မင်းပဲ စဉ်းစားကြည့် Foreign Workers တွေ အရမ်းများလာတော့ စင်္ကာပူအတွက် ကောင်းလား။
နိုင်ငံသားတွေကျတော့ အလုပ်လုပ်တယ် အစိုးရကို အခွန်အခတွေ ပေးရတယ်။
နိုင်ငံခြားသားတွေက အလုပ်လာလုပ်တယ်။ အများစုက ဒီအစိုးရကို အခွန်ပေးစရာ မလိုဘဲ ပြီးရင် ကိုယ့်နိုင်ငံကို ပိုက်ဆံ ပြန်ပို့နိုင်တယ်။
တက္ကသိုလ်တွေက ဖွင့်လိုက်သမျှ စကော်လားရှစ်တွေ ဆိုတာလည်း အားလုံး နိုင်ငံခြားသားတွေ အတွက် ချည်းပဲ။
သူတို့က ဒီမှာ ကျောင်းကို ထောက်ပံ့ကြေးနဲ့ လာတက်တယ်။ ပြီးရင် လစာကောင်းတဲ့ အလုပ်တွေကို လုပ်နိုင်ကြတယ်။
ငါတို့ နိုင်ငံသားတွေက ကျတော့ အလုပ်လက်မဲ့တွေ ဖြစ်ကုန်ရော။
နိုင်ငံတကာမှာလည်း နိုင်ငံခြား အလုပ်သမားတွေ လက်ခံနေတာပဲ မဟုတ်လားဗျ။
ဥပမာ သြစတြေးလျ၊ အမေရိကန်တို့လို နိုင်ငံတွေ အကုန်လုံး နိုင်ငံခြား အလုပ်သမားတွေ အလုံးအရင်းနဲ့ ပြောင်းရွှေ့ ၀င်ရောက် နေကြတယ် လေဗျာ။
ဟ ငါ့လူရ… တူပါ့မလား။
သြဇီဆိုတာ ဆစ်ဒနီကနေ ပတ်သ်ကို လေးနာရီ လေယာဉ် စီးရတယ်လေကွာ…
အမေရိကား ဆိုတာလည်း သူ့ရဲ့ တချို့ ပြည်နယ်တွေဆိုတာ စင်္ကာပူရဲ့ ဆယ်ဆလောက်ကို ရှိတယ်။
သူတို့ဆီ နိုင်ငံခြား လုပ်သား ၀င်တော့ ဘာအရေးလည်း…
စင်္ကာပူဆိုတာ ဟိုဘက်ထိပ် ဒီဘက်ထိပ် လေယာဉ်ပျံနဲ့ သွားရင် စက္ကန့်သုံးဆယ်တောင် ပြည့်အောင် သွားစရာ မလိုတဲ့ ခရီးလေ
ကြားတာတော့ ၂၀၁၀ မှာ စင်္ကာပူ နိုင်ငံမှာ လူဦးရေ ၆ သန်း အထိ ဖြည့်မယ်လို့ ရည်မှန်းထားတယ် ကြားတာပဲဗျ… အခုလို နိုင်ငံခြား လုပ်သားတွေ ၀င်ရောက်လာတော့ အချို့က အမြဲတမ်း နေထိုင်သူ အဖြစ်ကို ပြောင်းကြ၊ အဲဒီကနေ နောက်တော့ နိုင်ငံသား အဖြစ်ကို ပြောင်းကြတော့ စင်္ကာပူ လူဦးရေ ရည်မှန်းချက် ပြည့်မီဖို့ အထောက် အကူပြုတယ်လို့ မဆိုနိုင်ဘူးလား။
အဲဒီ လူဦးရေ ပြည့်မီရေး အတွက်တော့များကွာ ၈၀ ခုနှစ်ပတ်ဝန်းကျင်က အုပ်ချုပ်သူ လူတန်းစားတွေ တွက်ကိန်းမှားတာကွ… အဲဒီတုံးက မိသားတစ်စု သားသမီး ၂ ယောက်ဆို တော်ပြီ တော်ပြီ… ရပ်တော့ ဆိုပြီး ငါတို့ကို အတင်း ရပ်ခိုင်းခဲ့တာပဲလေ…
အခုက စင်္ကာပူက နေထိုင်မှု စရိတ်ကလည်း အလွန်တရာ ကြီးမြင့်လာတယ်။ မင်း ERP ဆိုတာတွေ တွေ့မှာပေါ့။ နေရာတိုင်းမှာ ERP တွေ အောထနေတာပဲ။
ဒါပေမဲ့ ခင်ဗျားတို့ စင်္ကာပူက တော်တော် ငြိမ်းချမ်းပါတယ်ဗျ။
ငြိမ်းချမ်းဆို မင်းဟာက မီးခြစ်ခွံလောက်ပဲ ရှိတာလေကွာ… သူများနိုင်ငံတွေလို ရဲတွေ ဒင်းကြမ်းပြည့် ချထားစရာမှ မလိုတာပဲ။ ထစ်ခနဲ ဆိုတာနဲ့ စိတ်မပူနဲ့ ငါ့လူ။ ရောက်လာမှာ စိတ်ချ။
ဒါပေမဲ့ ခင်ဗျားတို့ လူငယ်ဘ၀ အဲ… ၈၀ ပြည့်နှစ် ပတ်ဝန်းကျင်လောက်က စင်္ကာပူ ဒီအခြေအနေ ဖြစ်လာအောင် ကြိုးစားခဲ့ကြတဲ့ သူတွေ အခုက လူကြီးပိုင်းရောက်ကုန်ပြီလေဗျာ… စင်္ကာပူ ဒီလို အခြေအနေ ရောက်လာတယ်ဆိုတာ ခင်ဗျားတို့ ကြိုးစား အားထုတ်မှုတွေ အများကြီး ပါတာပဲ မလား။ အဲ တစ်ခုက အခုခေတ် လူငယ်တွေ ကျတော့ နည်းနည်း ပေါ့သလားလို့ဗျ… သူတို့က ခလုတ်ဖွင့် မီးလင်းတယ်… ဘုံဘိုင်ခေါင်းဖွင့် ရေလာတယ်ဆိုတာ ဖြစ်နေတာကိုး။ နည်းနည်း အလေးထားမှု နည်းသလား။
အေး အဲဒီလို ဖြစ်လာတာလည်း အစိုးရက ပိုက်ဆံ ရှိတာကိုးကွ… ငါတို့ လစဉ် အခွန် အတုတ်တွေ ပေးနေရတယ်လေကွာ… အဲဒါတွေနဲ့ ရင်းနှီးမြှုပ်နှံရင်း ဒီအခြေအနေ ဖြစ်လာတယ်ဆိုပါတော့။ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုကတော့ ရှိတာပေါ့ကွာ… မင်းတွေ့နေရတဲ့ အခု Woodlands တ၀ိုက်ဆိုရင် အယင်က ရာဘာတောတွေကွ… သူတို့က မြေကွက်တွေရိုက် တိုက်တွေ ဆောက်တယ်။ တိုက်တာ အဆောက်အဦးတွေ ပြည့်ကျပ်ညပ်လာတယ်။
နောက် ဆယ်စုနှစ်တွေ အတွက်တော့ မလွယ်ဘူးမောင်ရေ့… တော်တော်ကို လုပ်ယူမှကို ရမယ်။
အလုပ်ကနေ တက္ကစီ စီးတော့ တက္ကစီမောင်းတဲ့ ဒရိုင်ဘာကြီးတွေနဲ့ စကားလက်ဆုံ ကျပါတယ်။ စင်္ကာပူမှာ တက္ကစီမောင်း လိုင်စင်ကို နိုင်ငံသား (ဒါမှမဟုတ်) အမြဲတမ်း နေထိုင်သူတွေကိုပဲ ချပေးတတ်တာရယ်၊ အသက်အကန့်အသတ် ရှိတာရယ်ကြောင့် တော်တော်များများသော ဒရိုင်ဘာတွေက အသက်ကြီးကြီးတွေ များပါတယ်။
ကားပေါ်တက် ထိုင်တယ်ဆိုရင်ပဲ လေပေးက ဖြောင့်တတ်တဲ့ (အာရိုက်တာများတဲ့…. ) မောင်လူအေးနဲ့ ကတော့ တော်တော်များများသော ဒရိုင်ဘာတွေ စကားပြော ဖြစ်ပါတယ်။ အပေါ်က စကားတွေက သူတို့ရဲ့ လက်ရှိ နိုင်ငံခြားသား အလုပ်သမားတွေ အပေါ် ထားတဲ့ အမြင်တွေ ထဲက တစ်ချို့ပေါ့…
စင်္ကာပူဟာ အစစအရာရာ အကန့်အသတ် ရှိနေတဲ့ နိုင်ငံငယ်လေး တစ်ခုဖြစ်တဲ့ အတွက် အစစ အရာရာ သတိထားကိုင်တွယ် ကြရတဲ့ အနေအထား ရှိပါတယ်။ မြေနေရာကလည်း ကျဉ်း၊ ရေကအစ ၀ယ်သောက် နေရတဲ့ နိုင်ငံငယ်လေးမှာ နိုင်ငံခြားသား အလုပ်သမားတွေ တပုံတပင် ၀င်ရောက်လာကြတဲ့ အတွက် အကျပ်အတည်းတွေ ဖြစ်လာပါတယ်။
အကျပ်အတည်းတွေ ဖြစ်လာတယ် ဆိုတာလည်း ခုနေ စင်္ကာပူ ဒီအခြေအနေ ရောက်မှ နိုင်ငံခြားသား အလုပ်သမားတွေကို အပြစ်ပြောမယ် ဆိုရင် မှား ပါလိမ့်မယ်။ တကယ်တော့ စင်္ကာပူ ဒီအခြေအနေ ရောက်လာဖို့ နိုင်ငံခြားသား အလုပ်သမားတွေအပေါ် မှီခိုခဲ့ရမှု တော်တော်များပါတယ်။ အများဆုံးသော နိုင်ငံတွေက မလေးရှား၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မြန်မာနဲ့ တရုတ်ပြည်မတို့ကနေ ဖြစ်တယ်။
သူတို့ရဲ့ စာရင်းဇယားတွေ အရ ၂၀၀၇ ခုနှစ်မှာ အလုပ်အကိုင်အသစ် ၂၃၆,၀၀၀ ပေါ်ခဲ့ရာမှာ နိုင်ငံခြားသား တွေက ၁၄၄,၅၀၀ (၆၁ ရာခိုင်နှုံး) အထိ ရယူသွားခဲ့ကြတယ်လို့ ဆိုပါတယ်။ (Ref:)
ဆိုတော့ အကယ်၍များ နိုင်ငံခြားသားတွေကို ပြန်ကြတော့ ဆိုပြီး ပြန်လွှတ်ခဲ့မယ်ဆိုရင်ရော… စင်္ကာပူ ဘာလုပ်မလဲ… ဘယ်လို ရပ်တည်မလဲ… ဆိုတာကတော့ အခု လောလောဆယ် စင်္ကာပူ ကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေ များစွာထဲက တစ်ခု ဖြစ်ပါကြောင်း….

12 Comments:
KOM: ဖတ်သွားတယ်ရှင့် ကျှန်မ ကတော့ စကားပြောလေ့ မရှိဘူး။ အိမ်ရှင် မပါ အလုပ်မလုပ်ပါဘူးလို့ တခါထည်းဘဲ နားအေားအောင် ပြောထားပါတယ်။
ဘယ်တော့မှ အစာကြေမယ့် ကိစ္စလဲမသိပါဘူးဗျာ။ လုပ်စရာရှိတာလုပ် စုစရာရှိတာစုပြီး ပြန်တာဘဲ ကောင်းပါတယ်။
>>မခင်ဦးမေ
Comment အတွက်ကျေးဇူး...
>>MrDBA
လတ်တလောတော့ ဒေသတွင်းမှာ ခပ်စွာစွာ သူပဲ ရှိတော့လည်း သူတို့က လေသံ ပစ်နိုင်ကြတာပေါ့ဗျာ...
ခုတော့ Dubai က နောက်က လိုက်တက်လာတော့ သူတို့လည်း ခေါင်းကျိန်းနေကြပါပြီ...
စိတ်ဝင်တစား မှတ်ချက်ပြုတာ ကျေးဇူးပါဗျာ...
စင်္ကာပူမှာ foreign worker inflowsတွေအရမ်းများလာမယ့် ဆိုရင် employment အတွက်အရမ်းကို စိုးရိမ်စရာဖြစ်လာနိုင်ပါတယ်။ အခုချိန်မှာတော့ စင်္ကာပူမှာ အလုပ်အကိုင်အရမ်းကောင်းတယ်၊ ကျေနပ်လောက်တဲ့လစာရှိတယ်ဆိုပြီး အထူးသဖြင့် အာရှဖွံ့ဖြိုးဆဲနိုင်ငံများမှ human resource တွေ အရမ်းယိုဖိတ်သွားကြပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေအပြင်နိုင်ငံအတော်များများအတွက် brain drain တွေ ဖြစ်လာပါတယ်။ အခုတော့ ဒုတိယ labour drainက ဒူဘိုင်းဘက်ကို စီးဆင်းနေပါပြီ၊ အမေရိကန်စီးပွားရေးကျမှုကြောင့် investor တွေက ဒူဘိုင်းလို ရင်းနှီးမြှပ်နှံမှုကောင်းမယ့်နေရာများမျိုးမှာ လာပြောင်းရွေ့ကျတော့ labourတွေကလည်းလိုက်ပြီပေါ့။
Wow that was unusual. I just wrote an incredibly long comment but after
I clicked
submit my comment didn't show up. Grrrr... well I'm not
writing all that over again. Anyways, just wanted to say fantastic blog!
Also visit my webpage ... http://multimedia.stisitelkom.ac.id
Hey would you mind letting me know which web host you're
working with? I've loaded your blog in 3 different browsers and I must say this
blog loads a lot faster then most. Can you suggest a good
web hosting provider at a fair price?
Many thanks, I appreciate it!
my page ... http://www.videochatwithfriends.com/
obviously like your website however you need to take a look
at the spelling on quite a few of your posts. A
number of them are rife with
spelling issues and I find it very bothersome to tell the
truth nevertheless I will definitely come
again again.
My web page :: http://elevtv.ro
I just like the valuable info you provide on your
articles. I will bookmark your blog and test again here
frequently. I am slightly certain
I’ll learn many new stuff right here! Good luck for the following!
Here is my web blog; level304media.com
It’s really a great and useful piece of
information. I am glad that you simply shared this helpful information
with us. Please keep
us informed like this. Thanks for sharing.
my weblog: http://bobozot.com/
Cool blog! Is your theme custom made or did
you download it from
somewhere? A theme like yours with a few simple adjustements would really make my blog jump out.
Please let me know where you got your design.
Cheers
Feel free to surf to my homepage ... clickbank-tribune.com
Excellent blog here! Additionally your website
loads up fast! What web host are you the use of? Can
I am getting your associate link for your host? I desire my website loaded up as fast as
yours lol
my web-site - 9jaconnected.com
atlanta falcons jersey
nike air huarache
ghd hair straighteners
ecco shoes
new balance shoes
texans jerseys
nike air max 90
dolce and gabbana outlet
oklahoma city thunder
bears jerseys
Post a Comment
Your comment encouraged Mgluaye to write new posts in blog. It will be appreciated to write something about the post you have read...
Thank you