Aug 7, 2008

Greenhouse & Greenhouse Effect

ဖန်လုံအိမ်

ဖန်လုံအိမ်အတွက် သုံးတဲ့ ဖန်အမျိုးအစားသည် မတူညီတဲ့ ကြိမ်နှုံးရှိတဲ့ ရောင်စဉ်တွေ အတွက် သီးသန့်ရွေးချယ်ထားတဲ့ ဖြတ်သန်းရာ ကြားခံဖြစ်သည်။ ၄င်းဖန်သားသည် အပြင်မှ ၀င်ရောက်လာသော စွမ်းအင်ကို ဖမ်းယူကာ အတွင်းရှိ သစ်ပင်၊ ပန်းမန်များနဲ့ မြေသားကိုလည်း အပူဓာတ်ပေးသည်။ ၄င်းအပူဖြင့် မြေပြင်အနီးရှိ လေထုကို နွေးထွေးစေကာ ၄င်းလေထု အထပ်အောက် ရွေ့လျားတိုက်ခတ်ခြင်းမှ ကာကွယ်ပေးသည်။ အကယ်၍ ဖန်လုံအိမ်၏ အမိုးအထက်နား၍ ပြူတင်းပေါက် အရွယ်သေးသေး ဖွင့်ထားပေးမည်ဆိုပါက အတွင်းမှ အပူချိန်သည် သိသိသာသာ လျော့ကျသွားပေလိမ့်မည်။ ဤအယူအဆသည် အလိုလျောက် လေလဲလှယ် အအေးပြုစနစ်၏ အခြေခံ ဖြစ်သည်။ ထို့ကြောင့် ဖန်လုံအိမ်သည် လျှပ်စစ်သံလိုက်လှိုင်း ပြန့်လွင့်မှုကို ဖမ်းယူပြီး အပူထိကူးကူးခြင်းကို တားဆီးသည်။ အရွယ်အစား သေးငယ်သော ဖန်လုံအိမ်များကို အအေးခန်းငယ်ဟု ခေါ်သည်။

အသုံးပြုပုံ

ဖန်လုံအိမ်များကို သစ်ပင်ပန်းမန်များ၊ စားပင်သီးနှံများ၊ သစ်သီးဝလံများနှင့် ဆေးရွက်ကြီးပင်များ စိုက်ပျိုးရာတွင် အသုံးပြုလေ့ရှိသည်။ ဖန်လုံအိမ်တွင်း အပင်များ မျိုးပွားရေးအတွက် ပျားမျိုးစုံကို အသုံးပြုပြီး ပျားဘုရင်မကို အဓိက အသုံးပြုလေ့ရှိကာ သဘာဝမျိုးပွားခြင်း သာမက လူလုပ် မျိုးပွားခြင်း ကိုလည်း အသုံးပြုကြသည်။ ဤကဲ့သို့ မျိုးပွားခြင်းက အပင်များ အထွက်တိုးစေရုံမျှမက ရေရှည်စိုက်ပျိုးမှုအတွက်လည်း အပင်အရေအတွက် တိုးပွားမှု ဖြစ်စေသည်။

ဆေးရွက်ကြီးမှ အပ စားပင်သီးနှံများနှင့် ပန်းမန်များကို ဖန်လုံအိမ်တွင်း၌ မိုးနှောင်းရာသီ၊ ဆောင်းဦးပိုင်းတွင် စတင် စိုက်ပျိုးပြီး ပူနွေးသော ရာသီဥတု ရှိသည့် ကာလတွင် ပြင်ပတွင် ထုတ်၍ စိုက်ပျိုးကြသည်။ ဤ ရွှေ့ပြောင်း စိုက်ပျိုးသည့် ကာလတွင် ပျိုးပင်ဈေးကွက်တွင် ဥယျာဉ်မှုးများ အတွက် ပျိုးပင်များ ၀ယ်ယူနိုင်ကြသည်။

ပြင်ပတွင် စိုက်ပျိုးခြင်းနှင့် နှိုင်းယှဉ်ပါက ဖန်လုံအိမ်တွင်း စိုက်ပျိုးခြင်းအတွက် လိုအပ်ချက်များ သတ်သတ်မှတ်မှတ် တိတိပပ ရှိသည်။ ဖန်လုံအိမ်တွင်း လေထု၏ စိုထိုင်းဆ၊ အပူချိန် လွန်ကဲခြင်း၊ ပိုးမွှားများနှင့် သစ်ပင်များတွင် ကျရောက်တတ်သော ရောဂါဘယများ မကျရောက်စေရေး အထူးဂရုပြုရသည်။ အပင်များ ရေပေးနိုင်စေရေး အတွက် ရေမြောင်းဖြင့် သွယ်တန်း၍ ရေပေးရသည်။ အပူပိုင်း ရာသီဥတုတွင် ပေါက်ရောက်သော စားပင်သီးနှံများအား မိုးတွင်းချိန်တွင် ပျိုးထောင်ရသောအခါ တိကျသော အပူချိန်နှင့် အလင်းရောင် ပေးနိုင်ရေး လိုအပ်သည်။ အာလူးကဲ့သို့သော သီးနှံများ စီးပွားဖြစ် စိုက်ပျိုးသောအခါ အထူးဖန်တီးထားသော ဖန်လုံအိမ် အမျိုးအစား လိုအပ်သည်။

လတ္တီကျုဒ် အမြင့်ပိုင်းတွင် တည်ရှိသော နိုင်ငံများအတွက် စားနပ်ရိက္ခာ ထောက်ပံ့မှုအတွက် ဖန်လုံအိမ်များ၏ အရေးပါမှု ပိုမို မြင့်မားလာနေသည်။ ကမ္ဘာ့အကြီးဆုံး ဖန်လုံအိမ်စိုက်ခင်းများမှ တစ်ခုသည် စပိန်နိုင်ငံ အယ်မနေးနီးယားအရပ်တွင် တည်ရှိပြီး ဧရိယာ အကျယ်အ၀န်းအားဖြင့် ဧက ၅၀,၀၀၀ ထိ (၂၀၀ km2) ထိရှိကာ စပိန်နိုင်ငံ၏ စုစုပေါင်း သစ်သီးဝလံစားသုံးမှု၏ ၅ ရာခိုင်နှုံးအထိကို တာဝန်ယူစိုက်ပျိုးလျက်ရှိသည်။

ဖန်လုံအိမ်များသည် သစ်ပင်များအား အပူအအေးလွန်ကဲခြင်း၊ ဖုန်မုန်တိုင်း၊ နှင်းမုန်တိုင်း တိုက်ခတ်ခြင်း၊ နှင့် ပိုးမွှားများ အန္တရာယ်မှ အကာအကွယ်ပေးသည်။ ဖန်လုံအိမ်၏ အကူအညီဖြင့် အလင်းနှင့် အပူချိန်ကို ထိန်းချုပ်ခြင်းဖြင့် သီးနှံစိုက်ပျိုးနိုင်မှု မရှိသော မြေပြင်အား စိုက်ပျိုးဖြစ်ထွန်းနိုင်သော မြေအဖြစ် ပြောင်းလဲနိုင်သည်။ ဖန်လုံအိမ်များမှ အာတိတ်ဒေသနှင့် သဲကန္တာရကဲ့သို့ စားပင်သီးနှံများ စိုက်ပျိုးဖြစ်ထွန်းမှု မရှိသော နိုင်ငံများအတွက် အစာရေစာ ထောက်ပံ့နိုင်သည်။ ဖန်လုံအိမ်၏ အတွင်းဧရိယာများ အစွမ်းကုန် အသုံးချနိုင်စေရေး အတွက် ဟိုက်ဒရိုပိုးနစ် နည်းစဉ်ကို အသုံးပြုနိုင်သည်။

ဇီဝဗေဒ ပညာရှင် ဂျွန်တုဒ်မှ ဘက်တီးရီးယားများ၊ အပင်များနှင့် တိရိစ္ဆာန်များ၏ အထောက်အပံ့ဖြင့် ရေဆိုးရေညစ်ကို ရေသန့်စင်ရာတွင် ဖန်လုံအိမ်ကို အသုံးချနိုင်ရန် တီထွင်ခဲ့သည်။

သမိုင်းကြောင်း

ပတ်ဝန်းကျင် အခြေအနေကို ထိမ်းချုပ်၍ သစ်ပင်ပန်းမန်များ စိုက်ပျိုးရေး အယူအဆသည် ရောမခေတ် ကတည်းကပင် တည်ရှိနေပြီး ဖြစ်သည်။ ရောမဧကရာဇ် တိုင်ဗေးရိယပ်စ်သည် သခွားသီးနှင့်တူသော သစ်သီးတစ်မျိုးကို နေ့စဉ်မပြတ်စားသုံးခဲ့သည်။ ဥယျာဉ်မှုးများက ၄င်း သစ်သီးတစ်နှစ်ပြတ်လုံး အဆက်မပြတ်ရရှိဆက်သစေနိုင်ရန် ဖန်လုံအိမ်ကဲ့သို့သော အထူးပြုပြင်ထားသော နည်းတစ်မျိုးသုံး၍ စိုက်ပျိုးခဲ့ကြသည်။ ၄င်း သခွားပင်ကို ဘီးတပ်လှည်းဖြင့်စိုက်ပျိုးပြီး နေ့ခင်း အချိန်တွင် နေရောင်ခြည် ရရှိသော နေရာတွင် ထုတ်ကာ ညအချိန်တွင် ၄င်း အနွေးဓာတ်ကို ထိန်းထားနိုင်စေရေးအတွက် အဆောက်အဦးအတွင်းသွင်း၍ ထားရသည်။ ရရှိသော သခွားသီးများကို ရှေးစာဆို ပလိုင်နီ သီ အက်ဒလာ၏ အညွှန်းအတိုင်း မိုက်ကာပြား သို့မဟုတ် စပက်ကျူးလေးရီးယားဟု ခေါ်သည့် အ၀တ်စကို ဆီစိမ်ကာ အုပ်ထားပြီး သခွားသီး ထည့်သည့် ပုံးငယ်များ သို့မဟုတ် ထည့်စရာ ဘောင်ငယ်များ ပြုလုပ်ကာ သိမ်းဆည်းရသည်။

ပထမဆုံး ဖန်လုံအိမ်များကို နှစ်ဆယ်ရာစုတွင် အီတလီတွင် စတင် တည်ဆောက်ခဲ့ပြီး စူးစမ်းလေ့လာသူများ အပူပိုင်းဒေသမှ ယူဆောင်လာသော အပင်ငယ်များ စိုက်ပျိုးရန် အသုံးပြုခဲ့သည်။ ၄င်း ဖန်လုံအိမ်များကို giardini botanici (ရုက္ခဗေဒ ဥယျာဉ်များ)ဟု ခေါ်ဝေါ်ခဲ့ကြသည်။ ၄င်းဖန်လုံအိမ်ဖြင့် စိုက်ပျိုးသော အပင်များနည်းတူ ဖန်လုံအိမ် တည်ဆောက်ခြင်း အယူအဆသည်လည်း နယ်သာလန်နိုင်ငံ၊ ထိုမှတဆင့် အင်္ဂလန်နိုင်ငံတို့သို့ ပျံ့နှံ့ခဲ့သည်။ အစောပိုင်း တည်ဆောက်မှုများအတွက် ဖန်လုံအိမ်တွင်း ဆောင်းဥတု အအေးဓာတ်မျိုး ဖန်တီးခြင်းနှင့် ညအချိန် အနီးကပ်စောင့်ကြပ် ကြည့်ရှုရခြင်း စသည့် ကရိကထများသော အလုပ်များ အတော်များပြားခဲ့သည်။ ၄င်း ရှေးဦး ဖန်လုံအိမ်များ အတွက် လုံလောက်မျှတသော အပူချိန် ပေးခြင်း ကိစ္စရပ်အတွက် အခက်အခဲပေါင်းများစွာ တွေ့ကြုံခဲ့ရသည်။

ပြင်သစ် ရုက္ခဗေဒ ပညာရှင် ဂျုးလီ ချားလ်စ်မှ အပူပိုင်း ဆေးဖက်ဝင် အပင်များ စိုက်ပျိုးရန် ပထမဆုံး လက်တွေ့ ဖန်လုံအိမ်တစ်ခုကို ဟော်လန်နိုင်ငံ လေဒင်အရပ်တွင် တည်ဆောက်ခဲ့သည်ဟု မှတ်တမ်းတင်ကြသည်။

ရုက္ခဗေဒပညာရပ် ဖွံ့ဖြိုးကြွယ်ဝရာ နေရာများ ဖြစ်သော တက္ကသိုလ်များတွင် ဖန်လုံအိမ်များ တည်ဆောက်လာကြသည်။ ပြင်သစ်လူမျိုးများက ၄င်းတို့၏ လိမ္မော်စိုက်ပျိုးခြင်းအတွက် လိမ္မော်ပင်များ အေးခဲခြင်းမှ ကာကွယ်နိုင်ရန် စတင် အသုံးပြုခဲ့ခြင်းကြောင့် ဖန်လုံအိမ်ကို orangeries (လိမ္မော်ခင်းများ) ဟု ခေါ်ဝေါ်ခဲ့ကြသည်။ နာနတ်သီးစိုက်ပျိုးမှု တွင်ကျယ်လာသော အခါ တဖန် pineries, or pineapple pits (နာနတ်ခင်းများ) ဟု ပြောင်းလဲ ခေါ်ဝေါ်လာခဲ့ကြပြန်သည်။ ၁၇ ရာစုအတွင်း ဥရောပတွင် ဖန်သားထုတ်လုပ်မှု နည်းပညာ တိုးတက်လာသည်နှင့် အမျှ ပိုမို ကောင်းမွန်သော ဖန်သားများ ထုတ်လုပ်နိုင်လာသည့် နည်းတူ ဖန်လုံအိမ် တည်ဆောက်မှုပုံစံနှင့် ပတ်သက်၍ စမ်းသပ်တီထွင်မှုများ ဆက်လက် လုပ်ဆောင်လာခဲ့ကြသည်။ ဗာဆယ်လီ နန်းတော်မှာ တည်ဆောက်ခဲ့တဲ့ ဖန်လုံအိမ်သည် ၄င်း၏ အရွယ်အစားနှင့် စည်းစနစ် ကျနမှုတို့အတွက် စံတင်ကြရသည်။ ၄င်း၏ အရွယ်အစားမှာ အလျား ပေ ၅၀၀၊ အနံ ၄၂ ပေနှင့် အမြင့် ၄၅ ပေ ရှိသည်။ ၁၉ရာစုတွင်း တည်ဆောက်ခဲ့ကြသော ဖန်လုံအိမ်များ အနက် အကြီးဆုံးဖြစ်သည်။

ဖန်လုံအိမ် အာနိသင်

ဖန်လုံအိမ်အတွင်းသို့ ၀င်ရောက်လာသော ပြင်ပမှ အပူများကို ပြင်ပသို့ ပြန်လည် ဆုံးရှုံးမှု မရှိစေရေး အတွက် ဖန်လုံအိမ်၏ နံရံနှင့် အမိုးတို့မှ ကာကွယ်ပေးသည်။

နေမှ အလင်းစွမ်းအင်၊ အပူစွမ်းအင်တို့သည် ကမ္ဘာ့လေထုကို ဖြတ်သန်း၍ မြေပြင်ပေါ်သို့ကျရောက်သည်။ ပုံမှန်အားဖြင့် အပူ အချို့အ၀က်ကို မြေပြင်မှ စုပ်ယူထားလိုက်ပြီး ကျန်သော အပူများကို အလင်းပြန်သကဲ့သို့ အာကာသကို ပြန်လည် စွန့်ထုတ်ရမည် ဖြစ်သည်။

သို့ရာတွင် လေထု အတွင်းရှိ ညစ်ညမ်းစေသော ဓာတ်ငွေ့များ နှင့်အခြား အရာများကြောင့် ၄င်းစွန့်ပစ်ရမည့် အပူများ ပြန်လည် စွန့်ထုတ်နိုင်ခြင်း မရှိဘဲ ကမ္ဘာ့လေထုအတွင်း စုဝေးနေခြင်းကို ဖန်လုံအိမ် အာနိသင်ဟုခေါ်သည်။

4 comments:

  1. You can certainly see your expertise in the work you

    write. The world hopes for more passionate writers such as you who aren't afraid to say how they believe. All the time follow your heart.

    Review my web blog :: http://julio.estudiosuma.cl/

    ReplyDelete
  2. I just wanted to

    write down a brief comment in order to

    appreciate you for all of the wonderful

    recommendations you are writing here. My extended internet research has
    finally been recognized with

    reliable tips to exchange with my

    guests. I would point out that we site visitors actually are undeniably lucky to live in a wonderful

    community with so many perfect people with insightful ideas.
    I feel

    truly fortunate to

    have encountered your web page and look forward to really more fun

    times reading here. Thank you once more for a
    lot of things.

    Also visit my web site :: scuttlebutt360.com

    ReplyDelete
  3. Just wish to say your article is as astounding.
    The

    clearness in your post is just great and i can assume you're an expert on this subject. Fine with your permission allow me to grab your RSS feed to keep

    updated with forthcoming post. Thanks a million and please continue the

    rewarding work.

    My web-site ... level304media.com

    ReplyDelete

Your comment encouraged Mgluaye to write new posts in blog. It will be appreciated to write something about the post you have read...

Thank you

သူတို့ဖျက်ကြလေပြီ

Unicode Version မောင်လူအေးတို့ ဘီအိုအိပ်ချ် ရုံးတည်ရာ လှိုင် ၂ ရပ်ကွက်၊ ရတနာမွန် အိမ်ယာအတွင်းက လမ်းများမှာ ယခု ရက်သတ္တပတ်အတွင်...