ရော၊ AUTOCAD မရှိတဲ့ စက်မှာ Convert လုပ်ချင်သူတွေ အတွက်ရော အဆင်ပြေပါတယ်။

Plug-in Version အတွက် Download လုပ်ပြီးတဲ့ Software ကို Run လိုက်ပြီးတာနဲ့၊ AUTOCAD ကိုဖွင့်၊ Command Line ထဲမှာ PDFIN ဆိုတဲ့ Command ရိုက်ထည့်လိုက်တာနဲ့ Convert လုပ်ဖို့ File Select Window လေး ပွင့်လာပါမယ်။ ကိုယ် Convert လုပ်ချင်တဲ့ File ကို Click လုပ်ပြီး Convert ကိုသာ Click လိုက်ရုံပါပဲဗျာ။ အကယ်၍များ သူငယ်ချင်းရဲ့ AUTOCAD က PDFIN Command ကို Unknown Command လို့ပြောခဲ့မယ်ဆိုရင်တော့ PDF to DWG Converter installed လုပ်ထားတဲ့ Address ( ဥပမာ. c:\Program Files\AutoDWG\PDF to DWG Converter) ကို သွားပြီး autoload.exe ဖိုင်လေးကို Run ပါ။ Run ပြီးတာနဲ့ AUTOCAD ထဲကိုသွား၊ Command Line ထဲမှာ ARX ဆိုတဲ့ Command ကို ရိုက်၊ ပြီးတာနဲ့ ARX File Load လုပ်နိုင်အောင် L ကို နှိပ်ပြီး PDF to DWG Converter installed လုပ်ထားတဲ့ Address ကို သွားပြီး အောက်မှာ ပြထားတဲ့ အတိုင်း သက်ဆိုင်ရာ ARX File ကို ရွေးပြီး Load လုပ်ခိုင်းပါ။




PDFImport27.arxAutoCAD 2007/2008
PDFImport24.arxAutoCAD 2004/2005/2006
PDFImport2x.arxAutoCAD 2000/2002
PDFImport14.arxAutoCAD R14

အဲဒီနောက်မှာတော့ AUTOCAD က PDFIN Command ကို လက်ခံပြီး Convert လုပ်နိုင်အောင် File Select လုပ်ပေးနိုင်ပါလိမ့်မယ်။

PDF to DWG Converter တွေကို အောက်မှာ Download လုပ်နိုင်ပါတယ်။


PDF to DWG Plug-in Version အတွက် Download ကို နှိပ်ပါ။
PDF to DWG Standalone Version အတွက် Download ကို နှိပ်ပါ။

အားလုံးပဲ AUTOCAD နဲ့ လုပ်ငန်းများ အဆင်ပြေ ချောမွေ့နိုင်ပြီး ဆထက်တပိုး အောင်မြင်သော Drafter များ ဖြစ်ကြပါစေဗျာ။ တကယ်လို့များ Burmese Drafter Association (BDA) ဖွဲ့ဖြစ်မယ် ဆိုရင်လည်း လက်တို့ပါဦးမယ်။








Standalone Version

Plug-in Version


16 comments:

  1. မောင်လူအေးရေ
    ကျွန်တော်က AutoCAD သမားမဟုတ်ပေမယ့် လိုအပ်ရင်သုံးလို့ရအောင် ဖတ်သွားပါတယ်။ ကျေးဇူးပါ

    ReplyDelete
  2. full version လေးများ မရှိဘူးလာဗျာ။ မိုက်တာကတော့ တော်တော်မိုက်တယ်။ ပြောင်းပြီး သိမ်းလို့မရဘူးလေ။ ၀ယ်ရင် အစိမ်း၁၈၀ တောင်မှဗျ။ ခရက် ရှာတာလဲ မတွေ့သေးဘူးဗျ။ ခရက်လေး ကီးလေးများရှိရင် မျှပါလားဗျာ

    ReplyDelete
  3. Plug-in version က သိမ်းလို့ရပါတယ်ဗျ... ကိုပုလုကွေးရ... Try ကြည့်ပါဦး... :-)

    ReplyDelete
  4. useful software for all of drafters..
    appreciated.

    ReplyDelete
  5. ကျေးဇူး အကြီးကြီးတင်ပါတယ်ဗျာ..

    ReplyDelete
  6. brother,
    can i ask u one thing about PDF converter,
    here, my company is using autocad without license,pirated one. so,now i m trying to use this PDF converter. After loading PDF to autocad ,its disapper itself. and appear box and writing in this box is " You r free to use this program to import pdf file to Autocad ,but cant save the result dwg.title. IF the program works for you, pls. click buy now to register" Might there any problem??

    ReplyDelete
  7. ကိုအမည်မသိဗျား...
    အသုံးတည့်တယ် ဆိုတာ သိရလို့ ၀မ်းသာပါတယ်ဗျာ

    ကိုအမည်မသိ ၁ ခင်ဗျား...
    နောက်လည်း လာလည်လှည့်ဦးလေဗျာ...

    ကို အမည်မသိ ၂ ခင်ဗျာ...
    အဲဒါဆိုရင် Standalone Version ကို သုံးကြည့်ပါလားဗျ... ကျွန်တော်လည်း ကြုံဖူးပါတယ်။ အဲဒါက AutoCAD Genuine လား Pirated လားနဲ့တော့ သိပ်မဆိုင်ဘူးဗျ... အဓိကတော့ သူတို့ ဆော့ဖ်ဝဲ ရောင်းရအောင် လုပ်တဲ့ သဘောပါ။

    ကြိုးစားကြည့်ပါဦး။ ရလဒ်လေးလည်း ပြန်ဝေမျှလေဗျာ... နော...

    တခြား သူငယ်ချင်းတွေလည်း သိရတာပေါ့... ဟုတ်ဘူးလား...

    :)

    ReplyDelete
  8. ok,,
    i will try with standalone and once i know result,i will share my knowledge to u all. :P

    ReplyDelete
  9. ကိုလူအေးရေ ... ဒီဆော့ဝဲ နှစ်မျိုးလုံး သုံးတာ အဆင်မပြေဘူး ဖြစ်နေတယ်ဗျာ... AutoCAD 2010 နဲ့ တွဲသုံးလို့ ရပုံမပေါ်ဘူးဗျာ...။

    ReplyDelete

Your comment encouraged Mgluaye to write new posts in blog. It will be appreciated to write something about the post you have read...

Thank you

BAY OF HUNTERS